• ကမ္ဘာ့အပူချိန်တက်ခြင်းသတင်းများ၊ ထုတ်ပြန်ချက်များတွင် ဒီဂရီဝက် တစ်ဒီဂရီ နှစ်ဒီဂရီ စသဖြင့် တက်ခြင်းကို ဘေးအန္တရာယ်ဟု အရေးတကြီးဖော်ပြနေကြရာ သာမန်တွေးပါက ယင်းမျှတက်ရုံဖြင့် ဘေးအန္တရာယ်ကြီးများ ကြုံရမည်ဆိုခြင်းသည် ဖြစ်နိုင်ပါမည်လောဟု မေးခွန်းထုတ်ဖွယ်ရာ ဖြစ်သည်။ အဆိုပါသံသယကို လူတိုင်းဖြစ်ဖူးကြသော ဥပမာနှင့် ချေဖျက်နိုင်သည်။ လူ့ခန္ဓာကိုယ်၏ ပုံမှန်အပူချိန်သည် ၃၇ ဒီဂရီစင်တီဂရိတ်ဖြစ်ရာ နေမကောင်းဖြစ်လျှင် အချို့ ၃၉၊ ၄၀၊ အချို့ထို့ထက်ပို၍ တက်သည်။ ကိုယ်အပူချိန်တက်ခြင်းသည် အချိန်ပိုင်းမျှ သို့မဟုတ် တစ်ရက်တာမျှသာကြာလျှင် နောက်တစ်နေ့တွင် လူကောင်းနီးနီးဖြစ်သွားသည်။ သို့သော် တစ်ဒီဂရီမျှသာ တက်သော်လည်း လေးငါးရက်ဆက်တိုက်ဖြစ်လာသောအခါ ခန္ဓာတွင်း ဇီဝကမ္မစနစ်ချို့ယွင်းကာ မအီမလည် အစားအသောက်ပျက် မလှုပ်ချင်မကိုင်ချင် ဖြစ်လာတော့သည်။ ထိုနည်းအတိုင်း ကမ္ဘာကြီးသည်လည်း တစ်နှစ် နှစ်နှစ်မျှမဟုတ်၊…

    Continue reading →: ကမ္ဘာ့အပူချိန်ဒီဂရီအနည်းငယ်တက်ရုံမျှဖြင့်
  • မီသိန်း(methane)သည် ပူနွေးစေရာတွင်နှင့် ရာသီဥတုပြောင်းလဲစေရာတွင် ကာဘွန်ဒိုင်အောက်ဆိုက်ပြီးလျှင် အန္တရာယ် အများဆုံးဓာတ်ငွေ့ဖြစ်သည်။ ဟိုက်ဒရိုဂျင်အတမ်လေးလုံးနှင့် ကာဘွန်အတမ်တစ်လုံးတို့ဖြင့် ဖွဲ့စည်းထားသည့် မီသိန်းသည် သဘာဝဓာတ်ငွေ့၏ အခြေခံဓာတ်ပစ္စည်း ဖြစ်သောကြောင့် လူတို့အတွက် အရေးပါသည့် စွမ်းအင်ဇာစ်မြစ်တစ်မျိုး ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ မီသိန်းသည် လေထုတွင်းရောက်ပြီး နှစ်ပေါင်း ၁၀၀ ကြာသည့်တိုင်အောင် ကာဘွန်ဒိုင်အောက်ဆိုက်ထက် ၂၈ ဆမျှပိုပူစေနိုင်စွမ်းရှိသေးသည်။ သို့သော် မီသိန်းအတော်များများသည် လေထုတွင်ရောက်ပြီး ဆယ်နှစ်ခန့်ကြာလျှင် ပြိုကွဲပျက်စီးသွားသည်။ ကမ္ဘာ့အပူချိန်မြင့်လာမှု အကြောင်းရင်းများတွင် မီသိန်းကြောင့် မြင့်လာခြင်းက ၃၀ ရာခိုင်နှုန်းမျှ ဖြစ်သည်။ လေထုထဲရောက် မီသိန်းပမာဏစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းသည် လူတို့ကြောင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းမှာ သဘာ၀ အကြောင်းများကြောင့် ဖြစ်သည်။…

