• ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် လေထုနှင့်ရေထုကိုသာမက လူနှင့်အခြားသက်ရှိများကိုလည်း တိုက်ရိုက်ထိခိုက်လျက် ရှိသည်။ လူတို့ ရောဂါဖြစ်ပွားမှုများနှင့်သေဆုံးမှုများ တိုးပွားနေသည်။ အပူချိန်မြင့်မားလာနေသောကမ္ဘာတွင် အပူလှိုင်းကျရောက်မှုတိုးပွားလာရန် သေချာနေကြောင်း ပညာရှင်များက ပြောဆိုထားသည်။ ပူပြင်းသောအချိန်များတွင် ကိုယ်ခန္ဓာအေးမြစေရန်အတွက် နှလုံးနှင့် သွေးကြောစနစ်များ ပိုအားစိုက်၍ အလုပ်လုပ်သည်။ နှလုံး ပိုအလုပ်လုပ်ရမှုကြောင့် ပင်ကိုက နှလုံး အားနည်းသူ နှလုံးရောဂါရှိသူများအတွက် နှလုံးထိခိုက်တတ်သည်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း အပြင် အသက်ရှူလမ်းကြောင်းရောဂါများလည်း ပိုမို ဖြစ်ပွားသည်။ မြင့်မားသောအပူချိန်တွင် မြေပြင်နှင့်နီးကပ်နေသော လေထုအလွှာရှိ အိုဇုန်းဓာတ်ပမာဏ တိုးမြင့်လာသည်။ လေထုအပေါ်ပိုင်းရှိ အိုဇုန်းတို့သည် အာကာသထဲမှအန္တရာယ် ခရမ်းလွန်ရောင်ခြည်များကို မြေပြင်ပေါ် ကျမလာအောင်တားဆီးပေးခြင်းဖြင့် အကျိုးပြုသော်လည်း မြေပြင်ဝန်းကျင် လေထုတွင်းရှိ အိုဇုန်းတို့သည်မူ လူ့ကျန်းမာရေးကို ထိခိုက်စေသည်။ အိုဇုန်းကြောင့်…

    Continue reading →: ပူနွေးကမ္ဘာနှင့်နယ်ချဲ့ရောဂါများ
  • ၁၉၀၀ ပြည့်နှစ်က ကမ္ဘာပေါ်တွင်လူသန်း ၁၆၅၀ သာရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင်ကမ္ဘာ့လူဦးရေသန်း ၆၀၀၀ ပြည့်ခဲ့ပြီး ယနေ့သန်း ၇၈၀၀ ကျော်သွားခြင်းဖြစ်စဉ်နှင့်အတူ စီးပွားရေးမြင့်မားလာ၍ ပျမ်းမျှတစ်ဦးချင်း ဝင်ငွေ ကောင်းလာပြီး လူနေမှုအဆင့်အတန်းလည်းတိုးတက်လာခြင်းတို့ကြောင့် ဒုတိယကမ္ဘာစစ်ပြီးချိန်မှစ၍ ရေသုံးစွဲမှု မကြုံစဖူး မြင့်မားလာခဲ့သည်။ ၁၉၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ရေသုံးစွဲမှုပမာဏ ခြောက်ဆတက်ခဲ့သည်။ ဆက်လက်၍တက်နေသော ကမ္ဘာ့လူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင်သန်း ၈၅၀၀ နှင့် ၂၀၅၀ ပြည့်နှစ်တွင် သန်း ၉၈၀၀ ရှိလာမည်ဟုခန့်မှန်းထားသည်။ ကမ္ဘာတွင်လူဦးရေအများဆုံးဖြစ်သည့် တရုတ်နိုင်ငံတွင် လက်ရှိလူဦးရေ ၁၄၃၉ သန်းရှိရာ ၂၀၃၀ ပြည့်နှစ်တွင် သန်း ၁၄၅၀ ရှိလာမည်။ လူဦးရေဒုတိယအများဆုံး အိန္ဒိယနိုင်ငံတွင်…

