• ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ လေထုတွင်းသို့တိုးတက်ရောက်ရှိလာခြင်း၏ တိုက်ရိုက် အကျိုးဆက်မှာ လေထုတွင်း သဘာဝဖန်လုံအိမ်အာနိသင် တိုးမြင့်လာခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်သည် သဘာဝကြောင့် ဖြစ်ပေါ်နေသော အလောတော်ကမ္ဘာ့ပျမ်းမျှအပူချိန်ကို မြင့်တက်လာစေလျက် ရှိသည်။ စက်မှုတော်လှန်ရေးခေတ်မတိုင်မီက ကမ္ဘာ့အပူချိန်နှင့် ယင်းအချိန်နောက်ပိုင်း ကမ္ဘာ့အပူချိန်တို့ကို နှိုင်းယှဉ် လေ့လာလျှင် လူတို့ကြောင့် ပေါ်ပေါက်သော ထပ်ဆောင်းဖန်လုံအိမ်အာနိသင်၏ သက်ရောက်မှုကို ထင်ရှားစွာ တွေ့နိုင်သည်။ ၁၉၇၀ ပြည့်နှစ်မှစ၍ ဆယ်နှစ်လျှင် ပျမ်းမျှ ၀ ဒသမ ၁၅ ဒီဂရီ စင်တီဂရိတ် နှုန်းဖြင့် မြင့်တက်နေခဲ့ရာ ၂၀ ရာစုပျမ်းမျှအပူချိန်သည် ၆၀ . ၄ ဒီဂရီဖာရင်ဟိုက်(၁၅ . ၈ ဒီဂရီစင်တီဂရိတ်)ဖြစ်ကြောင်း အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုလေ့လာရေးအဖွဲ့ NOAA…

    Continue reading →: တောက်လျှောက်တက်လာနေသောကမ္ဘာ့အပူချိန်
  • ညစ်ညမ်းသောလေထု၊ ဆိုးရွားလွန်းသည့် ယာဉ်ကြောပိတ်ဆို့မှု၊ ကျွံဝင်နေသော အဆောက်အအုံ စသည့် ပြဿနာများသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်၏ ဆက်လက်ရှင်သန်ရေးကို လက်ငင်းလက်တွေ့ ခြိမ်းခြောက်လျက် ရှိသည်။ ယင်းပြဿနာများအနက် စိုးရိမ်စရာအကောင်းဆုံးမှာ မြို့တော်တစ်ခုလုံးနီးပါး ရေအောက်ရောက်မည့်ဘေး ဖြစ်သည်။ ဂျကာတာ၏ ပထဝီအနေအထားကပင် ရေအလွယ်တကူလွှမ်းမိုးရန် အထောက်အကူပြုနေသကဲ့သို့ ရှိသည်။ ဂျကာတာ၌ တစ်နှစ်လျှင် ရက်ပေါင်း ၃၀၀ မျှ မိုးရွာသည်။ မြို့တွင်းသို့ စီးဝင်သော မြစ်ပေါင်း ၁၃ စင်းမျှ ရှိသည်။ အင်ဒိုနီးရှားကို သိမ်းပိုက် အုပ်ချုပ်ခဲ့သည့် ဒတ်ချ်လူမျိုးတို့သည် ဂျကာတာပေါ် ရွာကျသောမိုးရေနှင့် စီးဝင်လာသောမြစ်ရေများ စီးထွက်နိုင်အောင် တူးမြောင်းများ ဖောက်လုပ်ခဲ့သည်။ ယင်းသို့ စီမံခဲ့နိုင်သဖြင့် ရှေးယခင်က အဆင်ပြေခဲ့သော်လည်း ၁၉၄၅…

