• သောက်ရေကန်များကို လေးထောင့်ပုံ၊ အဝိုင်းပုံစသည်ဖြင့် အမျိုးမျိုး ဆောက်လုပ်ကြသည့်အနက် ထိုင်းနိုင်ငံရှိ ရာဝင်အိုးပုံစံမိုးရေလှောင်ကန်များသည် အောင်မြင်မှုလည်း ထူးခြားစွာ ရရှိသည်။ ထိုင်းအစိုးရသည် မိုးရေအသုံးချရာတွင် အစဉ်အလာရှိပြီးသော ထိုင်းလူမျိုးတို့ကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာနှင့် စနစ်ကျစွာ သုံးကြရန်အစီအမံတစ်ခုကို ၁၉၈၀ ခုနှစ်က စတင်ခဲ့သည်။ ယင်းအစီအမံအရ ထိုင်းအစိုးရက မိုးရေလှောင်ကန် တည်ဆောက်နည်း သင်တန်းများကို ကြီးမှူးဖွင့်လှစ်ပို့ချပြီး တစ်ရွာလျှင် သင်တန်းသားနှစ်ဦးစီ သင်ယူစေကာ ကျန်ရွာသားများကို ဆင့်ပွား သင်တန်းများ ပို့ချခြင်းဖြင့် ကိုယ်တိုင်တည်ဆောက်ထိန်းသိမ်းတတ်စေသည်။ အရွယ်အစား ငယ်သောရေအိုးများသည် မြေအိုးများဖြစ်ကာ အိုးကြီးများ သို့မဟုတ် ကန်များကို “ဖယ်ရို စီးမင်း”ဖြင့် လုပ်သည်။ “သံကူအခွံပါးကွန်ကရစ်”ဟု ခေါ်နိုင်သည့် ယင်းနည်းပညာသည် ဘိလပ်မြေနှင့်သဲကို အချိုးကျရောစပ်ပြီး အားဖြည့်သံဆန်ကာကွက်နှင့်သံချောင်းများကိုငုံ၍…

    Continue reading →: ထိုင်းနိုင်ငံ မိုးရေလှောင်ကန်များ
  • ကန်ကိုအုပ်မိုး၍ ရေငွေ့ပျံမှုလျှော့ချခြင်းကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တစ်ခုရှိ သောက်သုံးရေကန်၌ စမ်းသပ်ခဲ့သည်။ စေတနာရှင်တစ်ဦးက ဦးစီး လုပ်ဆောင်ခဲ့သည့် အဆိုပါစမ်းသပ်ချက်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဇာစိမ်းစများဖြင့် ကန်ရေပြင်ကို အုပ်မိုးပေးထားသည်။ ဇာစိမ်းစကိုသုံးရခြင်းမှာ နေရောင်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ကာ အပူချိန်နည်းစေသည့်အပြင် ကန်ပေါ်ရွာကျလာမည့်မိုးရေများကိုလည်း အဟန့်အတား မဖြစ်သောကြောင့် ဖြစ်သည်။ ဇာစိမ်းစများကို ပင့်ထားနိုင်ရန် ပလတ်စတစ်ပုံး၊ ဝါးလုံးစသည်တို့ဖြင့် အောက်ခံ “ဖောင်”သဖွယ် ဦးစွာ ဖွဲ့စည်းတည်ဆောက်သည်။ လေးဂါလန် ပလတ်စတစ်ပုံးများကို ကန်ရေပြင်၏ အလျားလိုက်ရောအနံလိုက်ပါ ခြောက်ပေစီခန့်ခွာ၍ မျှောထားကာ ဝါးလုံး၊ ပလတ်စတစ်ပိုက်စသည်တို့ဖြင့် ချည်နှောင်လိုက်လျှင် “ဖောင်” အောက်ခံကိုရသည်။ ယင်းအပေါ်တွင် ဇာစိမ်းစဖြင့်ဖုံးသည်။ ဇာစိမ်းစသည် လေကြောင့် လွင့်နိုင်သဖြင့် ဝါးကပ်ကျဲကျဲဖြင့် ထပ်အုပ်သည်။ အဆိုပါကန်သည်…