    Continue reading →: မီသိန်း
  • ၂၀၂၁ သြဂုတ် ၉ ရက်နေ့က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်း(အိုင်ပီစီစီ)သည် “ရာသီဥတုပြောင်းလဲခြင်း လေ့လာဆန်းစစ်မှုအစီရင်ခံစာ”၏ ပထမပိုင်းကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာသည် ဆဋ္ဌမမြောက်ဖြစ်ပြီး ပြီးခဲ့သောအစီရင်ခံစာနှင့် စာလျှင် ထောင့်ပိုစုံ၊ ပိုပြည့်စုံသည်။ ယင်းအစီရင်ခံစာတွင် ရာသီဥတု မည်သို့ပြောင်းလဲသည်၊ မည်သည့်နေရာတွင်ပြောင်းလဲသည်၊ မည်သည့်အတွက်ကြောင့် ပြောင်းလဲသည်တို့ကို သေသေချာချာ နှံ့နှံ့စပ်စပ် ဖော်ပြထားပြီး အနာဂတ်တွင် ကျွန်ုပ်တို့ မည်သည်တို့ကို မျှော်လင့်တွေ့ထိရမည်ဆိုသည်တို့ ပါရှိသည်။ လွန်ခဲ့သည်ရှစ်နှစ်က အိုင်ပီစီစီ၏ပဉ္စမအစီရင်ခံစာ ထွက်ပေါ်လာပြီးနောက်ပိုင်း ကျွန်ုပ်တို့သည် ပြောင်းလဲလာသောရာသီဥတုကြောင့်ပေါ်ပေါက်သည့် စံချိန်တင်တောမီးလောင်မှုများ၊ ပြင်းထန်သောအပူလှိုင်းများ၊ အပျက်အစီးများလှသည့်ရေကြီးမှုများ၊ အားကောင်းသောမုန်တိုင်းများစသည့် သဘာဝဘေးအန္တရာယ်များကို ဆင့်ကဲဆင့်ကဲ ခံစားခဲ့ကြရပြီး၊ ခံစားနေကြရဆဲ ဖြစ်သည်။ (ယင်းအန္တရာယ်များအား)တစ်ချိန်ထက်တစ်ချိန် ထိန်းချုပ်ရန်ခက်လာသောကမ္ဘာကြီးတွင် ကျွန်ုပ်တို့သည် ယုံကြည်မျှော်လင့်ချက်ကို အပူတပြင်း အလိုရှိနေကြသည်။…

    Continue reading →: ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ရန် အားထုတ်လုပ်ဆောင်နိုင်သူ
  • မြစ်တစ်စင်း ချောမွေ့သန့်ရှင်းစွာ စီးဆင်းနေနိုင်ခြင်းတွင် မြစ်ကြမ်းပြင်၊ မြစ်ကမ်းပါးစသည်တို့ မပျက်စီးဖို့ လိုသည့်အပြင် ရေဝေဒေသ၊ ရေလွှမ်းလွင်ပြင်တို့ကို ထိန်းသိမ်းခြင်းကလည်း အရေးပါသည်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းလာသောခေတ်တွင် ရေဝေဒေသ၏ တန်ဖိုး၊ ရေဝေဒေသအား ကောင်းစွာ ထိန်းသိမ်းရမည်ဆိုသည်တို့ကို သိလာကြသော်လည်း ရေလွှမ်းလွင်ပြင်၏အရေးပါပုံကိုမူ ကျယ်ပြန့်စွာ မသိကြသေးချေ။ ရေလွှမ်းလွင်ပြင်ဆိုသည်မှာ ပုံမှန်ထက်တိုးလာသောမြစ်ရေများ ကမ်းပါးတစ်ဖက်တစ်ချက်ကို ကျော်လွန်ကာ အချိန်ကာလတစ်ခုအထိ လွှမ်းမိုးဖုံးအုပ်သွားသော နယ်မြေဖြစ်သည်။ မြစ်ရေပြန်ကျသောအခါ ရေလွှမ်းလွင်ပြင်ရှိရေလည်း အတူလိုက်ပါကျဆင်းသည်။ ရေလွှမ်းလွင်ပြင်က ရေကို ယာယီထိန်းထားခြင်းကြောင့် မြစ်အောက်ပိုင်းဒေသများတွင် ရေဘေးအန္တရာယ် လျော့နည်းသည်၊ ဥပမာ အမေရိကန်နိုင်ငံ မစ္စစ္စပီမြစ်ရိုးတလျှောက်ရှိ ရေလွှမ်းလွင်ပြင်များသည် ရေဧကပေ ၃၉ သန်းကို ယာယီလက်ခံထားခြင်းဖြင့် မြစ်ရေကြီးမှုကို ထိန်းသိမ်းပေးနိုင်သည်။ (ဧကပေသည် တစ်ဧက…

