-
Continue reading →: အေရယ်လ်ကုန်းတွင်းပင်လယ်
အေရယ်လ်ပင်လယ်သည် စတုရန်းမိုင် ၂၆၀၀၀ ရှိပြီး မျက်နှာပြင်ဧရိယာအားဖြင့် ကမ္ဘာ့စတုတ္ထအကြီးဆုံး ရေကန်ကြီး ဖြစ်ခဲ့သည်။ အေရယ်လ်ပင်လယ်ထဲသို့ အာမူဒါရီယာနှင့်ဆီရ်ဒါရီယာအမည်ရှိ အဓိကမြစ်ကြီးနှစ်စင်းမှ ရေများ စီးဝင်သည်။ အာမူဒါရီယာမြစ်သည် အာရှတိုက်အလယ်ပိုင်းတွင် အရှည်ဆုံးမြစ်ဖြစ်သည်။ ဆီးနှင်းဖုံးဟိန္ဒူကွတ်ရှ် တောင်တန်းမှ စတင်မြစ်ဖျားခံကာ အာရှအလယ်ပိုင်း မြက်ခင်းပြင်တစ်လျှောက်မိုင် ၁၅၀၀ မျှဖြတ်စီးခဲ့ပြီး အေရယ်လ်ပင်လယ် တောင်ဘက်သို့စီးဝင်သည်။ ဆီရ်ဒါရီယာမြစ်သည် အေရယ်လ်ပင်လယ်၏ မြောက်ဘက်သို့စီးဝင်သည်။ ၁၉၆၀ ပြည့်နှစ်များ၏အစပိုင်းအထိ အေရယ်လ်ပင်လယ်မှ တစ်နှစ်လျှင်ငါးတန်ချိန် ၄၀၀၀၀ မျှ ဖမ်းဆီး ရမိခဲ့သည်။ ဒေသခံတို့သည် တံငါလုပ်ငန်း၊ စည်သွတ်ဘူးလုပ်ငန်း စသည့် ပင်လယ်နှင့်ဆက်စပ်သော အလုပ်အကိုင်များစွာ ရရှိခဲ့သည်။ ဒေသတွင်းမြို့ရွာတို့သည်လည်း အလွန်စည်ပင်ခဲ့သည်။ ထိုစဉ် ဒေသတွင်းဖွံ့ဖြိုးမှုကိုဖျက်ဆီးပစ်မည့် ဆိုရှယ်လစ်စီမံကိန်းကြီးတစ်ခုပေါ်လာသည်။ ထိုစဉ်ကဆိုဗီယက်ယူနီယံအုပ်ချုပ်သူတို့သည် ၁၉၆၀…
-
Continue reading →: ခန်းခြောက်လာသောရေကန်များ
ရေအသုံးလွန်ကဲမှု၊ ခြောက်သွေ့သောရာသီဥတုနှင့် ညစ်ညမ်းမှုတို့သည် ကမ္ဘာ့ရေကန်ကြီးအများအပြားကို ခန်းခြောက်အောင်၊ ရေအရည်အသွေး ကျဆင်းအောင်ဖန်တီးလျက်ရှိသည်။ တရုတ်နိုင်ငံ ပိုယန်းကန် ဒေသခံတို့၏ သောက်သုံးရေ စိုက်ပျိုးရေဇာစ်မြစ်ဖြစ်ရုံမက ဂေဟစနစ် ကောင်းမွန်သဖြင့် ငှက်အများအပြား လာရောက်ကျက်စားရာဖြစ်သော တရုတ်နိုင်ငံ၏ အကြီးဆုံးရေချိုအိုင် ပိုယန်းကန်သည် ၁၇၀၀ စတုရန်းမိုင် ကျယ်သော်လည်း ရေနည်းသောအချိန်များတွင် အိုင်ငယ်ကလေးများအဖြစ်သို့ အစိတ်စိတ်ကွဲလျက်ရှိသည်။ ယင်းရေကန်၏ အထက်ပိုင်းဒေသများတွင်ကြာမြင့်စွာမိုးခေါင်ပြီး ၂၀၁၁ ခုနှစ်တွင် ရွာသောမိုးရေချိန်သည် ပျမ်းမျှထက် ၂၁ ရာခိုင်နှုန်းလျော့နည်းသဖြင့် ကန်ထဲသို့ စီးဝင်သော မြစ်ငါးစင်းတို့၏ရေစီးလည်း လျော့နည်းခဲ့သည်။ မိုးရေနည်းနေသောအခြေအနေကို ပိုယန်းကန်၏အချို့အစိတ်အပိုင်းများအား မြေဖို့ လုပ်ကိုင်နေသော ဆောက်လုပ်ရေးလုပ်ငန်းများက ပို၍ဆိုးရွားစေသည်။ ခြောက်သွေ့ရာသီဖြစ်သည့် ၂၀၁၉ ဒီဇင်ဘာက နှစ် ၆၀ အတွင်း ရေအနိမ့်ဆုံး…
