Tag: Groundwater
-
မမြင်ကွယ်ရာမှရေများသည်ပင်
လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်း ခြောက်သွေ့ကာ ရေနံပေါကြွယ်ဝသော အာဖရိကမြောက်ပိုင်းနိုင်ငံဟု သိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကို ရေနံမှရသည်။ ရေနံအပြင် အခြားမြေအောက်သယံဇာတတစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာ ယခုလစ်ဗျားရှိရာဒေသတွင် ရာသီ ဥတုမျှတနေစဉ်က ရွာသွန်းခဲ့သော မိုးရေများ မြေအောက်အလွန်နက်ရှိုင်းသောနေရာအထိ စိမ့်ဝင်ခိုအောင်းနေခဲ့သည့် မြေအောက်ရေအောင်းလွှာများပင် ဖြစ်သည်။ ရုပ်ကြွင်းရေ ကမ္ဘာ့အခြောက်သွေ့ဆုံးနိုင်ငံများထဲတွင် ပါသည့် လစ်ဗျားတွင် အမြဲစီးနေသည့်မြစ် မရှိဘဲ ရေကန်နှင့် စမ်းချောင်းအနည်းငယ်သာ ရှိသည်။ လစ်ဗျား၏ မြို့ကြီးအများအပြားသည် နိုင်ငံမြောက်ပိုင်း မြေထဲပင်လယ်ကမ်းစပ်တွင် ရှိကြသဖြင့် မြို့တော်ထရစ်ပလီ အပါအဝင် မြို့ကြီးများအတွက် မြေထဲပင်လယ်ရေကို ရေချိုချက်စက်ရုံများဖြင့် ချက်လုပ်သန့်စင်ပြီး သောက်သုံးရေအဖြစ် ပေးဝေနေခဲ့သည်။ ယင်းစက်ရုံများသည် လည်ပတ်စရိတ် ကြီးမားသည့်အပြင် အချို့ရေချိုချက်စက်ရုံများသည် ကောင်းစွာအလုပ်မလုပ်နိုင်သဖြင့် မြို့ တော်ထရစ်ပလီသာမက အခြားမြို့ကြီးအချို့တွင်လည်း…
-
လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ – အေးမြင့်ဆွေ (ဆည်/ရေ)
တမံဟုဆိုလျှင် သဖန်းဆိပ်ရေလှောင်တမံ၊ ငမိုးရိပ်ရေလှောင်တမံစသည်ဖြင့် မြေပေါ်တွင် တည်ဆောက်ထားသည့် မြေသားတမံ၊ ကွန်ကရစ်တမံများကိုသာ ရင်းနှီးကြပြီး မြေအောက်တမံ (Underground Dam) ဟူသောအသုံးအနှုန်းသည် အများစုအတွက် ရင်းနှီးမှုနည်းပါးသည့် ဝေါဟာရအသုံးအနှုန်းသစ်တစ်ခု ဖြစ်နေနိုင်ပါသည်။ ကမ္ဘာပေါ်တွင် ပထမဆုံးမြေအောက်တမံအား တန်ဇန်းနီးယား (Tanzania) နိုင်ငံ၌ ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့တည်ဆောက်လာခဲ့ပါသည်။ အမေရိကန်၊ ဘရာဇီး၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ကင်ညာ၊ အီသီယိုပီးယား၊ ဆူဒန်၊ ပါကစ္စတန်စသည့် ကမ္ဘာ့နိုင်ငံအများအပြားတွင် တည်ဆောက်အသုံးပြုလျက်ရှိကြသည်။ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP)မှ ၁၉၉၅ ခုနှစ်တွင် မြေအောက်တမံနည်းပညာမျှဝေခြင်းသင်တန်း ပို့ချခဲ့ဖူးကြောင်း သိရှိရပါသည်။ မြေအောက်တမံ တည်ဆောက်မှုအား ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့၍ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ဆောင်ရွက်အကောင်အထည်ဖော်မှုများကိုမူ (၂၀၂၀-၂၀၂၁)…
-
မမြင်ကွယ်ရာမှ ရေများသည်ပင်
လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်းခြောက်သွေ့ကာ ရေနံပေါကြွယ်ဝသော အာဖရိကမြောက်ပိုင်း နိုင်ငံဟု သိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကို ရေနံမှ ရသည်။ ရေနံအပြင် အခြားမြေအောက်သယံဇာတ တစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာ ယခုလစ်ဗျားရှိရာဒေသတွင် ရာသီဥတုမျှတနေစဉ်က ရွာသွန်းခဲ့သော မိုးရေများ မြေအောက်အလွန် နက်ရှိုင်းသောနေရာအထိ စိမ့်ဝင်ခိုအောင်းနေခဲ့သည့် မြေအောက်ရေအောင်းလွှာများပင် ဖြစ်သည်။ ရုပ်ကြွင်းရေ ကမ္ဘာ့အခြောက်သွေ့ဆုံးနိုင်ငံများထဲတွင်ပါသည့် လစ်ဗျားတွင် အမြဲစီးနေသည့်မြစ် မရှိဘဲ ရေကန်နှင့် စမ်းချောင်းအနည်းငယ်သာ ရှိသည်။ လစ်ဗျား၏ မြို့ကြီးအများအပြားသည် နိုင်ငံမြောက်ပိုင်း မြေထဲပင်လယ်ကမ်းစပ်တွင် ရှိကြသဖြင့် မြို့တော်ထရစ်ပလီ အပါအဝင် မြို့ကြီးများအတွက် မြေထဲပင်လယ်ရေကို ရေချိုချက်စက်ရုံများဖြင့် ချက်လုပ်သန့်စင်ပြီး သောက်သုံးရေအဖြစ် ပေးဝေနေခဲ့သည်။ ယင်းစက်ရုံများသည် လည်ပတ်စရိတ် ကြီးမားသည့်အပြင် အချို့ရေချိုချက်စက်ရုံများသည် ကောင်းစွာ အလုပ်မလုပ်နိုင်သဖြင့် မြို့တော်ထရစ်ပလီသာမက…
-
ဧရာဝတီတိုင်း၊ ပင်လယ်ဘေးနားက ရေငတ်နေတဲ့ရွာ ‘ဂေါ်ဒူ’
အောင်မျိုးထွဋ် DVB April 3, 2024 “ကျမတို့ဒေသက ရေတွေပေါပြီး သုံးမရတဲ့ ရေငန်တွေဖြစ်နေတာ” ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာမှာ မွေးကတည်းက နေထိုင်လာတဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်မဝင်းဌေးက သူ့ပတ်ပတ်လည်မှာ ဝိုင်းနေတဲ့ ရေတွေကိုကြည့်ပြီး ပြောပါတယ်။ သူငယ်ငယ်တုန်းက ရေချိုအတွက် ခပ်ခဲ့တဲ့ ရွာဘုန်းကြီးကျောင်းဝင်းထဲက လက်ယက်တွင်းတွေလည်း အခုတော့ ပင်လယ်အောက် ရောက်သွားခဲ့ပါပြီ။ “လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်က ရွာမကြီးကနေ သောင်စပ်ကိုသွားဖို့ အဝေးကြီးသွားရတယ်။ အခုတော့ ပင်လယ်ကမ်းစပ်နဲ့ ကပ်နေပြီ၊ ဘယ်နေရာမှလည်း ရေချိုမရတော့ဘူး” ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာလို့ ရွာရဲ့ အရွယ်အစားလည်း သေးလာပြီး ရေချိုလက်ယက်တွင်းတွေ ပင်လယ်အောက်ရောက်ကာ ရှိနေတဲ့ အဝီစိတွင်းရေတချို့လည်း ငန်လာတယ်လို့ ဒေါ်မဝင်းဌေးက ပြောပါတယ်။…
-
အမေရိကန်နိုင်ငံ၏ အကြီးဆုံးသော ရေအောင်းလွှာ (ဦးမြင့်သိန်း – မောင်ကျေးရေ)
အမေရိကန်နိုင်ငံ၏ အကြီးဆုံးသောရေအောင်းလွှာဖြစ်သည့် အိုဂလ်လလာရေအောင်းလွှာသည် ၁၇၄၀ဝ၀ စတုရန်းပေ ကျယ်ဝန်းသည်။ တောင်ဒါကိုတာ၊ ဝမ်အမင်း၊ နီဘရာစကာ၊ ကော်ရိုရာဒို၊ ကန်ဆက်၊ နယူးမက်စီကို၊ အုပ်ကလာဟိုးမားနှင့် တက်ဆက်ပြည်နယ်၊ ပေါင်း ၈ ပြည်နယ်အောက်တွင် ဖြစ်တည်နေပြီး ထို ၈ ပြည်နယ်၏ ရေအရင်းအမြစ်ဖြစ်သည်၊ ၁၈၉၈ ခုနှစ်တွင် ဘူမိဗေဒပညာရှင် အင်အိပ်ချ်ဒါတွန်က