-
Continue reading →: ရေထဲရောက် ကာဘွန်ဒိုင်အောက်ဆိုက်
ရေသည် ဓာတ်ပစ္စည်းများပျော်ဝင်ရန် လွယ်ကူသော အရည်ဖြစ်၍ လေထုတွင်းသို့ များပြားစွာ ဝင်ရောက်လာသော ကာဘွန်ဒိုင်အောက်ဆိုက်တို့သည် ရေထုတွင်းသို့လည်း ပျော်ဝင်ရောက်ရှိကြသည်။ ကာဘွန်ဒိုင်အောက်ဆိုက်နှင့် ရေတို့ ရောနှောဓာတ်ပြုကြလျှင် ကာဗွန်နစ်အက်စစ် ဖြစ်လာသည်။ ရေနှင့်အရည်များတွင် အက်စစ်ပါဝင်မှုကို “ပီအိပ်ချ်”အမှတ်ဖြင့် တိုင်းတာသည်။ ပီအိပ်ချ် မြင့်လျှင် အက်စစ် နည်း၍ ပီအိပ်ချ် နိမ့်လျှင် အက်စစ် များသည်။ လေ့လာချက်များအရ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးတွင် ရေထု၏ ပျမ်းမျှပီအိပ်ချ်အမှတ်သည် ၈ ဒသမ ၁၆ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ခန့် စက်မှုတော်လှန်ရေး စတင်ချိန်တွင် ရေထု၏ပီအိပ်ချ်သည် ၈ ဒသမ ၂ ရှိခဲ့ရာမှ ယခု ၈ ဒသမ ၁…
-
Continue reading →: မသိမှုမှပေါက်ဖွားလာသောပူနွေးကမ္ဘာ
ရာသီဥတုဆိုသည်မှာ နေရာဒေသတစ်ခု၏မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊ အေးခြင်းတို့သည် ယင်းနေရာယင်းအရပ်၏ မိုးလေဝသအခြေအနေ ဖြစ်သည်။ ယင်းဒေသတွင် ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများကို ခြုံငုံစုပေါင်း၍ အဆိုပါဒေသ၏ရာသီဥတု မည်သို့ရှိသည်ဟု သတ်မှတ် ပြောဆိုကြသည်။ ဥပမာ အီကွေတာဝန်းကျင်အရပ်များတွင် တစ်နှစ်ပတ်လုံး ပူတတ်ကာ မိုးလည်း နေ့စဉ်လိုလို သို့မဟုတ် လအတန်ကြာရွာသွန်းနေသဖြင့် ယင်းဒေသ၏ နေ့စဉ်မိုးလေဝသအခြေအနေကိုမေးလျှင် ပူသည်၊ မိုးရွာသည် စသည့် အဖြေများကိုသာ ကြားရမည်။ အဆိုပါ နေ့စဉ် ကြုံတွေ့ရ သော မိုးလေဝသ အခြေအနေများကို ကာလကြာ စုပေါင်း၍ အီကွေတာ ဒေသတွင် ပူအိုက်စွတ်စိုသော ရာသီဥတု ရှိသည်ဟု ဆိုရသည်။ ဝင်ရီုးစွန်း အရပ်များတွင်မူ နေ့စဉ်…
-
Continue reading →: ရေဘက်ဆိုင်ရာနိုဘယ်ဆုရှင်
ဆွီဒင်နိုင်ငံ စတော့ဟုမ်းနိုင်ငံတကာရေဘက်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အစည်းသည် ကမ္ဘာတစ်ဝန်းလုံးမှ ရေဘက်ဆိုင်ရာ၌ ထူးချွန်စွာဆောင်ရွက်သူများအား “စတော့ဟုမ်း ရေဘက်ဆိုင်ရာဆု”ကို လွန်ခဲ့သော ၂၅ နှစ်ခန့်မှစ၍ နှစ်စဉ် ရွေးချယ်ချီးမြှင့်ခဲ့သည်။ ယင်းဆုသည် ရေဘက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်၌ ကျော်ကြားလှပြီး “ရေဘက်ဆိုင်ရာနိုဘယ်ဆု”ဟုပင် တင်စားခေါ်ဝေါ်ကြသည်။ ၂၀၁၅ ခုနှစ် “ရေဘက်ဆိုင်ရာနိုဘယ်ဆု”ကို အိန္ဒိယလူမျိုး