Tag: Environment
-
ပင်လယ်ရေတကယ်ခန်း
အင်းတော်ကြီးရေစပ်မှကြည့်လျှင် ရေလယ်ရှိရွှေမဉ္စူစေတီတော်သည် ရှေးယခင်ကကဲ့သို့ပင် တင့်တယ်စွာရှိဆဲ၊ ကြည်ညိုစွာဖူးတွေ့ရဆဲပင် ဖြစ်သည်။ သို့သော် စေတီတော်ပတ်လည်ရှိ ရေပြင်သည်မူ များစွာ ပြောင်းလဲသွားခဲ့ပြီ။ စတုရန်းမိုင် ၁၀ဝ ကျယ်သဖြင့် အရှေ့တောင် အာရှတွင် အကြီးဆုံးရေကန် စာရင်းဝင်ဖြစ်သည့် အင်းတော်ကြီးသည် တဖြည်းဖြည်းကောစပြုလာနေသည်။ ကချင်ပြည်နယ် မိုးညှင်းမြို့၏ အနောက်ဘက်တွင် ရှိသော အင်းတော်ကြီးထဲသို့ ပတ်ဝန်းကျင် တောင်တန်းများမှ စီးကျလာသော ချောင်း ၁၂ ချောင်း၏ ရေများစီးဝင်ပြီး အင်းတော်ချောင်းမှ ပြန်လည် စီးထွက်သည်။ အင်းတော်ကြီးဝန်းကျင်ရွာများတွင် ရွှေကျင်လုပ်ငန်း များလုပ်ခြင်း၊ အင်းပတ်လည်ရှိ တောများကို အလွန်အကျွံ ခုတ်ခြင်း စသည်တို့ကြောင့် အင်းထဲသို့ မြေစာနှင့်ပြဒါးများစီးဝင်ကာ အင်းထဲရှိ ရေပမာဏ တဖြည်းဖြည်းနည်းလာနေသည်မှာ နှစ်အတော်ကြာခဲ့ပြီ။ အင်းတော်ကြီးရေပြင်ဧရိယာ ကျဉ်းမြောင်းလာနေသည်နှင့်အတူ ဒေသခံတို့အတွက်သောက်သုံးရေရှားပါးလာခြင်း၊ လယ်မြေပျက်စီးခြင်း စသည်တို့ကိုပါ ကြုံတွေ့လာနေရသည်။…
-
ရေဘက်ဆိုင်ရာ ကဏ္ဍနှင့် ပတ်လည် စီးပွားရေး ပုံစံ
ပြန့်ကား ကြီးထွားလာနေသော မြို့ကြီးများနှင့်အတူ စိန်ခေါ်မှုများကလည်း လိုက်ပါ ကြီးမားလာနေသည်၊ ၂၀၅၀ ပြည့်နှစ်တွင် မြို့ပြ လူဦးရေသည် ယခုထက် နှစ်ဆများလာမည်၊ လက်ရှိတွင် မြို့ပြများ၏ ရေအသုံးသည် ကမ္ဘာ့စုစုပေါင်း ရေအသုံး၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြား ရှိနေရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ ရောက်လာမည်ဟု ခန့်မှန်းကြသည်။ ရေလိုအပ်ချက် များပြားလာခြင်းနှင့်အတူ စွန့်ပစ်ရေ ပမာဏနှင့် ရေညစ်ညမ်းမှုတို့သည်လည်း သဘာဝကျစွာ ကြီးထွားလာမည်။ ရေမဖူလုံမှု၊ ရှိသည့်ရေ ညစ်ညမ်းမှု ပြဿနာကို ကမ္ဘာမြို့ကြီးတိုင်း ရင်ဆိုင်ရမည် ဖြစ်သော်လည်း ဖွံ့ဖြိုးဆဲနှင့် ဝင်ငွေနည်း နိုင်ငံများရှိ မြို့ကြီးများအား စိန်ခေါ်ချက်သည် ပို၍ များသည်။ ယင်းကို ရင်ဆိုင်ရန် နည်းလမ်းများစွာ ရှိသည့်အနက် စွန့်ပစ်ရေများကို စီးပွားရေး…
-
သံကန့်လန့်ကာမှ အစိမ်းရောင်ခါးပတ်သို့
