• ၂၀၂၁ ခုနှစ် ရူပဗေဒနိုဘယ်ဆုကို အောက်ပါပညာရှင်သုံးဦးက ပူးတွဲရရှိသည်။ သူတို့သုံးဦး၏ သီးခြားလုပ်ဆောင်ချက်များသည် ရာသီဥတုမော်ဒယ်များ၏ အခြေခံကောင်းများကို ဖော်ထုတ်ပေးပြီး ရာသီဥတုပြောင်းလဲခြင်းကို ပညာရှင်တို့ သဘောပေါက်လာစေရန် ကောင်းစွာအထောက်အကူပြုသဖြင့် နိုဘယ်ဆုရရှိခြင်းဖြစ်သည်။ ဆုကြေးဆွီဒင်ခရိုနာ ၁၀ သန်း(အမေရိကန်ဒေါ်လာ ၁ . ၁ သန်းခန့်)ဖြစ်သည်။ Syukuro Manabe မွေးဖွား 1931 in Shingu, Japan ဘွဲ့ Ph.D., University of Tokyo လုပ်ကိုင်ခဲ့သောဌာနများ General Circulation Research Section of the U.S. Weather BureauFrontier Research System for Global Change in…

    Continue reading →: ၂၀၂၁ ခုနှစ် ရူပဗေဒနိုဘယ်ဆုရ ရာသီဥတုပညာရှင်သုံးဦး
  • ကျွန်းနိုင်ငံများဟုဆိုလျှင် ဖီဂျီ၊ မော်လ်ဒိုက်အစရှိသော ကျွန်းငယ်များကိုသာ သွားသတိရတတ်သည်။ စင်စစ် ယူကေ၊ သြစတေးလျ၊ အိုက်စလန်၊ သီရိလင်္ကာ စသည်တို့လည်း ကျွန်းနိုင်ငံများပင် ဖြစ်ကြသည်။ ကျွန်းနိုင်ငံ အကြီးရော အငယ်များကိုပါ ထည့်၍ရေတွက်လျှင် ကမ္ဘာပေါ်တွင် ကျွန်းနိုင်ငံပေါင်း ၄၇ ခုရှိသည်။ သီရိလင်္ကာနိုင်ငံ၏အနောက်တောင်ဘက် အိန္ဒိယသမုဒ္ဒရာထဲရှိ မော်လ်ဒိုက်နိုင်ငံကို ကျွန်းပေါင်း ၁၂၀၀ ခန့်ဖြင့် ဖွဲ့စည်းထားသည်။ ခရီးသွားလုပ်ငန်းသည် တိုင်းပြည်၏ အဓိက ဝင်ငွေရလမ်းဖြစ်ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်ဘီလျံခွဲခန့် ရသည်။ မော်လ်ဒိုက်၏လူဦးရေငါးသိန်းခွဲခန့်အနက် တစ်သိန်းခွဲခန့်သည် ၂ . ၅ စတုရန်းမိုင်သာ ကျယ်သည့် မားလေ(Malé )မြို့တော်၌ နေထိုင်သဖြင့် မားလေမြို့သည် ကမ္ဘာပေါ်၌ လူဦးရေအသိပ်သည်းဆုံးမြို့များတွင် ပါဝင်သည်။…

    Continue reading →: ကျွန်းအသစ်များကို ဖော်ထုတ်နေသော မော်လ်ဒိုက်
  • ရန်ကုန်ရေပေးရေးသမိုင်း စတင်သည့်ခုနှစ် အရင်းအမြစ် ၁၈၄၂ ရေတွင်းကြီး ၃၀ ၁၈၇၉ ကန်တော်ကြီးကန် ၁၈၈၄ အင်းလျားကန် ၁၉၀၄ လှော်ကားရေလှောင်ကန် ၁၉၄၀ ဂျိုးဖြူရေလှောင်ကန် ၁၉၉၂ ဖူးကြီးရေလှောင်ကန် ၂၀၀၅ ငမိုးရိပ်ရေသန့်စင်စက်ရုံ(ပထမဆင့်) ၂၀၁၄ ငမိုးရိပ်ရေသန့်စင်စက်ရုံ(ဒုတိယအဆင့်) ဆက်စပ်ဖတ်ရှုရန် နှစ်တစ်ရာကျော်က ရန်ကုန်ရေပေးရေးနှင့် မိလ္လာစွန့်စနစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ၊ ငမိုးရိပ် ရေလှောင်ကန်များနှင့် အဝီစိတွင်းများမှ နေ့စဉ် ရေဂါလန် ၂၀၅ သန်း ပေးဝေလျက်ရှိသည်။ ပေးဝေပမာဏ၏ ၉၀ ရာခိုင်နှုန်းသည် မြေပေါ်ရေဖြစ်ပြီး ကျန် ၁၀ %သည် မြေအောက်ရေ ဖြစ်သည်။ ရေဖြန့်ဝေပေးရာ၌ အိမ်သုံးရေတစ်ယူနစ်လျှင် ငွေကျပ် ၈၈…

