• တစ်ချိန်က တရုတ်နိုင်ငံတွင် မြစ်ပေါင်း ၅၀၀၀၀ ခန့်ရှိခဲ့ရာမှ တရုတ်ရေအရင်းအမြစ်ဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်က လူပေါင်း ၈၀၀၀၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့သော အမျိုးသားရေသန်းခေါင်စာရင်းအရ ရေဝေဧရိယာ စတုရန်းမိုင် ၄၀ နှင့် အထက်ရှိသောမြစ် ၂၂၉၀၉ စင်းသာရှိတော့ကြောင်း သိရရာ နှစ်ပေါင်း ၂၀ ကျော်အတွင်း တရုတ်မြစ်ချောင်းပေါင်း ၂၈၀၀၀ ခန့် တိမ်ကောသွား၊ ပျောက်ဆုံးသွားခြင်းပင် ဖြစ်သည်။ ထိုသို့ မြစ်များလျော့နည်းရခြင်းမှာ စာရင်းကောက်ယူရာတွင် မတိကျမှု၊ မှားယွင်းလွဲချော်မှု၊ ရေနှင့် မြေဆီလွှာ လျော့နည်း ဆုံးရှုံးမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့်ဟု တရုတ်အစိုးရ တရားဝင်သတင်းထုတ်ပြန်ချက်က ဆိုသည်။ စာရင်းအင်းပြုစုရေး အားနည်းချက်များဆိုရာ၌ တရုတ်နိုင်ငံ၏ စာရင်းကောက်ယူမှတ်တမ်းတင်ရေးစနစ်တွင် လိုအပ်ချက်များ ရှိနေသည်မှာ အမှန်…

    Continue reading →: တရုတ်မြစ်ပေါင်း ၂၈၀၀၀ ပျောက်ဆုံးသွားသည့်ကိစ္စ
  • Engineering Department-Water & Sanitation,Yangon City Development Committee ၏ Facebook Page ၌ တွေ့ရသော ပုံများကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

    Continue reading →: ရေကာတွန်းများ
  • ယခုအသက် ၃၅ နှစ်အရွယ်ရောက်နေသူ အရွန်ခရစ်ရှနာမူရ်သီး(Arun Krishnamurthy)သည် သူဆယ်ကျော်သက် အရွယ်တုန်းက သူ့အိမ်အနီးရှိ ရေကန်ကို ကြည့်ရင်း စိတ်မချမ်းမသာဖြစ်ခဲ့ရပုံကို ပြန်သတိရနေသည်။ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့သား အရွန်ခရစ်ရှနာမူရ်သီး နေခဲ့သောအိမ်ဘေးရှိ ကန်သည် ရေကန်ဟုဆိုသော်လည်း အမှိုက်များဖြင့် ပြည့်နေသဖြင့် သူ၏ငယ်စဉ်ဘဝသည် ပျော်စရာ မကောင်းခဲ့ပေ။ သို့သော် ယင်းကန်ကြီးကြောင့်ပင် ခရစ်ရှနာမူရ်သီး၏ ဘဝ၌ အချိုးအကွေ့တစ်ခု ဖြစ်ခဲ့ရသည်။ အမှိုက်ကန်ကြီးကို နိစ္စဓူဝမြင်ရင်း ကြီးပြင်းလာသူ ခရစ်ရှနာမူရ်သီး အရွယ်ရောက်လာသောအခါ ၂၀၀၇ ခုနှစ်၌ အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်ရှိ ဂူးဂဲလ်(Google)ကုမ္ပဏီတွင် စာရင်းကိုင်အဖြစ်အမှုထမ်းသည်။ ဝန်ထမ်းဖြစ်လာသော်လည်း ငယ်စဉ်ကမြင်ခဲ့ရသော အမှိုက်များဖြင့် ပြည့်နေသော ကန်ကြီးကို မေ့၍မရချေ။ လုပ်ဖော်ကိုင်ဖက်များ၊ အထက်အရာရှိများနှင့် ကြုံတိုင်း ယင်းရေကန်အကြောင်း၊…

