• သန္တာကျောက်တန်း(coral reef)တို့တွင် အပင်နှင့်ငါးမျိုးစိတ် သန်းပေါင်းများစွာ တည်မှီနေထိုင်၍ မိုးသစ်တောများကဲ့သို့ ဇီဝမျိုးစိတ်အလွန်ကြွယ်ဝသော ဂေဟစနစ်တစ်မျိုး ဖြစ်သည်။ သန္တာကျောက်တန်း ထုထည်ပမာဏသည် ကမ္ဘာ့ရေထု၏ ၀ ဒသမ ၂၅ ရာနှုန်းမျှသာရှိသော်လည်း ငါးမျိုးစိတ်လေးပုံတစ်ပုံတို့ မှီခိုရှင်သန်ရာ ဖြစ်သည်။ သန္တာကျောက်တန်းများတွင်နေထိုင်သော သက်ရှိအချို့မှ ကင်ဆာကုဆေးကဲ့သို့သောအဖိုးတန်ဆေးဝါးများကို ထုတ်ယူနိုင်သည်။ အချို့နေရာများတွင် သန္တာကျောက်တန်းတို့သည် ရေလှိုင်းလုံးဒဏ်ကြောင့် ကမ်းခြေ ပျက်စီးမှုမရှိရန် အကာအကွယ်ပေးသည်။ သန္တာကျောက်တန်းများ၏ အလှအပကို လာရောက် ကြည့်ရှုသော ကမ္ဘာလှည့်ခရီးသည်တို့ထံမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၁၆၀၀ မျှ ဒေသခံများက ရရှိသည်။ ရေထဲရှိ ခရုခွံ၊ ကမာ၊ သံပခြုပ်၊ သန္တာကျောက်တန်းစသည့် အခွံမာအရာများသည် ကယ်လ်စီယမ်ကာဘွန်နိတ်တို့ကို အခြေခံ၍ ဖြစ်ပေါ်သည်။ ကယ်လ်စီယမ်ကာဘွန်နိတ်တို့ဖြင့်…

    Continue reading →: သန္တာကျောက်တန်း
  • အပူလှိုင်း(heatwave)ဆိုသည်မှာ ဖြစ်မြဲထက် သိသာစွာမြင့်မားသောအပူချိန်များ ဒေသတစ်ခု၌ နှစ်ရက်နှင့်အထက် ဆက်တိုက်ဖြစ်ပေါ်နေသော အခြေအနေကို ခေါ်သည်။ လှုပ်ရှားမှု နည်း၍ ခြောက်သွေ့သော နွေအခါ၌ ပူနွေးသော လေထု အစုအဝေး ဖြည်းဖြည်းချင်း ဖြစ်ထွန်း ပေါ်ပေါက်လာတတ်သည်။ ယင်းလေထု အစုအဝေးကို အပေါ်ပိုင်းလေထုက ဖိချလိုက်သောအခါ မူလက ပူနွေးနေပြီးသော လေထုသည် ဆိုင်ရာဒေသအပေါ် အပူအုပ်ဆောင်း (heat dome) နှင့် ရက်အတန်ကြာ အုပ်ထားသကဲ့သို့ ဖြစ်ကာ ပို၍ ပူလာခြင်းကို အပူလှိုင်း ဖြစ်ပေါ်သည်ဟု ခေါ်သည်။ အပူအုပ်ဆောင်းနှင့် အပူလှိုင်းများသည် ယခင်ကလည်း ဖြစ်လေ့ရှိသော်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်သည့်အကြိမ် ပို၍စိပ်လာလျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ခန့်မှန်းချက်အရ အပူလှိုင်းဒဏ်ခံရသူဦးရေသည် ၂၀၀၀ ပြည့်နှစ်ကထက် ၂၀၁၆…

