-
Continue reading →: ရာသီဥတုပြောင်းလဲခြင်း အမေးများသော မေးခွန်းနှင့် အဖြေများ
၁-ရာသီဥတုပြောင်းလဲနေကြောင်း မည်သည့်အချိန်က စသိခဲ့သနည်း။ ၁၈၉၀ ပြည့်နှစ်လွန်အချိန်တွင် ဆွီဒင်ပညာရှင် အာရင်းနီးယပ်စ်နှင့် အမေရိကန်ပညာရှင် ချိန်ဘာလိန်တို့က ရုပ်ကြွင်းလောင်စာများမှ ထွက်သော ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့် ကမ္ဘာကြီးပိုပူလာနိုင်ကြောင်း သီးခြားစီ ပြောဆိုခဲ့သည်။ ကမ္ဘာ့လေထု၏ အချို့နေရာများတွင် ပုံမှန်ထက်ပူနွေးနေကြောင်း ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းတွင် သိရှိခဲ့ကာ လေထုထဲတွင် ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်တက်နေသည်ကို ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းတွင် တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ ပညာရှင်တို့၏လေ့လာချက်က လေထုအပူချိန်တက်၍ ရာသီဥတုပြောင်းလဲနေကြောင်း၊ ယင်းဖြစ်စဉ်သည် ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်တက်မှုနှင့် ဆက်စပ်နေကြောင်း သိခဲ့သည်။ ၂-ရာသီဥတုပြောင်းလဲခြင်းသည် လူများကြောင့်ဟု မည်သည့်အကြောင်းကြောင့် ပြောနိုင်သနည်း။ ကမ္ဘာကိုပူနွေးစေသည့် အဓိကဓာတ်ငွေ့ဖြစ်သော ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ ခန့်အတွင်း…
-
Continue reading →: ရာသီဥတု ပြောင်းလဲမှုဘေး ဒုက္ခသည်များ
(ဖြစ်စဉ်-၁) ဘင်္ဂလားဒက်ရှ်ရှိ ဂေါ်ပိုဒိုမန်ဒို၏ မိသားစုများသည် ရွှံ့ဗွက်ပေါသည့်ရွာမှ တစ်ဦးပြီးတစ်ဦး ထွက်ခွာနေကြသည်။ ဦးစွာစွန့်ခွာသွားသူများကတော့ တံငါအလုပ်ဖြင့် အသက်မွေးသော ဦးလေးနှစ်ယောက် ဖြစ်သည်။ တစ်နှစ်ထက်တစ်နှစ် ငါးအရနည်းလာ၍ အိန္ဒိယနိုင်ငံဘက်ကူးကာ ဆောက်လုပ်ရေးလုပ်သား သွားလုပ်ကြသည်။ ဂေါ်ပိုဒိုမန်ဒို၏ အစ်ကိုများသည်လည်း တံငါအလုပ်ဖြင့် ထမင်းမဝသည့်အခါ တောထဲတွင် ကျားသောင်းကျန်းနေမှန်း သိလျက်နှင့် သစ်ခုတ်၊ ပျားဖွတ်သည့်အလုပ်ကို ပြောင်းလုပ်ကြသည်။ နောက်ဆုံးတွင် အစ်ကိုများလည်း အဖေကိုခေါ်၍ တစ်ရပ်တစ်ကျေးသို့ ပြောင်းသွားပြန်သည်။ ဂေါ်ပိုဒိုမန်ဒို၏ရွာတွင် ကျန်ရစ်သူ ဆွေမျိုးတစ်ယောက်မှ မရှိတော့ချေ။ သူ့အစ်ကိုများ ထွက်သွားပြီးနောက် ရွာအနီးရှီ ရေကာတာကျိုး၍ ရွာထဲ ရေများဝင်လာကာ လူ့အသက်နှင့် ပစ္စည်းဥစ္စာများ ဆုံးပါးခဲ့ရပြန်သည်။ ငါးအရနည်းလာခြင်း၊ ဆားငန်ရေများဝင်၍ လယ်များပျက်စီးခြင်း၊ မုန်တိုင်းအန္တရာယ် ပိုလာနေခြင်းတို့ကို…
-
Continue reading →: လေထုတွင်းရှိ ဓာတ်ငွေ့များနှင့် ရာသီဥတုပြောင်းလဲခြင်း