    Continue reading →: ရေကန်ကြီးပေါင်း ၁၄၀ ကျော်ကို ဦးဆောင် ရှင်းလင်း သန့်စင်ပေးသူ အိန္ဒိယလူငယ်တစ်ဦး
  • ၁။ စကားဦး ကျွန်တော် ငလျင်ပညာရှင် မဟုတ်ပါ။ သို့သော် မြေအောက်ရေနှင့် စက်ရေတွင်းဆိုင်ရာ လုပ်ငန်းများကို ကျေးရွာရေရရှိရေး ဝန်ထမ်းဘ၀ (၁၉၈၀-ခုနှစ်)ကစ၍ စဉ်ဆက်မပြတ် လေ့လာမှတ်သား လုပ်ကိုင်ခဲ့ပါသည်။ မြေအောက်ရေနှင့် စက်ရေတွင်းများ ဆိုင်ရာ အတိုင်ပင်ခံ၊ အကြံပေးအလုပ်များကို လုပ်ကိုင်နေဆဲဖြစ်ပါသည်။ ရေအရေးဆိုင်ရာ ဆောင်းပါးများကို ပြည်သူများအတွက် ဂျာနယ်၊ စာစောင်များ၊ အင်တာနက် စာမျက်နှာများတွင် အခါအားလျော်စွာ ရေးသားပါသည်။ ဤဆောင်းပါးသည် ငလျင်ကြောင့် မြေအောက်ရေနှင့် စက်ရေတွင်းများ၌ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေနှင့် ကြုံတွေ့နိုင်သည့် အန္တရာယ်များကို ရေးသားထားခြင်းဖြစ်ပါသည်။ ၂ ။ ငလျင်နှင့်မြေအောက်ရေ ၂-၁။ ငလျင်သည် ကမ္ဘာမြေကြီး၏ အပေါ်မျက်နှာပြင် တုန်လှုပ်မှု၊ တုန်ခါမှုပင် ဖြစ်သည်။ ငလျင်လှိုင်းသည်…

    Continue reading →: ငလျင်နှင့် မြေအောက်ရေ (မောင်ကျေးရေ (ခေတ္တ ကယ်လီဖိုးနီးယား))
  • တစ်ခေတ်တစ်ခါက ရေကြီးမှုတွေကာကွယ်ဖို့ဆိုရင် မြေသားတာတမံတွေ အခိုင်အမာ တည်ဆောက် မြှင့်တင်ပြီး ကာကွယ်ခဲ့ကြပါတယ်။ Structural Measure လို့ဆိုတဲ့ အင်ဂျင်နီယာ အဆောက်အအုံနဲ့ ဖြေရှင်းတဲ့နည်းပေါ့။ ရေဘေးကာကွယ်ရေးတွေ အဓိကလုပ်နေတဲ့ ကျွန်တော်တို့ရဲ့မိခင်ဌာန ဆည်မြောင်းမှာလည်း ဒီနေ့အထိ ဒီနည်းပဲ အဓိကထားလုပ်နေတာပါ။ ဒီအကြောင်းအရာနဲ့ ဆက်နွှယ်ပြီး “ဧရာဝတီရေကြီးမှု ပြဿနာကို ဆည်မဆောက်ဘဲ တာဆင့် တာမြှင့်နည်းတွေနဲ့ လုပ်လို့မရနိုင်ဘူးလား”လို့ ကမ္ဘာ့ဘဏ်မှာ ဒီနေ့အထိ အတိုင်ပင်ခံအင်ဂျင်နီယာလုပ်နေတဲ့ ဝါရင့်ဆရာသမားတစ်ဦးကို ကျွန်တော် မေးမြန်းခဲ့ဖူးပါတယ်။ “နှစ်တိုင်း အနည်နဲ့နုန်းပို့ချလို့ မြင့်တက်လာတဲ့ ဧရာဝတီမြစ်ကြမ်းပြင်အတိုင်း တာတွေ လိုက်မြှင့်နေမှာလား”လို့ ဆရာက ကျွန်တော့ကို ပြန်မေးပါတယ်။ သုတေသနလေ့လာမှု အလွန်တရာအားနည်းတဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ အင်ဂျင်နီယာတွေဟာ ဧရာဝတီအကြောင်း၊ ပြီးတော့…

