• လေ့လာတွေ့ရှိသမျှ ကမ္ဘာပေါ်တွင် မိုးရေခံစနစ်ကို အားအပေးဆုံး၊ လက်တွေ့တပ်ဆင်အသုံးပြုမှုအရှိဆုံး နိုင်ငံသည် အိန္ဒိယဖြစ်သည်။ အိန္ဒိယပြည်နယ်အများအပြား၌ အဆောက်အအုံများတွင် မိုးရေခံစနစ်များ ထည့်သွင်းတပ်ဆင်ရန် ပြည်နယ် အလိုက် စည်းမျဉ်းစည်းကမ်းများ ရှိပြီး ဖြစ်သည်။ နေရာအများအပြား၌ မိုးရေခံစနစ်များကို တပ်ဆင် အသုံးပြုသဖြင့် လက်တွေ့အကျိုးများကို ရရှိခံစားနေကြသည်။ မိုးရေခံစနစ်၏အကျိုး၊ မည်သည့်အတွက် မိုးရေခံစနစ်တပ်ဆင်ရန် လိုအပ်ပုံစသည်တို့ကို အများပြည်သူတို့ သိရှိရန် စည်းရုံးပညာပေးမှုလည်း အားကောင်းသည်။ အကောင်အထည်ဖော်နိုင်မှု အနည်းအများတော့ ကွဲပြားသည်။ မလိုက်နာသူတို့အား အရေးယူရာတွင်လည်း အားနည်းချက်အချို့ရှိသည်။ မိုးရေခံစနစ်ကို တပ်ဆင်ရန် ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်သည့်အနေနှင့် ၂၂ . ၃. ၂၁ ရက်နေ့တွင် ကျရောက်ခဲ့သော ကမ္ဘာ့ရေနေ့(World Water Day )တွင်…

    Continue reading →: မိုးရေစုဆောင်းအသုံးချမှုကိုအားပေးသောအိန္ဒိယနိုင်ငံ
  • ရေချိုရေသန့်အရင်းအမြစ်လျော့နည်းလာနေသောကမ္ဘာတွင် မိုးရေကို အတတ်နိုင်ဆုံး ခံယူသုံးစွဲကြဖို့အရေး နှိုးဆော်တိုက်တွန်းနေရစဉ် ယင်းမိုးရေသည်ပင် အလွန်ရှားပါးသောအရင်းအမြစ် ဖြစ်နေသောကြောင့် မိုးရေကို စုချင်တိုင်းစု၍မရအောင် ကန့်သတ်ထားရသည့် နေရာမျိုးလည်း ရှိနေပြန်သည်။ ယင်းနေရာမှာ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ဖြစ်သည်။ ကော်လိုရာဒိုပြည်နယ်တွင် တစ်နှစ်ပျမ်းမျှမိုး ၁၇ လက်မသာရွာသည်။ မြန်မာ့ခြောက်သွေ့ဒေသထက်ပင် မိုးနည်းသေးသည်။ ကော်လိုရာဒိုပြည်နယ်ပေါ်ရွာကျသောမိုးစက်တိုင်းသည် တန်ဖိုးရှိလှသဖြင့် လူတိုင်း ရနိုင်သမျှ ခံယူ စုဆောင်း အသုံးပြုလိုကြသည်။ မိုးကောင်းသောဒေသများတွင် ယင်းလုပ်ရပ်မျိုးကို အားပေးရမည်ဖြစ်သော်လည်း ကော်လိုရာဒိုပြည်နယ်တွင်မူ အိမ်တိုင်းအိမ်တိုင်း မိမိတို့ခေါင်မိုးပေါ်ကျသမျှမိုးရေကို ခံယူသိုလှောင်ကြလျှင် မြစ်ချောင်းများထဲ ရေအဝင်နည်းသွားမည်ကို စိုးရိမ်သဖြင့် အိမ်တစ်အိမ်လျှင် စည်ပိုင်းနှစ်လုံးစာ(ဂါလန် ၁၁၀)ထက် ပိုမစုရဟု House Bill 16-1005 ဖြင့် ထုတ်ပြန်ထားသည်။ သိုလှောင်ထားနိုင်သည့်မိုးရေပမာဏကိုသာကန့်သတ်သည်မဟုတ်၊ ခေါင်မိုးပေါ်က…

