-
Continue reading →: ရေဘက်ဆိုင်ရာ ကဏ္ဍနှင့် ပတ်လည် စီးပွားရေး ပုံစံ
ပြန့်ကား ကြီးထွားလာနေသော မြို့ကြီးများနှင့်အတူ စိန်ခေါ်မှုများကလည်း လိုက်ပါ ကြီးမားလာနေသည်၊ ၂၀၅၀ ပြည့်နှစ်တွင် မြို့ပြ လူဦးရေသည် ယခုထက် နှစ်ဆများလာမည်၊ လက်ရှိတွင် မြို့ပြများ၏ ရေအသုံးသည် ကမ္ဘာ့စုစုပေါင်း ရေအသုံး၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြား ရှိနေရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ ရောက်လာမည်ဟု ခန့်မှန်းကြသည်။ ရေလိုအပ်ချက် များပြားလာခြင်းနှင့်အတူ စွန့်ပစ်ရေ ပမာဏနှင့် ရေညစ်ညမ်းမှုတို့သည်လည်း သဘာဝကျစွာ ကြီးထွားလာမည်။ ရေမဖူလုံမှု၊ ရှိသည့်ရေ ညစ်ညမ်းမှု ပြဿနာကို ကမ္ဘာမြို့ကြီးတိုင်း ရင်ဆိုင်ရမည် ဖြစ်သော်လည်း ဖွံ့ဖြိုးဆဲနှင့် ဝင်ငွေနည်း နိုင်ငံများရှိ မြို့ကြီးများအား စိန်ခေါ်ချက်သည် ပို၍ များသည်။ ယင်းကို…
-
Continue reading →: ဖနွမ်းပင် ရေပေးရေး အာဏာပိုင်အဖွဲ့၏ စွမ်းဆောင်မှုများ
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၏ လူဦးရေသည် ၁၉၉၃ ခုနှစ်က တစ်သန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၂ . ၁ သန်းအထိ များပြားလာခဲ့သည်၊ နိုင်ငံ့လူဦးရေ၏ ၁၄ ရာခိုင်နှုန်းနှင့် ညီမျှသည်။ ဖနွမ်းပင် လူဦးရေ တိုးတက်နှုန်းသည် ၃ . ၂ ရာခိုင်နှုန်း ဖြစ်ရာ နိုင်ငံပျမ်းမျှထက် သုံးဆ များပြားသည်၊ မြို့တော်၏ ဧရိယာသည်လည်း လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ကထက် နှစ်ဆခန့် ကျယ်ပြန့်လာခဲ့သည်။ ဖနွမ်းပင် ရေပေးရေး အာဏာပိုင်အဖွဲ့ကို ၁၉၆၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့သည်၊ ကမ္ဘောဒီးယား ပြည်တွင်း အခြေအနေများနှင့်အတူ ယင်းအဖွဲ့၏ ကနဦး အခြေအနေသည် စိတ်ပျက်ဖွယ်ရာများနှင့်…
-
Continue reading →: မြေအောက်ရေ အသုံးနှင့် စနစ်တကျ ပြန်လည် ဖြည့်တင်းခြင်း
၂၀၁၇ ခုနှစ် အတွင်းက တစ်ကမ္ဘာလုံး၌ မြေအောက်ရေ ၉၅၉ ကုဗ ကီလိုမီတာ ထုတ်ယူ သုံးစွဲခဲ့သည်၊ စိုက်ပျိုးရေး အတွက် ၆၉ ရာခိုင်နှုန်း၊ သောက်သုံးရန် ၂၂ ရာခိုင်နှုန်းနှင့် စက်မှုလုပ်ငန်းများအတွက် ၉ ရာခိုင်နှုန်း အသီးသီး သုံးခဲ့သည်။ ဆည်မြောင်း ရေသွယ် စနစ်တွင် မြေအောက်ရေကို ၂၅ ရာခိုင်နှုန်း သုံးသည်၊ မြေအောက်ရေအပေါ် မြောက်အမေရိက ဆည်မြောင်း ရေသွယ် စနစ်က ၅၉ ရာခိုင်နှုန်းနှင့် တောင်အာရှ ဆည်မြောင်း ရေသွယ် စနစ်က ၅၇ ရာခိုင်နှုန်း အသီးသီး မှီခိုနေရသည်။ ကဏ္ဍစုံ၌ အာရှ ပစိဖိတ်ဒေသက မြေအောက်ရေ အများဆုံး သုံးသည်၊…
-
Continue reading →: ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ခြောက်ခုမြောက် အစီရင်ခံစာ
ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်း (Intergovernmental Panel on Climate Change (IPCC) ) က ၂၀၂၂ ဖေဖော်ဝါရီ ၂၈ က ခြောက်ခုမြောက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်၊ ယင်းအစီရင်ခံစာကို ပညာရပ် နယ်ပယ်တွင် The Sixth Assessment Report (AR6) ဟု ခေါ်သည်၊ AR6 တွင် ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုများ၊ ယင်းသက်ရောက်မှုကို အထိအခိုက် အနည်းဆုံးဖြင့် ရင်ဆိုင်နိုင်ရန် ပြင်ဆင်ခြင်းများ၊ ထိခိုက်နိုင်ခြေများကို ဖော်ပြထားသည်။ အဆိုပါ အစီရင်ခံစာမှ ရေနှင့်ဆက်စပ်သည့် အရေးပါသောအချက်များကို ကောက်နုတ် ဖော်ပြရလျှင် – ၁…
-
Continue reading →: မျက်နှာဖုံးအသစ် တပ်ထားသော ခေတ်ဟောင်း လုပ်ရပ်တစ်ခု – ရာသီဥတု ပြောင်းလဲနေချိန်၌ ရေကို လက်နက်အဖြစ် အသုံးပြုခြင်း
( Pacific Research Institute မှ Christina Kohler ၏ An Ancient Practice with a New Face: The Use of Water as a Weapon in Times of Climate Change ဆောင်းပါးကို အကျဉ်းချုပ် ပြန်ဆိုခြင်း ဖြစ်ပါသည်။) သမိုင်းတလျှောက်၌ နိုင်ငံ အစိုးရများရော အစိုးရ မဟုတ်သူများပါ သူတို့၏ အာဏာ စွမ်းအားဖြင့် ပြည်သူများကို ဖိနှိပ်ရန် သို့မဟုတ် တိုက်ပွဲများတွင် အသာစီးရရန် ရေနှင့် ရေဘက်ဆိုင်ရာ အဆောက်အအုံများကို အသုံးချခဲ့ကြသည်။ ယနေ့တွင် ရာသီဥတု…
-
Continue reading →: ရေကို ငွေထက် ချွေတာသုံးလာသော ဆော်ဒီအာရေဗျနိုင်ငံ
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်စ၍ ရေနံကြောင့် သူဌေးဖြစ်လာခဲ့သည့် ဆော်ဒီအာရေဗျ နိုင်ငံတွင် ရေအရင်း အမြစ်များက အလွန် ဆင်းရဲလှသည်၊ ပျမ်းမျှ တစ်နှစ် မိုးရေချိန် ၁၅၀ မီလီမီတာ (ခြောက်လက်မ) မျှသာ ရွာသည်၊ မြန်မာ့ ခြောက်သွေ့ ဒေသထက်ပင် မိုးနည်းသည်၊ ဆော်ဒီ၌ အမြဲ စီးဆင်းနေသော မြစ်ချောင်းများလည်း မရှိသောကြောင့် သာမန်တွေးပါက ဆော်ဒီတွင် ရေကာတာ မရှိဟု ထင်နိုင်သည်။ မြေပေါ်ရေ သို့သော် နည်းပါးလှသော မိုးရေသည်ပင် ရံခါ လျှပ်တစ်ပြက် ရေကြီးသည်အထိ ဖြစ်တတ်သေးရာ ယင်းရေများကို အလဟသ မဖြစ်စေဘဲ တားဆီး စုဆောင်းထားသော ရေကာတာပေါင်း ၂၀၀ ကျော်ရှိပြီး…
-
Continue reading →: “ရေ” အက်ပလီကေးရှင်း
စတင်ဖြစ်ပေါ်လာပုံ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် နှစ်ကြာရှည်လှသော ပဋိပက္ခများနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ပြည်သူလူထု အားလုံးသည် ရသင့် ရထိုက်သော ကျန်းမာရေး အခွင့်အလမ်းများ မရရှိခြင်း၊ ကျန်းမာရေး အသိပညာများနှင့် အလှမ်း၀ေးခြင်း၊ သန့်ရှင်းရေး ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ မလုံလောက်ခြင်း စသည့် အခက်အခဲ များစွာ ကြုံတွေ့နေကြရပါသည်။ ဤအခက်အခဲများကို ဖြေရှင်းရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါ၀င် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျွန်တော်၊ ကျွန်မတို့ Project YEA မှ လူငယ်များ စုပေါင်းပြီး “ရေ” အက်ပလီကေးရှင်းကို စတင်ခဲ့ပါသည်။ “ရေ” မိုဘိုင်းအက်ပလီကေးရှင်းမိတ်ဆက် “ရေ” မိုဘိုင်း အက်ပလီကေးရှင်းသည် ၂၀၂၁ ခုနှစ်…