-
Continue reading →: အရည်ပျော်တောင်ထိပ်များ
စာရာမေတိတောင်ထိပ်တောင်ထွတ်မှာ ရေခဲဖုံးအုပ်တယ်လို့ကြားဖူးတယ်၊ ကြားဖူးနားဝတွေကပဲ လွဲတာလား၊ ကမ္ဘာကြီးပူနွေးလာလို့ ရေခဲ မဖုံးအုပ်တော့တာလား၊ ကင်မရာမှာတပ်ထားတဲ့ တယ်လီမှန်ဘီလူးနဲ့ ကြည့်တော့လည်း ရေခဲအစအနကိုမမြင်ရဘူး ဟု ညီပုလေးက စိမ်းလန်းတဲ့ တောင်ကုန်း မြင့်မားတဲ့တောင်တန်း စာအုပ်တွင် ရေးသားခဲ့သည်။ တောင်ထိပ်ရေခဲပြင်များ ပျောက်ကွယ်သွား၍ ညီပုလေးကဲ့သို့ စိုးရိမ်စိတ်ဝင်နေသူသန်းပေါင်းများစွာရှိရာ တိဘက်လယ်သမား ဂျီယာဆွန်လည်းပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တောင်ထူထပ်သောအပိုင်း၌ နေသူဂျီယာဆွန်က ကျွန်တော်တို့ဟာ သဘာဝတရားကြီးကိုနှောင့်ယှက်ဖျက်ဆီးမိခဲ့ပြီဟု ပြောသည်။ ဂျီယာဆွန်သည် နွေရာသီ၏ နေ့တစ်နေ့တွင် ပေ ၂၂၀၀၀ မြင့်သော ကာဝါဂီဘိုတောင်ပေါ်တက်ရင်း မင်ယွန်းရေခဲမြစ်ရှိရာကိုကြည့်၍ ယင်းသို့ပြောခြင်းဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်အထိ တွေ့မြင်နေခဲ့သော မင်ယွန်းရေခဲမြစ်ကို တွေ့နေကျနေရာ၌ မမြင်ရတော့ပေ။ ရေခဲမြစ်သည် တိုဝင်နောက်ဆုတ်သွားခဲ့ပြီ။ ဂျီယာဆွန်သည် တောင်ပေါ်သို့အတန်ငယ်ထပ်တက်ပြီး…
-
Continue reading →: မြစ်ဝှမ်းဒေသအချင်းချင်းရေလွှဲပြောင်းရေး
မိုးကနည်း၊ မြေအောက်ရေမလုံလောက်၊ ရေကာတာဆောက်ရန်လည်း အခြေအနေမပေးသောနေရာများသို့ ရေပေါသောမြစ်ဝှမ်းများမှ ရေများကို လွှဲပြောင်းပေးနိုင်သည်။ လေ့လာချက်တစ်ခုအရ ရေလွှဲပြောင်းရေး စီမံကိန်းများ ကမ္ဘာပေါ်၌ ၇၆ ခုရှိပြီး လွှဲပြောင်းနေသောအကွာအဝေး စုစုပေါင်းမိုင် ၆၅၀၀၀ ကျော်သည်ဟု သိရသည်။ မြစ်ဝှမ်းဒေသအချင်းချင်းရေလွှဲပြောင်းရေးလုပ်ငန်းများကို သြစတေးလျ၊ ကနေဒါ၊ အမေရိကန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် အများဆုံးတွေ့နိုင်သည်။ အဆိုပါစီမံကိန်းများအနက်အကြီးဆုံးမှာ တရုတ်နိုင်ငံတောင်ပိုင်းမှမြစ်ရေများကို နိုင်ငံမြောက်ပိုင်းသို့ ပေးပို့နေသည့် တောင်မြောက်ရေလွှဲစီမံကိန်း ဖြစ်သည်။ မြို့တော်ပေကျင်းအပါအဝင် မြောက်ပိုင်းဒေသများသို့ ယခု ရေစတင် လွှဲပြောင်းပေးနေသည့် ယင်းစီမံကိန်းသည် ၂၀၅၀ ပြည့်နှစ်တွင်မှ အပြီးသတ်မည်။ ပြီးစီးသည်အခါ တစ်နှစ်လျှင် နိုင်ငံတောင်ပိုင်းမှရေကုဗမီတာ ၄၅ ဘီလျံကို မြောက်ပိုင်းသို့ သယ်ယူလွှဲပြောင်းပေးမည်။ ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ၆၂ ဘီလျံရှိမည်ဟု…
-
Continue reading →: နယ်စပ်ဖြတ်စီးမြစ်များ(ရိုင်းမြစ်)
ပြဿနာများသော အခြားနယ်စပ်ဖြတ်စီးမြစ်များနှင့်မတူ တည်ငြိမ်အေးချမ်းသည့် နယ်စပ်ဖြတ်စီးမြစ် တစ်စင်းမှာ ဥရောပတိုက်ရှိ ရိုင်းမြစ် Rhine ဖြစ်သည်။ ရိုင်းမြစ်သည် ဆွစ်ဇာလန်နိုင်ငံ၌မြစ်ဖျားခံကာ သြစတြီးယား၊ ပြင်သစ်၊ ဂျာမနီနှင့်နယ်သာလန်နိုင်ငံတို့ကို ဖြတ်ပြီး မြောက်ပင်လယ်ထဲသို့စီးဝင်သည်။ မြစ်ရိုး တစ်လျှောက်တွင် ဆွစ်ဇာလန်နိုင်ငံ ဘားဇယ်၊ ပြင်သစ်နိုင်ငံ စထရာ(စ်)ဘူး၊ ဂျာမနီနိုင်ငံ ကိုလုံး၊ နယ်သာ လန်နိုင်ငံ ရော့တာဒမ်စသည့် မြို့ကြီးအများအပြား၊ စက်မှုလုပ်ငန်း အများအပြားရှိသည်။ လူဦးရေသန်း ၂၀ ခန့် ရိုင်းမြစ်ရေကို သောက်သုံးနေကြသည်။ ရိုင်းမြစ်သည် နိုင်ငံအများအပြားကိုဖြတ်၊ လူနေထူထပ်သည့်အပြင် စက်မှုလုပ်ငန်းလည်း ထွန်းကားသော်လည်း ရိုင်းမြစ်ရေနှင့်ပတ်သက်၍ အငြင်းပွားမှုနည်းပါးသည်။ အကြောင်းမှာ မြစ်ရိုးတလျှောက်နိုင်ငံများသည် အဆင့်မြင့်နည်းပညာများပိုင်ဆိုင်ပြီး ငွေကြေးတောင့်တင်းသည့်အပြင် ရိုင်းမြစ်ကာကွယ်ရေး နိုင်ငံတကာကော်မရှင်ဖွဲ့၍ ရေရယူသုံးစွဲရေး၊ သွားလာရေး၊…
-
Continue reading →: နယ်စပ်ဖြတ်စီးမြစ်များ(နိုင်းလ်မြစ်)