    Continue reading →: မိုးရေကိုစုဆောင်းသုံးစွဲကြပါဆိုသော်လည်း
  • အမေရိကန်နိုင်ငံ အနောက်ပိုင်း၏ အဓိကမြစ်ဖြစ်သည့် ကော်လိုရာဒိုမြစ်သည် ကီလိုမီတာ ၂၃၀ဝ ကျော် ရှည်ပြီး ရေဝေဒေသသည် ၆၃၀ဝဝဝ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ မြစ်ဖျားခံရာ ရော့ကီးတောင်တန်းများပေါ်မှ စတင်ကာ အနောက်တောင်ဘက်သို့ ဦးတည်၍ ကွေ့ကောက်ဝေ့ဝိုက် စီးဆင်းသည့် ကော်လိုရာဒိုမြစ်၏ ရေဝေဒေသတွင် ဝိုင်အိုးမင်း၊ နဗားဒါး၊ ယူထား၊ ကော်လိုရာဒို၊ ကယ်လီဖိုးနီယား၊ အရီဇိုးနား၊ နယူးမက္ကဆီကို ပြည်နယ်များနှင့် မက္ကဆီကိုနိုင်ငံ၏ အနောက်မြောက်ပိုင်းတို့ ပါဝင်ပြီး နောက်ဆုံး ကယ်လီဖိုးနီးယား ပင်လယ်ကွေ့၊ ကောတက်ဇ်ပင်လယ်ထဲသို့ စီးဝင်သည်။ မြစ်ကြောင်း တလျှောက်တွင် အဓိကမြစ်လက်တက်ကိုးစင်းက ပင်မမြစ်ထဲသို့ စီးဝင်အားဖြည့်သည်။ မြစ်ဖျားခံရာမှ မြစ်အောက်ပိုင်းအထိ ကော်လိုရာဒိုမြစ်ဝှမ်း တစ်ခုလုံးပေါ်သို့ တစ်နှစ်လျှင် ဆီးနှင်းနှင့်မိုး ကုဗကီလိုမီတာ ၂၁၀…

    Continue reading →: အတုယူသင့်သော ကော်လိုရာဒိုမြစ် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု
  • ကမ္ဘာ့ရာသီဥတုပြောင်းလဲလာသောကြောင့် အအေးပိုင်းအရပ်များရှိ ရေခဲပြင်များ အရည်ပျော်လာနေကြောင်း သိရှိကြသည်။ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း Cryosphere ဂျာနယ်တွင် ဖော်ပြချက်အရ ၁၉၉၄ ခုနှစ်မှ ၂၀၁၇ အထိ ကမ္ဘာ့ရေခဲပြင်များအားလုံးမှ အရည်ပျော်ကျသွားသော ရေခဲအလေးချိန်စုစုပေါင်းသည် ၂၈ ထရီလျံတန်မျှ ရှိသည်ဟု သိရသည်။ (မှတ်ချက်- တစ်ထရီလျံ = တစ်နောက်ကသုည ၁၂ လုံး) ကြီးမားလှသော ရေခဲအရည်ပျော်ပမာဏသည် ကမ္ဘာကြီးကို ကိုင်လှုပ်နေသော အခြေအနေသို့ပင် ရောက်နေသည်။ ရေခဲအရည်ပျော်ခြင်းကြောင့် အရည်ပျော်ရေခဲပြင်များ၏အောက်ရှိ မြေလွှာများ ထမ်းထားရသောဝန် ပေါ့သွားသဖြင့် မြေလွှာလှုပ်ရှားလာကြောင်း ကနေဒါနိုင်ငံအတွင်းပိုင်း၊ နော်ဝေ ဆွီဒင်စသောနိုင်ငံများ ပါသည့် စကင်ဒီနေဗီးယားနိုင်ငံများ၌ တွေ့ရှိပြီးဖြစ်သည်။ ယခုခေတ်တွင်မှမဟုတ် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀…

    Continue reading →: ကမ္ဘာကို အမှန်တကယ် ကိုင်လှုပ်နေသော ရေခဲပြင်အရည်ပျော်မှု
  • သတင်းတစ်ခုကြားတာကြောင့် ခေါင်းပေါ်ကဈေးဗန်းကို ဈေးထဲကအသိဆိုင်မှာပစ်ချ၊ တစ်မိုင်ပျော့ပျော့အကွာအဝေးရှိတဲ့ သူ့အိမ်ကို မစံပယ်တစ်ယောက် ဆိုင်ကယ်ငှားဖို့တောင် သတိမရနိုင်ဘဲ သုတ်ခြေတင်ပြေးချလာတယ်။ အိမ်ရောက်တော့ သတင်းကြားရတဲ့အတိုင်းပဲ သူ့အိမ်ဟာ အငမ်းမရ ဖျက်ဆီးခံနေရတာကို တွေ့လိုက်ရတော့တယ်။ ဓနိမိုး ထရံကာသူ့အိမ်လေးဟာ ယိုင်နဲ့နေပြီ။ အိမ်ပေါ်မှာမိသားစုတွေမရှိတော့ဘူး။ အိမ်နီးနားချင်းတွေက ဘေးလွတ်ရာကို ပို့ပေးထားကြတယ်။ သူဟာ အချိန်မဆိုင်းဘဲ ပြိုစပြုနေတဲ့ အိမ်ထဲကနေ ပစ္စည်းတွေနဲ့ ဓနိ၊ဝါး၊တိုင်တွေကို ရသလောက်ဆွဲထုတ်ပါတယ်။ လက်လုပ်လက်စားဘဝမို့ ပစ္စည်းပစ္စယရယ်လို့ ခပ်များများမရှိပါဘူး။ ဒါပေမဲ့ ဘယ်လောက်တန်ဖိုးနည်းပါစေ၊ ကိုယ့်ပစ္စည်းတော့ အလကား လုယက်ဖျက်ဆီးနေတာ မခံနိုင်သမို့ ပြန်ရဖို့ ကြိုးစားနေတာပါ။ ပစ္စည်းတွေကို နေရာရွှေ့ပြီးချိန်မှာတော့ သူ့အိမ်ဟာ ပြိုပျက်သွားခဲ့ပါပြီ။ အိမ်တင်မကပါဘူး၊ မြေနေရာပါ ဖဲ့ယူခံလိုက်ရတာပါ။ ဒါကြောင့် နေစရာအိမ်မရှိတော့တဲ့ သူတို့မိသားစုကို…

