• မြန်မာပြည်၏ အကြီးဆုံးရေဝေဒေသသည် ဧရာဝတီမြစ်ဝှမ်းဖြစ်သည်။ မေခနှင်မလိခမြစ်များမှ အစပြုကာ ချင်းတွင်း မြစ်ငယ်စသည့် မြစ်ချောင်းပေါင်းများစွာသည် ဧရာဝတီမြစ်ထဲသို့ပေါင်းဆုံစီးဝင်ကြသဖြင့် ဧရာဝတီ မြစ်ဝှမ်းသည် မြန်မာနိုင်ငံ မြောက်မှတောင်သို့ မြစ်ဝကျွန်းပေါ်အထိတောက်လျှောက်တန်းလျက် တည်ရှိသည်။ ဧရာဝတီမြစ်၏ ရေဝေဒေသ(သို့မဟုတ်)ဧရာဝတီမြစ်ဝှမ်းဒေသသည် ၄၁၄၀၀၀ စတုရန်းကီလိုမီတာမျှရှိသဖြင့် မြန်မာနိုင်ငံဧရိယာ၏ ၆၂ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည်။ ဧရာဝတီမြစ်ဝှမ်းဒေသဧရိယာ၏ ၉၃ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံတွင်း၌ရှိပြီး ကျန် ၇ ရာခိုင်နှုန်းသည် အိန္ဒိယ နှင့်တရုတ်နိုင်ငံများအတွင်းသို့ ဝင်ရောက်ဖြန့်ကျက်တည်ရှိနေသည်။ ထို့ကြောင့်ဧရာဝတီရေထု၏ ၇ ရာခိုင်နှုန်းသည် အိန္ဒိယနှင့် တရုတ်နိုင်ငံများမှ စတင် စီးဆင်းလာသော ရေများဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။ စိုးရိမ်ဖွယ်ရာကောင်းသည်မှာ နိုင်ငံနယ်နိမိတ်အပြင်ဘက်သို့ရောက်နေသည့် ဧရာဝတီရေဝေဒေသအပါအဝင် မြောက်ဖျားရှိဧရာဝတီရေဝေဒေသများတွင် လက်ရှိ၌ပင် ရေအရင်းအမြစ်များ လျော့နည်းလာနေပြီး…

    Continue reading →: ဧရာဝတီရေဝေဒေသ
  • ရေစီးသန်သောမြစ်အချို့၏ကမ်းပါးတလျှောက် မြေပြိုသည်ကို ကိုယ်တိုင်သော်လည်းကောင်း၊ သတင်းများတွင်သော်လည်းကောင်း မြင်ဖူးကြသည်။ ကမ်းရိုးတန်းများတလျှောက် လှိုင်းဒဏ် ဒီရေဒဏ်တို့ကြောင့် မြေများ ပဲ့ပါကာ ပင်လယ်ထဲသို့ဆုံးရှုံးနေသည်ကိုမူ မြစ်ကမ်းပါးတလျှောက် မြေပြိုမှုလောက်အသိမများကြချေ။ ရာသီဥတုပြောင်းလဲ၍ ပင်လယ်ရေပြင်မြင့်တက်လာနေသဖြင့် ကမ်းရိုးတန်းမြေဆုံးရှုံးမှုသည် တစ်နှစ်ထက် တစ်နှစ် ပိုများလာနေသည်။ မြေဆုံးရှုံးမှုပမာဏသည် မြေသားအမျိုးအစား၊ တည်နေရာ၊ ရေစီးကြောင်း လှိုင်းပုတ်ခြင်း လေပြင်းတိုက်မှုစသည်တို့အပေါ် မူတည်၍ တစ်နေရာနှင့်တစ်နေရာ ကွဲပြားသည်။ ဂြိုဟ်တုဓာတ်ပုံများဖြင့် တိုင်းတာချက်အရ ၁၉၈၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကြားတွင် ကမ်းရိုးတန်းမြေဧရိယာ စုစုပေါင်းစတုရန်းကီလိုမီတာ ၂၈၀၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ကမ်းရိုးတန်းမြေဆုံးရှုံးမှုပမာဏကြီးမားသောနေရာများတွင် နယ်သာလန်နိုင်ငံ တောင်ပိုင်းရှိ Ter Heijde and Kijkduin ဒေသလည်း ပါဝင်သည်။ ယင်းနေရာ၌…

