Skip to content

Sign up for a free recipe e-book →

kyawoo.com

  • Home
  • About
  • Gallery
  • Publications
  • Useful Links
  • Help
  • Contact
  • Climate Change, Security, Water

    ကမ္ဘာ့ ရာသီဥတု မော်ဒယ်များကို အသုံးပြု၍ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၏ အနာဂတ် ရာသီဥတု ပြောင်းလဲမှုအား ခန့်မှန်းခြင်း (ဟန်သီဦး၊ ဝင်းဝင်းဇင်၊ ချိုချိုသင်းကြည်၊ မြို့ပြ အင်ဂျင်နီယာဌာန၊ ရန်ကုန် နည်းပညာ တက္ကသိုလ်)

    Published by

    ukyawoo

    on

    February 22, 2022

    (Civil Engineering Journal, Vol. 5, No. 10, October, 2019 ပါ Han Thi Oo , Win Win Zin , Cho Cho Thin Kyi, Department of Civil Engineering, Yangon Technological University တို့ ပြုစုသော Assessment of Future Climate Change Projections Using Multiple Global Climate Models စာတမ်းကို အများ နားလည်လွယ်အောင် အကျဉ်းချုံး ပြန်ဆို တင်ပြခြင်း ဖြစ်ပါသည်။) မူရင်းစာတမ်းကို…

    Continue reading →: ကမ္ဘာ့ ရာသီဥတု မော်ဒယ်များကို အသုံးပြု၍ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၏ အနာဂတ် ရာသီဥတု ပြောင်းလဲမှုအား ခန့်မှန်းခြင်း (ဟန်သီဦး၊ ဝင်းဝင်းဇင်၊ ချိုချိုသင်းကြည်၊ မြို့ပြ အင်ဂျင်နီယာဌာန၊ ရန်ကုန် နည်းပညာ တက္ကသိုလ်)
  • Climate Change, Ocean, Temperature Rise

    ၂၀၂၁ တစ်နှစ်တည်းအတွင်း၌ သမုဒ္ဒရာရေထုတွင်း ဝင်ရောက်ခဲ့သော အပူပမာဏ

    Published by

    ukyawoo

    on

    February 18, 2022

    လွန်ခဲ့သောနှစ်က သိပ္ပံပညာရှင် ၂၃ ဦးသည် ကမ္ဘာ့သမုဒ္ဒရာပြင် နေရာအနှံ့၌ ရေအပူချိန် တိုင်းတာချက် ထောင်ပေါင်း များစွာကို ပြုလုပ်ခဲ့သည်၊ ရေထုအပူချိန် တိုင်းတာရာတွင် အဆင့်မြင့် ကိရိယာများကို ဘော်ယာများ၊ သင်္ဘောများတွင် တပ်ဆင် တိုင်းတာသည့်အပြင် အချို့ ရေသတ္တဝါများ၏ ကိုယ်တွင်ပါ တပ်ဆင် လေ့လာသဖြင့် ယင်းသတ္တဝါတို့ ရှင်သန် ကျက်စားရာ လမ်းကြောင်းတလျှောက်ရှိ ရေထု၏ အပူချိန်ကိုပါ ရရှိသည်။ သမုဒ္ဒရာရေထု၏ အပူချိန်ကို တိုင်းတာ လေ့လာရခြင်းသည် ကမ္ဘာပူနွေးလာခြင်းနှင့် ဆက်စပ်နေသော အပူဓာတ် အများစုကို ရေထုက စုပ်ယူထားခြင်းကြောင့် ဖြစ်သည်၊ အတိအကျ ဆိုရလျှင် အပူဓာတ် ပမာဏ၏ ၉၀ ရာခိုင်နှုန်းသည် သမုဒ္ဒရာ ရေထုတွင်းသို့…

    Continue reading →: ၂၀၂၁ တစ်နှစ်တည်းအတွင်း၌ သမုဒ္ဒရာရေထုတွင်း ဝင်ရောက်ခဲ့သော အပူပမာဏ
  • Climate Change

