-
Continue reading →: နျူဘီယန်းသဲကျောက်မြေအောက်ရေကြော
လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်းခြောက်သွေ့ကာ ရေနံသယံဇာတ ပေါကြွယ်ဝသော အာဖရိကမြောက်ပိုင်းနိုင်ငံဟုသိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကိုရေနံမှရသည်။ ရေနံအပြင် အဖိုးတန်လှသောအခြားမြေအောက်သယံဇာတ တစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာလွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀၀ ခန့် ယခုလစ်ဗျားရှိရာဒေသတွင် ရာသီဥတုမျှတနေစဉ်က ရွာသွန်းခဲ့သော မိုးရေများ မြေအောက်အလွန်နက်ရှိုင်းသောနေရာအထိ စိမ့်ဝင်ခိုအောင်းနေခဲ့သည့် ဧရာမမြေအောက်ရေသိုက်ကြီးပင် ဖြစ်သည်။ ရုပ်ကြွင်းရေ ပုံမှန်အခြေအနေတွင် မြေပေါ်ရေများစိမ့်ဝင်မှုကြောင့် မြေအောက်ရေများသည် ပြန်ပြည့်မြဲသယံဇာတ တစ်မျိုးပင် ဖြစ်သည်။ သို့သော် လွန်ခဲ့သည့်နှစ်ပေါင်း ထောင်သောင်းခန့်က အချို့နေရာများ၌ ရေများသည် အလွန်နက်ရှိုင်းသော နေရာများအထိ ရောက်ရှိပြီးနောက် ဘူမိမြေလွှာအနေအထား ပြောင်းလဲသွားမှုကြောင့် မြေပေါ်ရေများ စိမ့်ဝင်ခြင်းမရှိတော့သည့်ရေလွှာများလည်းရှိရာ ယင်းရေများကို ရုပ်ကြွင်းရေများဟု ခေါ်သည်။ ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တို့သည်…
-
Continue reading →: မြန်မာပြည်မှာရွာသည့်မိုး
မြန်မာနိုင်ငံ၏ ပြန်လည်ပြည့်တင်းနိုင်သော ရေအရင်းအမြစ်ပမာဏသည် တစ်နှစ်လျှင်ကုဗမိုင် ၂၄၀ ကျော်ခန့် ရှိသည်ဟု ခန့်မှန်းကြသည်။ နိုင်ငံ၏ရေသုံးစွဲမှုမှာ ပြန်ပြည့်နိုင်သောပမာဏ၏ သုံးရာခိုင်နှုန်းမျှသာရှိသဖြင့် မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ပေါသော နိုင်ငံစာရင်းတွင် ဝင်သည်။ သို့သော် ယင်းကိန်းဂဏန်းမှာ တစ်နိုင်ငံလုံးခြုံ၍တွက်ထားသောပျမ်းမျှကိန်းသာ ဖြစ်ပြီး လက်တွေ့တွင် မိုးရွာသွန်းမှု နေရာဒေသအားဖြင့်ရော၊ အချိန်ကာလအားဖြင့်ပါ မညီမျှသည့်အပြင် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေနှင့် လုပ်ငန်းသုံးရေဆိုင်ရာ ပြဿနာများ ပေါ်ပေါက်နေရသည်။ မိုးရွာသွန်းခြင်း နေရာဒေသအားဖြင့်မညီမျှမှုဆိုသည်မှာ ကမ်းရိုးတန်းဒေသများ၌ မိုးကောင်း၍ အရှေ့နှင့် အရှေ့မြောက်ပိုင်းတွင် သင့်တင့်သောမိုးရွာပြီး အလယ်ပိုင်း၌ မိုးနည်းခြင်းကို ဆိုလိုသည်။ ရေအရင်းအမြစ် အများစုသည် လူနေဒေသများနှင့် ဝေးကွာသောအရပ်၌ တည်ရှိသည်။ အချိန်ကာလအားဖြင့်မညီမျှမှုမှာ မိုးတွင်းကာလသည် ပျမ်းမျှလေးလခန့်ရှိပြီး…
-
Continue reading →: တရုတ်ပြည်မှာရွာသည့်မိုး
