-
Continue reading →: မိုးခေါင်ခြင်း၊ ကမ္ဘာနှင့်မြန်မာ
မိုးခေါင်ခြင်းဆိုသည်မှာ ဒေသတစ်ခု၌ ရက်ရှည် လများ မိုးမရွာ (သို့မဟုတ်) ပုံမှန်အောက် လျော့နည်းပြီး ရွာသဖြင့် ခြောက်သွေ့နေသောကြောင့် လူနှင့် သဘာဝ ပတ်ဝန်းကျင်တို့၏ ရေလိုအပ်ချက်ကို လုံလောက် ပြည့်မီအောင် မရနိုင်သော ကာလကို ခေါ်သည်။ ဒေသတစ်ခု ၌ မိုးခေါင်မခေါင် သတ်မှတ်ရန် ယင်းဒေသတွင် ရသော ပုံမှန်မိုးပမာဏနှင့် ရေလိုအပ်ချက်ကို စဉ်းစားရသည်။ ဒေသတစ်ခုနှင့်တစ်ခု ပုံမှန်မိုးရရှိမှုနှင့် ရေလိုအပ်မှုတို့ မတူခြားနားကြသဖြင့် မိုးခေါင်ခြင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ဒေသပေါ်မူတည်ပြီး ကွဲပြားသည်။ မိုးခေါင်ခြင်းသည် ရှေးပဝေသဏီကတည်းက ပေါ်ပေါက်နေခဲ့သော သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။ ကမ္ဘာ့မည်သည့်နေရာတွင်မဆို မိုးခေါင်နိုင်သည်။ သမိုင်းတွင် မိုးခေါင်ကာလ အရှည်ကြာဆုံးမှာ တောင်အမေရိကတိုက် ချီလီနိုင်ငံ အရိကဒေသ၌…
-
Continue reading →: ၂၀၂၃ ခုနှစ် ကမ္ဘာ့ရာသီဥတုအခြေအနေ
ကော်ပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှု လေ့လာရေးဌာန၏ ထုတ်ပြန်ချက် ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း လေ့လာရေး အချက်အလက်များအားလုံး (JRA-3Q, Berkeley Earth, GISTEMPv4, HadCRUT5 and NOAAGlobalTempv5) က ၂၀၂၃ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၅၀-၁၉၀ဝ အတွင်း ပျမ်းမျှအပူချိန်နှင့်စာလျှင် ၁ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်စ်နှင့် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ကြား မြင့်တက်ခဲ့ကြောင်း ပြသသည်။ ၂၀၂၃ ခုနှစ်၏ ရက်များအနက် ထက်ဝက်နီးပါးသည် ၁၈၅၀-၁၉၀ဝ အတွင်း ပျမ်းမျှအပူချိန်နှင့်စာလျှင် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုမိုမြင့်မားခဲ့သည်။ လျှပ်တပြက်ရေကြီးခြင်း၊ မိုးသည်းထန်ခြင်း၊ အပူပိုင်းမုန်တိုင်းများ၊ လေဖိအားနည်း…
-
Continue reading →: ဧရာဝတီတိုင်း၊ ပင်လယ်ဘေးနားက ရေငတ်နေတဲ့ရွာ ‘ဂေါ်ဒူ’