    Continue reading →: ကမ်းခြေမြေဆုံးရှုံးမှုမှကာကွယ်ခြင်း
  • နေရာဒေသတစ်ခု၏ မိုးလေဝသအခြေအနေကိုမေးလျှင် မိုးရွာနေသည်၊ လေတိုက်နေသည်၊ ပူသည်၊ အေးသည် စသည်ဖြင့်ပြောကြသည်။ ယင်း ‘မိုးလေဝသ’ဟူသောဝေါဟာရနှင့် နေရာအတော်များများ၌ တပူးပူးတတွဲတွဲ ရေးသားပြောဆိုနေကြသော စကားလုံးတစ်ခုမှာ ‘ရာသီဥတု’ ဖြစ်သည်။ အချို့က မိုးလေဝသနှင့်ရာသီဥတုတို့ကိုရောထွေးကာ အဓိပ္ပာယ်တူဟု ထင်မှတ်မှားတတ်ကြသည်။ ရာသီဥတုဆိုသည်မှာ နေရာဒေသတစ်ခု၏ မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊ အေးခြင်းတို့သည် ယင်းနေရာယင်းအရပ်၏ မိုးလေဝသအခြေအနေဖြစ်သည်။ ယင်းဒေသတွင် ကာလရှည်ကြာစွာဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများကို ခြုံငုံစုပေါင်း၍ အဆိုပါဒေသ၏ရာသီဥတု မည်သို့ရှိသည်ဟု သတ်မှတ်ပြောဆိုကြသည်။ ဥပမာ အီကွေတာဝန်းကျင်အရပ်များတွင် တစ်နှစ်ပတ်လုံးပူတတ်ကာ မိုးလည်း နေ့စဉ်လိုလို သို့မဟုတ် လအတန်ကြာ ရွာသွန်းနေသဖြင့် ယင်းဒေသ၏ နေ့စဉ်မိုးလေဝသအခြေအနေကိုမေးလျှင် ပူသည်၊ မိုးရွာသည်စသည့်အဖြေများကိုသာ ကြားရမည်။ အဆိုပါ နေ့စဉ်ကြုံတွေ့ရသော…