    Continue reading →: ဂျကာတာသင်ခန်းစာ
  • လူ့ကိုယ်ခန္ဓာပြင်ပအစိတ်အပိုင်းများအနာတရဖြစ်လျှင် အလွယ်တကူသိကာ ဆေးဝါးကုသမှုခံယူပြီး ကျန်းမာရေးမယိုယွင်းအောင် ထိန်းသိမ်းနိုင်ကြသော်လည်း မမြင်နိုင်သောကိုယ်တွင်းအင်္ဂါများချို့ယွင်းလျှင် အများအားဖြင့် အချိန်ကြာမှသိပြီး ကုသရခက်ခဲသည်တို့ကိုမကြာခဏကြုံကြရသည်။ ထို့အတူ လူတို့သောက်နေသုံးစွဲနေသော ရေအရင်းအမြစ်များအနက် မြစ်ချောင်းကန်တို့ထဲရှိ မြေပေါ်ရေများ လျော့နည်းလာလျှင် ပြန်ဖြည့်ရန် အနှေးနှင့်အမြန်အားထုတ်ကြသော်လည်း မြေအောက်ရေများ လျော့နည်းလာနေသည်ကိုမူ ကန်ရေခန်းခြောက်သကဲ့သို့ မမြင်သာသဖြင့် အရေးတယူမရှိခဲ့သောကြောင့် ကမ္ဘာ့အချို့ဒေသများရှိ မြေအောက်ရေအရင်းအမြစ်သည် စိုးရိမ်ရသောအခြေအနေသို့ရောက်နေပြီ ဖြစ်သည်။ ခန်းခြောက်ရေကြောများ ဂြိုဟ်တုတိုင်းတာချက်များက ကမ္ဘာ့မြေအောက်ရေကြောအများအပြား ခန်းခြောက်လာလျက်ရှိကြောင်း ဖော်ထုတ်ပေးခဲ့ရာ အိန္ဒိယတိုက်ငယ် အနောက်မြောက်ပိုင်း အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံ နယ်နိမိတ်ချင်း ထိစပ်ရာဒေသရှိရေကြောသည် ၂၀၀၂ ခုနှစ် နှင့် ၂၀၀၈ ခုနှစ်ကြားတွင် တစ်နှစ်လျှင်လေးကုဗမိုင်ကျော် (ဂါလန်သန်းပေါင်း ၃၇၀၀၀၀၀)မျှ လျော့နည်းလာနေခဲ့ကြောင်း သိရသည်။ အလားတူ အာဖရိကတိုက် ဆဟာရအနောက်မြောက်ဒေသ၊ အမေရိကန်နိုင်ငံ…

    Continue reading →: မြေလျှိုးမိုးရေ
  • “စိုက်ပျိုးရေလိုအပ်ချိန် နွေရာသီမှာ ရေခန်းခြောက်နေပေမယ့် စိုက်ပျိုးပြီး မိုးရာသီရောက်ရင် ရေဖုံးနေလို့ တောင်သူအများစု ဆင်းရဲတွင်းနက်နေပါတယ်” “မိုးရေတစ်ခုကိုအားကိုးပြီး တစ်နှစ်တစ်ကြိမ်မီအောင် ကြိုးစားပမ်းစားစိုက်ရတဲ့ စားသုံးသီးနှံများ ယခင်ကလိုမစိုက်နိုင်တာ နှစ်တွေကြာခဲ့ပါပြီ” “ဆောက်ခဲ့တဲ့ဆည်အချို့ဟာ ရေမရှိတဲ့ဆည်ကောများသာ ဖြစ်နေတယ်။ ရေရှိတဲ့ ဆည်အချို့ကျတော့ မြောင်းမရှိလို့ ရေမသွယ်နိုင်ဘူး” “မြောင်းရှိတဲ့ဆည်များရဲ့အနီးတစ်ဝိုက်အများဆုံးသုံးလေးမိုင်ခန့်သာ ရေသောက်သီးနှံ စိုက်နိုင်တယ်” ဤသည်တို့မှာ မြန်မာပြည်အလယ်ပိုင်း ခြောက်သွေ့ဒေသတောင်သူအချို့၏ ငြီးတွားသံ မကျေမနပ် ပြောဆိုသံများဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ခြောက်သွေ့ဒေသသည် ရေသံသရာပျက်ယွင်းလာမှုကြောင့် မိုးတွင်း၌ ရေပို၍ကြီးလာ၊ မုတ်သုန်ကာလတိုတောင်းလာသောဒဏ်ကို ခံနေရသောဒေသများထဲတွင် ပါသည်။ သဘာဝက မိုးနည်းနေသော်လည်း အဆိုပါအနည်းငယ်ရွာကျသည့်မိုးရေများသည်ပင် စိုက်ပျိုးရေး၊ သောက်သုံးရေ ရရှိရေးတို့ကို အကျိုးမပြုဘဲ ခြောက်သွေ့ဒေသတောင်သူများ၏ မျက်စိအောက်တွင်ပင် ချောင်းများ မြစ်များထဲသို့ စီးဆင်းသွားနေကြသည်။…