    Continue reading →: အပူအုပ်ဆောင်း၊ အပူလှိုင်း
  • အာတိတ်ဒေသ(Arctic)သည် ရုရှား၊ ဂရင်းလန်းကျွန်း၊ ကနေဒါနှင့်အမေရိကန်နိုင်ငံတို့က ၀ိုင်းပတ်ထားသော ရေပြင်ပေါ်တွင် ပေါလောမျောနေသည့် ရေခဲပြင်ကြီး ဖြစ်သည်။ အာတိတ်ရေခဲပြင်ဧရိယာသည် တစ်သမတ်တည်းမဟုတ်ဘဲ ဆောင်းအခါ ကျယ်လာလိုက် နွေအခါ ကျုံ့သွားလိုက်နှင့် ပြောင်းလဲနေသည်။ နှစ်တစ်နှစ်၏မတ်လတွင် အကြီးဆုံးအရွယ်သို့ရောက်ကာ စက်တင်ဘာလတွင် အငယ်ဆုံး ဖြစ်သွားသည်။ အာတိတ်ဒေသအပူချိန်တက်မှုသည် ကမ္ဘာ့ပျမ်းမျှထက်နှစ်ဆခန့်မျှဖြစ်သည်။ စက်မှုတော်လှန်ရေး မတိုင်မီကနှင့် ယှဉ်လျှင် ကမ္ဘာ့အပူချိန်သည် ၁ . ၈ ဒီဂရီဖာရင်ဟိုက်(၁ ဒီဂရီစင်တီဂရိတ်)မျှတက်ခဲ့သည်။ အာတိတ်ဒေသတွင်မူ ၃ . ၅ မှ ၅ . ၅ ဒီဂရီဖာရင်ဟိုက်(၂ မှ ၃ ဒီဂရီစင်တီဂရိတ်)မျှတက်ခဲ့သည်။ အပူချိန်တက်မှုကြောင့် ၁၉၇၉ ခုနှစ်မှစ၍ အာတိတ်ရေခဲပြင်သည် တစ်နှစ်လျှင် စတုရန်းမိုင်…

    Continue reading →: အာတိတ်ဒေသ
  • ကမ္ဘာ့ပင်လယ်ရေပြင်သည် ၁၉၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ၀ . ၂၀ မီတာမြင့်တက်ခဲ့သည်။ ၁၉၀၁ ခုနှစ်နှင့် ၁၉၇၁ ခုနှစ်အတွင်း တစ်နှစ်လျှင် ၁ . ၃ မီလီမီတာနှုန်း ၁၉၇၁ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်အတွင်း တစ်နှစ်လျှင် ၁ . ၉ မီလီမီတာနှုန်း ၂၀၀၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း တစ်နှစ်လျှင် ၃ . ၇ မီလီမီတာနှုန်း တက်ခဲ့ရာ မြင့်တက်နှုန်း တစ်ချိန်ထက်တစ်ချိန် မြန်ဆန်လာလျက်ရှိသည်။ (ရည်ညွှန်း-Climate Change 2021: The Physical Science Basis by IPCC) TOPEX/Poseidon…

    Continue reading →: ပင်လယ်ရေပြင်မြင့်တက်လာခြင်း
  • အန္တာတိကတိုက်(Antarctica)သည် ကမ္ဘာ့တောင်ဘက်စွန်းရှိ စတုရန်းကီလိုမီတာ ၁၄ သန်းကျယ်သော ရေခဲဖုံးကုန်းမြေဖြစ်သည်။ ဖုံးနေသောရေခဲထုသည် လေးမိုင်အထိထူကာ ကမ္ဘာပေါ်တွင် အကျယ်ဝန်းဆုံးရေခဲလွှာအဖြစ် တည်ရှိသည်။ ယင်းရေခဲလွှာရှိ ရေချိုပမာဏသည် ကမ္ဘာပေါ်ရှိ ရေချိုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည်။ အန္တာတိကတိုက်၏အပူချိန်သည် နှစ်တစ်နှစ်၏ အချိန်အတော်များများတွင် ရေခဲမှတ်အောက်သို့ ရောက်နေသည်။ အန္တာတိကတိုက်၏ အရှေ့ဘက်တစ်နေရာတွင် ၂၀၁၀ ပြည့်နှစ်က အနှုတ် ၉၂ . ၃ ဒီဂရီစင်တီဂရိတ်အထိကျဆင်းခဲ့ဖူးသည်။ အန္တာတိကတိုက်သည် လေအမြဲလိုလို တိုက်ခတ်နေသောနေရာဖြစ်သည်။ ပျမ်းမျှလေတိုက်နှုန်း တစ်နာရီ ၁၂ မိုင်ဖြစ်ပြီး တစ်ချိန်က တစ်နာရီမိုင် ၂၀၀ အထိတိုက်ခဲ့ဖူးသည်။ ယင်းတိုက်ပေါ်တွင် အမြဲတန်းနေထိုင်သောလူမရှိဘဲ သုတေသနပညာရှင်များသာ အချိန်ပိုင်းနှင့် နေနိုင်သည်။ ကမ္ဘာလှည့်ခရီးသည်အချို့လည်း လာရောက်လည်ပတ်ကြသည်။…