    Continue reading →: ကန်ကိုအုပ်မိုး၍ ရေငွေ့ပျံမှုကို လျှော့ချခြင်း
  • အိမ်၊ ကျောင်း၊ ရပ်ကွက်စသည်တို့၏သောက်သုံးရေအတွက် အလုံပိတ် မိုးရေလှောင်ကန်များဖြင့် စနစ်တကျ ရယူခြင်းသည် ကျန်းမာရေးအတွက် စိတ်ချရသော်လည်း အချို့နေရာဒေသများတွင် ယင်းကန်များကို တည်ဆောက်ရန် လုံလောက်သောငွေကြေးမရနိုင်သဖြင့် ရပ်ရွာတွင်း မြေလွတ်များတွင် ကန်များတူး၍ မိုးရေစုဆောင်းကြရသည်။ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆိုပါကန်မျိုး အများအပြားကို တွေ့နိုင်ရာ မြို့တော်ရန်ကုန်နှင့် ရေမြေချင်းဆက်စပ်နေသော်လည်း ရေအခက်အခဲကြီးမားသည့် ဒလမြို့နယ် တစ်ခုတည်းတွင်ပင် ယင်းကန်မျိုး ၂၀၀ ခန့်ရှိသည်ဟု သိရသည်။ တစ်ဖက်ရပ်အမိုး သို့သော် မိုးနည်းသော၊ လူဦးရေများပြားသောနေရာအချို့တွင် နွေရောက်သောအခါ မိုးရေလှောင်ကန် အများအပြားခန်းခြောက်၍ နှစ်စဉ်ရေအခက်အခဲ ကြုံတွေ့နေကြရသည်။ ယင်းအခက်အခဲကို ဖြေလျှော့ ပေးနိုင်သည့်နည်းများရှိရာ တစ်ခုမှာ ကန်ဘေးပတ်လည်တွင် မြေလွတ်ရှိပါက မိုးကုန်သည်အထိ ရေမပြည့် နိုင်သောကန်များပတ်လည်တွင် တစ်ဖက်ရပ်အမိုးများထားရှိခြင်းဖြင့်…

    Continue reading →: အထက်ဆန်သည့်ရေ
  • မြန်မာနိုင်ငံရှိ အိမ်တိုင်းအိမ်တိုင်းသည် မိုးရေကို တစ်နည်းမဟုတ်တစ်နည်း သုံးဖူးကြသည်။ သို့သော် အချို့က မိုးရေခံယူသုံးစွဲခြင်းဖြင့် လုံလောက်သော ရေပမာဏရနိုင်ပါမည်လောဟု သံသယရှိကြသည်။ မိုးရေရယူသိုလှောင်ရာ၌ နည်းစနစ်မှန်ကန်လျှင် ရေမလုံလောက်သောနေရာများတွင် သန့်ရှင်းသော ရေကောင်းရေသန့်ကို အတိုင်းအတာတစ်ခုအထိရနိုင်ကြောင်း အောက်ပါတွက်ချက်မှုများအရ သိနိုင်သည်။ အိမ်ခေါင်မိုးပေါ် တစ်နှစ်အတွင်းကျလာသည့် မိုးရေပမာဏကိုသိလိုလျှင် အမိုးအကျယ်အဝန်းကို ဒေသတွင်း ရွာကျသည့်မိုးရေချိန်နှင့် မြှောက်ရသည်။ ဥပမာ- တစ်နှစ်မိုးရေချိန်လက်မ ၁၀၀ ရွာသောရန်ကုန်တွင် အလျားပေ ၄၀၊ အကျယ် ၂၅ ပေရှိသော အိမ်ခေါင်မိုးပေါ် တစ်နှစ်လုံးရွာကျသောမိုးရေပမာဏသည် ၅၁၈၇၅ ဂါလန်ရှိသည်။ သို့သော် မိုးရေများ အမိုးပေါ်ကျရောက်ရာတွင် ဘေးသို့စင်ထွက်ခြင်း၊ အငွေ့ပျံခြင်း စသည်တို့ကြောင့် တွက်ချက်ရရှိသည်ထက် လက်တွေ့တွင် ရေအရနည်းသည်။ မည်မျှလျော့နည်းဆုံးရှုံး၍ မည်မျှ…

    Continue reading →: မိုးကျရေချို
  • မြောက်လတ္တီတွဒ် ၆၆ ဒီဂရီ မျဉ်းကြောင်းကို အာတိတ်စက်ဝိုင်းဟု ခေါ်သည်။ အာတိတ်စက်ဝိုင်းသည် နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ ရုရှား၊ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၊ ကနေဒါ၊ ဒိန်းမတ်နိုင်ငံ ဂရင်းလန်းကျွန်း၊ အိုက်စလန်တို့ကို ဖြတ်သည်။ ယင်းမျဉ်းကြောင်းဝန်းကျင်ဒေသများကို အာတိတ်စက်ဝိုင်း ဒေသများဟု ခေါ်သည်။ အာတိတ်စက်ဝိုင်းဝန်းကျင်ဒေသများတွင် နွေပျမ်းမျှနေ့စဉ်အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထက် မပိုသည့်အပြင် သစ်ပင်များလည်း မပေါက်ရောက်နိုင်ချေ။ အာတိတ်စက်ဝိုင်းဒေသရှိ အာတိတ်သမုဒ္ဒရာသည် မကြာသေးမီ အချိန်ကအထိ အစဉ်ရေခဲနေသော နေရာ ဖြစ်သည်။ ရေခဲခွဲသင်္ဘောများမှလွဲ၍ ရိုးရိုးသင်္ဘောများဖြတ်မောင်း၍မရသော ရေခဲသမုဒ္ဒရာဖြစ်သည်။ သို့သော် လွန်ခဲ့သောနှစ်များမှ စ၍ ကမ္ဘာ၏ ပျမ်းမျှအပူချိန် တဖြည်းဖြည်း တက်လာသည်။ ၂၀၀၉ ခုနှစ် ဆောင်းဦးရာသီတွင်…