    Continue reading →: ဟိုတောင်ဆီမှာပြိုသည့်မိုး
  • အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀ မှ ၅၀၀၀ ခန့်ကတည်းက မိုးရေလှောင်ကန်များကို အသုံးပြု ခဲ့ကြသည်။ တစ်ချိန်တည်းတွင် အရှေ့အလယ်ပိုင်းဒေသ ယခုခေတ် အစ္စရေး နှင့်ဂျော်ဒန်နိုင်ငံ နက်ဂက်(ဗ်) သဲကန္တာရ စိုက်ခင်းများသို့ ရေလွှမ်းမိုးတတ်သောနေရာများမှ ရေကိုသွယ်ယူ၍စိုက်ပျိုးခဲ့ကြသလို အမေရိကန် နိုင်ငံတောင်ပိုင်းနှင့် အာဖရိကတိုက်များ၌လည်း စိုက်ပျိုးရေးအတွက် မိုးရေလှောင်ကန်များ တည်ဆောက်ခဲ့ကြသည်။ ၂၀ ရာစုအစောပိုင်း၌ တည်ဆောက်ခဲ့သော မိုးရေလှောင်ကန်အများစုသည် ရေစီးကိုတန့်စေခြင်းဖြင့် မြေဆီလွှာရေတိုက်စားခံရမှုမှကာကွယ်ရန် အဓိက ရည်ရွယ်ခဲ့သည်။ ရေပေးရေးအတွက် ဦးမတည်ခဲ့ပေ။ ၂၀ ရာစု အလယ်ပိုင်းတွင် “အစိမ်းရောင်တော်လှန်ရေး” ပေါ်ပေါက်လာပြီး မျိုးစေ့အသစ်များ၊ အင်အော်ဂဲနစ် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများဖြင့် သီးနှံအထွက်တိုးစေခဲ့ကြသည်။ မြစ်ကြောင်းများတစ်လျှောက် ရေကာတာကြီးများဆောက်လုပ်ကာ ဆည်ရေကိုသုံး၍ စိုက်ပျိုးဧကများ လျင်မြန်စွာ…

    Continue reading →: ပျက်ယွင်းရေသံသရာနှင့်မိုးရေ
  • ဒေသအချို့၌ ရေရှားပါးနေခြင်းမှာ မိုးရေကို ထိရောက် အကျိုးရှိစွာ အသုံးမချခြင်းက အကြောင်းတစ်ရပ် အနေနှင့် ပါဝင်သည်။ ရေပေါသောကမ္ဘာ ဖြစ်၍ မိုးရေကို အားမကိုးဘဲ အခြား ရေအရင်းအမြစ် များမှ ရယူလျှင် လည်း ရေဖူလုံသည်ဟု အထင်ရောက်ကြ သည်။ ထင်သလောက်မပေါများ ကမ္ဘာ့မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကို ရေက ဖုံးထားသဖြင့် ကမ္ဘာသည် ရေပေါသော ဂြိုဟ်ကြီးတစ်လုံးဟု ထင်စရာဖြစ်သည်။ သို့သော် ကမ္ဘာ့ရေထု၏ ၉၇ . ၅ ရာခိုင်နှုန်းသည် သောက်၍မရသည့် ပင်လယ် သမုဒ္ဒရာ ရေငန်များဖြစ်ကြသည်။ ကမ္ဘာ့ရေထု၏ ကျန် ၂ . ၅ ရာခိုင်နှုန်းခန့်သည် ရေချိုများ ဖြစ်ကြသော်လည်း အဆိုပါရေချိုအများစုသည်…

    Continue reading →: အရေးပါသလောက်နေရာမရသေးသည့်မိုးရေ
  • ရေခဲအမှတ်အောက်တွင် အနည်းဆုံးနှစ်နှစ်ဆက်တိုက်ရှိနေသော မြေလွှာ ကျောက်လွှာများရှိရာဒေသကို စဉ်ခဲဒေသဟု ခေါ်သည်။ မြောက်နှင့် တောင်ဝင်ရိုးစွန်း အနီးဝန်းကျင်အရပ်များ၊ အချို့တောင်တန်းများ၏ မြင့်မားသောအပိုင်းများသည် စဉ်ခဲဒေသများ ဖြစ်ကြသည်။ စဉ်ခဲဒေသ၏ ခဲမာနေသောမြေပြင်၏အထူသည် ပုံမှန်အားဖြင့် ၂ ပေ မှ ၁၂ ပေခန့်ရှိသော်လည်း အချိန်နှင့်နေရာကိုလိုက်၍ အပြောင်းအလဲရှိရာ ရုရှားပြည် ဆိုက်ဘေးရီးယား၏ အချို့နေရာများတွင် စဉ်ခဲမြေလွှာသည် ပေ ၄၅၀၀ အထိ ထူထဲသည်။ ရံခါ အရည်ပျော်တတ်သော စဉ်ခဲမြေလွှာများ၏ အပေါ်ယံ မျက်နှာပြင်တွင် သစ်ပင်များ ပေါက်ရောက်နိုင်သည်။ လက်ရှိစဉ်ခဲဒေသ၏ ဧရိယာသည် ကမ္ဘာမျက်နှာပြင်၏ ၂၀ ရာခိုင်နှုန်းမျှရှိသည်။ ယင်းအကျယ်အဝန်းသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲပူနွေးလာနေမှုကြောင့် စဉ်ခဲဒေသမြေလွှာများ အရည်ပျော်ကာ တဖြည်းဖြည်း ကျုံ့ဝင်သေးငယ်လာနေသည်။ မြေလွှာများအရည်ပျော်မှုကြောင့်…

    Continue reading →: စဉ်ခဲဒေသအစဉ်မခဲတော့သောအခါ