ကမ္ဘာ့လေထုကို ကိုယ်ပိုင်ဂုဏ်သတ္တိအသီးသီးရှိကြသော နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းနှင့် အခြားဓာတ်ငွေ့ ၁ ရာခိုင်နှုန်းတို့ဖြင့် ပါဝင် ဖွဲ့စည်းထားသည်။ အခြားဓာတ်ငွေ့ ၁ ရာခိုင်နှုန်းထဲတွင် ဓာတ်ပြုနိုင်မှု နည်းပါးလွန်းသည့် အာဂွန်ဓာတ်များ ပါသကဲ့သို့ ကမ္ဘာ့လေထုကို ကြီးစွာ အကျိုး သက်ရောက်နိုင်သည့် ကာဘွန်ဒိုင်အောက်ဆိုက်နှင့် အိုဇုန်းဓာတ်ငွေ့များ၊ ရေငွေ့များလည်း ပါသည်။ ယင်းအချိုးအဆမှာ ပုံသေမဟုတ်ဘဲ အချိန်နှင့်နေရာကို လိုက်၍ အပြောင်းအလဲအနည်းငယ် ရှိသည်။ ထုထည်ပမာဏအများဆုံး ဖြစ်သည့် နိုက်ထရိုဂျင်သည် သက်ရှိခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ်တို့၏ အခြေခံ အုတ်မြစ် အမိုင်နိုအက်ဆစ်ဖြစ်ပေါ်ရန် အရေးပါသည့် ကဏ္ဍမှ ပါဝင်သည်။ သို့သော် လူတို့သည် နိုက်ထရိုဂျင်ကို လေထုတွင်းမှ တိုက်ရိုက်…
-
Continue reading →: မျိုးစိတ်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရာသီဥတု
မျိုးစိတ်(species)ဆိုသည်မှာ အပင်နှင့်သက်ရှိသတ္တဝါများကို အုပ်စုဖွဲ့ခေါ်ဝေါ်သည့် ဇီဝဗေဒဝေါဟာရဖြစ်သည်။ မျိုးစိတ်တစ်ခုအတွင်းရှိ သက်ရှိများသည် ကိုယ်ပိုင် ထူးခြားသော လက္ခဏာများ (ဥပမာ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အမူအရာ စသည်)ရှိကြပြီး အချင်းချင်း မျိုးပွားခြင်းအမှုကို ဆောင်ရွက်ကာ မျိုးဆက်သစ်များ ပေါ်ပေါက်လာစေသည်။ ထို့ကြောင့် လူ၊ ခွေး၊ ငါး၊ ငှက် စသော သတ္တဝါများ၊ သစ်ခွ၊ ကျွန်းစသည့် အပင်များသည် မျိုးစိတ်များပင် ဖြစ်ကြသည်။ သတ္တဝါမျိုးစိတ်တို့သည် အစာအတွက် တစ်မျိုးကို နောက်တစ်မျိုးက စား၊ တစ်ဖန် ယင်းသတ္တဝါကို နောက်ထပ် သတ္တဝါတစ်မျိုးက စား စသည်ဖြင့် ကွင်းဆက်ပမာ စား၍ ရှင်သန်နေကြသည်။ ဥပမာ ရေသတ္တဝါတို့၏ အစာကွင်းဆက်တွင် ရေတွင် ရှင်သန်သော ဖိုင်တိုပလန်တွန်ခေါ်…
-
Continue reading →: မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များနှင့် ဖြစ်လာနိုင်သည်များ
(ကြေးမုံသတင်းစာ၊ ၁၃၇၀ ပြည့်နှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ သောကြာနေ့၊ (၁၉၊ ၉၊ ၂၀၀၈) နေ့ထုတ်မှ ကောက်နုတ်ဖော်ပြသည်။) မြန်မာနိုင်ငံ၏ ၁၉၅၀ ပြည့်နှစ်မှစ၍ ရာသီဥတုဖြစ်ပေါ်ပြောင်းလဲမှုများကို ၁၉၅၀ မှ ၁၉၇၈ ခုနှစ်အထိ ပထမကာလ၊ ၁၉၇၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ဒုတိယကာလ၊ ၁၉၉၉ ခုနှစ်မှ နောက်တတိယကာလ အဖြစ် သုံးကြိမ်ပိုင်းခြားလေ့လာသည်။ ပထမကာလတွင် စိုစွတ်သောရာသီဥတုဖြစ်ပြီး ယင်းနှစ်များအတွင်း မိုးကောင်းခြင်း၊ မုတ်သုံအဝင်အထွက် မှန်ကန်ခြင်းတို့ကြောင့် လွန်ကဲဖြစ်စဉ်များမရှိဘဲ ရာသီဥတု ကောင်းမွန် မှန်ကန်နေသည်ကို မှတ်တမ်းများအရ တွေ့မြင်ခဲ့ရသည်။ ဒုတိယကာလတွင် နှစ်စဉ်မိုးရွာသွန်းမှု နည်းပါးလာခြင်း၊ အပူချိန်များမြင့်တက်လာခြင်းတို့ကြောင့် ပူပြင်း ခြောက်သွေ့သော ရာသီဥတုများ…