    Continue reading →: မြစ်တို့ရဲ့အခွင့်အရေး (အေးမြင့်-ညောင်တုန်း)
  • မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာကြားရှိ ကျိုက်နဲရေလယ်ဘုရားသို့ ၂၀၂၁ နိုဝင်ဘာ ၂၁ နေ့က ဘုရားဖူးသွားသူအချို့ ပင်လယ်လှိုင်းပုတ်၍ အသက်ဆုံးခဲ့ရသည်။ ကျိုက်နဲရေလယ်ဘုရား၏ ထူးခြားချက်မှာ ကမ်းခြေမှ ၁ မိုင် ၆ ဖာလုံခန့်အကွာ ပင်လယ်တွင်း၌ တည်ရှိပြီး ဘုရားဘက်သို့ ဦးတည်သည့် လမ်းတစ်ခုရှိခြင်း ဖြစ်သည်။ ယင်းလမ်းကို ပထဝီဝင်ဝေါဟာရဖြင့် သဲခုံစွယ်(Spit)ဟု ခေါ်ကြောင်း သိရသည်။ အချို့ကမ်းခြေများတွင် ရေစီးကြောင်းနှင့် လေတိုက်ခတ်မှုတို့ကြောင့် ရေအောက်ရှိ သဲနှင့်ကျောက်စရစ်များ မို့တက် စုပုံလာကာ ကမ်းခြေမှအစွယ်ပုံစံ ထိုးထွက်တည်ရှိသော သဲနှင့်ကျောက်ခုံကို သဲခုံစွယ်ဟု ခေါ်သည်။ အမြဲတန်းပေါ်နေသော သဲခုံစွယ်ရှိသကဲ့သို့ ဒီရေအတက်အကျပေါ်မူတည်ပြီး ပေါ်လိုက် ပျောက်လိုက်ဖြစ်နေသည့် သဲခုံစွယ်များလည်း ရှိသည်။ ဝဲကလောင်းကျေးရွာနှင့်…

    Continue reading →: သဲခုံစွယ်နှင့် ပင်လယ်ရေပြင်မြင့်တက်မှု
  • စကော့တလန်နိုင်ငံ ဂလပ်စဂိုမြို့၌ ရက်သတ္တနှစ်ပတ်ကြာပြုလုပ်ခဲ့သော COP 26 ခေါ် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေးသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က အောက်ပါ အဓိကသဘောတူညီချက် သုံးခုကို ချမှတ်၍ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ ၁ – ကမ္ဘာ့အပူချိန်ကို စက်မှုတော်လှန်ရေးခေတ်မတိုင်မီကထက် ၁ . ၅ စင်တီဂရိတ် ပိုမတက်အောင် ထိန်းထားနိုင်ရေး လာမည့်နှစ်တွင် ထပ်မံစည်းဝေးကြဖို့ သဘောတူကြသည်။ ၂ – ကျောက်မီးသွေး အသုံးလျှော့ချရန် ပထမဆုံးအကြိမ် သဘောတူကြသည်။ ၃ – ဖွံ့ဖြိုးဆဲနိုင်ငံများအား ငွေကြေးအကူအညီပိုပေးရန် သဘောတူကြသည်။ ကမ္ဘာ့အပူချိန်ကို စက်မှုတော်လှန်ရေးခေတ်မတိုင်မီကထက် ၁ . ၅…

    Continue reading →: ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေး