• တမံဟုဆိုလျှင် သဖန်းဆိပ်ရေလှောင်တမံ၊ ငမိုးရိပ်ရေလှောင်တမံစသည်ဖြင့် မြေပေါ်တွင် တည်ဆောက်ထားသည့် မြေသားတမံ၊ ကွန်ကရစ်တမံများကိုသာ ရင်းနှီးကြပြီး မြေအောက်တမံ (Underground Dam) ဟူသောအသုံးအနှုန်းသည် အများစုအတွက် ရင်းနှီးမှုနည်းပါးသည့် ဝေါဟာရအသုံးအနှုန်းသစ်တစ်ခု ဖြစ်နေနိုင်ပါသည်။ ကမ္ဘာပေါ်တွင် ပထမဆုံးမြေအောက်တမံအား တန်ဇန်းနီးယား (Tanzania) နိုင်ငံ၌ ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့တည်ဆောက်လာခဲ့ပါသည်။ အမေရိကန်၊ ဘရာဇီး၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ကင်ညာ၊ အီသီယိုပီးယား၊ ဆူဒန်၊ ပါကစ္စတန်စသည့် ကမ္ဘာ့နိုင်ငံအများအပြားတွင် တည်ဆောက်အသုံးပြုလျက်ရှိကြသည်။ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP)မှ ၁၉၉၅ ခုနှစ်တွင် မြေအောက်တမံနည်းပညာမျှဝေခြင်းသင်တန်း ပို့ချခဲ့ဖူးကြောင်း သိရှိရပါသည်။ မြေအောက်တမံ တည်ဆောက်မှုအား ၂၀၀၈ ခုနှစ်တွင်…

    Continue reading →: လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ – အေးမြင့်ဆွေ (ဆည်/ရေ)
  • သဘာဝပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူလော ရေကိုသာလိုသည် (ကြော်ငြာ) ရာသီဥတုပြောင်းလဲမှု၏ဒဏ်ကို အများဆုံးနှင့် အရှည်ကြာဆုံး ခံကြရမည့် ဆယ်ကျော်သက်ရွယ်များနှင့်ကလေးငယ်များ အတွက် ရာသီဥတုပြောင်းလဲမှုအကြောင်း အခြေခံများအပြင် ယင်းဒဏ်မှ သက်သာရာ ရစေရန် သူတို့လည်း တစ်နိုင်တစ်ပိုင် လုပ်ဆောင်ပေးနိုင်ကြသည်၊ မည်သို့ လုပ်ဆောင်သင့်သည်တို့ကို အသိပေး အကြံပြုလိုသဖြင့် ဤစာအုပ်ကို ပြုစုထုတ်ဝေပါသည်။ (တစ်အုပ် ၄၀ဝ၀ ကျပ်) ပါရမီစာပေ ”ဒီလိုကောင်မျိုးကို ဒီလိုဆုံးမရတယ်” ”ဒီအမှိုက်တွေကိုလည်း သယ်သွားပေးပါဦး”

    Continue reading →: အဓိပ္ပာယ် အပြည့်ပါသည့် သဘာဝပတ်ဝန်းကျင်ရေးရာ ကာတွန်းများ
  • ဤပုံသည် ရေသံသရာအတွင်းရှိ အဆင့်အသီးသီး၌ တစ်နှစ်အတွင်း လှည့်လည်နေသော ရေပမာဏကို ကုဗကီလိုမီတာဖြင့် ဖော်ပြသည့် Shiklomanov (1999) ၏ ယူဆတွက်ချက်မှုများ ဖြစ်ပါသည်။ ပါမောက္ခ Igor A. Shiklomanov (၁၉၃၉ – ၂၀၁၀)သည် ရုရှားနိုင်ငံဖွား ဇလဗေဒနှင့် ရေအရင်းအမြစ်ပညာရှင် ဖြစ်ပြီး သုတေသနစာတမ်းပေါင်း များစွာကို ပြုစုခဲ့သည်။ သူ၏ စာတမ်းများနှင့် လုပ်ဆောင်ချက်များသည် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ စသည်တို့က အသိအမှတ်ပြုခံရကာ ပညာရပ်ဆိုင်ရာ ဆုတံဆိပ်များစွာကို ရရှိခဲ့သူ ဖြစ်သည်။ Igor A. Shiklomanov က မြေပေါ်ရေစီးဧရိယာနှင့် မြေအောက်ရေစီးဧရိယာတို့သည် ၁၁၉ သန်း စတုရန်း ကီလိုမီတာစီ ရှိကြသည်ဟု…