-
Continue reading →: ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု အစည်းအဝေးနှင့် ကမ္ဘာ့ရှေ့ရေး
ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုအစည်းအဝေး အစီအစဉ်တစ်ဝက်ကျိုးချိန်တွင် ထွက်ပေါ်လာသော အခြေအနေနှင့်ပတ်သက်၍ သတင်းဌာနအချို့က အကောင်းမြင်ကြသော်လည်း ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ အတော်များများက အဆိုးမြင်ကြသည်။ သတင်းဌာနများ၏အဆိုအရ နိုင်ငံအတော်များများက ကျောက်မီးသွေးစက်ရုံများကို ယခုဆယ်စုနှစ်အကုန်တွင် ပိတ်သိမ်းခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရန်၊ သစ်တောပြုန်းတီးမှုကို လုံးဝရပ်တန့်ရန် ကတိပြုကြကြောင်း သိရသည်။ ယင်းအတိုင်းဖြစ်လာပါက ကမ္ဘာ့အပူချိန်ကို ၁ . ၉ ဒီဂရီစင်တီဂရိတ်ထက် ပိုမတက်အောင် ထိန်းနိုင်မည်ဟု ယူဆကြသည်။ သို့သော် ရာသီဥတုအရေးတက်ကြွလှုပ်ရှားသူ Greta Thunberg ကမူ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုအစည်းအဝေးသည် မအောင်မြင်ဟု စောစောစီးစီးကပင် မှတ်ချက်ပြုသည်။ အစည်းအဝေးကျင်းပရာ ဂလပ်စဂိုမြို့၌ ဖန်လုံအိမ်ဓာတ်ငွေ့ ပိုမိုလျှော့ချကြဖို့ သူနှင့်အခြားတက်ကြွသူလူငယ် သိန်းနှင့်ချီ၍ ဆန္ဒဖော်ထုတ်နေကြသည်။ အကဲခတ်အများအပြားက အစည်းအဝေး တကယ်အောင်မြင် မအောင်မြင်ကို ဖန်လုံအိမ်ဓာတ်ငွေ့…
-
Continue reading →: ရာသီဥတုပြောင်းလဲခြင်းနှင့် ကျောက်မီးသွေး
စွမ်းအင်အတွက် အသုံးချနေကြသော လောင်စာအမျိုးမျိုးရှိသည့်အနက် လောင်မြိုက်နိုင်သော အနည်ကျ ကျောက်တစ်မျိုးဖြစ်သည့် ကျောက်မီးသွေးကို အများဆုံး သုံးစွဲနေကြသည်။ အခြားကျောက်များတွင် သက်ရှိများနှင့် မဆက်စပ်သော အင်အော်ဂဲနစ်ပစ္စည်းများ အဓိကပါသော်လည်း ကျောက်မီးသွေးတွင်မူ သက်ရှိများနှင့်ဆက်စပ်သော အော်ဂဲနစ်ပစ္စည်းများ အဓိကပါသည်။ ကျောက်မီးသွေးဖြစ်ပေါ်လာပုံ လွန်ခဲ့သော နှစ်သန်းပေါင်း ၃၀၀ ခန့်က ကျောက်မီးသွေး စတင်ဖြစ်ပေါ်ခဲ့သည်။ ယင်းအချိန်က ကမ္ဘာပေါ်တွင် သစ်ပင်ကြီးအများအပြား ပါဝင်သည့် ရွှံ့ညွန်တောကြီးများ ရှိနေခဲ့သည်။ ပင်လယ်ရေပြင်၏ နေရာအတော်များများတွင်လည်း အယ်လ်ဂျီခေါ် အပင်ငယ်များ ရှင်သန်နေခဲ့သည်။ ယင်းအပင်ကြီးငယ်များ သေဆုံး၍ နှစ်သန်းပေါင်းများစွာ ကြာသောအခါ အပင်ရုပ်ကြွင်းများ မြေကြီးအောက် တဖြည်းဖြည်း နစ်မြုပ်သွားသည်။ အပင်ရုပ်ကြွင်းများသည် အောက်ဆီဂျင်နှင့် မထိတွေ့နိုင်သဖြင့် ဖြည်းဖြည်းချင်းသာ အသွင်ပြောင်းကာ ဦးစွာ…