    Continue reading →: ရန်ကုန်မြို့တော် ရေပေးရေးဆိုင်ရာ အချက်အလက်အချို့
  • ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးများကြောင့် ထိခိုက်ပျက်စီးနိုင်ခြေရှိသည့် နိုင်ငံများစစ်တမ်းကို အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်နေကြရာ ၂၀၂၁ ခုနှစ်အတွင်း ထုတ်ပြန်ချက်များကို လေ့လာကြည့်ပါသည်။ Germanwatch ၏စစ်တမ်းတွင် ထိခိုက်ပျက်စီးနိုင်ခြေအများဆုံးရှိနေသည့် ၁၆ နိုင်ငံ၊ အမေရိကန် The Office of the Director of National Intelligence (ODNI) ၏ စစ်တမ်း၌ ၁၁ နိုင်ငံပါရှိသည့်အနက် ငါးနိုင်ငံသည် စစ်တမ်းနှစ်ခုစလုံးတွင် ပါဝင်နေကြောင်း တွေ့ရှိပါသည်။ အဆိုပါငါးနိုင်ငံမှာ အာဖဂန်နစ္စတန်၊ ဟေတီ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြန်မာတို့ ဖြစ်ကြသည်။ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် နော့ထရာဒမ်တက္ကသိုလ်(University of Notre Dame)ကမူ နိုင်ငံပေါင်း ၁၉၀ ၏ အခြေအနေများကို…

    Continue reading →: ရာသီဥတုပြောင်းလဲခြင်းကြောင့် မြန်မာနိုင်ငံ၏ ထိခိုက်နိုင်ခြေနှင့် အဆင်သင့်ဖြစ်မှု
  • အထက်ပါပုံသည် မြေအောက်ရေ၏သဘောသဘာဝကို ရှင်းပြရာ၌ ကောင်းစွာအထောက်အကူပြုသောပုံ ဖြစ်သည်။ (သို့သော် ယင်းပုံသည် သရုပ်ပြပုံသာဖြစ်၍ နေရာတိုင်း၌ ဤအတိုင်းတွေ့ရမည်ဟု မှတ်ယူရန်မဟုတ်ပါ။) မြေလွှာကို အပေါ်ယံမြေဆီလွှာ(Top Soil)၊ မြေဆီလွှာ၏အောက်ရှိ ကြေမွဇုန်(Weathered Zone)ဟူ၍ နှစ်ပိုင်းခွဲထားသည်။ မြေဆီလွှာတွင် အဓိကပါဝင်သော ရွှံ့လုံးများကြား၌ ရေရှိသော်လည်း ဖြည်းညင်းစွာ ရွေ့လျားသည်။ ကြေမွဇုန်တွင် သဲလုံးများ ကျောက်ကျိုးအကြေအမွများ အဓိကပါဝင်သဖြင့် ယင်းတို့ကြားတွင် ရေရွေ့လျားစီးဆင်းရန် လွယ်ကူသည်။ ရွေ့လျားရန် လွယ်ကူသောရေများ စုစည်းတည်ရှိနေသည်ကို မြေအောက်ရေကြော(Aquifer)ဟု ခေါ်သည်(အပြာရောင်ဖြင့်ပြထား)။ မြေအောက်ရေကြောများသည် တစ်ခုနှင့်တစ်ခုဆက်စပ်နေနိုင်သကဲ့သို့ သီးခြားစီလည်း တည်နေနိုင်သည်။ သီးခြားရေကြောမှ ရေထုတ်ယူလျှင် အကုန်မြန်သည်။ ပုံတွင် မြေလွှာအက်ကြောင်းများကြားမှ ရေစိမ့်ဝင်ရွေ့လျားကာ ရေကြောတစ်ခုနှင့်တစ်ခု ဆက်စပ်နေကြောင်း မြင်နိုင်သည်။ ဤပုံတွင်…