    ရာသီဥတုဆိုင်ရာ ကွန်ပျူတာ မော်ဒယ်

    Published by

    ukyawoo

    on

    February 16, 2022

    ကမ္ဘာ့ရာသီဥတုသည် ပစ္စုပ္ပန်၌ ပြောင်းလဲနေရုံတင်မက ပြောင်းလဲမှု အရှိန်အဟုန် မြင့်မားလာလျက် ရှိရာ အနာဂတ်တွင် ကမ္ဘာ့ရာသီဥတု မည်သို့ မည်ပုံ ပြောင်းဦးမည်နည်း ဆိုသည်ကို လေ့လာရန် လိုအပ်သည်။ ယင်းအချက်ကို သိရန် ပညာရှင်တို့သည် ရာသီဥတုဆိုင်ရာ ကွန်ပျူတာ မော်ဒယ်များကို ရေးဆွဲ တည်ဆောက် လေ့လာကြသည်။ ကမ္ဘာ့လေထု မြေထု ရေထု သစ်ပင် ရေခဲပြင်စသည်တို့နှင့် ဆိုင်ရာ အချက်အလက်များ၊ ညီမျှခြင်းများ စသည်တို့ကို ကွန်ပျူတာတွင် ထည့်သွင်း၍ ယင်းတို့ အချင်းချင်း အပြန်အလှန် ဆက်နွှယ် ပြောင်းလဲပုံကို သင်္ချာနည်းဖြင့် တွက်ချက်ကာ မိုးလေဝသနှင့် ရာသီဥတု ပြောင်းလဲပုံ လေ့လာခြင်းကို ရာသီဥတုဆိုင်ရာ ကွန်ပျူတာ မော်ဒယ် တည်ဆောက်…

    Continue reading →: ရာသီဥတုဆိုင်ရာ ကွန်ပျူတာ မော်ဒယ်
  • Pollution, Water

    သက်မဲ့ဇုန်များနှင့် ရာသီဥတု ပြောင်းလဲမှု

    Published by

    ukyawoo

    on

    February 14, 2022

    လူတို့သည် အောက်ဆီဂျင် အဓိကပါသောလေဖြင့် ရှင်သန်ကြသည့်နည်းအတိုင်း ရေနေသတ္တဝါ အများစုသည်လည်း ရေတွင် ပျော်ဝင်နေသော အောက်ဆီဂျင်ဖြင့် ရှင်သန်ကြသည်။ ရေတွင် ပျော်ဝင်နေသည့် အောက်ဆီဂျင်တို့ တစ်နည်းနည်းဖြင့် လျော့နည်းလာသောအခါ ရေသတ္တဝါတို့ မရှင်သန် မရပ်တည်နိုင်ကြ တော့သဖြင့် ငါး ပုစွန်စသည့် သွားလာရလွယ်သော သတ္တဝါတို့သည် အောက်ဆီဂျင် ရနိုင်သော အခြားနေရာများသို့ ကူးလူး ရွှေ့ပြောင်းကြသည်။ သွားလာ ရွှေ့ပြောင်းရန် မလွယ်သည့် ကမာကောင် စသည်တို့မှာမူ သေဆုံးကြသည်။ ကြာသော် ယင်းနေရာတွင် ရေနေသက်ရှိတို့ ကင်းမဲ့သွားသဖြင့် သက်မဲ့ဇုန် (Dead Zone)ဟု ခေါ်သည်။ ကုန်းမြေနှင့် ဝေးသည့် ရေထုအတွင်းပိုင်း နေရာများတွင် သက်ရှိရေသတ္တဝါများ သဘာဝအလျောက် မနေထိုင်ကြသည့် နေရာများ…

    Continue reading →: သက်မဲ့ဇုန်များနှင့် ရာသီဥတု ပြောင်းလဲမှု
  • Climate Change

    သမုဒ္ဒရာ ရေစီးကြောင်းနှင့် ရာသီဥတု ပြောင်းလဲမှု

    Published by

    ukyawoo

    on

    February 13, 2022

    မိုးရွာခြင်း လေတိုက်ခြင်း စသည့် မိုးလေဝသ ဖြစ်စဉ်များ၊ နွေ မိုး ဆောင်း ရာသီဥတုများသည် လေထုကြောင့် အဓိက ပေါ်ပေါက်သည့် သဘာဝ အခြင်းအရာများ ဖြစ်သော်လည်း ယင်းတို့ ဖြစ်ပေါ် ပြောင်းလဲရာတွင် ရေထုသည်လည်း လေထုကဲ့သို့ပင် အရေးပါသည်။ မိုးလေဝသနှင့် ရာသီဥတု ဖြစ်စဉ်များကို မောင်းနှင်နေသည့် စွမ်းအင်မှာ နေရောင်ခြည် အပူဓာတ် ဖြစ်သည်။ ရေမျက်နှာပြင်သည် ကမ္ဘာ့မျက်နှာပြင် စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမျှ ရှိသည့်အတွက် နေရောင်ကို စုပ်ယူနိုင်သည့် ဧရိယာသည် ကုန်းမြေထက် ပိုသည်။ ထို့အပြင် ရေမျက်နှာပြင်၏ အရောင်သည် ကုန်းမြေ၏ အရောင်ထက် ပိုရင့်သဖြင့် နေရောင်ကို စုပ်ယူနိုင်မှု စွမ်းအားသည် ကုန်းမြေထက်…