အီသီယိုပီးယားသည် မဟာအီသီယိုပီးယားပြန်လည်ရှင်သန်ခြင်းရေကာတာ Grand Ethiopian Renaissance Dam ဟု ခေါ်သည့်ပေ ၅၈၀၀ ကျော်ရှည်၊ ပေ ၅၀၀ နီးပါး မြင့်သောလျှပ်စစ်စွမ်းအင်မက်ဂါဝပ် ၆၀၀၀ ထုတ်နိုင်စွမ်းရှိမည့် ဧရာမ ရေကာတာကြီးကို နိုင်းလ်မြစ်၏ လက်တက်ဖြစ်သော ဘလူးနိုင်းလ်ပေါ်တွင် ဆောက်လုပ်နေရာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်သည်။ နိုင်းလ်မြစ်အောက်ပိုင်းရှိ အီဂျစ်က သူတို့ရေအရနည်းသွားမည်ကိုစိုးရိမ်သဖြင့် ရေကာတာ စဆောက်သည့် ၂၀၁၁ ခုနှစ်ကတည်းက ကန့်ကွက်လာခဲ့သော်လည်း မအောင်မြင်ခဲ့၍ ယခုအခါ ရေကာတာ ရေဖြည့်ချိန်ကိုသာ ဆွေးနွေးနေကြရသည်။ ဧရာမရေကာတာကို အီသီယိုပီးယားတို့က သုံးနှစ်နှင့်အပြည့် ဖြည့်လိုသည်။ ဤသည်ကိုအီဂျစ်က လက်မခံ၊ ထိုမျှမြန်မြန်ဖြည့်လျှင် အီဂျစ်ရောက် နိုင်းလ်မြစ်ရေသည် သိသာစွာနည်းသွားမည်။ ၁၀…
-
Continue reading →: နယ်စပ်ဖြတ်စီးမြစ်များ(မဲခေါင်မြစ်)
မဲခေါင်မြစ်သည် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် ခြောက်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းသည်။ တိဘက်ကုန်းမြင့်တွင်မြစ်ဖျားခံသော မဲခေါင်နှင့်ယင်း၏လက်တက်များသည် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နှင့်ဗီယက်နမ်ရှိ လူသန်း ၆၀ တို့အတွက် အစားအစာ၊ သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် ခရီးသွား လာရေးအတွက် များစွာအထောက်အကူပေးသည်။ မဲခေါင်သည် မြစ်ဖျားခံရာ တရုတ်ပြည်မှတောင်တရုတ်ပင်လယ်တွင်း စီးဝင်ရာအထိ မိုင် ၂၆၀၀ ရှည်လျားသည်။ မဲခေါင်မြစ်ကြောင့် ဒေသတွင်းရေကြောင်း သွားလာရေးအဆင်ပြေခြင်း၊ သောက်သုံးရေ စိုက်ပျိုးရေနှင့် စက်မှုလုပ်ငန်းသုံး ရေရရှိခြင်း၊ ရေအားလျှပ်စစ်ထုတ်ယူနိုင်ခြင်း၊ ဂေဟစနစ်များ ရှင်သန်ခြင်း၊ ငါးလုပ်ငန်း ဖြစ်ထွန်းခြင်းစသည့် အကျိုးကျေးဇူးများ ရှိသည်။ မြစ်ကြေဒေသကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့တွင် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများအကြီးအကျယ်အောင်မြင်သည်။ မဲခေါင်မြစ်အတွင်း ဂေဟစနစ်များ…