• မော်လမြိုင်မြို့ရှိ ပြည်သူများသည် ရွှေနတ်တောင်ဆည်၊ ကင်ပွန်းခြုံဆည်နှင့် အတ္ထရံ (၁)၊ အတ္ထရံ(၂) စသည့် မြစ်ရေပေးရေး လုပ်ငန်းလေးခုမှ ရေကို အသုံးပြုကြရသည်။ ရွှေနတ်တောင်ဆည်နှင့် ကင်းမွန်းချုံဆည် နှစ်ခုမှ  တစ်နေ့လျှင် ဖြန့်ဝေပေးနေသည့် ရေဂါလန် သိန်း ၃၀ အထိရှိသည်။ မွန်ပြည်နယ် ရေရှားပါးမှုပြဿနာသည် နှစ်စဉ်ကြုံတွေ့နေရပြီး ၂၀၁၉က အဆိုးဝါးဆုံးဖြစ်ခဲ့သည်။ မော်လမြိုင်ကို ဒိုင်ခံရေဖြန့်ဖြူးပေးနေသည့် အဆိုပါဆည်နှစ်ခုတို့တွင် ရေခန်းခြောက်ခဲ့ပြီး စည်ပင်သာယာရေးကော်မတီက ရေသုံးစွဲမှုနှင့်ပတ်သက်၍ အများပြည်သူကို သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။ မွန်ပြည်နယ် မော်လမြိုင်မြို့နေ ပြည်သူများ၏ ရေအခက်အခဲကို ဖြေရှင်းပေးနိုင်ရန်နှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ ၈ ဒသမ ၅ ဘီလီယံဖြင့်…

    Continue reading →: အတ္ထရံမြစ်ရေတင်စီမံကိန်း
  • ရန်ကုန်မြို့တော်ရေဖူလုံရေးစီမံကိန်း အကောင်အထည်ဖော်ရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ချေးငွေရယူရေးကိစ္စကို ၂၄-၇-၂၀၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ အဆိုပါစီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ငမိုးရိပ် ဆည်မှ ရေကို မြေသားရေပေးမြောင်း(Open Channel)ဖြင့် ရယူနေခြင်းအစား ရေပိုက်လိုင်းဖြင့် အစားထိုး ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ လက်ရှိရေပေးဝေရေးစနစ်၏ ရေအရင်းအမြစ်တစ်ခုဖြစ်သော ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)သည် လိုအပ်သော Raw Water ကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ လှည်းကူးမြို့နယ်အတွင်းမှာရှိသော ငမိုးရိပ်ဆည်၏ လက်ယာရေပေးမြောင်းမကြီးမှ တဆင့် ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)သို့ ၂၁.၅ မိုင် (၃၃.၈၁ ကီလိုမီတာ) ရှည်လျားသော မြေသားရေပေးမြောင်း(Open Channel) ဖြင့် ရယူလျက်ရှိပါတယ်။ ငမိုးရိပ်…

    Continue reading →: ရန်ကုန်မြို့တော်ရေဖူလုံရေး
  • မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အပူပိုင်းဒေသ ဖြစ်သော မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့သည် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ အဓိက စိုက်ပျိုးထုတ်လုပ်သော ဒေသများဖြစ်သည်။ အကျယ်အဝန်း အားဖြင့် ၅၄၃၉၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်း၍ မြန်မာနိုင်ငံ စုစုပေါင်း ဧရိယာ၏ ၁၀ ရာခိုင်နှုန်းခန့် ရှိသည်။ တစ်နှစ်ပတ်လုံး ပျမ်းမျှ မိုးရေချိန် ၇၀၀- ၁၀၀၀ မီလီမီတာခန့်သာ ရရှိပြီး စိုက်ပျိုးရေး လုပ်ငန်းများအတွက် အဓိက အဟန့်အတား ဖြစ်နေသည်။ ဇွန်လနှင့် ဇူလိုင်လတို့တွင် မိုးရွာသွန်းမှု နည်းခြင်း၊ အပူချိန် မြင့်မားခြင်းနှင့် လေတိုက်နှုန်းမြင့်မားခြင်းတို့ကြောင့် ပူပြင်း ခြောက်သွေ့ပြီး အပေါ်ယံ စိုက်ပျိုးမြေသား ဆုံးရှုံးမှုများ နှစ်စဉ် ကြုံတွေ့နေရသည်။…

    Continue reading →: အပူပိုင်းဒေသ မိုးရေစုဆောင်းနည်းသုံးမျိုး – ၀င်းစိုး (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)
  • စင်ကာပူနိုင်ငံက နေ့စဉ် ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေရတယ်။ စင်ကာပူ ရေဘေးဆိုတာက ရေကြီး၊ ရေလျှံတာကိုပြောတာမဟုတ်ဘူး။ နိုင်ငံရဲ့ နေ့စဉ် ရေလိုအပ်ချက် အများစုအတွက် မလေးရှားနိုင်ငံကို မှီခိုနေရတဲ့ အခြေအနေကို ဆိုလိုတာပါ။ မလေးရှားဝန်ကြီးချုပ် မဟာသီယာက ဇွန်လ ၂၂ ရက်နေ့မှာ ၁၉၆၂ ခုနှစ်က ချုပ်ဆိုထားတဲ့ မလေးရှား- စင်ကာပူ ရေရောင်းချရေး သဘောတူညီချက်ကို ပြန်လည် သုံးသပ်ရမယ်လို့ ပြောလိုက်တဲ့အတွက် စင်ကာပူနိုင်ငံရဲ့ ရေဘေးအန္တရာယ်က စင်ကာပူ နိုင်ငံရေး ခေါင်းဆောင်တွေ အကြား၊ ပြည်သူတွေအကြားမှာ ဆွေးနွေးစရာ ဖြစ်လာခဲ့တယ်။ သမိုင်းကြောင်း မလေးရှားနဲ့ စင်ကာပူကြား ရေရောင်းချရေး သဘောတူညီချက်ကို ပထမဆုံး ချုပ်ဆိုခဲ့တာက ၁၉ ၂၇ ခုနှစ်ဖြစ်ပြီး…