အာတီလာဖာ့ရှ်သည် လင်းရိုဗာကားကို ဟန်ဂေရီနှင့် သြစတြီးယား နယ်စပ်အနီး ဟန်ဂေရီဘက်ခြမ်းရှိ လူသူ ကင်းမဲ့နေသော လမ်းတစ်လမ်းပေါ်တွင် မောင်းလာသည်။ နယ်စပ်အနီး ပေ ၁၀၀ ခန့်အကွာတွင် ကားကို ရပ်၍ ပတ်ဝန်းကျင်ကို လေ့လာ အကဲခတ်သည်။ သူ့ကို မည်သူမျှ အရေးတယူ မရှိချေ။ လွန်ခဲ့သော အနှစ် ၄၀ ခန့်ကသာ အာတီလာဖာ့ရှ်သည် နယ်စပ်ကို ယခုကဲ့သို့ ချဉ်းကပ်လာပါက သေနတ်ဖြင့် အပစ်ခံရကောင်း ခံရမည် ဖြစ်သည်။ အနည်းဆုံး သေနတ်ဖြင့် ရွယ်ကာ အစစ်အဆေး ခံရဖို့ ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူရောက်နေသော နေရာကို တစ်ချိန်က အရှေ့ဥရောပနှင့် အနောက် ဥရောပကို ခွဲခြားထားသော သံကန့်လန့်ကာ(iron curtain) နယ်မြေဟု သတ်မှတ်ထားခဲ့သောကြောင့် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး…
-
ဒီရေတောများ ပြုစု ထိန်းသိမ်း စောင့်ရှောက်ရေး (ဟင်္သာတခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန)
ဒီရေတော(Mangrove) ဒီရေတောဆိုသည်မှာ အပူပိုင်းရာသီဥတုရှိသည့် ကမ်းရိုးတန်းများ၊ မြစ်များနှင့် မြစ်ဝကျွန်းပေါ်ဒေသများအနီး ရေငန်စပ်သော ချောင်းကမ်းပါးများ၌ ပေါက်ရောက်နေသည့် သစ်ပင်မျိုးစိတ်များ ပါဝင်သော ဂေဟစနစ် တစ်ခုဖြစ်သည်။ ခရာပင်၊ လမုပင်၊ သမဲ့ပင်၊ ကန့်ဗလာပင်၊ ပန့်တကာပင်၊ ဗြိုက်ပင်၊ ဗြူးပင်၊ ကနစိုပင်၊ မဒမပင်၊ သင်းပေါင်းပင်၊ ဓနိပင်၊ ပင်လယ်အုန်းပင်၊ ငှက်ကြီးတောင်ပင်စသည့် ထူးခြားအပင်ပေါင်းစုံ ပေါက်ရောက်ပြီး အပင်နာမည်ကိုစွဲ၍ လမုတော၊ ဗြူးတော၊ ကနစိုတော၊ သင်ပေါင်းတောဟူ၍လည်း ခေါ်ဝေါ်လေ့ရှိသည်။ ဒီရေတောအပင်အမျိုးအစားများမှာ – Avicennia marina, Rhizophora, Nypa fruticans, Kandelia candel, Sonneratia alba, Conocarpus erectus, Avicennia alba, Laguncularia စသည်တို့ ဖြစ်သည်။ ဒီရေတောများတွင်းသို့ ဝင်ရောက်လေ့လာခြင်း ဗီဒီယိုရှုစားရန်…
-
Ecology နှင့် Economy တို့၏ အားပြိုင်မှုကြားမှ ဧရာဝတီမြစ်ဝကျွန်းပေါ်၏ ပစ္စုပ္ပန်နှင့် အနာဂတ် (ကြည်ခင်)
ဂျပန်မှာ ကျောင်းအပြီး အလုပ်ဝင်ခဲ့တဲ့ ၂၀၀၀ ခု ဝန်းကျင်မှာ တွေ့ဆုံခဲ့ရသူ Kiso Jiban Consultants ကုမ္ပဏီ ဘူမိအရာရှိချုပ် မိုမိကုရာစံ 籾倉 さん Mr Momikura (တွေ့ဆုံချိန်မှာ ၆၅ နှစ် ကျော်နေပြီ၊ ဂျပန်အစိုးရ ဆည်မြောင်းဌာန ဘူမိအရာရှိချုပ်ဘဝက ပင်စင်ယူခဲ့သူ) မေးပြောပြောခဲ့တဲ့ စကားကို သတိရမိတယ်။ ပထမ What is the meaning of Ecology? အီကိုလိုဂျီ ဆိုတာ ဘာလဲ၊ နောက်ပြီး What is Economy? အီကိုနိုမီဆိုတာ ဘာလဲ၊ နောက်မေးခွန်းက စကားလုံးနှစ်ခုစလုံးမှာ Eco ဆိုတာ ဘာဖြစ်လို့ ပါရတာလဲ။ Ecology is the branch of…
-
ရေကန်ကြီးပေါင်း ၁၄၀ ကျော်ကို ဦးဆောင် ရှင်းလင်း သန့်စင်ပေးသူ အိန္ဒိယလူငယ်တစ်ဦး
