Tag: Ayarwaddy
-
ဧရာဝတီမြစ်ဖျားခံရာဒေသရှိ အရည်ပျော်နေသောရေခဲမြစ်များနှင့် ယင်းဖြစ်စဉ်၏ သက်ရောက်မှုများ

ကမ္ဘာပေါ်၌ ရေခဲထုအများဆုံးနေရာသည် တောင်ဝင်ရိုးစွန်း အန္တာတိကတိုက်ဖြစ်ပြီး ရေခဲထု ကုဗကီလိုမီတာ သန်း ၃၀ မျှ ရှိသည်။ မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင်မူ ရေခဲထု ကုဗကီလိုမီတာ ၈၀၀၀ ခန့်ရှိသည်။ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်တည်ရှိရာ ဟိမဝန္တာဒေသအပါအဝင် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ(Hindu Kush Himalayas (HKH)) တောင်တန်းများပေါ်ရှိ ရေခဲထုသည် ကုဗကီလိုမီတာ ၇၆၀၀ ခန့်ရှိသဖြင့် ယင်းဒေသကို တတိယဝင်ရိုးစွန်းဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ တောင်နှင့်မြောက်ဝင်ရိုးစွန်းများရှိ ရေခဲသည် သောက်သုံးရေအတွက် တိုက်ရိုက်အသုံးမဝင်သော်လည်း ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းများပေါ်ရှိ ရေခဲထုမှ ပျော်ဆင်းလာသောရေများသည်မူ အာရှတိုက်ရှိ မြစ်ကြီးဆယ်စင်းထဲသို့ စီးဝင်ကာ အဆိုပါမြစ်တို့ ဖြတ်သန်းစီးဆင်းသော နိုင်ငံ ၁၆ နိုင်ငံနေ လူသန်းပေါင်း ၁၇၇၀ ကို သောက်သုံးရေပေးဝေလျက် ရှိသည်။ ယင်းမြစ်ဆယ်စင်းမှာ တာရင်(Tarim)၊ အမူဒါရိယာ(Amu…
-
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ရေဘေးကာကွယ်ရေး တာများ – အေးမြင့်ဆွေ(ဆည်/ရေ)
ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဟူသော ဆိုရိုးကဲ့သို့ပင် မုတ်သုံမိုးညို့ညို့နှင့်အတူ မြန်မာ့မြစ်ချောင်း အင်းအိုင်ရေပြင်တို့သည် ပြည့်လျှံဖွေးဖြူလျက်ရှိကြ၏။ မိုးရာသီသည် သစ်ပင်သီးနှံများ၊ ကောက်စိုက်တေးသံများဖြင့် သာယာသောကာလဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ရေလွှမ်းမိုးမှု ဘေးအန္တရာယ်သည် ဤကာလ၏ အလေးထားရမည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်လျက်ရှိနေပါသည်။ ဇူလိုင်လအစတွင် မြစ်ဖျားပိုင်းမှ အစပြုခဲ့သော ဧရာဝတီမြစ်ရေကြီးမှုသည် ယခုအခါတွင် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အောက်ပိုင်းများသို့ တဖြည်းဖြည်း ပျံ့နှံ့ရောက်ရှိလာလျက် ရှိနေပါသည်။ ရေ၏အကျိုးစီးပွားသည် မကုန်နိုင်များပြားသကဲ့သို့ နူးညံ့ပျော့ပြောင်းသည်ထင်ရသော ရေ၏ အဖျက်စွမ်းအားသည်လည်း လွန်စွာကြီးမားပါသည်။ တွေ့ရှိမှုများအရ အလွန်လျင်မြန်စွာ စီးဆင်းလာသော ရေအနက် ၆ လက်မခန့်သည် လူတစ်ဉီးအား လဲကျမျောပါသွားစေနိုင်သကဲ့သို့ ထိုရေအနက် ၂ ပေခန့်သည် ကားတစ်စီးအား မျောပါသွားစေနိုင်ပါသည်။ ရေကြီးမှုဖြစ်ပွားပါက လူ တိရစ္ဆာန်နှင့် အဆောက်အအုံများ ပျက်စီးခြင်း၊ သီးနှံရိက္ခာများ ပျက်စီးခြင်း၊ လမ်းပန်းဆက်သွယ်ရေး…
-
ဧရာ၀တီရေစီးပမာဏ
ဧရာ၀တီ မြစ်ဖျားပိုင်း ဖြစ်သော တိဘက်ကုန်းမြင့်တွင် တစ်စက္ကန့်လျှင် ကုဗမီတာ ၂၀၀၀ နှုန်းဖြင့် စီးပြီး ကပ္ပလီပင်လယ်ထဲသို့ တစ်စက္ကန့်လျှင် ကုဗမီတာ ၁၃၀၀၀ နှုန်းဖြင့် စီးဝင်သည်။ ရာသီအလိုက်ပြောရလျှင် မိုးရာသီတွင် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၅၀၀၀ ခန့်ရှိပြီး နွေ၌ တစ်စက္ကန့်လျှင် ကုဗမီတာ ၄၀၀၀ ခန့်သာ စီးဆင်းသည်။ ဧရာ၀တီ အလယ်ပိုင်းနှင့် အောက်ပိုင်းရှိ ဇလဗေဒစခန်းများ၏ တိုင်းတာချက်အရ ဧရာ၀တီမြစ်၏ ပျမ်းမျှ တစ်နှစ်ရေစီးပမာဏသည် ကုဗကီလိုမီတာ ၄၁၀ ခန့်ရှိသည်။ ရေရှည်တွင် မိုးများလာနိုင်သောကြောင့် ဧရာ၀တီမြစ်ဝှမ်း၏ မြေပေါ်မြေအောက်ရေပမာဏ (TWS)သည် များလာမည်ဟု ယူဆနိုင်သည်။ Keyword: ဧရာ၀တီ ကိုးကား – Spatio-temporal changes in terrestrial water storage…
