-
Continue reading →: ရေကြီးရေလျှံခြင်းနှင့် မိုးခေါင်ရေရှားခြင်းတို့၏ ဒဏ်မှ သက်သာရာရအောင် မည်သို့လုပ်ဆောင်ကြမည်နည်း
(အုန်းမြင့် – ကမ္ဘာ့ဘဏ် အတိုင်ပင်ခံ အင်ဂျင်နီယာ) မြစ်ချောင်းများအတွင်းသို့ ဝင်ရောက်စီးဆင်းနေသော ရေထုထည်သည် ယင်းမြစ်များချောင်းများက လက်ခံ သယ်ယူ စီးဆင်းစေနိုင်သော ပမာဏထက် ကျော်လွန်များပြားလာသောအခါ မြစ်ကမ်းပါးပေါ်သို့ လျှံတက်လာပြီး ရေကြီးရေလျှံမှု ပေါ်ပေါက်သည်။ သို့သော် ရေကြီးရေလျှံမှုတိုင်းသည် အပျက်အစီးများကို မဖြစ်ပေါ်စေနိုင်ချေ။ လျှံတက်လာသောရေများသည် မြစ်၏ တဖက်တချက်တွင် သဘာဝအလျောက် ဖြစ်ပေါ်နေနိုင်သည့် ရေလွှမ်းလွင်ပြင်များထဲသို့ ဝင်ရောက်ဖုံးလွှမ်းသောအခါ ရေစီးတွင် ပါလာသော နုန်းအနည်များကို ပို့ချအနည်ထိုင်စေခြင်းဖြင့် ယင်းလွင်ပြင်များကို မြေဆီအာဟာရကြွယ်ဝစေသည်။ ရေသည် ရေလွှမ်းလွင်ပြင်မှ ဆက်လက်လျှံတက်သွားပြီး လူနေအရပ်များထဲသို့ စီးဆင်းဝင်ရောက်သောအခါမှ ထိခိုက် ပျက်စီးမှုများ ပေါ်ပေါက်သည်။ သဘာဝရေလွှမ်းလွင်ပြင် မရှိလျှင်၊ ရှိသော်လည်း ယင်းလွင်ပြင်ထဲသို့ လူတို့ ဝင်ရောက်ကျူးကျော်ဆောက်လုပ်နေထိုင်လျှင်၊ သို့မဟုတ်…
-
Continue reading →: ပင်လယ်ရေ တကယ်ခန်း
အင်းတော်ကြီးရေစပ်မှ ကြည့်လျှင် ရေလယ်ရှိ ရွှေမဉ္စူစေတီတော်သည် ရှေးယခင်ကကဲ့သို့ပင် တင့်တယ်စွာ ရှိဆဲ၊ ကြည်ညိုစွာ ဖူးတွေ့ရဆဲပင် ဖြစ်သည်။ သို့သော် စေတီတော်ပတ်လည်ရှိ ရေပြင်သည်မူ များစွာ ပြောင်းလဲသွားခဲ့ပြီ။ စတုရန်းကီလိုမီတာ ၂၆၀ ခန့်ကျယ်သဖြင့် မြန်မာနိုင်ငံ၌ အကြီးဆုံးဖြစ်သည့်အပြင် အရှေ့တောင်အာရှ၏ အကြီးဆုံးရေကန် စာရင်းဝင်သည့် အင်းတော်ကြီးသည် တဖြည်းဖြည်း ကောစပြုလာနေသည်။ ကောရခြင်း အကြောင်းရင်းများအနက် စတုရန်းကီလိုမီတာ ၈၅၀ ခန့်ကျယ်သည့် အင်းတော်ကြီး ရေဝေဒေသရှိ သစ်တောများ ပြုန်းတီးကာ မြေပြိုလာသဖြင့် မြေစာများ အင်းထဲသို့ ဝင်ရောက် အနည်ထိုင်ခြင်းက တစ်ကြောင်းဖြစ်သည်။ တောင်ပြို မြေပြိုမှု များလွန်းသဖြင့် “အင်းထဲသို့ တောင်လိုက်ကြီး ပစ်ထည့်နေသည်နှင့် တူသည်” ဟု ဒေသခံတစ်ဦးက…
-
Continue reading →: ရာသီဥတုပြောင်းလဲခြင်း ဉာဏ်စမ်း