အောင်မျိုးထွဋ် DVB April 3, 2024 “ကျမတို့ဒေသက ရေတွေပေါပြီး သုံးမရတဲ့ ရေငန်တွေဖြစ်နေတာ” ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာမှာ မွေးကတည်းက နေထိုင်လာတဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်မဝင်းဌေးက သူ့ပတ်ပတ်လည်မှာ ဝိုင်းနေတဲ့ ရေတွေကိုကြည့်ပြီး ပြောပါတယ်။ သူငယ်ငယ်တုန်းက ရေချိုအတွက် ခပ်ခဲ့တဲ့ ရွာဘုန်းကြီးကျောင်းဝင်းထဲက လက်ယက်တွင်းတွေလည်း အခုတော့ ပင်လယ်အောက် ရောက်သွားခဲ့ပါပြီ။ “လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်က ရွာမကြီးကနေ သောင်စပ်ကိုသွားဖို့ အဝေးကြီးသွားရတယ်။ အခုတော့ ပင်လယ်ကမ်းစပ်နဲ့ ကပ်နေပြီ၊ ဘယ်နေရာမှလည်း ရေချိုမရတော့ဘူး” ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာလို့ ရွာရဲ့ အရွယ်အစားလည်း သေးလာပြီး ရေချိုလက်ယက်တွင်းတွေ ပင်လယ်အောက်ရောက်ကာ…
-
Continue reading →: မြန်မာနိုင်ငံ ရေကြီးရေလျှံမှု အန္တရာယ်များနှင့် ယင်းတို့ကို လျော့ပါးသက်သာစေနိုင်သည့် နည်းလမ်းများ
ရေကြီးရေလျှံခြင်း သို့မဟုတ် ရေလွှမ်းမိုးခြင်း ဆိုသည်မှာ ပုံမှန်အချိန်၌ ခြောက်သွေ့နေသည့် မြေပြင်ပေါ်သို့ မြစ် သို့မဟုတ် မိုးရေ၊ ဆီးနှင်း၊ ရေခဲကဲ့သို့သော ဇာစ်မြစ်တစ်ခုခုမှ ရေများရောက်ရှိလာကာ အချိန်ကာလတစ်ခုအထိ လွှမ်းမိုးဖုံးအုပ်နေခြင်းဟု ဖွင့်ဆိုသည်။ ရေကြီးရေလျှံခြင်း၏ အကြောင်းရင်းများမှာ မိုးသည်းထန်စွာ သုံးရက်နှင့်အထက် ဆက်တိုက်ရွာသွန်းခြင်း၊ မြစ်ချောင်းများနှင့်ရေထုတ်စနစ်များ အနည်ထိုင် ပိတ်ဆို့ခြင်း၊ ဒီရေတောစသည့် ရေနှင့်ဆက်စပ်သော သဘာဝအခြင်းအရာများ အရည်အသွေး ကျဆင်းခြင်းနှင့် လျော့နည်းပျောက်ကွယ်ခြင်း၊ မိုးသည်းထန်ချိန်နှင့် ရေထရက် ဆုံစည်းမိခြင်း၊ မုန်တိုင်းဒီရေတက်ခြင်း၊ ဆူနာမီရေလှိုင်း ဖြစ်ပေါ်ခြင်းတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ရေကြီးမှုအန္တရာယ်များကို တစ်နှစ်လျှင် သုံးကြိမ်ခန့်အထိ အများဆုံးကြုံတွေ့ရလေ့ရှိသည်။ နှစ်စဉ်မိုးတွင်းကာလ ဇွန်၊ ဇူလိုင်၊ သြဂုတ်လနှင့် မိုးနှောင်းပိုင်း စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင်…
-
Continue reading →: ၂၈ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်း ညီလာခံ
သဘာဝဖြစ်စဉ်များသည် အစဉ်ပြောင်းလဲနေတတ်ရာ အများဆုံးနှင့် အမြင်သာဆုံး ပြောင်းလဲတတ်သည့် သဘာဝဖြစ်စဉ်မှာ မိုးလေဝသဟု ဆိုနိုင်သည်။ အချိန်တစ်ချိန်၊ နေရာတစ်ခု၌ ဖြစ်ပေါ်နေသော ပူသည်၊ အေးသည်၊ မိုးရွာသည်၊ နေသာသည် စသည့် လေထု၏ အခြေအနေများကို မိုးလေဝသဟု ခေါ်သည်။ မိုးလေဝသသည် လေထုအပူချိန်၊ လေထုဖိအား၊ စိုထိုင်းမှုစသည့် များစွာသောအချက်တို့ပေါ် မူတည်ပြီး အစဉ်အမြဲ ပြောင်းလဲသည်။ ယခုနေပူသော်လည်း မကြာမီ နေရိပ်သွားတတ်သည်။ သာယာနေလျက်က မထင်မှတ်ဘဲ မိုးရွာချသည်ကို ကြုံဖူးကြသည်။ လေ၏ ဝှေ့ယမ်းတိုက်ခတ်မှုကို ရုတ်ချည်းခံလိုက်ရသူတို့ ဒယီးဒယိုင် ဖြစ်သွားကြသည်။ ဒေသတစ်ခု၏ မိုးလေဝသသည် အပြောင်းအလဲ မြန်သော်လည်း ယင်းဒေသ၏ ရာသီဥတုသည်မူ တည်ငြိမ်နေတတ်သည်။ ရာသီဥတုဆိုသည်မှာ နေရာဒေသတစ်ခု၌ ရှည်ကြာသောကာလတစ်ခုအတွင်း…
-
Continue reading →: ၂၀၂၃ အောက်တိုဘာလ ပဲခူးရေကြီးမှု
၂၀၂၃ အောက်တိုဘာလက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ နှစ်ပေါင်း ၆၀ ခန့်အတွင်း အဆိုးရွားဆုံးဟု ဆိုနိုင်သော ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ ပဲခူးမြို့ပေါ် ရပ်ကွက်အများစုတွင် လူတစ်ရပ်နှင့်အထက် ရေမြုပ်ခဲ့ကာ အချို့နေရာများ၌ အိမ်ခေါင်မိုးအထိ မြုပ်ခဲ့သည်။ ပုံမှန်ရေကြီးလေ့မရှိသည့် မှော်ကန်၊ ဆိုရှယ်လစ်၊ ပုဏ္ဏားစုနှင့် သွန်းဘုရားဝန်းရပ်ကွက်များအထိ ရေပြင်မြင့်တက်ခဲ့ပြီး တစ်ထပ်အိမ်အားလုံး ရေနစ်မြုပ်လုဖြစ်သည်အထိ ဆိုးရွားခဲ့သည်။ ပဲခူးနှင့်ဆက်နေသော အမြန်လမ်း ၃၉ မိုင်တွင်လည်း အောက်တိုဘာလ ၈ ရက်နေ့က လမ်းမပေါ်ကို ရေကျော်ခဲ့သည်။ ၂၀၂၃ ခုနှစ် ပဲခူးရေကြီးသည့် အကြောင်းရင်းများအနက်တစ်ခုမှာ မိုးသည်းထန်မှု ဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ရွာခဲ့သော မိုးရေချိန် ၇…
-
Continue reading →: မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၊ အပူချိန်မြင့်တက်ခြင်း၊ ထိခိုက်ပျက်စီးမှုနှင့် ပင်လယ်ပြင်မြင့်တက်ခြင်း
သဘာဝသယံဇာတ မြန်မာနိုင်ငံ၌ မြေပေါ်ရေ ၁၀၈၂ ကုဗကီလိုမီတာ၊ မြေအောက်ရေ ၄၉၅ ကုဗကီလိုမီတာ၊ ဒီရေတော ဟက်တာ ၃၈၀ဝဝဝ၊ ဇီဝမျိုးစုံ ကြွယ်ဝမှုအနေဖြင့် အပင်မျိုးစိတ် ၁၁၈၀ဝ မျိုး၊ နို့တိုက်သတ္တဝါ ၂၅၉ မျိုး၊ ငှက် ၁၀၅၆ မျိုး၊ တွားသွားသတ္တဝါ ၂၉၇ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၈၂ မျိုး၊ ငါးမျိုးစိတ် ၇၇၅ မျိုး၊ ရေငန်လိပ် ၅ မျိုး၊ သန္တာကျောက် ၅၂ မျိုး ရှိ။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အိမ်တွင်းမွေးမြူရေး ကျွဲ နွားစသည့် စမြုံ့ပြန် အိမ်မွေးတိရစ္ဆာန်များသည် ဖန်လုံအိမ်ဓာတ်ငွေ့ စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းကို ထုတ်လွှတ်။ သစ်တောပြုန်းတီးမှုမှ…