    Continue reading →: မြေအောက်ရေ၏အခြေခံသဘော
  • အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့သည် လက်တူးတွင်းတိမ်များ၊ စက်ရေတွင်းတိမ်များဖြင့် ရေအခက်အခဲမရှိသော မြို့ဖြစ်ခဲ့သည်။ ထုတ်သုံး၍လျော့နည်းသွားသော မြေအောက်ရေကို တစ်နှစ်အတွင်းရွာသောမိုးလက်မ ၄၀ ခန့်က နိုင်နင်းအောင် ပြန်လည်ဖြည့်ပေးခဲ့သည်။ မြေအောက်ရေအပြင် မိုင် ၆၀ ကျော်ဝေးသောနေရာမှ မြစ်ရေဖြင့်လည်း မြို့ရေပေးရေးပြေလည်ခဲ့သည်။ နောက်ပိုင်း မြို့ပြဖွံ့ဖြိုးမှုနှင့်အတူ ရေအသုံးကများ၊ သဘာဝမြေပြင်ပေါ်တွင် ကွန်ကရစ်နှင့်ကတ္တရာပြင်များက ဖုံးလွှမ်းလာသောအခါ သဘာဝမြေအောက်ရေဖြည့်စနစ်က နိုင်အောင်မဖြည့်နိုင်တော့ဘဲ တွင်းရေပြင် ကျဆင်းလာသည်။ မြေအောက်ရေလျော့နည်းလာသည့်အပြင် ဗဟိုရေပေးရေးစနစ်ကို လက်လှမ်းမမီသော နေရာများတွင် ရေသယ်ကားများမှ ရေကို ဝယ်သုံးကြရသည်။ အဆိုပါအခြေအနေမှလွန်မြောက်ရန် ဗဟိုရေပေးရေးစနစ်၏ရေအရင်းအမြစ်ကို တိုးချဲ့မြှင့်တင်ရန် မလွယ်သည့်အတွက် ရေဖြည့်တွင်းတစ်သန်းလှုံ့ဆော်ချက်ကို ၂၀၁၈ ခုနှစ်၌ စတင်သည်။ ရေဖြည့်တွင်း(Recharge Well)ဆိုသည်မှာ မိုးရေအပါအဝင်မြေပေါ်ရေကို မြေအောက်သို့စိမ့်ဝင်စေကာ မြေအောက်ရေ ပြန်လည်ဖြည့်ပေးသောတွင်းကို…

    Continue reading →: ရေဖြည့်တွင်းတစ်သန်း
  • အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂလော(Bangalore)( Bengaluruဟုလည်းခေါ်)မြို့ရှိ အခန်း ၅၂ ခန်းပါ Chikkabellandur အိမ်ရာစခန်းတွင် ဗဟိုရေပေးရေးစနစ်က ပေးဝေသောရေကို လက်လှမ်းမမီသဖြင့် သောက်သုံးရေအတွက် စက်ရေတွင်းတူး၍ မြေအောက်ရေ ရယူသည်။ သို့သော် တစ်နှစ်ပတ်လုံးအဆင်မပြေ၊ နွေတက်၍ မြေအောက်ရေ ခန်းသည့်အခါ ရေသယ်ကားများဖြင့် ရေဝယ်သုံးရသေးသည်။ တစ်နှစ်ထက်တစ်နှစ် မြေအောက်ရေခန်းသည့်ရက်က များသထက်များလာသဖြင့် ရေသယ်ကားစရိတ်က တဖြည်းဖြည်း တက်၍ တက်၍လာနေခဲ့သည်။ အနာဂတ်တွင်လည်း အခြေအနေတိုးတက်လာဖို့ လမ်းမမြင်၍ ၂၀၁၅ ခုနှစ် မတ်လကစ၍ မိုးရေခံစနစ်ကို တပ်ဆင်သည်။ မိုးရေခံစနစ်အတွက် အဆောက်အအုံအမိုးပြန့်ကို စတုရန်းပေ ၁၅၅၀၀ ကျယ်သော အပိုင်းနှင့် စတုရန်းပေ ၁၄၄၀ ကျယ်သောအပိုင်းဟူ၍ နှစ်ပိုင်းခွဲသည်။ စတုရန်းပေ ၁၅၅၀၀ ကျယ်သောအပိုင်း(ပုံတွင်အဝါရောင်ဖြင့်ပြ)ပေါ်…

    Continue reading →: အိန္ဒိယအိမ်ရာစခန်းတစ်ခု၏မိုးရေခံစနစ်