• မီးတောင်ပေါက်မှု အငယ်စားများသည် ရာသီဥတုကို သိသာစွာ ပြောင်းလဲရန် မတတ်နိုင်သော်လည်း ပေါက်ကွဲမှု အကြီးစားများကြောင့် ထွက်ပေါ်လာသော ပြာမှုန်များနှင့် ဓာတ်ငွေ့အချို့တို့ကြောင့် ရာသီဥတုပြောင်းလဲတတ်သည်။ မီးတောင်များမှ ထွက်ပေါ်လာသည့် ပြာမှုန်ငယ်များသည် နေရောင်ကို မြေပြင်ပေါ် မရောက်အောင် တားဆီးတတ်ပြီး ကမ္ဘာ့အပူချိန်ကို လျော့နည်းကျဆင်းစေသည်။ ပြာမှုန်များ၏အရွယ်အစား ကြီးလျှင်မူ မြေပြင်မှ ပြန်ကန် ထွက်လာသော အပူကို အာကာသထဲ ပြန်ထွက်ခွင့်မပေးဘဲ တားဆီးလိုက်၍ ရာသီဥတု ပူနွေးလာတတ်သည်။ မီးတောင်အကြီးစားပေါက်ကွဲမှုများမှ ထွက်လာသော ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ များပြားလွန်းပါက ကမ္ဘာ့အပူချိန်ကို မြင့်မားစေတတ်သည်။ မီးတောင်မှ ထွက်ပေါ်သည့် ဆာလ်ဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့များသည်မူ လေထုတွင်းရှိ ရေငွေ့တို့နှင့် ပေါင်းမိကြပြီး အက်ဆစ်မှုန်များဘဝသို့ ပြောင်းသွားကာ နေရောင်ကို တားဆီးလိုက်သဖြင့် ရာသီဥတု အေးမြလာသည်။…

    Continue reading →: မီးတောင်ပေါက်မှုနှင့် ကမ္ဘာ့ရာသီဥတု
  • (Daily Eleven သတင်းစာ ၁၇ . ၁ . ၂၀၂၂ ပါ ဆောင်းပါး ဖြစ်ပါသည်။) “ဒီနှစ်စပါး ရှူချက်ကတော့ ရက်စက်တယ်။ စပါး ၄၀၀ တောဟာ တစ်ရာလောက်ရ ကြတာပဲ။ စပါးအောင်ရေ မရတာပေါ့။ သီတင်းကျွတ် လပြည့်ကျော် ၁၂ ရက်ကနေ (နို ဝင်ဘာ ၁ ရက်) တန်ဆောင်မုန်းလဆန်း  ၁၂ ရက် (နိုဝင်ဘာ ၁၅ ရက်) လောက် နေပူလိုက် တာ နွေရာသီလိုပဲ။ စပါးထွက်စဆိုတော့ စပါးတွေက မငိုက်ပတန်းလန်းလန်း ဖြစ်နေတာ။ ရှေးလူကြီးအခေါ်တော့ “ပင်သေ၊ ရေခန်း” လိုက်တယ်လို့ ဆိုကြတာပေါ့။  အခုနောက်ပိုင်း လေး၊…