ပေးထားသောစာလုံးများဖြင့် အောက်ပါစာကြောင်းများ၏ ကွက်လပ်ကို ဖြည့်ပါ။ ကနဦးက၊ ကာဘွန်ခြေရာ၊ ရာသီဥတု၊ နည်း၊ ပင်လယ်ရေပြင်၊ တစ်ဦးချင်း၊ နွား၊ မိုးလေဝသ၊ အက်စစ်ဓာတ်၊ သန္တာကျောက်တန်းများ၊ ၁- လေပြင်းရုတ်တရက် တိုက်ခတ်ခြင်းသည် ————– အခြေအနေ ဖြစ်သည်။ ၂ – နေရောင်ခြည် အပြင်းအပျော့သည် ————– ပြောင်းလဲခြင်းနှင့် မဆက်စပ်ပါ။ ၃ – ရာသီဥတုပြောင်းလဲရာတွင် ————– များ၏ ကဏ္ဍလည်း ပါသည်။ ၄ – မြန်မာနိုင်ငံက ထွက်နေသော ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏသည် ————– သည်။ ၅ – ————– မြင့်တက်လာသောကြောင့် ကမ်းရိုးတန်းနေသူအချို့ နေရင်းဒေသကို စွန့်ခွာနေကြသည်။ ၆ –…
-
Continue reading →: တောင်ဖျားဆီက မိုးညို့ညို့နှင့် ရေလှောင်တမံ၊ ရေပိုလွှဲများ… အေးမြင့်ဆွေ (ဆည်/ရေ)
မြစ်ချောင်းဖျား တောင်တန်းများဆီတွင် မိုးတိမ်များ မှောင်မည်းညို့မှိုင်းလာပါက သိပ်မကြာမီတွင် မြစ်ရေချောင်းရေများ တရိပ်ရိပ်တက်လာတော့မည့် လက္ခဏာဖြစ်သည်ဟု အဆိုရှိပါသည်။ ယခုအခါတွင် အယ်လ်နီညိုနှင့် လာနီညာကဲ့သို့သော အစွန်းရောက် ရာသီဉတု ပြောင်းလဲမှုများကြောင့် စံချိန်တင်မိုးများ ရွာသွန်းခြင်း၊ အချိန်အခါမဟုတ် မိုးများ ရွာသွန်းခြင်းကဲ့သို့ ခန့်မှန်းရခက်သည့် မိုးလေဝသအခြေအနေများ တွေ့ကြုံလာရသည်။ တောင်ဖျားဆီတွင် လိုအပ်သည်ထက် ပိုသော မိုးညို့ညို့များ တစ်နှစ်ပြီးတစ်နှစ် တွေ့ကြုံလာနေကြရပါသည်။ ထိုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည့် အခါ ရေလှောင်တမံများရှိ ရေပိုလွှဲများမှ ရေများဖောက်ချ၍ ရေကြီးရသည်ဟု အချို့က နားလည်မှု လွဲတတ်ကြပါသည်။ ရေလှောင်တမံများ၏ ရေပိုလွှဲမှရေများ ကျော်ကျနေခြင်းသည် ရေကြီးမှုအတွက် စိုးရိမ်စရာဖြစ်သည်ဟုလည်း တွေးထင်မိတတ်ကြပါသည်။ မိမိကိုယ်တိုင်လည်း ရေလှောင်တမံ…
-
Continue reading →: အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ
လူကြီးပိုင်းအတော်များများသည် သူတို့ငယ်စဉ်က ကြည့်ဖူးခဲ့မည်ဖြစ်သော ”ပြန်လမ်းမရှိသောမြစ်” ရုပ်ရှင်ကားကို မေ့နိုင်ကြဦးမည်မဟုတ်ချေ။ ရောဘတ်မစ်ချမ်နှင့် မာရီလင်မွန်ရိုးတို့ ပါဝင်ပြီး အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသရှိ မြစ်တစ်စင်းကို ကျောရိုးပြု ရိုက်ကူးခဲ့သော ဂန္ထဝင်ရုပ်ရှင်ကားအဖြစ် အမှတ်ရနေကြမည်။ ”ပြန်လမ်းမရှိသောမြစ်”ရုပ်ရှင်နည်းတူ မြစ်များကို အခြေခံဖန်တီးခဲ့သော အခြားအနုပညာလက်ရာများ မရေမတွက်နိုင်အောင် ရှိသည်။ စာရေးဆရာကြီးမတ်တွိုန်း၏ ကမ္ဘာကျော်လက်ရာ ”ဟပ်ကယ်ဘယ်ရီဖင်း၏ စွန့်စားခန်းများ”သည် အမေရိကန်နိုင်ငံ မစ္စစ္စပီမြစ်ကို အခြေခံထားသည်။ အလားတူ ကမ္ဘာ့အရှည်ဆုံး မြစ်များ ဖြစ်ကြသော