    Continue reading →: မြစ်ရေကိုနေရာပေးခြင်း
  • ၁၉၉၄ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကြားကာလအတွင်း စုစုပေါင်းရေခဲ ၂၇ . ၄ ထရီလျံတန်အရည်ပျော်ခဲ့သည်။ အန္တာတိတ်ဒေသမှ ၉ . ၉ ထရီလျံတန်(၃၆ ရာခိုင်နှုန်း) အာတိတ်ဒေသမှ ၇ . ၆ ထရီလျံတန်(၂၈ ရာခိုင်နှုန်း) တောင်ထိပ်ရေခဲပြင်များမှ ၆ . ၁ ထရီလျံတန်(၂၂ ရာခိုင်နှုန်း) ဂရင်းလန်းကျွန်းမှ ၃ . ၈ ထရီလျံတန်(၁၄ ရာခိုင်နှုန်း) ရေခဲအရည်ပျော်နှုန်းသည် ၁၉၉၀ ပြည့်နှစ်များမှစ၍ တစ်နှစ်လျှင် ၀ . ၈ မှ ၁ . ၂ ထရီလျံတန်နှုန်း တိုးမြင့်လာလျက်ရှိသည်။ (ရည်ညွှန်း – Earth’s ice…

    Continue reading →: အရည်ပျော်ရေခဲပမာဏ
  • ကမ္ဘာ့မြေမျက်နှာပြင်၏ စတုရန်းကီလိုမီတာ ၄ . ၅ သန်းမျှသောမြေပြင်ကို မြို့များက နေရာယူထားသည်။ ၂၀၂၀ ပြည့်နှစ်စာရင်းအရ ကမ္ဘာ့လူဦးရေသန်း ၄၄၀၀ သည် မြို့ကြီးများ၌ နေထိုင်ကြသည်။ မြို့နေလူဦးရေ ဆက်လက်တိုးပွားလာနေရာ ၂၀၃၅ ခုနှစ်တွင် မြို့ကြီးများ၌ ကမ္ဘာ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမျှ နေကြမည်ဟု ခန့်မှန်းရသည်။ မြို့ကြီးများရှိ ကားများ စက်ရုံများ စသည်တို့မှ ထွက်သော ကာဘွန်ဒိုင်အောက်ဆိုက် ထုထည်သည် လေထဲရောက် ယင်းဓာတ်ငွေ့ပမာဏ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းမျှရှိသည်။ ကာဘွန်ဒိုင်အောက်ဆိုက်နှင့်အတူ နိုက်ထရိုဂျင်အောက်ဆိုက်၊ အမိုးနီးယား၊ ဆာလ်ဖာဒိုင်အောက်ဆိုက်နှင့် အိုဇုန်းတို့လည်း မြို့များမှ ထွက်ပေါ်ကာ လေထုကို ညစ်ညမ်းစေလျက် ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ လေထုညစ်ညမ်းမှုကြောင့်…

    Continue reading →: မြို့ပြ၊ အပူကျွန်းနှင့် သစ်ပင်
  • တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် နေရောင်တည့်မတ်စွာ ကျရောက်ရာ ဒေသများ (ဥတ္တရယာဉ်စွန်းတန်း (မြောက်လတ္တီတွဒ် ၂၃ ဒသမ ၅ ဒီဂရီနှင့် ဒက္ခိဏယာဉ်စွန်းတန်း(တောင်လတ္တီတွဒ် ၂၃ ဒသမ ၅ ဒီဂရီ)ကြား နေရာဒေသများ)ကို အပူပိုင်းဇုန်ဟုပထဝီဝင်ဘာသာရပ်၌ သတ်မှတ်ခေါ်ဝေါ်သည်။ မိုးလေဝသနှင့် ရာသီဥတုပညာရှင်များကမူ အပူပိုင်းဇုန်၏နယ်နိမိတ်ကို လေထုအပူချိန်၊ မိုးရွာသွန်းမှု ပုံစံတို့နှင့်သတ်မှတ်လိုကြသည်။ အပူပိုင်းဇုန်ဒေသ ပင်လယ်ရေမျက်နှာပြင်၏ အနိမ့်ဆုံးပျမ်းမျှအပူချိန်သည် ၁၈ ဒီဂရီစင်တီဂရိတ် ရှိသည်။ အပူပိုင်းဇုန်ဒေသများ၏ အခြားဒေသများနှင့်မတူကွဲပြားသော လက္ခဏာများအနက်တစ်ခုမှာ စိုစွတ်ရာသီနှင့်ခြောက်သွေ့ရာသီများ တစ်လှည့်စီဖြစ်ပေါ်ကာ မိုးကာလ သတ်သတ်မှတ်မှတ် ရှိသည်။ အပူပိုင်းဇုန်ရှိ ထူးခြားသောအခြင်းအရာတစ်ခုမှာ ဟက်ဒလေလေစီးကြောင်း ဖြစ်သည်။ ဟက်ဒလေ လေစီးကြောင်းသည် အီကွေတာဒေသများတွင် ရေငွေ့များကိုသယ်ဆောင်ကာ အပေါ်သို့ဆန်တက်၍ မိုးရွာသွန်းစေကာ အပူပိုင်းဇုန်နယ်စပ်…

    Continue reading →: ကျယ်ပြန့်လာနေသောအပူပိုင်းဇုန်