    Continue reading →: သမုဒ္ဒရာ ရေစီးကြောင်းနှင့် ရာသီဥတု ပြောင်းလဲမှု
  • Adaptation and Resilience, Climate Change, Greenhouse Gases

    ဂျီအိုအင်ဂျင်နီယာ

    Published by

    ukyawoo

    on

    February 13, 2022

    မှန်အလုံပိတ်ထားသော ကားများထဲတွင် လူနှင့် အခြားပစ္စည်းများမှ ထွက်သော အပူဓာတ် သို့မဟုတ် အနီအောက်ရောင်ခြည်ကို ကားမှန်က တားဆီးထား၍ ကားတွင်း၌ ပူနွေးလာသကဲ့သို့ လေထုတွင်းရှိ သဘာဝ ဖန်လုံအိမ် ဓာတ်ငွေ့များသည်လည်း မြေပြင်ကို ရိုက်ခတ်ပြီး ပြန်ကန်ထွက်လာသော နေရောင် အပူဓာတ်ကို အာကာသထဲ ပြန်ထွက်ခွင့် မပေးဘဲ ထိန်းအုပ်ထားခြင်းဖြင့် ကမ္ဘာကို အလောတော် အခြေအနေ၌ နွေးထွေးစေသည်။ သို့သော် လူတို့က ရေနံ၊ ကျောက်မီးသွေးစသည့် ရုပ်ကြွင်းလောင်စာများကို အလွန်အကျွံ သုံးစွဲမှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ ရှိသင့်သည်ထက် များလာပြီး ကမ္ဘာ့အပူချိန်သည် တစ်ချိန်ထက် တစ်ချိန် တိုးတက်လာလျက် ရှိသည်။ ယင်းပြဿနာကို ကုစားဖို့ ကာဘွန်ဒိုင်အောက်ဆိုက် စသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို…

    Continue reading →: ဂျီအိုအင်ဂျင်နီယာ
  • Water

    သံကန့်လန့်ကာမှ အစိမ်းရောင်ခါးပတ်သို့

    Published by

    ukyawoo

    on

    February 11, 2022

    အာတီလာဖာ့ရှ်သည် လင်းရိုဗာကားကို ဟန်ဂေရီနှင့် သြစတြီးယား နယ်စပ်အနီး ဟန်ဂေရီဘက်ခြမ်းရှိ လူသူ ကင်းမဲ့နေသော လမ်းတစ်လမ်းပေါ်တွင် မောင်းလာသည်။ နယ်စပ်အနီး ပေ ၁၀၀ ခန့်အကွာတွင် ကားကို ရပ်၍ ပတ်ဝန်းကျင်ကို လေ့လာ အကဲခတ်သည်။ သူ့ကို မည်သူမျှ အရေးတယူ မရှိချေ။ လွန်ခဲ့သော အနှစ် ၄၀ ခန့်ကသာ အာတီလာဖာ့ရှ်သည် နယ်စပ်ကို ယခုကဲ့သို့ ချဉ်းကပ်လာပါက သေနတ်ဖြင့် အပစ်ခံရကောင်း ခံရမည် ဖြစ်သည်။ အနည်းဆုံး သေနတ်ဖြင့် ရွယ်ကာ အစစ်အဆေး ခံရဖို့ ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူရောက်နေသော နေရာကို တစ်ချိန်က အရှေ့ဥရောပနှင့် အနောက် ဥရောပကို ခွဲခြားထားသော သံကန့်လန့်ကာ(iron…

    Continue reading →: သံကန့်လန့်ကာမှ အစိမ်းရောင်ခါးပတ်သို့
Previous Page Next Page

kyawoo.com

  • Pinterest
  • Instagram
  • Facebook
  • Mail
  • Home
  • About
  • Gallery
  • Publications
  • Useful Links
  • Help
  • Contact

Blog at WordPress.com.

  • Subscribe Subscribed
    • kyawoo.com
    • Join 64 other subscribers
    • Already have a WordPress.com account? Log in now.
    • kyawoo.com
    • Subscribe Subscribed
    • Sign up
    • Log in
    • Report this content
    • View site in Reader
    • Manage subscriptions
    • Collapse this bar

Notifications