-
Continue reading →: မြေအောက်ရေတွင် ပျော်ဝင်သော ဖလူအိုရိုက်ဒ် – ဦးမြင့်သိန်း (မောင်ကျေးရေ)
(အမေရိကန်ရေလုပ်ငန်းများအသင်းအောက်တွင် ဖွဲ့စည်းထားသော အဖွဲ့ငယ်တစ်ခုဖြစ်သည့် စက်ရေတွင်း ပိုင်ရှင်များ အကြံပေးအဖွဲ့က ထုတ်ဝေသည့် စာစောင်ကို မှီငြမ်းပြီး မြန်မာပြည်သူများအတွက် မျှဝေသုတ အနေဖြင့် ၂၀၂၃ ဇန်နဝါရီလက ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ ဖလူအိုရိုက်ဒ်ပါဝင်သည့် မြေအောက်ရေကို မြန်မာပြည်အလယ်ပိုင်း ပူအိုက်စွတ်စိုသောအရပ်ဒေသများ၌ တွေ့ရသည်။ သို့သော် ဖလူအိုရိုက်ဒ် ပါဝင်မှုပမာဏ မမြင့်မားလှပါ။) ဖလူရိုရိုက်ဒ်သည် ဓာတုဒြပ်စင်တစ်ခုဖြစ်သည်။ မြေအောက်ရေတွင် အများအားဖြင့် တွေ့ရပြီး လူနှင့် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသည်။ မြေအောက်ရေတွင် ဖလူအိုရိုက်ဒ်ပါဝင်မှုသည် ဘူမိဖြစ်စဉ်နှင့် ကျောက်လွှာမြေလွှာ အမျိုးအစားများပေါ် တည်သည်။ ဖလူအိုရိုက်ဒ်ပါဝင်သည့် သတ္တုများမှာ လချေးပြား၊ အပါတိုက်နှင့် ဖလူအိုရိုက်ဒ်တို့ ဖြစ်ကြသည်။ အဆိုပါသတ္တုများသည် မူလအရင်းခံကျောက်များ ပို့ချစဉ်က ပါဝင်ခဲ့သည့် သတ္တုဓာတ်စင်များ…
-
Continue reading →: ရေရှားပါးခြင်းကြောင့် ဖြစ်ပေါ်သည့် ဆိုးကျိုး ၁၀ ချက် – ဦးမြင့်သိန်း (မောင်ကျေးရေ)
(သန့်စင်သောရေရရှိရေး နည်းပညာများ ထောက်ပံ့ရေးအဖွဲ့မှ ဆောင်းပါးရှင် ဒီဘိုရှပ်ချ်ဘင်ဆင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ရေးသားသည့် ဆောင်းပါးကို မှီငြမ်း၍ ဤဆောင်းပါးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ၂၆ ရက်နေ့၌ ရေးသားသည်။ မြန်မာနိုင်ငံတွင်လည်း နေရာဒေသ အချိန်အခါ ရာသီဥတုပြောင်းလဲမူများကြောင့် ယင်းအခြင်းအရာများ ဖြစ်နေနိုင်၊ ဖြစ်လာစရာအကြောင်းများ ရှိနေနိုင်သောကြောင့် ဤဆောင်းပါးကို ရေးသားခြင်း ဖြစ်ပါသည်။) သန့်ရှင်းသော သောက်သုံးရေရရှိမူသည် လူသားအားလုံး၏ အခြေခံရပိုင်ခွင့် ဖြစ်၏။ ရေသည် အခွင့်ထူးခံ ပစ္စည်း မဟုတ်ပါ။ ကျွန်တော်တို့ကမ္ဘာကြီး၏ အစိတ်အပိုင်း တော်တော်များများကို ရေထုဖြင့် လွှမ်းခြုံထားသော်လည်း ထိုရေအများစုမှာ လူသားများ သောက်သုံးရန်အတွက် မသင့်တော်ပေ။ ကမ္ဘာ မြေကြီး၏ ၇၁ ရာခိုင်နှုန်းခန့်ကို…
-
Continue reading →: မြန်မာ့အပူချိန်နှင့် မိုးရေချိန် ပြောင်းလဲမှု လေ့လာချက်
ဤလေ့လာချက်သည် မြန်မာနိုင်ငံ၌ ၁၉၈၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မိုးလေဝသစခန်း ၃၅ ခု၏ တိုင်းတာချက်များကို အသုံးပြု၍ အစွန်းရောက် နေ့စဉ်အပူချိန်နှင့် မိုးရေချိန်များ နှစ်စဉ်ပြောင်းလဲလာပုံကို လေ့လာသည်။ ယင်းလေ့လာချက်အရ မြန်မာနိုင်ငံ၌ သိသာစွာ ပူပြင်းလာနေသောအချက်ကို တွေ့ရှိသည်။ ၂၀ဝ၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အပူချိန်မြင့်မားလာမှုသည် ၂၀၁၁ ခုနှစ်မှလွဲ၍ နှစ်စဉ် ဝ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်စီ တက်လာနေခဲ့သည်။ ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးအပူချိန်များသည် တောက်လျှောက် မြင့်မားလာနေခဲ့သည်။ ပူပြင်းသောနေ့နှင့်ညများသည် များပြားလာနေပြီး အေးသောနေ့နှင့်ညများ လျော့နည်းသွားသည်။ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကြားကာလတွင် ၁၉၈၁…
-