    Continue reading →: အန္တာတိကဒေသ
  • ရာသီဥတုစနစ်(climate system)ဆိုသည်မှာ လေထု၊ မြေထု၊ ရေထု၊ ဇီဝထု(သက်ရှိအားလုံး)(biosphere)၊ ရေခဲထု(cryosphere)ဟူသော အစိတ်အပိုင်းငါးခုနှင့် ယင်းအစိတ်အပိုင်း ငါးခုအကြား တစ်ခုနှင့်တစ်ခု အချင်းချင်း အပြန်အလှန် ဆက်သွယ်နေကြသောစနစ်ကို ခေါ်သည်။ အချင်းချင်းအပြန်အလှန်ဆက်သွယ်လှုပ်ရှားမှုကြောင့် မိုးရွာ နေပူ လေတိုက်စသည့် မိုးလေဝသဖြစ်ရပ်များနှင့် နွေ မိုး ဆောင်း ရာသီဥတု စသည်များ ဖြစ်ပေါ်သည်။ ရာသီဥတုစနစ် လှုပ်ရှားလည်ပတ်သောစွမ်းအင်ကို နေရောင်မှရသည်။ ကမ္ဘာ့လေထုထဲပေါ်ကျရောက်သော နေရောင်၏အချို့အဝက်သည် အာကာသထဲပြန်ထွက်သွားပြီး အချို့သည် လေထုထဲဝင်သည်။ ဝင်လာသောနေရောင်စွမ်းအင်အချို့ကို လေထုက ရယူလိုက်ပြီး ကျန်နေစွမ်းအင်များ မြေထု ရေထု ရေခဲထုကို ရိုက်ခတ်သည်။ မြေထု ရေထု ရေခဲထုအပေါ် ကျရောက်သောနေရောင်စွမ်းအင်အချို့သည် လေထုကိုဖြတ်၍ အာကာသထဲပြန်ရောက်သည်။ ဇီဝထု၏ရှင်သန်မှုသည် လေထု၊…

    Continue reading →: ရာသီဥတုစနစ်
  • ဂေဟစနစ်(ecosystem)ဆိုသည်မှာ နေရာတစ်ခု၌ အတူယှဉ်တွဲဖြစ်ပေါ်နေသည့် အပင်များ၊ သက်ရှိသတ္တဝါအမျိုးမျိုး၊ ယင်းနေရာရှိ ကျောက်တုံး မြေသား၊ အပူချိန် စိုစွတ်မှုစသည့် မိုးလေဝသအခြေအနေများကို စုစည်းခေါ်ဝေါ်သည်။ ဂေဟစနစ်အပါအဝင် သတ္တဝါများအချင်းချင်း၊ သတ္တဝါများနှင့် ရုပ်ဝတ္ထု သဘာဝပတ်ဝန်းကျင် ဆက်စပ်မှုများအား လေ့လာသည့် ဘာသာရပ်ကို ဂေဟဗေဒ(ecology)ဟု ခေါ်သည်။ သစ်တောများတွင် ဂေဟစနစ်ပေါင်းများစွာရှိသကဲ့သို့ သဲကန္တာရများ၊ ရေခဲပြင်များတွင်လည်း ဂေဟစနစ်များ အသီးသီးရှိကြသည်။ သေးငယ်သောဂေဟစနစ်များရှိသကဲ့သို့ ကြီးမားကျယ်ပြန့်သော ဂေဟစနစ်များလည်း ရှိသည်။ သို့သော် ဂေဟစနစ်များသည် သီးခြားစီရှိမနေဘဲ အချင်းချင်း အမှီသဟဲပြုနေကြသည်။ ဂေဟစနစ်တခုထဲရှိ ပတ်ဝန်းကျင်အခြေအနေ(ဥပမာ-အပူချိန်)ပြောင်းလျှင် ယင်းစနစ်ထဲတွင် ရှင်သန်ကြသောသက်ရှိတို့သည် ပြောင်းသွားသောအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် မိမိတို့၏နေထိုင်ပုံ အမူအကျင့်စသည်တို့ကို လိုက်ပါပြောင်းလဲရသည်၊ သို့မဟုတ် အခြားဂေဟစနစ်သို့ ပြောင်းရွှေ့ကြရသည်။ လိုအပ်သလို…

    Continue reading →: ဂေဟစနစ်နှင့် ဂေဟဗေဒ