ရေအောင်းလွှာအနီးရှိ အိုဂယ်လလမြို့ကို အစွဲပြု အမည်ပေးထားခြင်း ဖြစ်သည်။ ကုနု်းမြင့်ဒေသတွင် ဖြစ်တည်နေသည့် ရေနေတိမ်သော ယင်းရေအောင်းလွှာသည် နှစ်သန်းပေါင်း ၂ သန်းမှ ၆ သန်းရှိ နှောင်းပိုင်း မိုင်ယိုစင်းမှ အစောပိုင်းသက်တမ်းရှိ အနည်ကျကျောက်လွှာတွင် ပါဝင်သည့် သဲ၊ ရွှံ့ဆန်သဲ၊ ရွှံ့၊ ကျောက်စရစ်မျိုးစုံ ပါဝင်ဖွဲ့စည်းထားသည်။ ထိုအနည်ကျကျောက်လွှာကို အိုဂလ်လလာဂရုပ်(သို့)ဖော်မေးရှင်းဟု အမည်ပေးထားသည်။ တောင်ဘက်အရပ်ဒေသရှိ ရော့ကီးတောင်တန်းမှ…
-
စက်ရေတွင်းဟုခေါ်ဝေါ်သုံးနှုန်းကြပါစေလို (ဦးမြင့်သိန်း – မောင်ကျေးရေ)
(ဤဆောင်းပါးကို ၂၀၂၀ ခုနှစ်ဖေဖဝါရီလ ၁၉ ရက် က ရေးသားပြီး ကာတွန်းပုံကို ကျွန်တော်၏ မြေအောက်ရေမိတ်ဆွေ ဦးဇော်မိုးလှိုင် (ရေအရင်းအမြစ်) က ဆွဲပေးပါသည်။ မြန်မာနိုင်ငံတွင် စက်ရေတွင်းကို“ အဝိစီတွင်း” ဟု ခေါ်ဝေါ်သော အရပ်စကားအသုံးအနှုန်းသည် မသင့်လျော်ဟု ယူဆသောကြောင့် ရေးသားခြင်း ဖြစ်ပါသည်။) စက်ရေတွင်း(ခေါ်ဝေါ် သုံးစွဲရမည့် စကားလုံး) အဝီစိတွင်း (မခေါ်ဝေါ် မသုံးစွဲသင့်သော စကားလုံး) စက်မှုလယ်ယာဦးစီးဌာန၊ ကျေးရွာရေရရှိရေးဌာနခွဲသည် ရေဆယ်စုနှစ် (၁၉၇၉-၈၀ မှ ၁၉၉၀-၉၁) အတွင်း စက်ရေတွင်းများ တူးဖော်နေစဉ်ကာလက ရေရရှိရေးနှင့်အသုံးချရေးဆိုင်ရာ ဆွေးနွေးပွဲများကို နှစ်စဉ် ကျင်းပခဲ့ကြပါသည်။ စာရေးသူမှတ်မိသည်က ၁၉၈၆ တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲ၌ စက်ရေတွင်း အခေါ်အဝေါ်ကို စနစ်တကျ သတ်မှတ်ခေါ်ဆိုစေရေး ဆွေးနွေးကြပါသည်။ ရန်ကုန်တက္ကသိုလ်၊…
-
မြို့ပြနယ်မြေတိုးချဲ့လာခြင်းက မြေအောက်ရေအပေါ် ဆိုးကျိုးသက်ရောက်မှု (ဦးမြင့်သိန်း – မောင်ကျေးရေ)
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက နိုင်ငံတကာ သုတေသန အင်တာနက် စာမျက်နှာပေါ်တွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြခဲ့ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ၌ မြန်မာ့ရေတံခါးပေါက်၌ မြန်မာဘာသာဖြင့် ပြန်လည်ရေးသားသော ဆောင်းပါးဖြစ်ပါသည်။ ၁၉၉၀ -၂၀ဝ၀ ကာလအတွင်း ရန်ကုန်မြို့ပြနယ်မြေရပ်ဝန်းသည် ၁၉၉၀ မတိုင်မီ ကာလထက် သုံးဆခန့် ပိုမိုကျယ်ပြန့်လာသောကြောင့် မြေအောက်ရေအပေါ် သက်ရောက်လာသည့် အကျိုးဆက်များ (ကောင်းကျိုး/ဆိုးကျိုး) အကြောင်း ဖော်ပြထားပါသည်။) စကားဦး မြို့တော်ရန်ကုန်သည် လူဦးရေငါးသန်းကျော်ရှိသော မြို့ဖြစ်ပြီး နိုင်ငံ၏ အဓိကစီးပွားရေး အချက်အခြာနယ်မြေ ဖြစ်သည်။ ၁၉၈၉-၉၀ ပြည့်နှစ်မှစ၍ ရန်ကုန်တွင် မြေယာအသုံးပြုမှု အကြီးအကျယ် ပြောင်းလဲလာခဲ့သည်။ ၁၉၈၈ မတိုင်မီက ရန်ကုန်၏ ဧရိယာအကျယ်အဝန်းမှာ ၃၄၇ . ၃၆ စတုရန်း ကီလိုမီတာ ရှိသည်။…