Tag: Greenland
-
၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတု ဘေးအန္တရာယ်များ
အမေရိကန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးမှုတစ်ခုတွင် မြေအောက်ခန်းထဲ ဝင်လာသော ရေများကြောင့် လူအချို့ သေဆုံးခဲ့ရသည်။ ကနေဒါတွင် အပူလွန်ကဲရာမှ ပေါ်ပေါက်သော တောမီးသည် ရွာငယ်ကလေး တစ်ရွာလုံးကို ဝါးမြိုဖျက်ဆီးပစ်ခဲ့သည်။ ဆီးနှင်းများသာကျသည့် ဂရင်းလန်းကျွန်းတွင် မကြုံစဖူး မိုးရွာသည်။ ယင်းဖြစ်စဉ်များသည် သဘာဝဘေးများဟု ထင်စရာရှိသော်လည်း လူတို့ကြောင့် ပြောင်းလဲလာသော ရာသီဥတုကို အရင်းခံသည်သည်ဟု အတိအကျ မပြောနိုင်သည့်တိုင် ထိုသို့ယူဆစရာ အထောက်အထား များစွာရှိနေသည်၊ လူတို့ကြောင့် ပေါ်လာသော အန္တရာယ်များကို လူတို့ကသာ လျော့ပါးအောင် လုပ်နိုင်သည်၊ ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စကော့တလန်နိုင်ငံ ဂလပ်စဂိုအစည်းအဝေး အပါအဝင် အစည်းအဝေးအတော်များများ ကျင်းပခဲ့ပြီး ဖြစ်သော်လည်း ယခုအချိန်အထိ ကတိကဝတ် ပေးသော အဆင့်တွင်သာရှိပြီး ထိရောက်သော လုပ်ဆောင်မှု နည်းပါးနေသေးသည်။ လူတို့၏ လုပ်ဆောင်မှု…
-
ကမ္ဘာကို အမှန်တကယ် ကိုင်လှုပ်နေသော ရေခဲပြင်အရည်ပျော်မှု
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာသောကြောင့် အအေးပိုင်းအရပ်များရှိ ရေခဲပြင်များ အရည်ပျော်လာနေကြောင်း သိရှိကြသည်။ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း Cryosphere ဂျာနယ်တွင် ဖော်ပြချက်အရ ၁၉၉၄ ခုနှစ်မှ ၂၀၁၇ အထိ ကမ္ဘာ့ရေခဲပြင်များအားလုံးမှ အရည်ပျော်ကျသွားသော ရေခဲအလေးချိန်စုစုပေါင်းသည် ၂၈ ထရီလျံတန်မျှ ရှိသည်ဟု သိရသည်။ (မှတ်ချက်- တစ်ထရီလျံ = တစ်နောက်ကသုည ၁၂ လုံး) ကြီးမားလှသော ရေခဲအရည်ပျော်ပမာဏသည် ကမ္ဘာကြီးကို ကိုင်လှုပ်နေသော အခြေအနေသို့ပင် ရောက်နေသည်။ ရေခဲအရည်ပျော်ခြင်းကြောင့် အရည်ပျော်ရေခဲပြင်များ၏အောက်ရှိ မြေလွှာများ ထမ်းထားရသောဝန် ပေါ့သွားသဖြင့် မြေလွှာလှုပ်ရှားလာကြောင်း ကနေဒါနိုင်ငံအတွင်းပိုင်း၊ နော်ဝေ ဆွီဒင်စသောနိုင်ငံများ ပါသည့် စကင်ဒီနေဗီးယားနိုင်ငံများ၌ တွေ့ရှိပြီးဖြစ်သည်။ ယခုခေတ်တွင်မှမဟုတ် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ ဝန်းကျင်ကလည်း စကင်ဒီနေးဗီးယားဒေသ၌ ရေခဲခေတ်ကို လွန်မြောက်၍ အအေးပေါ့လာချိန်တွင်…
-
အရည်ပျော်ရေခဲပမာဏ
၁၉၉၄ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကြားကာလအတွင်း စုစုပေါင်းရေခဲ ၂၇ . ၄ ထရီလျံတန်အရည်ပျော်ခဲ့သည်။ အန္တာတိတ်ဒေသမှ ၉ . ၉ ထရီလျံတန်(၃၆ ရာခိုင်နှုန်း) အာတိတ်ဒေသမှ ၇ . ၆ ထရီလျံတန်(၂၈ ရာခိုင်နှုန်း) တောင်ထိပ်ရေခဲပြင်များမှ ၆ . ၁ ထရီလျံတန်(၂၂ ရာခိုင်နှုန်း) ဂရင်းလန်းကျွန်းမှ ၃ . ၈ ထရီလျံတန်(၁၄ ရာခိုင်နှုန်း) ရေခဲအရည်ပျော်နှုန်းသည် ၁၉၉၀ ပြည့်နှစ်များမှစ၍ တစ်နှစ်လျှင် ၀ . ၈ မှ ၁ . ၂ ထရီလျံတန်နှုန်း တိုးမြင့်လာလျက်ရှိသည်။ (ရည်ညွှန်း – Earth’s ice imbalance – Thomas Slater et…