လှေကားထစ်ရေကန် (Ye Htwe)

လှေကားထစ်ရေကန် Stepwell ဆိုသည်မှာ ရှေးခေတ် အိန္ဒိယသုံး ရေတွင်းရေကန် တစ်မျိုးဖြစ်သည်။ မြေအောက်ရေလည်း ထွက်၍ မိုးရေကိုလည်း ခံယူကာ မိုးများသော်လည်း မလျှံ၊ မိုးခေါင်သော်လည်း မခန်းပဲ တစ်နှစ်ပတ်လုံး ရေရရှိနိုင်အောင် စီမံထားခြင်း ဖြစ်သည်။ ၎င်းတို့ကို … Continue reading လှေကားထစ်ရေကန် (Ye Htwe)

ရေဘက်ဆိုင်ရာ ကဏ္ဍနှင့် ပတ်လည် စီးပွားရေး ပုံစံ

ပြန့်ကား ကြီးထွားလာနေသော မြို့ကြီးများနှင့်အတူ စိန်ခေါ်မှုများကလည်း လိုက်ပါ ကြီးမားလာနေသည်၊ ၂၀၅၀ ပြည့်နှစ်တွင် မြို့ပြ လူဦးရေသည် ယခုထက် နှစ်ဆများလာမည်၊ လက်ရှိတွင် မြို့ပြများ၏ ရေအသုံးသည် ကမ္ဘာ့စုစုပေါင်း ရေအသုံး၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ … Continue reading ရေဘက်ဆိုင်ရာ ကဏ္ဍနှင့် ပတ်လည် စီးပွားရေး ပုံစံ

ရေပေါ်မြို့

သီရိလင်္ကာနိုင်ငံ၏အနောက်တောင်ဘက် မိုင် ၄၀၀ ကျော်အကွာ အိန္ဒိယသမုဒ္ဒရာထဲတွင် ရှိပြီး ကျွန်းငယ်ပေါင်း ၁၂၀၀ ခန့် ပါဝင်သည့် မော်လ်ဒိုက်(မော်လ်ဒိ(ဗ်)ဟုလည်းအသံထွက်)နိုင်ငံတွင် ရှုမောဖွယ်ကမ်းခြေများ၊ လှပသည့် သန္တာကျောက်တန်းများ ရှိသဖြင့် ကမ္ဘာလှည့်ခရီးသည် အမြောက်အမြားလာရောက်ကြသည်။ မော်လ်ဒိုက်ကျွန်းများ၏ထူးခြားချက်မှာ အလွန်တရာ ညီညာပြန့်ပြူးသော … Continue reading ရေပေါ်မြို့

ရေဘက်ဆိုင်ရာနိုဘယ်ဆုရှင်

ဆွီဒင်နိုင်ငံ စတော့ဟုမ်းနိုင်ငံတကာရေဘက်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အစည်းသည် ကမ္ဘာတစ်ဝန်းလုံးမှ ရေဘက်ဆိုင်ရာ၌ ထူးချွန်စွာဆောင်ရွက်သူများအား “စတော့ဟုမ်း ရေဘက်ဆိုင်ရာဆု”ကို လွန်ခဲ့သော ၂၅ နှစ်ခန့်မှစ၍ နှစ်စဉ် ရွေးချယ်ချီးမြှင့်ခဲ့သည်။ ယင်းဆုသည် ရေဘက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်၌ ကျော်ကြားလှပြီး “ရေဘက်ဆိုင်ရာနိုဘယ်ဆု”ဟုပင် တင်စားခေါ်ဝေါ်ကြသည်။ ၂၀၁၅ ခုနှစ် … Continue reading ရေဘက်ဆိုင်ရာနိုဘယ်ဆုရှင်

ကျေးလက်မိုးရေလှောင်ကန်မှသည် ယမုန်နာနှင့်ဂင်္ဂါဆီသို့

ကျွန်တော့ကို အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ မွေးပါတယ်။ ကျွန်တော်တို့ရွာကလေးမှာ ဂင်္ဂါနဲ့ ယမုန်နာမြစ်တွေက ရေလွှဲယူထားတဲ့တူးမြောင်းတွေ ရှိတယ်။ အဲဒီရေတွေကြောင့် ရွာပတ်ဝန်းကျင်က လယ်ကွင်းတွေဟာ အမြဲစိမ်းစိုနေတယ်။ ဒါပေမဲ့ ကျွန်တော့အဖေက ကျွန်တော့ကို လယ်သမား မဖြစ်စေချင်ဘူး။ ဒါနဲ့ ကျွန်တော်ဟာ … Continue reading ကျေးလက်မိုးရေလှောင်ကန်မှသည် ယမုန်နာနှင့်ဂင်္ဂါဆီသို့

ရေဒလိမ့်တုံး

ရေရှားသောမြန်မာ့ကျေးရွာများ၌ ညနေစောင်းတွင် ရေအိုးကိုယ်စီရွက်၍ ရေခပ်ဆင်းကြသော လုံမပျိုတို့အကြောင်း ကဗျာဖွဲ့ကြ၊ စာအလှသီကုံးကြသည်။ ကဗျာနှင့်စာကိုဖတ်ရတာ ချောနေသော်လည်း ရေအပြည့်ပါသောအိုးတို့ ပုံးတို့ကို ရွက်၍ပြန်လာရသည့် လုံမပျိုတို့၏ဘဝသည်မူ လှပသည်ဟု မဆိုနိုင်။ ရေအတွက်အချိန်ပေးရသဖြင့် အလုပ်ပျက်၊ ပညာရေးဘက်တွင် အချိန်လျှော့ပေးရသည့်အပြင် ကြာလျှင် … Continue reading ရေဒလိမ့်တုံး

ကမ်းခြေမြေဆုံးရှုံးမှုမှကာကွယ်ခြင်း

ရေစီးသန်သောမြစ်အချို့၏ကမ်းပါးတလျှောက် မြေပြိုသည်ကို ကိုယ်တိုင်သော်လည်းကောင်း၊ သတင်းများတွင်သော်လည်းကောင်း မြင်ဖူးကြသည်။ ကမ်းရိုးတန်းများတလျှောက် လှိုင်းဒဏ် ဒီရေဒဏ်တို့ကြောင့် မြေများ ပဲ့ပါကာ ပင်လယ်ထဲသို့ဆုံးရှုံးနေသည်ကိုမူ မြစ်ကမ်းပါးတလျှောက် မြေပြိုမှုလောက်အသိမများကြချေ။ ရာသီဥတုပြောင်းလဲ၍ ပင်လယ်ရေပြင်မြင့်တက်လာနေသဖြင့် ကမ်းရိုးတန်းမြေဆုံးရှုံးမှုသည် တစ်နှစ်ထက် တစ်နှစ် ပိုများလာနေသည်။ မြေဆုံးရှုံးမှုပမာဏသည် … Continue reading ကမ်းခြေမြေဆုံးရှုံးမှုမှကာကွယ်ခြင်း