    Continue reading →: ရာသီဥတုပြောင်းလဲမှု၏လက္ခဏာများ
  • ရာသီဥတုပြောင်းလဲလာရခြင်း၏အကြောင်းရင်းသည် ကမ္ဘာ့ကြီးပူနွေးလာခြင်းကြောင့်ဖြစ်သည်။ လူ့ခန္ဓာကိုယ်အပူချိန်တက်လာသောအခါ ခန္ဓာ၏ဇီဝကမ္မစနစ်ကိုထိခိုက်ပြီး အစားအသောက်ပျက်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်းစသည်တို့ဖြစ်လာသကဲ့သို့ လူတို့မှီတင်းနေထိုင်ရာ ကမ္ဘာကြီးတွင်လည်း အပူချိန်တက်လာ၊ ပူနွေးလာသောအခါ ရေကြီး မိုးခေါင် ပင်လယ်ရေပြင်မြင့်တက် စသည့် ရာသီဥတုပြောင်းလဲမှုလက္ခဏာများ ပေါ်ပေါက်သည်။ ကမ္ဘာကြီးပူနွေးလာခြင်း၏အကြောင်းကို ဆက်၍လေ့လာလျှင် လူတို့က ရုပ်ကြွင်းလောင်စာများကို လောင်မြှိုက်ခြင်းဖြင့် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို လေထုတွင်းသွတ်သွင်းကြခြင်းဟူသော ဖြစ်စဉ်ကိုတွေ့ရမည်။ လူတို့သည် မိမိတို့၏ခွန်အားကိုအသုံးချ၍လည်းကောင်း၊ တိရစ္ဆာန်များကို ခိုင်းစေ၍လည်းကောင်း အသက်မွေးခဲ့ကြရာမှ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀ ခန့်(၁၇၆၀ ပြည့်နှစ်ခန့်)မှ စ၍ စက်ကိရိယာများကို တီထွင်အသုံးချခြင်းဖြင့် မိမိတို့၏လူနေမှုဘဝကို အရှိန်အဟုန်နှင့်မြှင့်တင်ခဲ့ကြသည်။ အဆိုပါဖြစ်စဉ်ကို ‘ပထမစက်မှုတော်လှန်ရေး’ဟုခေါ်သည်။ ယင်းစက်ကိရိယာများကို လည်ပတ်မောင်းနှင်ရန် လိုအပ်သောစွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာများ ဖြစ်ကြသော ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တို့ကို အသုံးပြုလောင်မြိုက်ကြသည်။ ထိုသို့လောင်မြိုက်ရာမှ…

    Continue reading →: ရာသီဥတုပြောင်းလဲခြင်းအကြောင်းရင်း
  • ကမ္ဘာအပါအဝင် ဂြိုဟ်များတွင် နွေ မိုး ဆောင်း ရာသီဥတုများဖြစ်ပေါ်ရန် အခြေခံအားဖြင့် လေထုရှိနေရန် လိုအပ်သည်။ လေထုရှိနေခြင်းကြောင့် ဖြစ်ပေါ်သော ရာသီဥတုအပြောင်းအလဲကို ထိန်းချုပ်နေသော အကြောင်းခြင်းရာများအနက် တစ်ခုမှာ နေရောင်ဖြစ်သည်။ ကမ္ဘာ့လေထုလွှာများကို ရောက်ရှိရိုက်ခတ်သော နေရောင်များအနက် ၃ ပုံ ၁ ပုံသည် အာကာသထဲသို့ ပြန်ထွက်သွားပြီး ကျန် ၃ ပုံ ၂ ပုံသည် လေထုကို ဖြတ်သန်းကာ ကမ္ဘာ့မျက်နှာပြင်ပေါ်သို့ ကျရောက်သည်။ ယင်းသို့ ကျရောက်လာသောနေရောင်ခြည်အချို့ကို မြေထု၊ ရေထု၊ သစ်ပင်များနှင့် အခြားအရာဝတ္ထုတို့က စုပ်ယူသဖြင့် ယင်းတို့သည် နွေးထွေးလာကြသည်။ အပူဓာတ်ကြောင့် ယင်းတို့ထဲရှိ စွမ်းအင်သည် မြင့်မားလာကာ အနီအောက်ရောင်ခြည်အသွင်ဖြင့် လွတ်ထွက်လာသည်။ ထိုသို့…