    Continue reading →: စင်ကာပူရေအရင်းအမြစ် (U Ye Htut)
  • ရေအရင်းအမြစ် ပြန်ပြည့်နိုင်သော ရေအရင်းအမြစ် မြေပေါ်ရေ တစ်နှစ်လျှင် ၁၁၅၇ ကုဗကီလိုမီတာမြေအောက်ရေ တစ်နှစ်လျှင် ၄၅၃ . ၇ ကုဗကီလိုမီတာမြေပေါ် မြေအောက် ရောထွေးနေသောရေ တစ်နှစ်လျှင် ၄၄၃ ကုဗကီလိုမီတာပြည်တွင်း၌ ဖြစ်ပေါ်သည့် ပြန်ပြည့်နိုင်သော ရေအရင်းအမြစ် = တစ်နှစ်လျှင် ၁၁၆၈ ကုဗကီလိုမီတာ (၁၁၅၇ + ၄၅၃ . ၇ – ၄၄၃)ပြည်ပမှ ဝင်လာသည့် ပြန်ပြည့်နိုင်သော ရေအရင်းအမြစ် = တစ်နှစ်လျှင် ၁၆၅ ကုဗကီလိုမီတာပြည်ပရေအပေါ် မှီခိုရမှု = ၁၄ . ၁၃ ရာခိုင်နှုန်း တစ်နှစ်ပျမ်းမျှမိုးရွာသွန်းမှု (၂၀၁၇) ၂၀၉၁ မီလီမီတာ (၁၄၁၅ ဘီလျံ…

    Continue reading →: မြန်မာ့ရေအရင်းအမြစ်များ
  • ရန်ကုန်မှာ တစ်နှစ်ကို ပျမ်းမျှ မိုးရေချိန် လက်မ တစ်ရာကျော် ရွာတယ်။ တစ်နှစ်ကို ရွာတဲ့ မိုးအတိုင်းအတာ ကိုးပေနီးပါး ရှိတယ်။ မြို့တော် စည်ပင်သာယာ နယ်နိမိတ်က 231 square miles လောက်ရှိတယ်လို့ အချက်အလက် အချို့ အရ သိရပါတယ်။ ဒီအရွယ်က စင်ကာပူ ကျွန်းမကြီး အရွယ်အစားနဲ့ မတိမ်းမယိမ်းပါ။ တွက်ကြည့်ရင် မြို့တော်စည်ပင် နယ်နိမိတ်အတွင်းမှာတင် တစ်နှစ်ကို မိုးရေ ဂါလန် သန်းပေါင်း သုံးသိန်း ခြောက်သောင်း (ကုဗမီတာ သန်းပေါင်း 1600 ခန့် = 425,163 MILLIONS US GALS) လောက် ရွာတဲ့ မိုးကို လက်ခံ…

    Continue reading →: ရန်ကုန်နှင့်မိုးရေ (Ko Chaw)
  • အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၊ ကနေဒါ၊ ဂရင်းလန်းကျွန်း၊ ရုရှားနိုင်ငံတို့က ဝိုင်းပတ်ထားသော အာတိတ်ဒေသများသည် တစ်နှစ်ပတ်လုံး ရေခဲနေသောနေရာ(ပထမပုံ) ဖြစ်ခဲ့သော်လည်း ကမ္ဘာ၏အပူချိန် တဖြည်းဖြည်း တက်လာသဖြင့် လွန်ခဲ့သောနှစ်များမှစ၍ ယင်းဒေသရေခဲပြင်၏ အချို့နေရာများသည် နွေအခါ စတင်အရည်ပျော်လာလျက်ရှိသည်။ အဆိုပါဖြစ်ရပ်သည် ရာသီဥတုပြောင်းလဲမှု၏ဆိုးကျိုးဖြစ်သော်လည်း “ဘေးထွက်ကောင်းကျိုး”နှစ်မျိုး ရှိသည်။ ပထမကောင်းကျိုးမှာ ရေခဲပြင်ကြီးအရည်ပျော်သွားခဲ့လျှင် ယင်းဒေသ သမုဒ္ဒရာကြမ်းပြင်အောက်တွင် ရှိနေနိုင်သော ရေနံနှင့်သဘာဝဓာတ်ငွေ့ အပါအဝင် သယံဇာတများကိုတူးဖော်ရန် လက်လှမ်းမီလာမည်။ အဆိုပါအလားအလာကြောင့် ယင်းဒေသကို ကနေဒါနှင့်ရုရှားတို့က သူပိုင်သည် ငါပိုင်သည်ဟု စတင် ပြောဆိုလာကြသည်။ အခြားဥရောပနိုင်ငံများ၊ ဂျပန်နှင့်အမေရိကန်တို့ကတော့ ပွင့်လာသည့် အာတိတ်ဒေသသည် တစ်နိုင်ငံတည်းနှင့်သာဆိုင်သည်မဟုတ်၊ နိုင်ငံတကာပိုင်ဖြစ်သည်ဟု ဆိုနေသည်။ ဒုတိယကောင်းကျိုးမှာ တစ်နှစ်လျှင် နွေအခါလပိုင်းမျှဖြစ်စေ သင်္ဘောလမ်းပွင့်သွားနိုင်ခြင်း ဖြစ်သည်။…

    Continue reading →: ရေခဲပြင်အရည်ပျော်ခြင်း၏ကောင်းကျိုးနှစ်မျိုး