    Continue reading →: လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး
  • ရန်ကုန်နှင့် စင်ကာပူတို့သည် လူဦးရေငါးသန်းခွဲခန့်စီ ရှိကြသောအချက်တို့တွင် တူညီကြသည်။ ရန်ကုန်ရော၊ စင်ကာပူတွင်ပါ တစ်နှစ်လျှင်မိုးရေချိန်လက်မ ၁၀၀ ခန့်စီရွာသည်။ ရန်ကုန်စည်ပင်သာယာသည် တစ်ရက် ရေဂါလန် ၂၀၅ သန်းခန့်သာ ပေးနိုင်သော်လည်း စင်ကာပူတွင် တစ်ရက်ရေဂါလန်သန်း ၄၃၀ ခန့်ပေးနေရာ ရန်ကုန်ထက် နှစ်ဆကျော်ဖြစ်သည်။ ၁၉၆၅ ခုနှစ်က ရန်ကုန်တွင် ရေပြဿနာကြီးကြီးမားမားမရှိခဲ့ချိန်တွင် ယင်းအချိန်က စင်ကာပူ၌ သောက်ရေအတွက် လမ်းဘေးတွင်တန်းစီစောင့်ဆိုင်းရယူနေခဲ့သည့်အဖြစ်မှ တိုးတက်လာခြင်း ဖြစ်သည်။ ထိုမျှကွာခြားရခြင်းအကြောင်းမှာ စင်ကာပူက ပို၍ချမ်းသာသောကြောင့်ဟုပြောလျှင် တစ်စိတ်တစ်ပိုင်းသာ မှန်သည်။ အဓိကအကြောင်းရင်းမှာ စင်ကာပူတွင် မိုးရေကို အတတ်နိုင်ဆုံးခံယူစုဆောင်းအသုံးချခြင်း အပါအဝင် မှန်ကန်သောရေဘက်ဆိုင်ရာစီမံခန့်ခွဲမှုမဟာဗျူဟာကို ချမှတ်ထားပြီး ယင်းမဟာဗျူဟာအတိုင်း အစိုးရရော၊ နိုင်ငံသားတို့ကပါ လိုက်နာကျင့်သုံးကြသောကြောင့် ဖြစ်သည်။ ပိုက်ခေါင်းလေးခု…

    Continue reading →: စင်ကာပူမှာရွာသည့်မိုး
  • သီရိလင်္ကာနိုင်ငံ၏အနောက်တောင်ဘက် မိုင် ၄၀၀ ကျော်အကွာ အိန္ဒိယသမုဒ္ဒရာထဲတွင် ရှိပြီး ကျွန်းငယ်ပေါင်း ၁၂၀၀ ခန့် ပါဝင်သည့် မော်လ်ဒိုက်(မော်လ်ဒိ(ဗ်)ဟုလည်းအသံထွက်)နိုင်ငံတွင် ရှုမောဖွယ်ကမ်းခြေများ၊ လှပသည့် သန္တာကျောက်တန်းများ ရှိသဖြင့် ကမ္ဘာလှည့်ခရီးသည် အမြောက်အမြားလာရောက်ကြသည်။ မော်လ်ဒိုက်ကျွန်းများ၏ထူးခြားချက်မှာ အလွန်တရာ ညီညာပြန့်ပြူးသော မြေမျက်နှာပြင်ရှိသည့်အချက် ဖြစ်သည်။ မြေပြင်သည် ပြန့်ပြူးရုံတင်မဟုတ် ပျမ်းမျှပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှသုံးပေခွဲမျှသာ မြင့်သဖြင့် မြင့်တက်လာနေသည့် ပင်လယ်ရေပြင်အောက်သို့ တစ်နိုင်ငံလုံး ရောက်တော့မည့် အန္တရာယ်ကို ရင်ဆိုင်နေရသည်။ ကျွန်းသစ်တည် မော်လ်ဒိုက်အစိုးရသည် ယင်းအန္တရာယ်မှကင်းဝေးပြီး အဆောက်အအုံများ ကျပ်ညပ်နေသော မြို့တော်မားလေ(Malé )ထက် ပိုမိုသစ်လွင်ကျယ်ဝန်းသော မြို့သစ်ကို ဖော်ထုတ်ရန် ရည်ရွယ်၍ ဟားလူမားလေ(Hulhumalé ) အမည်ရသည့် ကျွန်းသစ်တစ်ကျွန်းကို မားလေမြို့တော်အနီး ပင်လယ်ထဲ၌…

    Continue reading →: ရေပေါ်မြို့
  • ကမ္ဘာပေါ်၌ ရေများ မည်သို့ စတင်ဖြစ်ပေါ်တည်ရှိနေသနည်းဆိုသော မေးခွန်း၏အဖြေကို ယနေ့အထိတိကျစွာမပေးနိုင်သေးချေ။ လွန်ခဲ့သော နှစ်သန်းပေါင်း ၄၆၀၀ အချိန် စကြဝဠာအတွင်း လွင့်မျောနေခဲ့သော ဓာတ်ငွေ့နှင့် ကျောက်တုံးများ ဖုန်မှုန့်များ ရောနှောပါဝင်သည့် အစုအဝေးကြီးတစ်ခုမှ ကမ္ဘာအပါအဝင်နေအဖွဲ့အစည်း၁အဖြစ်သို့စတင် ပြောင်းလဲပေါ်ပေါက်ခဲ့စဉ်က ယင်းကျောက်တုံးများ ဖုန်မှုန့်များထဲတွင် ရေများလည်းပါဝင်ခဲ့သည်။ သို့သော်အဆိုပါအစုအဝေးကြီး၏အလယ် ဗဟိုတွင် နေဖြစ်ပေါ်လာကာ ယင်း၏အပူဓာတ်ကြောင့် ရေတို့သည် နေနှင့်နီးရာတွင်မရှိနိုင်ကြဘဲ နေနှင့်ဝေးရာတွင်သာရှိခဲ့သည်။ ထို့ကြောင့် နေအဖွဲ့အစည်းဖြစ်ပေါ်စအချိန်တွင် ရေသည် နေနှင့်ဝေးသော စနေဂြိုဟ်ပတ်လည်၊ ကြာသပတေးဂြိုဟ်၏ လ တစ်စင်း၊ နက်(ပ)ကျွန်းဂြိုဟ်၊ ယူရေးနပ်ဂြိုဟ်နှင့် နေအဖွဲ့အစည်း၏ ပြင်ပအနားသတ်ဒေသရှိ ကြယ်တံခွန်များတွင်သာ တည်ရှိနေနိုင်ခဲ့ သည်။ နေနှင့်နီးသောဒေသဖြစ်သည့် ဗုဒ္ဓဟူးဂြိုဟ်နှင့် သောကြာဂြိုဟ် တို့တွင် ရေမရှိနိုင်ချေ။ ကမ္ဘာ့မျက်နှာပြင်ပေါ်တွင်လည်း…