    Continue reading →: ဖန်လုံအိမ်အာနိသင်နှင့်ဖန်လုံအိမ်ဓာတ်ငွေ့
  • လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ တိုင်းတာခြင်းကို စနစ်တကျနှင့် စဉ်ဆက်မပြတ် ပြုလုပ်ခဲ့နိုင်သည်မှာ ၁၉၅၈ ခုနှစ်ကတည်းက ဖြစ်သည်။ ၁၉၅၇-၅၈ ခုနှစ်ကို နိုင်ငံတကာ ဘူမိရူပနှစ်အဖြစ် ကြေညာလုပ်ဆောင်ခဲ့ရာ သိပ္ပံပညာရှင် ဒေါက်တာဒေးဗစ်ကီးလင်းက နိုင်ငံတကာဘူမိရူပနှစ်၏ လှုပ်ရှားမှုတစ်ခုအနေဖြင့် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ တိုင်းတာခြင်းကို ဆောင်ရွက်ရန် အဆိုပြု အကောင်အထည်ဖော်ခဲ့သည်။ ကီးလင်းသည် တိုင်းတာချက်များကို ဦးစွာ တောင်ဝင်ရိုးစွန်းဝန်းကျင်တွင် ပြုလုပ်ခဲ့သော်လည်း ငွေကြေးမလုံလောက်မှုကြောင့် နောက်ပိုင်းတွင် ပစိဖိတ်သမုဒ္ဒရာ ဟာဝိုင်အီကျွန်း မော်နာလိုအာ(Mauna Loa)လေ့လာရေးစခန်းသို့ ပြောင်းရွှေ့ခဲ့သည်။ မော်နာလိုအာစခန်းကို ကာဘွန်ဒိုင်အောက်ဆိုက်တိုင်းတာရေးစခန်းအဖြစ် ရွေးချယ်ရခြင်းမှာ ယင်းနေရာသည် ပစိဖိတ်သမုဒ္ဒရာအလယ်ကောင်တွင် ရှိပြီး လူ့ပယောဂကြောင့်ထွက်သော အခြားဓာတ်ငွေ့များ အလွန် နည်းပါးသောကြောင့် ဖြစ်သည်။ ယခုအခါ မော်နာလိုအာတွင်သာမက အခြားကမ္ဘာ့နေရာ…

    Continue reading →: လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ တိုင်းတာခြင်း
  • ကမ္ဘာ့ပျမ်းမျှအပူချိန်ကို တွက်ရန် အချက်အလက်များကို ကမ္ဘာအရပ်ရပ်ရှိ တိုင်းတာရေးစခန်း ၄၀ဝ၀ ခန့်၏ မြေပြင်အပူချိန်များနှင့် ဂြိုဟ်တုများမှတိုင်းတာသည့် အောက်ပိုင်းလေထု၏အပူချိန်များကို ရယူသည်။ ထို့ပြင် သမုဒ္ဒရာရေထု၏ အပူချိန်ကိုလည်း ထည့်သွင်းတွက်ချက်ရာ ယင်းတို့ကို ကုန်သွယ်ရေကြောင်းသင်္ဘောများ၊ ရေတပ်သင်္ဘောများနှင့် တိုင်းတာရေးဘော်ယာများစသည်တို့မှ ရသည်။ သင်္ဘော ဘော်ယာတို့ကိုပါ ထည့်တွက်လျှင် အပူချိန်တိုင်းတာရယူသော နေရာပေါင်း ၃၂၀ဝ၀ ကျော်ခန့် ရှိသည်။ နှစ်တစ်နှစ်အတွက်ရရှိသော အပူချိန်တိုင်းတာချက်ပေါင်းများစွာကို စာရင်းအင်းပညာ၊ ကွန်ပျူတာစသည့် နည်းပညာများဖြင့် ချိန်ညှိကာ ကမ္ဘာ့ပျမ်းမျှအပူချိန်ကို ထုတ်ယူတွက်ချက်ကြသည်။ ကမ္ဘာ့ပျမ်းမျှအပူချိန်ကို မှန်ကန်စွာ တွက်ချက်ရန် မိုးလေဝသစခန်းများ၊ တိုင်းတာရေးကိရိယာများကို ကမ္ဘာအနှံ့တွင် တညီတညာတည်း ဖြန့်ကြက်ထားရမည် ဖြစ်သော်လည်း ယင်းသို့ထားရှိရန် လက်တွေ့မဖြစ်နိုင်ချေ။ ဥပမာ – ဆဟာရသဲကန္တာရတွင်…

    Continue reading →: ကမ္ဘာ့ပျမ်းမျှအပူချိန်ကိုတိုင်းတာခြင်း