Continue reading →: လှေကားထစ်ရေကန် (Ye Htwe)
လှေကားထစ်ရေကန် Stepwell ဆိုသည်မှာ ရှေးခေတ် အိန္ဒိယသုံး ရေတွင်းရေကန် တစ်မျိုးဖြစ်သည်။ မြေအောက်ရေလည်း ထွက်၍ မိုးရေကိုလည်း ခံယူကာ မိုးများသော်လည်း မလျှံ၊ မိုးခေါင်သော်လည်း မခန်းပဲ တစ်နှစ်ပတ်လုံး ရေရရှိနိုင်အောင် စီမံထားခြင်း ဖြစ်သည်။ ၎င်းတို့ကို အထပ်ပေါင်းများစွာ နက်နက်ရှိုင်ရှိုင်း၊ အချိုမှာ နက်ရှိုင်းလွန်းသဖြင့် ရေကို တစ်ထပ်မှ တစ်ထပ် နွားရဟတ်ဖြင့် ဆွဲငင်ရသည်။ စိုက်ပျိုးရေနှင့် သုံးရေအတွက် လက်တွေ့ ရည်ရွယ်ထားသည့် တိုင်အောင် အိန္ဒိယ၏ ဗိသုကာ၊ ပန်းတော့နှင့် ပန်းတမော့ လက်ရာတို့ကို တွေ့ရမြဲ ဖြစ်သည်။ Stepwell တို့ကို ခြောက်သွေ့သော အိန္ဒိယ အနောက်ပိုင်းတွင် အတွေ့ရများပါသည်။ အိန္ဒုမြစ်ဝှမ်းရှိ လွန်ခဲ့သောနှစ် ၄၅၀၀…
-
Continue reading →: ဧရာ၀တီရေစီးပမာဏ
ဧရာ၀တီ မြစ်ဖျားပိုင်း ဖြစ်သော တိဘက်ကုန်းမြင့်တွင် တစ်စက္ကန့်လျှင် ကုဗမီတာ ၂၀၀၀ နှုန်းဖြင့် စီးပြီး ကပ္ပလီပင်လယ်ထဲသို့ တစ်စက္ကန့်လျှင် ကုဗမီတာ ၁၃၀၀၀ နှုန်းဖြင့် စီးဝင်သည်။ ရာသီအလိုက်ပြောရလျှင် မိုးရာသီတွင် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၅၀၀၀ ခန့်ရှိပြီး နွေ၌ တစ်စက္ကန့်လျှင် ကုဗမီတာ ၄၀၀၀ ခန့်သာ စီးဆင်းသည်။ ဧရာ၀တီ အလယ်ပိုင်းနှင့် အောက်ပိုင်းရှိ ဇလဗေဒစခန်းများ၏ တိုင်းတာချက်အရ ဧရာ၀တီမြစ်၏ ပျမ်းမျှ တစ်နှစ်ရေစီးပမာဏသည် ကုဗကီလိုမီတာ ၄၁၀ ခန့်ရှိသည်။ ရေရှည်တွင် မိုးများလာနိုင်သောကြောင့် ဧရာ၀တီမြစ်ဝှမ်း၏ မြေပေါ်မြေအောက်ရေပမာဏ (TWS)သည် များလာမည်ဟု ယူဆနိုင်သည်။ Keyword: ဧရာ၀တီ ကိုးကား – Spatio-temporal…
-
Continue reading →: ရေစီမံခန့်ခွဲခြင်း အနုပညာ – ခန့်ဇော် (ကျေးလက်)
နောက်ခံသမိုင်း ၁။ ကျေးလက်ဒေသ ရေရရှိရေး လုပ်ငန်းများရဲ့ အစကို လေ့လာကြည့်ပါက ၁၉၉၇ ခုနှစ်အထိ စက်မှုလယ်ယာဦးစီးဌာနအောက်ရှိ ကျေးလက်ရေရရှိရေး ဌာနခွဲမှ ဆောင်ရွက်ခဲ့ပြီး ၁၉၉၇ ခုနှစ် နောက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာနမှ ကျေးလက်ရေ ရရှိရေး စီမံကိန်း ၁၀ နှစ် စီမံကိန်း ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ရေးဆွဲ၍ လက်ဆင့်ကမ်း ဆောင်ရွက်ခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်ရေရရှိရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်လျက် ရှိပါတယ်။ ၂။ ရေပေးဝေရေးစနစ်တွေကို ထိရောက်စွာ စီမံခန့်ခွဲမှု မလုပ်ပါက ရေအလေအလွင့်…
-
Continue reading →: ရာသီဥတု ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ
မြန်မာနိုင်ငံရှိ မိုးလေ၀သစခန်း ၃၅ ခု၏ မှတ်တမ်းများအရ ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်ပြည်လုံး အတိုင်းအတာဖြင့် မိုးရေချိန်နှင့် အပူချိန် သိသိသာသာ တိုးလာခဲ့သည်။ ၁၉၈၁ မှ ၂၀၂၀ အထိ၊ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးအပူချိန်သည် ၁ . ၁ ဒီဂရီ စင်တီဂရိတ်ခန့် တိုးလာပြီး တစ်နှစ်တာ မိုးရေချိန်သည် ၁၅၇ . ၇ မီလီမီတာခန့် များလာသည်။ မိုးရွာသွန်းမှု မိုးရေချိန် တိုးလာသည် ဆိုရာ၌ ပျံ့ပျံ့နှံ့နှံ့နှင့် ရွာသွန်းခြင်း မဟုတ်ဘဲ အချိန်အခါမဟုတ် ရွာသွန်းခြင်း၊ တစ်နေရာတည်းတွင် မိုးအလွန် သည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ရွာသွန်းမြဲထက်…