Tag: Watershed
-
ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်များ၏ ရေစီးနှုန်းနှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏကို စူးစမ်း လေ့လာသွားမည်
https://news-eleven.com/ Published 26 April 2022 မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်များ၏ မြစ်ဖျားမှ စတင်ပြီး ပင်လယ်သို့ ရောက်သည်အထိ ရေစီးနှုန်း တိုင်းတာရန်နှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏတို့ကို စူးစမ်း လေ့လာဆောင်ရွက်နိုင်ရေးအတွက် ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့ကို နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီက အမိန့်ကြော်ငြာစာ အမှတ် (၄၃/၂၀၂၂) ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့သည် တိုင်းတာရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ မြစ်ဖျားမှ ပင်လယ်ဝအထိ ရေစီးနှုန်းများ တိုင်းတာ ဆောင်ရွက်ရန်၊…
-
အတုယူသင့်သော ကော်လိုရာဒိုမြစ် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု
အမေရိကန်နိုင်ငံ အနောက်ပိုင်း၏ အဓိကမြစ်ဖြစ်သည့် ကော်လိုရာဒိုမြစ်သည် ကီလိုမီတာ ၂၃၀ဝ ကျော် ရှည်ပြီး ရေဝေဒေသသည် ၆၃၀ဝဝဝ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ မြစ်ဖျားခံရာ ရော့ကီးတောင်တန်းများပေါ်မှ စတင်ကာ အနောက်တောင်ဘက်သို့ ဦးတည်၍ ကွေ့ကောက်ဝေ့ဝိုက် စီးဆင်းသည့် ကော်လိုရာဒိုမြစ်၏ ရေဝေဒေသတွင် ဝိုင်အိုးမင်း၊ နဗားဒါး၊ ယူထား၊ ကော်လိုရာဒို၊ ကယ်လီဖိုးနီယား၊ အရီဇိုးနား၊ နယူးမက္ကဆီကို ပြည်နယ်များနှင့် မက္ကဆီကိုနိုင်ငံ၏ အနောက်မြောက်ပိုင်းတို့ ပါဝင်ပြီး နောက်ဆုံး ကယ်လီဖိုးနီးယား ပင်လယ်ကွေ့၊ ကောတက်ဇ်ပင်လယ်ထဲသို့ စီးဝင်သည်။ မြစ်ကြောင်း တလျှောက်တွင် အဓိကမြစ်လက်တက်ကိုးစင်းက ပင်မမြစ်ထဲသို့ စီးဝင်အားဖြည့်သည်။ မြစ်ဖျားခံရာမှ မြစ်အောက်ပိုင်းအထိ ကော်လိုရာဒိုမြစ်ဝှမ်း တစ်ခုလုံးပေါ်သို့ တစ်နှစ်လျှင် ဆီးနှင်းနှင့်မိုး ကုဗကီလိုမီတာ ၂၁၀ ခန့် ရွာကျသည့်အနက် အများစုမှာ မြစ်စတင်စီးဆင်းရာဒေသများ၌ ကျသည့်…
-
ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ
ရောဂါဖြစ်ပြီးမှဆေးကုသည်ထက် မဖြစ်မီကြိုတင်ကာကွယ်နိုင်လျှင် အကောင်းဆုံး ဖြစ်သကဲ့သို့ ရေစီးဆင်းရာ ဇာစ်မြစ်ဖြစ်သည့် ရေဝေဒေသများကို တတ်နိုင်သမျှ ထိန်းသိမ်းခြင်းဖြင့် မြစ်ချောင်းများထဲ၌ ရေကောင်း ရေသန့်များ စီးဆင်းရန်၊ ရေကြီးရေလျှံမှုနည်းပါးသွားရန် လုပ်ဆောင်နိုင်ကြသည်။ ရေဝေဒေသ Watershed ဆိုသည်မှာ မိုးရေ၊ လူနေအိမ်ခြေ၊ စိုက်ခင်းနှင့် လုပ်ငန်းစသည်များမှ ထွက်လာသောရေတို့ မြစ်ချောင်းထဲသို့ ဝင်ရောက်ရာ၌ ယင်းရေများ စတင်စီးဆင်းလာသည့်နေရာမှ မြစ်ထဲရောက်သည်အထိ ဖြတ်သန်းလာရာ မြေပြင်ဒေသ အားလုံးကို ခြုံငုံခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ ရေဝေဒေသကို ရေဝေရေလဲ၊ ရေဆင်းဧရိယာ၊ ရေဖမ်းဧရိယာ စသည်ဖြင့်လည်း သုံးနှုံး ခေါ်ဝေါ်ကြသည်။ ရေဝေဒေသ တစ်ခုကို အဆောက်အအုံများ၊ စိုက်ခင်းများ၊ စက်ရုံများ၊ သဘာဝရေကန်များ၊ မြစ်ချောင်းများစသဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ရေဝေဒေသသည် ဧရာမကန်တော့ကြီးနှင့်အလားတူသည်။ ကန်တော့နှုတ်ခမ်းမှ အစပြုကာ ကန်တော့၏ မျက်နှာပြင်တစ်လျှောက် စီးကျလာသောရေများသည်…
-
ရေငန်မှရေချိုချက်ခြင်း
ထုတ်ယူသုံးစွဲမှု လွန်ကဲ၍ မြစ်ရေ၊ ကန်ရေ၊ မြေအောက်ရေများ လျော့နည်းလာနေခြင်း၊ ရာသီဥတု ပြောင်းလဲသဖြင့် အချို့ဒေသများ၌ မိုးရွာသွန်းမှုလျော့နည်းလာနေခြင်းတို့ကြောင့် သမားရိုးကျမဟုတ်သည့် ရေအရင်းအမြစ်များမှပါ ရေရယူရန်လိုအပ်လာနေသည်။ ဤအခြေအနေ၌ ကမ္ဘာတွင်အပေါများဆုံး ဖြစ်သော်လည်း သောက်သုံး၍မရသည့် ပင်လယ်ရေငန်များကို ရေချိုအဖြစ်ချက်လုပ်ပြောင်းလဲအသုံးပြုမှုများ အရှိန်ရလာလျက် ရှိသည်။ ရေထုထည်အပုံတစ်သန်းတွင် ကလိုရိုက်အပုံ ၁၀၀၀ နှင့် အထက်ပါလျှင် ရေငန်ဟု ခေါ်သည်။ အပုံ ၁၀၀၀ မှ ၃၀၀၀ အထိကို အငန်ဓာတ်နည်း၊ ၃၀၀၀ မှ ၁၀၀၀၀ အထိကို အငန်ဓာတ်အသင့်အတင့်နှင့် အပုံ ၁၀၀၀၀ ထက်ပိုလျှင် အလွန်ငန်သည်ဟု သတ်မှတ်သည်။ ပင်လယ်ရေတွင် ဆားဓာတ်အပုံ ၂၀၀၀၀ ခန့်ပါပြီး ရေချိုချက်စက်ရုံများသည် ဆားဓာတ်ကို အပုံ ၁၀၀ အောက်သို့ ရောက်အောင် လျှော့ချကြသည်။…
-
ဧရာဝတီရေဝေဒေသ
မြန်မာပြည်၏ အကြီးဆုံးရေဝေဒေသသည် ဧရာဝတီမြစ်ဝှမ်းဖြစ်သည်။ မေခနှင်မလိခမြစ်များမှ အစပြုကာ ချင်းတွင်း မြစ်ငယ်စသည့် မြစ်ချောင်းပေါင်းများစွာသည် ဧရာဝတီမြစ်ထဲသို့ပေါင်းဆုံစီးဝင်ကြသဖြင့် ဧရာဝတီ မြစ်ဝှမ်းသည် မြန်မာနိုင်ငံ မြောက်မှတောင်သို့ မြစ်ဝကျွန်းပေါ်အထိတောက်လျှောက်တန်းလျက် တည်ရှိသည်။ ဧရာဝတီမြစ်၏ ရေဝေဒေသ(သို့မဟုတ်)ဧရာဝတီမြစ်ဝှမ်းဒေသသည် ၄၁၄၀၀၀ စတုရန်းကီလိုမီတာမျှရှိသဖြင့် မြန်မာနိုင်ငံဧရိယာ၏ ၆၂ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည်။ ဧရာဝတီမြစ်ဝှမ်းဒေသဧရိယာ၏ ၉၃ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံတွင်း၌ရှိပြီး ကျန် ၇ ရာခိုင်နှုန်းသည် အိန္ဒိယ နှင့်တရုတ်နိုင်ငံများအတွင်းသို့ ဝင်ရောက်ဖြန့်ကျက်တည်ရှိနေသည်။ ထို့ကြောင့်ဧရာဝတီရေထု၏ ၇ ရာခိုင်နှုန်းသည် အိန္ဒိယနှင့် တရုတ်နိုင်ငံများမှ စတင် စီးဆင်းလာသော ရေများဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။ စိုးရိမ်ဖွယ်ရာကောင်းသည်မှာ နိုင်ငံနယ်နိမိတ်အပြင်ဘက်သို့ရောက်နေသည့် ဧရာဝတီရေဝေဒေသအပါအဝင် မြောက်ဖျားရှိဧရာဝတီရေဝေဒေသများတွင် လက်ရှိ၌ပင် ရေအရင်းအမြစ်များ လျော့နည်းလာနေပြီး အနာဂတ်တွင် အခြေအနေပိုဆိုးလာမည့်လက္ခဏာများကို ထင်ထင်ရှားရှားတွေ့လာနေရခြင်းဖြစ်သည်။ ပြည်မြို့အထက်တွင်ရှိသော ဧရာဝတီရေဝေဒေသကြီးကိုလေ့လာရာ၌…