    Continue reading →: အရည်ပျော်ရေခဲပြင်များ
  • ရေနွေးအိုးတည်သောအခါ ရေအပူချိန်မြင့်လာမှုကြောင့် အငွေ့ပျံပြီး အခန်းထဲတွင် ရေငွေ့များလာသကဲ့သို့ မြင့်တက်လာနေသော ကမ္ဘာ့အပူချိန်သည် ရေထုကို အပူတိုက်သဖြင့် အငွေ့ပျံမှုပိုလာကာ လေထုထဲရှိ ရေငွေ့ပမာဏ တိုးတက် များပြားလာလျက် ရှိသည်။ အဆိုပါဖြစ်စဉ်ကြောင့် သဘာဝရေသံသရာ လည်ပတ်မှု ထိခိုက်ပြောင်းလဲကာ မိုးရွာသွန်းမှုပုံစံကို တစ်နည်းတစ်ဖုံကမောက်ကမ ဖြစ်စေလျက် ရှိသည်။ အချို့နေရာ မိုးပိုရွာ ယခုအခါ ပူနွေးလာသည့် ကမ္ဘာ့ရာသီဥတုကြောင့် ရေထုတွင်းမှ ရေငွေ့ပျံမှု ပိုလာပြီး ရေသံသရာလည်ပတ်မှု ပိုမြန်ဆန်လာလျက် ရှိသည်။ ဂြိုဟ်တုတိုင်းတာချက်များက သမုဒ္ဒရာရေပြင်အပေါ်ပိုင်း လေထုတွင်း ရေငွေ့ ပါဝင်မှုသည် ၁၉၈၈ ခုနှစ်မှစ၍ ၁၀ နှစ်အတွင်း ၁ ရာခိုင်နှုန်းတက်လာကြောင်း ဖော်ပြသည်။ ကမ္ဘာ့မျက်နှာပြင်၊ ရေထုနှင့် မြေထုမှ အငွေ့ပျံမှု…

    Continue reading →: ရေဖောင်မည်ကတစ်မျိုး မိုးခေါင်မည်ကတစ်သွယ်
  • ကမ္ဘာ့မြေပုံကိုကြည့်လျှင်အာရှတိုက်၏အရှေ့မြောက်ထောင့်နှင့် မြောက်အမေရိကတိုက်၏အနောက်မြောက်ထောင့်တို့ကြားတွင် ဘယ်ရင် ရေ လက်ကြားက ခြားထားသည်ကိုတွေ့ရမည်။ ထို့ကြောင့် ယင်းတိုက် နှစ်တိုက်ကြား အဆိုပါနေရာမှကူးသန်းလိုလျှင် သင်္ဘောဖြင့်ကူးရ သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀ဝ၀ ခန့်အချိန်အထိမူ ထိုသို့မဟုတ် ချေ။ ဘယ်ရင်ရေလက်ကြားတွင် ရေခန်းနေသဖြင့် အာရှနှင့်အမေရိက တို့ကြား ကုန်းကြောင်းဖြင့်သွားလာနိုင်ခဲ့သည်။ ထိုစဉ်က ကမ္ဘာပေါ် တွင် အအေးလွန်ကဲခဲ့သောကြောင့် ရေအတော်များများသည် ကုန်း မြေများပေါ်ရှိ ရေခဲပြင်များထဲတွင်ရောက်ရှိခဲမာနေခဲ့ကာ သမုဒ္ဒရာထဲသို့ မစီးဝင်နိုင်ကြသဖြင့် သမုဒ္ဒရာရေပြင်သည် ယခုထက်ပေ ၃၀ဝ ကျော် မျှ နိမ့်နေခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၂၅၀ဝ၀ ခန့်ကမူ အထက်ပါအခြေ အနေနှင့် ပြောင်းပြန်ဖြစ်သည်။ ယင်းအချိန်က ကမ္ဘာတွင် အပူလွန်ကဲ ခဲ့သဖြင့် ရေခဲပြင်များအရည်ပျော်ကာ…

    Continue reading →: ပျက်ယွင်းရေသံသရာ