    Continue reading →: ရေသံသရာ လှည့်လည်ခြင်း အဆင့်ဆင့်ရှိ á€›á€ąá€•á€™á€Źá€á€™á€ťá€Źá€¸
  • ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဟူသော ဆိုရိုးကဲ့သို့ပင် မုတ်သုံမိုးညို့ညို့နှင့်အတူ မြန်မာ့မြစ်ချောင်း အင်းအိုင်ရေပြင်တို့သည် ပြည့်လျှံဖွေးဖြူလျက်ရှိကြ၏။ မိုးရာသီသည် သစ်ပင်သီးနှံများ၊ ကောက်စိုက်တေးသံများဖြင့် သာယာသောကာလဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ရေလွှမ်းမိုးမှု ဘေးအန္တရာယ်သည် ဤကာလ၏ အလေးထားရမည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်လျက်ရှိနေပါသည်။ ဇူလိုင်လအစတွင် မြစ်ဖျားပိုင်းမှ အစပြုခဲ့သော ဧရာဝတီမြစ်ရေကြီးမှုသည် ယခုအခါတွင် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အောက်ပိုင်းများသို့ တဖြည်းဖြည်း ပျံ့နှံ့ရောက်ရှိလာလျက် ရှိနေပါသည်။ ရေ၏အကျိုးစီးပွားသည် မကုန်နိုင်များပြားသကဲ့သို့ နူးညံ့ပျော့ပြောင်းသည်ထင်ရသော ရေ၏ အဖျက်စွမ်းအားသည်လည်း လွန်စွာကြီးမားပါသည်။ တွေ့ရှိမှုများအရ အလွန်လျင်မြန်စွာ စီးဆင်းလာသော ရေအနက် ၆ လက်မခန့်သည် လူတစ်ဉီးအား လဲကျမျောပါသွားစေနိုင်သကဲ့သို့ ထိုရေအနက် ၂ ပေခန့်သည် ကားတစ်စီးအား မျောပါသွားစေနိုင်ပါသည်။ ရေကြီးမှုဖြစ်ပွားပါက လူ တိရစ္ဆာန်နှင့်…

    Continue reading →: ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ရေဘေးကာကွယ်ရေး တာများ – အေးမြင့်ဆွေ(ဆည်/ရေ)
  • လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်းခြောက်သွေ့ကာ ရေနံပေါကြွယ်ဝသော အာဖရိကမြောက်ပိုင်း နိုင်ငံဟု သိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကို ရေနံမှ ရသည်။ ရေနံအပြင် အခြားမြေအောက်သယံဇာတ တစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာ ယခုလစ်ဗျားရှိရာဒေသတွင် ရာသီဥတုမျှတနေစဉ်က ရွာသွန်းခဲ့သော မိုးရေများ မြေအောက်အလွန် နက်ရှိုင်းသောနေရာအထိ စိမ့်ဝင်ခိုအောင်းနေခဲ့သည့် မြေအောက်ရေအောင်းလွှာများပင် ဖြစ်သည်။ ရုပ်ကြွင်းရေ ကမ္ဘာ့အခြောက်သွေ့ဆုံးနိုင်ငံများထဲတွင်ပါသည့် လစ်ဗျားတွင် အမြဲစီးနေသည့်မြစ် မရှိဘဲ ရေကန်နှင့် စမ်းချောင်းအနည်းငယ်သာ ရှိသည်။ လစ်ဗျား၏ မြို့ကြီးအများအပြားသည် နိုင်ငံမြောက်ပိုင်း မြေထဲပင်လယ်ကမ်းစပ်တွင် ရှိကြသဖြင့် မြို့တော်ထရစ်ပလီ အပါအဝင် မြို့ကြီးများအတွက် မြေထဲပင်လယ်ရေကို ရေချိုချက်စက်ရုံများဖြင့် ချက်လုပ်သန့်စင်ပြီး သောက်သုံးရေအဖြစ် ပေးဝေနေခဲ့သည်။ ယင်းစက်ရုံများသည် လည်ပတ်စရိတ်…

    Continue reading →: မမြင်ကွယ်ရာမှ ရေများသည်ပင်
  • အထက်ပါပုံ၌ ပုံသေးကို ကြည့်လျှင် ကမ္ဘာ့မျက်နှာပြင်ဧရိယာ အတော်များများကို ရေဖုံးနေသဖြင့် ကမ္ဘာကြီးတွင် ရေအလျှံပယ်ကြွယ်ဝသည်ဟု ထင်ရသည်။ တကယ်တွင်လည်း ကမ္ဘာသည် မျက်နှာပြင် ဧရိယာ၏ ၇၁ ရာခိုင်နှုန်း၌ ရေများဖြင့် အတိပြီးနေသည့် ဂြိုဟ်တစ်လုံး ဖြစ်သည်။ သို့သော် ကမ္ဘာပေါ်ရှိ ရေအားလုံးကို ထုတ်ယူစုစည်းကာ ရေစက်တစ်စက်တည်းအသွင်ဖြင့် ကမ္ဘာလုံးပေါ် အချိုးကျ တင်ပြထားသည့် ပုံကြီးကို ကြည့်လျှင် ရေထုထည်စုစုပေါင်းသည် ကမ္ဘာ၏ အရွယ်အစားနှင့် ယှဉ်လျှင် များစွာ သေးငယ်ကြောင်း တွေ့ရသည်။ ရေအလျှံပယ် ကြွယ်ဝသည်ဟု ထင်မြင်ချက်သည် မဟုတ်မှန်ကြောင်း သိလာရသည်။ တဖန် ရေချိုအားလုံးကို ရည်ညွှန်းသည့် ညာဘက်က အစက်သည် ရေအားလုံးကို ကိုယ်စားပြုသော အစက်နှင့် စာလျှင်…

    Continue reading →: အမြင်၌ ပေါများသော်လည်း လက်တွေ့တွင် ရှားနေသော á€žá€ąá€Źá€€á€şá€žá€Żá€śá€¸á€›á€ą
  • ကမ္ဘာပေါ်၌ အရည်၊ အခဲ၊ အငွေ့ အသွင်သုံးမျိုးဖြင့် တည်ရှိနေသည့် ရေများသည် အဓိကအားဖြင့် ငါးနေရာတွင် စုဖွဲ့နေကြသည်။ ယင်းတို့မှာ ပင်လယ် သမုဒ္ဒရာရေများ၊ လေထုတွင်းရှိ ရေငွေ့များ၊ ဆီးနှင်းနှင့် ရေခဲပြင်များ၊ မြေပေါ်ရေနှင့် မြေအောက်ရေများ ဖြစ်ကြသည်။ အထက်ပါအတိုင်း စုဖွဲ့မှုသည် တည်ငြိမ်ခြင်းမရှိဘဲ အမြဲလှုပ်ရှားနေသည်။ ကမ္ဘာပေါ်တွင် လူနှင့်သက်ရှိများ ရှင်သန်ခြင်းသည် ရေရှိခြင်းက အကြောင်းတစ်ခု ဖြစ်သကဲ့သို့ ရေသည် အသွင်သုံးမျိုးဖြင့် လှုပ်ရှားလည်ပတ်ခြင်းကလည်း အခြား အကြောင်းတစ်ခုအနေနှင့် ပါသည်။ လှုပ်ရှားလည်ပတ်ခြင်း ရပ်တန့်သွားခဲ့လျှင် ရေအရင်းအမြစ်များသည် ပြန်လည်ပြည့်တင်းနိုင်ခြင်း မရှိတော့သောကြောင့် လူတို့သည် အနီးရှိ ရေကန်များ၊ ရေသေမြစ်ချောင်းများ၊ မြေအောက်ရေကြောများ အပါအဝင် ပြန်မပြည့်နိုင်သည့် ရေအရင်းအမြစ်များကိုသာ သုံးစွဲရတော့သည့်အတွက်…

    Continue reading →: ပြောင်းလဲနေသော ရေသံသရာကို ရေဖူလုံရေးရှုထောင့်မှလေ့လာခြင်း