    Continue reading →: ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းကြောင့် အထိနာခဲ့သည့် အထက်မြန်မာပြည်မှတောင်သူများ – ထွန်းလင်းအောင် (မြစ်ကြီးနား)
  • မြန်မာနိုင်ငံပထဝီဝင်အသင်း၏ ဦးဆောင်နာယက၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် အဖွဲ့ဝင်၊ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ၏ ပဓာနအကြံပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ အမျိုးသားရေအရင်းအမြစ် ကော်မတီ အကြံပေးအဖွဲ့ဝင် ပါမောက္ခ ဦးမောင်မောင်အေးအား မြန်မာနိုင်ငံပထဝီဝင်အသင်းက မြန်မာ့ရေကြီးရေလျှံမှုများအကြောင်း ၂၀၁၈ ခုနှစ်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမေးမြန်းချက်ကို ဆရာဦးမောင်မောင်အေး၏ ခွင့်ပြုချက်ဖြင့် စာချောအောင် အနည်းငယ်တည်းဖြတ်ပြီး ဝေမျှပါသည်။ မေး (၁) မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေကို သုံးသပ်ပေးပါဆရာ။ ဖြေ (၁) မြစ်ဝှမ်းအပေါ်ပိုင်းတွေမှာ ဆက်တိုက် အားကောင်းမောင်းသန် မိုးရွာချတဲ့အခါ မြစ်ရေကြီးခြင်း စဖြစ်တာပါပဲ။ ဧရာဝတီမြစ်ဝှမ်းကို ကြည့်မယ်ဆိုရင် မြောက်ဖျားပိုင်းက ရွာတဲ့မိုးက အဓိကဖြစ်ပါတယ်၊ မြစ်ဖျားပိုင်းကစပြီး တဖြည်းဖြည်းနဲ့ အောက်ဘက်ကို ဆင်းလာတာ။ ထူးခြားတာက…

    Continue reading →: မြန်မာနိုင်ငံတွင် ဖြစ်ပေါ်သော ရေကြီးရေလျှံမှုများအကြောင်း ပါမောက္ခဦးမောင်မောင်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း
  • ၂၀၂၁ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း စကော့တလန်နိုင်ငံ ဂလပ်စဂိုမြို့၌ ရက်သတ္တ နှစ်ပတ် ကြာ ပြုလုပ်ခဲ့သော ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု အစည်းအဝေးတွင် အဓိက သဘောတူညီချက် သုံးခုကို ချမှတ်နိုင်ခဲ့သည်။ ၁ – ကမ္ဘာ့အပူချိန်ကို စက်မှုတော်လှန်ရေး ခေတ်မတိုင်မီကထက် ၁ . ၅ စင်တီဂရိတ် ပိုမတက်အောင် ထိန်းထားနိုင်ရေး လာမည့်နှစ်တွင် ထပ်မံစည်းဝေးကြရန်၂ – ကျောက်မီးသွေးအသုံးလျှော့ချရန်၃ – ဖွံ့ဖြိုးဆဲနိုင်ငံများအား ငွေကြေးအကူအညီ ပိုပေးရန်တို့ ဖြစ်ကြသည်။ နေရာအနှံ့အပူချိန်တက်လာ၊ ရေခဲပြင် အရည်ပျော်၊ ပင်လယ်ရေပြင် မြင့်တက်၊ မုန်တိုင်းပိုတိုက်၊ တိုက် သော မုန်တိုင်း အားပိုကောင်းလာ၊ ရေကြီးရေလျှံ၊ အချို့ နေရာများတွင်…

    Continue reading →: ရာသီဥတုပြောင်းလဲမှုနှင့်မြန်မာ
  • ၁၉၈၈-၉၀ ခုနှစ် နောက်ပိုင်းမှစ၍ စက်ရေတွင်းအရေအတွက် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်မှာ ယခုဆိုလျှင် ရန်ကုန်မြို့နယ် အားလုံးလိုလိုတွင် စက်ရေတွင်းများ ရှိနေပါပြီ။ ရန်ကုန် လူဦးရေ ၆၀ ရာခိုင်နှုန်းခန့်သည် စက်ရေတွင်းပေါင်း နှစ်သိန်းကျော် သုံးသိန်းခန့်မှ သောက်သုံးရေ ရယူနေကြသည်ဟု စာရေးသူ ခန့်မှန်းပါသည်။ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းအချို့သည်သာ တွင်းအရေအတွက်ကို မှတ်တမ်း ပြုစုထားကြသည်၊ ပုဂ္ဂလိကတွင်း မည်မျှရှိသည်ဆိုသည်ကို မည်သူမျှ မသိနိုင်ပါ။ ယခင် အိုးအိမ်ဦးစီးဌာနက တာဝန်ယူကြီးကြပ်ခဲ့သော မြေအောက်ရေဥပဒေသည် ၁၉၈၈-၉၀ ခုနှစ်၊ နဝတအစိုးရ လက်ထက်မှစ၍ အသက်မရှိတော့၊ အိုးအိမ်ဦးစီးဌာနသည်လည်း အမည်ပြောင်းသွားခဲ့သည်။ ၂၀၂၀ ခုနှစ်က စနစ်တကျ ပြန်လည်ရေးဆွဲထားသည့် မြေအောက်ရေဥပဒေသည်လည်း ၂၀၂၁ ခုနှစ် အစောပိုင်းကာလ…