တရုတ်နိုင်ငံ ဝူဟန်မြို့သည် အကြောင်း သုံးခုကြောင့် ကျော်ကြားခဲ့သည်။ ၁၉၁၁ ခုနှစ်က ဝူဟန်ဒေသတွင် စတင်ခဲ့သောတော်လှန်ရေးကြောင့် တရုတ်မင်းဆက်ကို ဖြုတ်ချနိုင်ခဲ့သဖြင့် ဝူဟန်ကို ခေတ်သစ်တရုတ်နိုင်ငံ မွေးဖွားရာဒေသဟု သတ်မှတ်ကြသည်။ ဒုတိယအကြောင်းမှာ ပေကျင်း၊ ရှန်ဟိုင်း၊ ဟောင်ကောင် မြို့ကြီး သုံးမြို့စလုံးနှင့်တူညီသောအကွာအဝေးတွင်ရှိ၍ တရုတ်အစိုးရအဆက်ဆက်သည် ဝူဟန်ကို နယူးယောက်၊ လန်ဒန်စသည်တို့ကဲ့သို့ ကမ္ဘာ့မြို့တော်ကြီးတစ်ခုဖြစ်လာအောင် ရည်ရွယ်သည်။ တတိယအချက်မှာ မြို့တွင်းနှင့် မြို့ဝန်းကျင်တွင် သာယာလှပသောရေကန်ပေါင်း ၁၂၇ ကန်မျှ ရှိခဲ့သဖြင့် ကန်တစ်ရာမြို့ဟု ထင်ရှားခဲ့သည်။ ၂၀၁၉ မှစ၍မူ ဝူဟန်သည် ကိုဗစ်-၁၉ ဗိုင်းရပ်စတင်ပြန့်ပွားရာအဖြစ် ထင်ရှားလာသည်။ ဝူဟန်သည် ယခုအခါ ကန်တစ်ရာမြို့မဟုတ်တော့ပြီ။ ကန်တစ်ရာကျော်အနက် ကန်တစ်ရာနီးပါး ပျောက်ကွယ်သွားသဖြင့် ကန် ၃၀…
-
Continue reading →: ရှေးဟောင်းရာသီဥတုကိုတူးဖော်လေ့လာခြင်း
ကမ္ဘာ၏ သက်တမ်း နှစ်သန်းပေါင်း ၄၆၀၀ အတွင်း၌ ကမ္ဘာ့ ရာသီ ဥတုသည် အကြိမ်ကြိမ် ပြောင်းလဲခဲ့ကြောင်း သိခဲ့ကြရပြီ။ မည်သည့်အကြောင်းကြောင့် မည်သည့်အချိန်က မည်သို့ပြောင်းခဲ့ကြောင်း သိပ္ပံပညာရှင်တို့က ပြောနိုင်ခြင်းမှာ ရှေးဟောင်းရာသီဥတုဗေဒပညာရပ်၏ ကျေးဇူးကြောင့် ဖြစ်သည်။ ရှေးဟောင်းရာသီဥတုဗေဒသည် အပူချိန်ကိုတိုင်းသော သာမိုမီတာ၊ လေဖိအားကို တိုင်းသော ဘာရိုမီတာ အစရှိသည့် သိပ္ပံကိရိယာများဖြင့် မှတ်တမ်းမတင်နိုင်မီ အချိန်က ရာသီဥတုအခြေအနေများကို လေ့လာသည့် ပညာ ဖြစ်သည်။ ရှေးဟောင်းရာသီဥတုဗေဒပညာရှင်များသည် ယင်းကိရိယာများအစား ဘူမိဗေဒ၊ ရုက္ခဗေဒနှင့် အခြားသဘာဝပတ်ဝန်းကျင်မှတ်တမ်းများကိုလေ့လာ၍ ရှေးခေတ်ရာသီဥတုကို စူးစမ်းသည်။ သစ်ပင်အတော်များများ၏ ပင်စည်နှင့်အကိုင်းအခက်များကို ပိုင်းဖြတ်ကြည့်ပါက ဗဟိုတူအရစ်များ ပေါ်နေသည်ကို တွေ့ရမည်။ အပင်ကြီးထွားခြင်းဖြစ်စဉ်တွင် မူလရှိပြီးသစ်ပင်အသားနှင့်အခေါက်တို့၏ကြား၌ ဖြစ်ထွန်းပေါ်ပေါက်သော ဆဲလ်အသစ်များကြောင့်…
-
Continue reading →: ရာသီဥတုကို လွှမ်းမိုးခြယ်လှယ်နေသည့် ရေထု
မိုးရွာခြင်း လေတိုက်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ၊ နွေ မိုး ဆောင်း ရာသီဥတုများသည် လေထုကြောင့် အဓိကပေါ်ပေါက်သည့် သဘာဝ အခြင်းအရာများဟု သိရှိကြသည်။ သို့သော် ယင်းတို့ ဖြစ်ပေါ် ပြောင်းလဲရာတွင် ရေထုသည်လည်း လေထုကဲ့သို့ပင်အရေးကြီးသောကဏ္ဍမှ ပါဝင်သည်။ ရေမျက်နှာပြင်သည် ကမ္ဘာ့မျက်နှာပြင်စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမျှကို ပိုင်ဆိုင်ထားသည့်အတွက် မိုးလေဝသ နှင့်ရာသီဥတုဖြစ်စဉ်များကို မောင်းနှင်နေသည့် နေရောင်ကိုစုပ်ယူနိုင်သည့်ဧရိယာပမာဏသည် ကုန်းမြေထက် ပိုသည်။ ထို့အပြင် ရေမျက်နှာပြင်၏အရောင်သည် ကုန်းမြေ၏အရောင်ထက် ပိုရင့်သဖြင့် နေရောင်ကို စုပ်ယူနိုင်မှုစွမ်းအားသည် ကုန်းမြေထက် ပိုသည်။ ပင်ကိုသဘာဝအားဖြင့် ရေထုသည် လေထုထက် အပူဓာတ်ကို ပိုမိုစုပ်ယူသိုမှီးထားနိုင်စွမ်းလည်းရှိသည်။ သမုဒ္ဒရာရေထုသည် မိမိအပေါ်ကျလာသော နေရောင် ပမာဏ၏ ၉၈ ရာခိုင်နှုန်းအထိကို စုပ်ယူထားနိုင်သည်။…
-
Continue reading →: ကမ္ဘာ့ရာသီဥတုအကြိမ်ကြိမ်ပြောင်းလဲခဲ့ခြင်းအကြောင်းများ
ကမ္ဘာ၏သက်တမ်း နှစ်ပေါင်း ၄၆၀၀ အတွင်း ရာသီဥတု အကြိမ်ကြိမ် ပြောင်းလဲခဲ့သည်။ ပြောင်းခဲ့သည့် အကြောင်းကလည်း အမျိုးမျိုးရှိသည်။ အာကာသဟင်းလင်းပြင်အတွင်း လှည့်လည်နေသော ကမ္ဘာ၏ တည်နေရာနှင့် အနေအထား၊ ကမ္ဘာပေါ်သို့ ဥက္ကာခဲကျရောက်မှု၊ လေထုတွင်းရောက် အမှုန်များ၏ သဘာဝနှင့်ပမာဏစသည်တို့ ဖြစ်သည်။ ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းမှု ကမ္ဘာ၏တောင်နှင့်မြောက်ဝင်ရိုးစွန်းတို့ကို စိတ်ကူးဖြင့် မျဉ်းသားဆက်သွယ်ကြည့်လျှင် ပေါ်လာသော မျဉ်းကြောင်းသည် ကမ္ဘာ့ဝင်ရိုး ဖြစ်သည်။ တစ်ဖန် ကမ္ဘာက နေကိုပတ်သောလမ်းကြောင်း အဝန်းအဝိုင်းကို ပြင်ညီတစ်ခုအနေနှင့် ပုံဖော်ကြည့်လျှင် ကမ္ဘာ့ဝင်ရိုးသည် ယင်းပြင်ညီကို မတ်မတ်ကျမနေဘဲ တိမ်းစောင်းနေသည်ကို တွေ့ရမည်။ အကယ်၍ ကမ္ဘာ့ဝင်ရိုးသည် ကမ္ဘာက နေကိုပတ်နေသောပြင်ညီကို မတ်မတ်ကျနေပါက ကမ္ဘာ့ဒေသများ၏ရာသီဥတုသည် နွေ မိုး ဆောင်း ဟူ၍…
-
Continue reading →: မျိုးပျောက်မှာစိုးကြောက်နေရသည့်သတ္တဝါများ
ရာသီဥတုပြောင်းလဲမှုသည် လူ့ကျန်းမာရေးကို ထိခိုက်စေသည့်အပြင် သက်ရှိမျိုးစိတ်အများအပြားကို မျိုးတုံးစေပြီး ဤကမ္ဘာပေါ်မှ ပျောက်ကွယ်သွားစေရန် ခြိမ်းခြောက်နေသည်။ မျိုးစိတ်ဆိုသည်မှာ အပင်နှင့် သက်ရှိသတ္တဝါများကို အုပ်စုဖွဲ့ခေါ်ဝေါ်သည့် ဇီဝဗေဒဝေါဟာရ ဖြစ်သည်။ မျိုးစိတ်တစ်ခုအတွင်းရှိ သက်ရှိများသည် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အမူအရာစသည့် ကိုယ်ပိုင်ထူးခြားသော လက္ခဏာများရှိကြပြီး အချင်းချင်းမျိုးပွားခြင်းအမှုကိုဆောင်ရွက်ကာ မျိုးဆက်သစ်များ ပေါ်ပေါက်လာစေသည်။ ထို့ကြောင့် လူ၊ ခွေး၊ ငါး၊ ငှက် စသောသတ္တဝါများ၊ သစ်ခွ၊ ကျွန်းစသည့်အပင်များသည် မျိုးစိတ်များဖြစ်ကြသည်။ အစာကွင်းဆက် သတ္တဝါမျိုးစိတ်တို့သည် အစာအတွက် တစ်မျိုးကိုနောက်တစ်မျိုးက စား၊ တစ်ဖန် ယင်းသတ္တဝါကို နောက်ထပ်သတ္တဝါတစ်မျိုးက ထပ်စားစသည်ဖြင့် ကွင်းဆက်ပမာစား၍ ရှင်သန်နေကြသည်။ ဥပမာ ရေသတ္တဝါတို့၏ အစာကွင်းဆက်တွင် ရေတွင်ရှင်သန်သော ဖိုင်တိုပလန်တွန်ခေါ် အပင်ငယ်များကို ဇူးပလန်တွန်ခေါ်…