ယခုအသက် ၃၅ နှစ်အရွယ်ရောက်နေသူ အရွန်ခရစ်ရှနာမူရ်သီး(Arun Krishnamurthy)သည် သူဆယ်ကျော်သက် အရွယ်တုန်းက သူ့အိမ်အနီးရှိ ရေကန်ကို ကြည့်ရင်း စိတ်မချမ်းမသာဖြစ်ခဲ့ရပုံကို ပြန်သတိရနေသည်။ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့သား အရွန်ခရစ်ရှနာမူရ်သီး နေခဲ့သောအိမ်ဘေးရှိ ကန်သည် ရေကန်ဟုဆိုသော်လည်း အမှိုက်များဖြင့် ပြည့်နေသဖြင့် သူ၏ငယ်စဉ်ဘဝသည် ပျော်စရာ မကောင်းခဲ့ပေ။ သို့သော် ယင်းကန်ကြီးကြောင့်ပင် ခရစ်ရှနာမူရ်သီး၏ ဘဝ၌ အချိုးအကွေ့တစ်ခု ဖြစ်ခဲ့ရသည်။ အမှိုက်ကန်ကြီးကို နိစ္စဓူဝမြင်ရင်း ကြီးပြင်းလာသူ ခရစ်ရှနာမူရ်သီး အရွယ်ရောက်လာသောအခါ ၂၀၀၇ ခုနှစ်၌ အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်ရှိ ဂူးဂဲလ်(Google)ကုမ္ပဏီတွင် စာရင်းကိုင်အဖြစ်အမှုထမ်းသည်။ ဝန်ထမ်းဖြစ်လာသော်လည်း ငယ်စဉ်ကမြင်ခဲ့ရသော အမှိုက်များဖြင့် ပြည့်နေသော ကန်ကြီးကို မေ့၍မရချေ။ လုပ်ဖော်ကိုင်ဖက်များ၊ အထက်အရာရှိများနှင့် ကြုံတိုင်း ယင်းရေကန်အကြောင်း၊ အလားတူ အမှိုက်နှင့်အခြားအညစ်အကြေးများ ဝင်ရောက် ရောနှောနေသော ကန်များအကြောင်း၊…
-
သဘာဝ၏ရေသန့်စင်နိုင်စွမ်း
မြစ်ရေကန်ရေများထဲသို့ ညစ်ညမ်းပစ္စည်းများ ဘက်ပေါင်းစုံမှ ဝင်ရောက်နေပြီး ကမ္ဘာ့နေရာ အတော်များများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယင်းရေများကို မသန့်စင်မပြုပြင်ဘဲ သို့မဟုတ် လုံလောက်စွာ မသန့်စင် မပြုပြင်ဘဲ သောက်သုံးနေကြသည်။ ယင်းသို့ သောက်နေ၍ ရောဂါရကြ သေဆုံးနေကြသော်လည်း ဝင်နေသော အညစ်အကြေးပမာဏနှင့်စာလျှင် ကပ်ဘေးဆိုက်သည်အထိ ရောဂါဖြစ်ပွားနိုင်ပါလျက် မဖြစ်ခြင်းမှာ ရေထုသည် မိမိထဲရောက်လာသော အညစ်အကြေးများကို သဘာဝအလျောက် သန့်စင်ပေးနိုင်သော အရည်အသွေးကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ အညစ်အကြေးတွင်ပါဝင်သည့် ရေထက်လေးသော အစိုင်အခဲကြီးငယ်များသည် အနည်ထိုင်ခြင်းဖြင့် ရေစီးထဲမှထွက် ကျန်ရစ်သည်။ မြစ်ကြမ်းပြင်၌ ထိုင်ကျန်သော အန္တရာယ်ရှိဇီဝဓာတုပစ္စည်းများသည် အညစ်အကြေးတွင်ပါဝင်သည့် ဘက်တီးရီယားတို့၏ ဓာတ်ပြုမှုကြောင့် တဖြည်းဖြည်းဓာတ်ပြိုကွဲလျက် အန္တရာယ်မရှိသော ဇီဝဓာတုပစ္စည်းများအဖြစ်သို့ရောက်သည်။ ပေါ့ပါးသောအမှုန်များသည်မူ ရေနှင့်အတူဆက်လက်မျောပါသွားသည်။ ထိုသို့ပါသွားသောအမှုန်နှင့် အညစ်အကြေးများသည် လှိုင်းများ၊ ဝဲဂယက်များ၊ ရေအပေါ်အောက်လှန်မှုများကြောင့် မြစ်ရေနှင့်…