    Continue reading →: မြေအောက်ရေ အထုတ်လွန်၍ မြေကျွံစပြုနေသည့် အဆောက်အဦးတစ်လုံး (မောင်ကျေးရေ – ဦးမြင့်သိန်း)
  • ကမ္ဘာပေါ်၌ ရေခဲထုအများဆုံးနေရာသည် တောင်ဝင်ရိုးစွန်း အန္တာတိကတိုက်ဖြစ်ပြီး ရေခဲထု ကုဗကီလိုမီတာ သန်း ၃၀ မျှ ရှိသည်။ မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင်မူ ရေခဲထု ကုဗကီလိုမီတာ ၈၀၀၀ ခန့်ရှိသည်။ ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်တည်ရှိရာ ဟိမဝန္တာဒေသအပါအဝင် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ(Hindu Kush Himalayas (HKH)) တောင်တန်းများပေါ်ရှိ ရေခဲထုသည် ကုဗကီလိုမီတာ ၇၆၀၀ ခန့်ရှိသဖြင့် ယင်းဒေသကို တတိယဝင်ရိုးစွန်းဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ တောင်နှင့်မြောက်ဝင်ရိုးစွန်းများရှိ ရေခဲသည် သောက်သုံးရေအတွက် တိုက်ရိုက်အသုံးမဝင်သော်လည်း ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းများပေါ်ရှိ ရေခဲထုမှ ပျော်ဆင်းလာသောရေများသည်မူ အာရှတိုက်ရှိ မြစ်ကြီးဆယ်စင်းထဲသို့ စီးဝင်ကာ အဆိုပါမြစ်တို့ ဖြတ်သန်းစီးဆင်းသော နိုင်ငံ ၁၆ နိုင်ငံနေ လူသန်းပေါင်း ၁၇၇၀…

    Continue reading →: ဟိန္ဒူကွတ်ရှ်ဟိမဝန္တာရေခဲပြင် အရည်ပျော်မှု
  • အမေရိကန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးမှုတစ်ခုတွင် မြေအောက်ခန်းထဲ ဝင်လာသော ရေများကြောင့် လူအချို့ သေဆုံးခဲ့ရသည်။ ကနေဒါတွင် အပူလွန်ကဲရာမှ ပေါ်ပေါက်သော တောမီးသည် ရွာငယ်ကလေး တစ်ရွာလုံးကို ဝါးမြိုဖျက်ဆီးပစ်ခဲ့သည်။ ဆီးနှင်းများသာကျသည့် ဂရင်းလန်းကျွန်းတွင် မကြုံစဖူး မိုးရွာသည်။ ယင်းဖြစ်စဉ်များသည် သဘာဝဘေးများဟု ထင်စရာရှိသော်လည်း လူတို့ကြောင့် ပြောင်းလဲလာသော ရာသီဥတုကို အရင်းခံသည်သည်ဟု အတိအကျ မပြောနိုင်သည့်တိုင် ထိုသို့ယူဆစရာ အထောက်အထား များစွာရှိနေသည်၊ လူတို့ကြောင့် ပေါ်လာသော အန္တရာယ်များကို လူတို့ကသာ လျော့ပါးအောင် လုပ်နိုင်သည်၊ ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စကော့တလန်နိုင်ငံ ဂလပ်စဂိုအစည်းအဝေး အပါအဝင် အစည်းအဝေးအတော်များများ ကျင်းပခဲ့ပြီး ဖြစ်သော်လည်း ယခုအချိန်အထိ ကတိကဝတ် ပေးသော အဆင့်တွင်သာရှိပြီး…

    Continue reading →: ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတု ဘေးအန္တရာယ်များ