ရာဂျင်ဒရာဆင်းအား ပေးအပ်ခဲ့သည်။ ဆုချီးမြှင့်ရေးကော်မတီ၏ မှတ်ချက်တွင် ရာဂျင်ဒရာဆင်းသည် ဒေသတွင်း ရေအခက်အခဲကို လူမှုရေးစွမ်းဆောင်ရည်တည်ဆောက်ပြီး ဒေသခံတို့၏ ပူးပေါင်းပါဝင်မှု၊ အမျိုးသမီးတို့ကို အားကိုးတာဝန်ပေး အသုံးချမှု၊ ရှေးရိုးနည်းပညာကို ခေတ်မီသိပ္ပံနည်းများနှင့် ပေါင်းစပ်ပေးနိုင်မှုတို့ကြောင့် ဆုပေးခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ သူသည် ကျေးရွာများကို ရေလွှမ်းမိုးမှုမှကာကွယ်ပေးခြင်း၊ မြေဆီလွှာထိန်းသိမ်းပေးခြင်း၊ မြစ်ချောင်းများကို ကောင်းမွန်စွာစီးဆင်းစေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း…
-
Continue reading →: ထားဝယ်ရေရရှိရေး တနင်္သာရီအပတ်စဉ်နှင့်အမေးအဖြေ
(၁)ထားဝယ်ဒေသဟာ အရင်နှစ်တွေနဲ့မတူဘဲ ရေရှားတဲ့ ကိစ္စ ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်လာနေတာတွေ့ရတယ်။ ဒီနှစ် မုတ်သုန်ဝင်တာကလည်း အရင်နှစ်တွေထက် နောက်ကျ နေတော့ အရင်ကမခန်းဖူးတဲ့ရေတွင်းတွေ၊ အဝီစိတွင်းတွေခန်းလာတာ ကြုံနေရတယ်။ ဆိုတော့ ဒီလိုမျိုးဖြစ်လာတာက ဘယ်လိုအကြောင်းအရာတွေက အဓိက အချက်ဖြစ်နေမလဲ။ ဒီနှစ်မှရုတ်တရက်ကြီး ဆိုးဝါးစွာ ဘာ့ကြောင့် ခန်းလာတယ်ဆိုတာကို အဝေးမှာ နေသူတစ်ယောက် အနေနဲ့ ဖြေဖို့မလွယ်ဘူးဗျ။ ဒါပေမယ့် အရင်ကလည်း တစ်နှစ်ထက်တစ်နှစ်ဆိုးလာနေခဲ့တာကို ကြားနေခဲ့ရတာပဲ။ အကြောင်းရင်းတွေကတော့ ရာသီဥတုပြောင်းလဲလာတယ်၊ လူဦးရေများလာတယ်၊ တစ်ဦးချင်း ရေအသုံး များလာတယ်၊ ကွန်ကရစ်ကတ္တရာစတဲ့ရေပိတ်လွှာ များ လာတော့ မိုးရေတွေမြေအောက်အဝင်နည်းသွားတယ်။ အဲဒီလေးချက်ကြောင့်ပါ။ တစ်ဦးချင်းရေအသုံးများလာ တယ်ဆိုတဲ့နေရာမှာ လူနေမှု အဆင့်မြင့်လာတာကြောင့် ရော၊ ရာသီဥတုပိုပူလာတာကြောင့်ရော ပါတာပေါ့။…
-
Continue reading →: ရန်ကုန်မြို့ပြအကျိုးအတွက်ထပ်ထိုးလိုက်သည့်ခေါင်းလောင်းသံ
မိုးရာသီရောက်သည်နှင့်”မိုးရွာရင် မိုးရေချိုးမယ်”ဟု အော်ဟစ်ကာ သီဆိုမြူးထူး ပျော်ပါးနေသော ကလေး တို့ကို ကြည့်၍ လူကြီးတို့ပါ စိတ်လက်ကြည်နူးရခြင်းကို ရန်ကုန်တွင် အတွေ့ရနည်းလာပြီ ဖြစ်သည်။ ကလေးကစားကွင်းများ၊ ရပ်ကွက်တွင်းပန်းခြံများ၏နေရာတွင် အဆောက်အအုံများ ရောက်လာသည့်အတွက် ကလေးတို့ ဆော့ကစားနိုင်သည့်နေရာပျောက်ပြီး လူကြီးတို့ကမူ အိမ်ထဲသို့ ရေဝင်လာတော့မလားဟု ရင်တမမဖြင့် “ရေကင်းစောင့်” ကြရသည့်ဘဝသို့ ရောက်နေသည်။ ရေကြီးရေလျှံမှုများသည် စည်းကမ်းမဲ့အမှိုက်ပစ်မှုများကြောင့်၊ ဌာနဆိုင်ရာများက ထိရောက်စွာ မလုပ်နိုင် မှုကြောင့်စသည်ဖြင့် အမျိုးမျိုး ပြောနေကြသည်၊ အပြန်အလှန် လက်ညှိုးထိုးနေကြသည်။ စင်စစ်တွင်မူ ရန်ကုန်၏ ရေကြီးရေလျှံမှု ပြဿနာသည် စည်းကမ်းတကျ အမှိုက်စွန့်ကြ၊ ဌာနဆိုင်ရာတို့က ရသမျှ ဘတ်ဂျက်တို့ကို အလေအလွင့် အဖိတ်အစင်မရှိအောင် ထိန်းသိမ်း လုပ်ဆောင်ကြလျှင်သော်မှ ပြေလည်ရန်မလွယ်တော့သည့်…
-
Continue reading →: နှစ်တစ်ရာကျော်က ရန်ကုန်ရေပေးရေးနှင့် မိလ္လာစွန့်စနစ်
၂၀ ရာစုအစပိုင်း ရန်ကုန်မြူနီစီပယ်အဖွဲ့၏ အင်ဂျင်နီယာဌာနတွင် အမြဲတန်းလုပ်သားပေါင်း ၃၀၀၀ ကျော်ရှိပြီး လမ်း၊ တံတား၊ သိုလှောင်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံ၊ မီးသတ်၊ လမ်းရေဖြန်းခြင်းဝန်ဆောင်မှု၊ လမ်းမီး၊ ရေပေးရေးနှင့် မိလ္လာစနစ်တို့ကို တာဝန်ယူလုပ်ဆောင်ရသည်။ ၁၉၀၉-၁၉၁၀ ဘဏ္ဍာနှစ်အတွက် အင်ဂျင်နီယာဌာန၏ ခန့်မှန်းဝင်ငွေသည် ရူပီး ၉၉၆၅၂၁ ဖြစ်သည်။ ယင်းအချိန်က အကောင်အထည်ဖော်နေသောလုပ်ငန်းတို့မှာ ရေကူးရေတွန်းစက်ရုံ တည်ဆောက်ခြင်း၊ မြူနီစီပယ်ရုံးသစ်များ၊ ဈေးများ၊ ကာကွယ်ဆေးထိုးဌာနများ၊ လမ်းသစ်များ၊ ပန်းခြံနှင့် ဥယျာဉ်များ၊ မီးသတ်စခန်း များ၊ နွားမွေးသူတို့အတွက် ရွာများ ဆောက်လုပ်ခြင်း၊ ရေမြောင်းများနှင့် နောက်ဖေးလမ်းကြားများကို အဆင့်မြှင့်ခြင်း၊ လေမှုတ်စက်ရုံများကို တိုးချဲ့ခြင်းတို့ ဖြစ်သည်။ ရေပေးရေး ၁၈၇၈ ခုနှစ်မတိုင်မီက ရန်ကုန်မြို့ကို…
-
Continue reading →: ရေထွက်သန်၍ ရေရှည်ခံသည့် အဝီစိတွင်းများ
မြေအောက်ရေကို အဝီစိတွင်းများဖြင့် တူးဖော်ထုတ်ယူသုံးစွဲခဲ့သည်မှာ ခရစ်တော်မပေါ်မီ ရာစုနှစ်ပေါင်း များစွာကတည်းက ဖြစ်သည်။ တွင်းတူးစက်များ မပေါ်ပေါက်သေးသောခေတ်ဖြစ်၍ လူ့ခွန်အားသက်သက်ဖြင့်သာ ကြိုးပမ်းခဲ့ကြရာ အချို့တွင်းများကို သားစဉ်မြေးဆက် တူးဖော်ရသည့်အထိ ကြာမြင်ခဲ့သည်။ ခေတ်သစ်နည်းပညာနှင့် စက်ကြီးများဖြင့် အဝီစိတွင်း တူးဖော်ခြင်းကိုမူ ၁၉ ရာစု အလယ်ပိုင်းခန့်က ပြင်သစ်ပြည်၌ စတင်နိုင်ခဲ့သည်။ မည်သည့်နည်းကို သုံးသည်ဖြစ်စေ အောင်မြင်သော အဝီစိတွင်း ဖြစ်လာရန် တူးဖော် ရရှိသော မြေသား နမူနာများကို မှတ်သား လေ့လာခြင်းဖြင့် ရေရနိုင်သော အနက်ကို ခန့်မှန်းခြင်းမှာ လွန်စွာအရေးပါသည်။ ရွှံ့မြေ နုန်းမြေတို့ထဲ၌ ခိုအောင်းနေသော ရေပမာဏသည် သဲနှင့် ကျောက်စရစ်မြေတို့ထဲရှိ ရေပမာဏထက် များပြားသည်။ သို့သော် ရွှံ့နှင့် နုန်းတို့၏…