    Continue reading →: ပင်လယ်ကိုအလျှော့ပေးရတော့မလား
  • ရေထိန်းသိမ်းအသုံးချနိုင်မှုအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ခေတ်ဟောင်းက မိုင်ယာနှင့်ခမာတို့၏ တိုင်းနိုင်ငံများ ပျက်သုဉ်းသည်အထိ ဆိုးရွားခဲ့သည်။ ခေတ်သစ်တွင်မူ ကိပ်တောင်းနှင့်ချင်းနိုင်တို့ကဲ့သို့ ရေပြဿနာကြီးထွားမှုမျိုးရှိခဲ့၊ နောင်တွင်လည်း ရှိလာဦးမည် ဖြစ်သော်လည်း ခေတ်ဟောင်းကကဲ့သို့ လူနေ မြို့ကြီးများပျက်စီးသည်အထိ ကြုံတွေ့ဖို့ မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ ရေအရင်းအမြစ်များကို ရှာဖွေ ထိန်းသိမ်းအသုံးပြုရာတွင် ရှေးခေတ်ကထက် နည်းပညာ သိသာစွာတိုးတက်လာသောကြောင့် ဖြစ်သည်။ ရေကိုတစ်နေရာမှ တစ်နေရာသို့စက်အားဖြင့် တွန်းပို့နိုင်လာသည်။ မြေအောက်ရေကို အနက်ပိုင်းအထိ တူးဖော်ရယူနိုင်လာသည်။ လျော့နည်းသွားသည့် မြေအောက်ရေနေရာတွင် မိုးရေမြစ်ရေများဖြင့် အစားဖြည့်ပေးနိုင်လာကြသည်။ ပင်လယ်ရေငန်မှရေချိုချက်တတ်လာသည်။ သာမန်ရေဆိုးများကိုသာမက မိလ္လာရည်များကိုပါ သောက်သုံးနိုင်သည်အထိ သန့်စင်တတ်လာသည်။ ခေတ်မီနည်းပညာများအပြင် ရှေးခေတ်ကတည်းက အသုံး ပြုလာခဲ့သည့် မိုးရေတစ်နိုင်တစ်ပိုင် ခံယူ အသုံးချခြင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်လုပ်ဆောင်လာရကောင်းမှန်းသိလာကြသည်။…

    Continue reading →: ခေတ်ဟောင်းနှင့်ခေတ်သစ်ရေပြဿနာကွာခြားချက်
  • ၁၈၇၆ ခုနှစ်နှင့် ၁၈၇၈ ခုနှစ်များကြားတွင် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့၌ ကြုံတွေ့ခဲ့ရသည့် မိုးခေါင်မှုကြောင့် ရေလျော့နည်း သီးနှံအထွက်ကျဆင်းကာ လူသန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။ တရုတ်နိုင်ငံပြည်နယ်ငါးခု၌ လူဦးရေ ၁၀၈ သန်း နေထိုင်သည့်အနက် ကိုးသန်းမှ ၁၃ သန်းကြားသေဆုံးခဲ့သည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် မိုးခေါင်၍ အငတ်ဘေးကြုံခဲ့ကာ လူပေါင်းငါးသန်းခွဲမျှ သေဆုံးခဲ့သည်။ ခေတ်သစ်ရေအခက်အခဲ ၁၉ ရာစုနှစ်များနှင့် ၂၀ ရာစုအဦးပိုင်းအထိဖြစ်ပွားခဲ့သော မိုးခေါင်မှုများသည် ပစိဖိတ်သမုဒ္ဒရာတွင် ပေါ်ပေါက်သည့် အယ်လ်နီညိုဖြစ်စဉ်အပါအဝင် ဒေသတွင်းရာသီဥတုဖောက်ပြန်မှုအချို့ကြောင့် ဖြစ်သည်။ ယင်းကာလနောက်ပိုင်းတွင်မူ အဆိုပါအကြောင်းရင်းများအပြင် တစ်ကမ္ဘာလုံး ရာသီဥတု ပြောင်းလဲခြင်းကြောင့်လည်း အချို့နေရာများတွင် မိုးခေါင်လာသည်။ တစ်ချိန်က မိုးခေါင်ခြင်းကြောင့် ကျေးလက်များတွင် အများဆုံး ဒုက္ခရောက်ခဲ့ကြသော်လည်း ၂၁…

    Continue reading →: မိုးခေါင်၍ရေပြတ်လုဖြစ်ခဲ့သောမြို့ကြီးများ