-
ဧရာ၀တီ — ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားမြစ်ကြီး (ပါမောက္ခ ဦးမောင်မောင်အေး)
(၈ .၁၁ .၂၀၁၆ နှင့် ၉ . ၁၁ . ၂၀၁၆ ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးနှစ်ပုဒ်ကို စုစည်း၍ ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်။) မြန်မာနိုင်ငံ၏ မြေကြော၊ ရေကြော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် မြစ်ချောင်း အလွန်ပေါများကြွယ်၀သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဧရာ၀တီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် အဓိကမြစ်ကြီး လေးစင်းနှင့် မြစ်လက်တက် ကြီးငယ်များ၊ ချောင်းကြီး၊ ချောင်းငယ်များ၊ မြစ်ခွဲများ စသည်ဖြင့် မြစ်ဝှမ်း ချောင်းဝှမ်းပေါင်း မြောက်မြားစွာ ပါဝင်ဖွဲ့စည်း တည်ဆောက်ထားပါသည်။ နိုင်ငံအတွင်း မြောက်မှတောင်သို့ သွယ်တန်းနေသော တောင်တန်းများ (ဝါ) ဘူမိရုပ်သွင်ယူနစ်များ (morphotectonic units) က မြစ်များ စီးဆင်းသည့် လားရာအရပ် (Direction…
-
ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်များ၏ ရေစီးနှုန်းနှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏကို စူးစမ်း လေ့လာသွားမည်
https://news-eleven.com/ Published 26 April 2022 မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်များ၏ မြစ်ဖျားမှ စတင်ပြီး ပင်လယ်သို့ ရောက်သည်အထိ ရေစီးနှုန်း တိုင်းတာရန်နှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏတို့ကို စူးစမ်း လေ့လာဆောင်ရွက်နိုင်ရေးအတွက် ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့ကို နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီက အမိန့်ကြော်ငြာစာ အမှတ် (၄၃/၂၀၂၂) ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့သည် တိုင်းတာရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ မြစ်ဖျားမှ ပင်လယ်ဝအထိ ရေစီးနှုန်းများ တိုင်းတာ ဆောင်ရွက်ရန်၊…
-
ကမ္ဘာ့ ရာသီဥတု မော်ဒယ်များကို အသုံးပြု၍ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၏ အနာဂတ် ရာသီဥတု ပြောင်းလဲမှုအား ခန့်မှန်းခြင်း (ဟန်သီဦး၊ ဝင်းဝင်းဇင်၊ ချိုချိုသင်းကြည်၊ မြို့ပြ အင်ဂျင်နီယာဌာန၊ ရန်ကုန် နည်းပညာ တက္ကသိုလ်)
(Civil Engineering Journal, Vol. 5, No. 10, October, 2019 ပါ Han Thi Oo , Win Win Zin , Cho Cho Thin Kyi, Department of Civil Engineering, Yangon Technological University တို့ ပြုစုသော Assessment of Future Climate Change Projections Using Multiple Global Climate Models စာတမ်းကို အများ နားလည်လွယ်အောင် အကျဉ်းချုံး ပြန်ဆို တင်ပြခြင်း ဖြစ်ပါသည်။) မူရင်းစာတမ်းကို လေ့လာလိုလျှင် Click here (နိဒါန်း) နိုင်ငံ၏…
-
မြန်မာ့မြစ်များ၏ ရေဝေဒေသနှင့် ရေဝင်ပမာဏ
ရေဝေဒေသ(စတုရန်းကီလိုမီတာထောင်ပေါင်း) ပျမ်းမျှ နှစ်စဉ်ရေဝင်ပမာဏ(ကုဗကီလိုမီတာ) မြေအောက်ရေ(ကုဗကီလိုမီတာ) ချင်းတွင်း ၁၁၅ ၁၄၁ ၅၈ ဧရာဝတီ(အထက်)(ချင်းတွင်းမြစ်ဆုံအထိ) ၁၉၃ ၂၂၈ ၉၃ ဧရာဝတီ(အောက်)(ချင်းတွင်းမြစ်ဆုံမှ) ၉၆ ၈၆ ၁၅၃ စစ်တောင်း ၄၈ ၈၁ ၂၈ ရခိုင်မြစ်များ ၅၈ ၁၃၉ ၄၂ တနင်္သာရီမြစ်များ ၄၁ ၁၃၁ ၃၉ သံလွင်(နယ်စပ်မှမြစ်ဝ) ၁၅၈ ၂၅၈ ၇၅ မဲခေါင်(မြန်မာနယ်နိမိတ်အတွင်း) ၂၉ ၁၈ ၇ စုစုပေါင်း ၇၃၈ ၁၀၈၂ ၄၉၅ (Source: Irrigation Department, Myanmar) မှတ်ချက် – တတိယကော်လံရှိ ရေဝင်ပမာဏသည် မြေပေါ်ရေ ဖြစ်ပါသည်။