    Continue reading →: ကမ္ဘာ့ရေအစ ကြယ်တံခွန်က
  • လေးဂါလန်ဆန့်ရေပုံးနှစ်ပုံးကိုထမ်းပိုးဖြင့်သယ်သွားနေသော ရေထမ်း သမားတစ်ယောက်ကိုကြည့်၍ မိမိတို့သာဆိုလျှင် သူကဲ့သို့ သယ်ရန် မလွယ်လှကြောင်း တွေးမိကြမည်။ ကိုယ်တိုင်ကသတိမပြုမိသော် လည်း လူတို့သည် ရေထမ်းသမား သယ်နေသည့် ရေသုံးပုံးခန့်ကို အမြဲသယ်နေရသည်။ ပျမ်းမျှအားဖြင့် လူ့ခန္ဓာကိုယ်အလေးချိန်၏ ၇၀ ရာခိုင်နှုန်းသည် ရေများဖြစ်ကြရာ မိမိကိုယ်တွင်းရှိ ရေပမာဏကို သိလိုလျှင် ကိုယ်အလေးချိန် (ပေါင်)ကို ၀ . ၇ နှင့်မြှောက်ရသည်။ ယင်းကိုဂါလန်ဖြင့် သိလိုပါက ၀ . ၁၂ နှင့်ထပ်မြှောက်ရသည်။ ဥပမာ ပေါင် ၁၅၀ လေးသောသူတွင်ရေ ၁၀၅ ပေါင်မျှပါပြီး ထုထည်အားဖြင့်မူ ၁၂ . ၆ ဂါလန်ရှိရာ လေးဂါလန်ဆန့် ရေသုံးပုံးကျော်မျှ ဖြစ်သည်။ ကလေးသူငယ်များတွင်…

    Continue reading →: ရေမရှိ အသက်မရှိ
  • ကျေးလက်လူဦးရေက မြို့နေလူဦးရေထက် များနေသေးသော်လည်း ယခုအခါ ကမ္ဘာတွင် မြို့နေလူဦးရေသည် ကျေးလက်လူဦးရေထက် ကျော်လွန်သွားပြီး ဖြစ်သည်။ တသဲသဲ ဝင်လာနေသော လူတို့အတွက် နိုင်ငံအတော်များများတွင် မြို့ပြအကွက်အကွင်းများကို လျင်မြန်လှသောအရှိန်အဟုန်ဖြင့် ချဲ့ထွင်နေကြရသည်။ အသစ်အသစ်သောအဆောက်အအုံများသာမက မြို့ပြအင်္ဂါရပ်များဖြစ်ကြသည့် ကွန်ကရစ်နှင့်ကတ္တရာပြင်များ၊ လမ်းများသည်လည်း ဟိုမှသည်မှ ပေါ်ထွက်လာနေသည်။ ကွန်ကရစ်နှင့် ကတ္တရာပြင်များ၊ လမ်းများကြောင့် သွားလာပို့ဆောင်ရေးတွင် အကျိုးရှိသည်မှာမှန်သော်လည်း မိုးရေများ မြေအောက်စီးဝင်နေမှုကို ပိတ်ဆို့လိုက်သည့် ဘေးထွက်ဆိုးကျိုးက ရှိနေသည်။ မြေကြီးထဲစိမ့်ဝင်၍ မရသောအခါ မိုးရေများသည် မျက်နှာပြင်ပေါ်မှတစ်ဆင့် မြောင်းများချောင်းများထဲ စီးဆင်းကြသည်။ မြောင်းများ ချောင်းများက ယခင်ကထက် ထုထည်များပြားသော မိုးရေများကို နုတ်သိမ်း၍မနိုင်သောအခါ လျှံတက်လာသဖြင့် ကမ္ဘာ့မြို့ကြီး အများအပြားတွင် ဖြေရှင်းရမလွယ်သော ပြဿနာတစ်ခု ဖြစ်လာသည်။…

    Continue reading →: ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း