အယ်မဇုန်မြစ်နှင့်နိုင်းလ်မြစ်တို့သည် ဝတ္ထုနှင့်ရုပ်ရှင်ဇာတ်လမ်းပေါင်း များစွာကို မွေးဖွားပေးခဲ့သည်။ ဂီတဘက်တွင် မြစ်အကြောင်း ဖွဲ့ဆိုထားသည့် ကမ္ဘာကျော်သီချင်းများရှိသည့် နည်းတူ မြန်မာတွင်လည်း ယမုန်နာပတ်ပျိုးမှသည် မြင့်မြင့်ခင်သီဆိုသော ‘မြစ်ကြီးဧရာဝတီ’အလယ်၊ ခင်ဝမ်း၏ ‘ဧရာဝတီ’နှင့် ထူးအိမ်သင်၏ ‘ရာဇဝင်များရဲ့သတို့သမီး’…
-
Continue reading →: မသိမှုမှ ပေါက်ဖွားလာသော ပူနွေးကမ္ဘာ
နေရာဒေသတစ်ခု၏ မိုးလေဝသအခြေအနေကို မေးလျှင် မိုးရွာနေသည်၊ လေတိုက်နေသည်၊ ပူသည်၊ အေးသည် စသည်ဖြင့် ပြောကြသည်။ ယင်း ‘မိုးလေဝသ’ဟူသောဝေါဟာရနှင့် နေရာအတော်များများ၌ တပူးပူး တတွဲတွဲ ရေးသား ပြောဆိုနေကြသော စကားလုံးတစ်ခုမှာ ‘ရာသီဥတု’ ဖြစ်သည်။ အချို့က မိုးလေဝသနှင့် ရာသီဥတုတို့ကို ရောထွေးကာ အဓိပ္ပာယ်တူဟု ထင်မှတ်မှားတတ်ကြသည်။ ရာသီဥတုဆိုသည်မှာ နေရာဒေသတစ်ခု၏ မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊ အေးခြင်းတို့သည် ယင်းနေရာ ယင်းအရပ်၏ မိုးလေဝသအခြေအနေ ဖြစ်သည်။ ယင်းဒေသတွင် ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများကို ခြုံငုံစုပေါင်း၍ အဆိုပါဒေသ၏ ရာသီဥတု မည်သို့ရှိသည်ဟု သတ်မှတ် ပြောဆိုကြသည်။ ဥပမာ အီကွေတာဝန်းကျင်အရပ်များတွင် တစ်နှစ်ပတ်လုံး ပူတတ်ကာ…
-
Continue reading →: ငြိမ်းချမ်းရေးကို ရေဖြင့် ရယူခြင်း
အရှေ့အလယ်ပိုင်းဒေသ၌ ပြဿနာထွေပြားနေသည့် အစ္စရေး၊ ဆီးရီးယား၊ ဂျော်ဒန်နှင့် ပါလက်စတိုင်းတို့ကို အပေါ်ယံလေ့လာလျှင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်မြေလုနေကြသည်ဟု ထင်ရသော်လည်း ပို၍ နက်ရှိုင်းစွာ စိစစ်လျှင် ဒေသတွင်း ရေအရင်းအမြစ်များကို အထူးသဖြင့် ဂျော်ဒန်မြစ်ရေကို သူပိုရသင့် ငါပိုရသင့် စကားဆိုနေကြကြောင်းကိုလည်း တွေ့ရသည်။ ခြောက်ရက်စစ်ပွဲဟု လူသိများသော ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲ ဖြစ်ခဲ့ခြင်းအကြောင်းများထဲတွင် ဂျော်ဒန်မြစ်ရေကလည်း တစ်ခုအနေနှင့် ပါဝင်ခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးရှာရွန်က ပြောခဲ့သည်။ ”၁၉၆၇ ခုနှစ်မှာ ခြောက်ရက်စစ်ပွဲ ဖြစ်ခဲ့တယ် ဆိုပေမယ့် အဲဒီအချိန်မတိုင်မီ နှစ်နှစ်ကျော်ကတည်းက စစ်ပွဲစခဲ့တယ်လို့ ဆိုနိုင်ပါတယ်”ဟု သူက ပြောခဲ့သည်။ ဆီးရီးယားနှင့် ဂျော်ဒန်တို့က ဂျော်ဒန်မြစ်ရေကို ပိုမိုလွှဲပြောင်းရယူရန် လုပ်ဆောင်ခဲ့ခြင်းအား…