Skip to content

Sign up for a free recipe e-book →

kyawoo.com

  • Home
  • About
  • Gallery
  • Publications
  • Useful Links
  • Help
  • Contact
  • Sea Level Rise

    Ecology နှင့် Economy တို့၏ အားပြိုင်မှုကြားမှ ဧရာဝတီမြစ်ဝကျွန်းပေါ်၏ ပစ္စုပ္ပန်နှင့် အနာဂတ် (ကြည်ခင်)

    Published by

    ukyawoo

    on

    December 11, 2021

    ဂျပန်မှာ ကျောင်းအပြီး အလုပ်ဝင်ခဲ့တဲ့ ၂၀၀၀ ခု ဝန်းကျင်မှာ တွေ့ဆုံခဲ့ရသူ Kiso Jiban Consultants ကုမ္ပဏီ ဘူမိအရာရှိချုပ် မိုမိကုရာစံ 籾倉 さん Mr Momikura (တွေ့ဆုံချိန်မှာ ၆၅ နှစ် ကျော်နေပြီ၊ ဂျပန်အစိုးရ ဆည်မြောင်းဌာန ဘူမိအရာရှိချုပ်ဘဝက ပင်စင်ယူခဲ့သူ) မေးပြောပြောခဲ့တဲ့ စကားကို သတိရမိတယ်။ ပထမ What is the meaning of Ecology? အီကိုလိုဂျီ ဆိုတာ ဘာလဲ၊ နောက်ပြီး What is Economy? အီကိုနိုမီဆိုတာ ဘာလဲ၊ နောက်မေးခွန်းက စကားလုံးနှစ်ခုစလုံးမှာ Eco ဆိုတာ ဘာဖြစ်လို့ ပါရတာလဲ။…

    Continue reading →: Ecology နှင့် Economy တို့၏ အားပြိုင်မှုကြားမှ ဧရာဝတီမြစ်ဝကျွန်းပေါ်၏ ပစ္စုပ္ပန်နှင့် အနာဂတ် (ကြည်ခင်)
  • Awareness, Resources, Water

    မြေအောက်သဲတမံ (အေးမြင့်-ညောင်တုန်း)

    Published by

    ukyawoo

    on

    December 10, 2021

    ၂၀၁၂ က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ Stockholm Water Week ရေရက်သတ္တပတ်ကို သွားတက်ခဲ့စဉ်က မြန်မာပြည်မြစ်ဝကျွန်းပေါ် ရေစီမံမှုကိစ္စတွေ စာတမ်းတင် ဖတ်ကြားပြီး အတွေ့အကြုံ ဖလှယ်ခဲ့ပါတယ်။ Stockholm Water Week ကမ္ဘာ့ရေညီလာခံမှာ ရေအလုပ်တွေ တင်ပြ မျှဝေကြတဲ့ အာဖရိကအဖွဲ့တွေနဲ့ ဆုံခဲ့ရပါတယ်၊ သူတို့ ကျေးလက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြတဲ့ သဲချောင်းတွေထဲက သဲတမံ(Sand Dam)တွေအကြောင်း အားပါးတရ တင်ပြဆွေးနွေးကြပါတယ်၊ သဲတမံ ဆိုတာကို ပထမဆုံးကြားသိခဲ့ရခြင်းပါပဲ၊ မြေသားတမံ၊ ရွှံ့မြေနဲ့ ခိုင်ခန့်အောင် ဆောက်ရတဲ့တမံတွေသာ အဓိကလုပ်ခဲ့ဖူးသူမို့ သဲတမံဆိုတော့ ထူးဆန်းနေတယ်။ သဲတမံဆိုတာကို လေ့လာလိုက်တော့ သဲနဲ့လုပ်ထားတဲ့ မြေပေါ်တမံတင်မဟုတ်ဘူး၊ သဲချောင်းတွေရဲ့ မျက်နှာပြင်အောက် သဲထုထဲမှာဆောက်ပြီး…

    Continue reading →: မြေအောက်သဲတမံ (အေးမြင့်-ညောင်တုန်း)
  • Floods, Water

    မြို့ကြီးများ၌ ရေကြီးရေလျှံ ကာကွယ်ရေး (ကြည်ခင်)

    Published by

    ukyawoo

    on

    December 9, 2021

    ရန်ကုန်မြို့လမ်းမပေါ်မှာ ရေလျှံပြီး ရေထဲပြတ်ကျနေတဲ့ ဓာတ်ကြိုးကြောင့် လမ်းသွားနေတဲ့ ကျောင်းသား လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ပါတယ်၊ မိုးတွင်းမှာ မြန်မာပြည် တော်တော်များများမြို့တွေမှာ ရေလျှံပြီး နောက်ဆက်တွဲ ဒုက္ခတွေ၊ ရောဂါဘယတွေ၊ လူသေမူတွေ ဖြစ်လာပါတယ်။ တချို့နိုင်ငံတွေမှာ မြို့ပြတစ်ခု တည်ဆောက်တော့မယ်ဆိုရင် ရေဆိုး၊ မိလ္လာပိုက်စံနစ်၊ domestic and industrial sewer ၊ ရေလျှံရေမြောင်း stormwater drainage, link sewers, underground sewer စတာတွေကို ကြိုတင်စဉ်းစားပြီး plan drawing တွေ နဲ့ ဆွဲထားကြပါတယ်၊ လူဦးရေ ထူထပ်များပြားတဲ့ မြို့ကြီးတွေမှာ ရေမြောင်းများကို စနစ်တကျ တည်ဆောက်ထားကြပြီး မြေပေါ် မြေအောက်လိုဏ်ခေါင်းများနှင့် မိုးတွင်းရေလျှံရေကြီးမှုများကို…

    Continue reading →: မြို့ကြီးများ၌ ရေကြီးရေလျှံ ကာကွယ်ရေး (ကြည်ခင်)
  • Water

    မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်းအခြေအနေ (ဒုတိယပိုင်း) ဦးမြင့်သိန်း (မောင်ကျေးရေ)

    Published by

    ukyawoo

    on

    December 7, 2021

    ၈။ မြေအောက်ရေအရည်အသွေး မြေအောက်ရေအသုံးပြုနေသူများသည် ရေ၏အရည်အသွေး ကောင်း မကောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတ်မှတ်ထားသော သောက်သုံးရေ အရည်အသွေး အဆင့်အတန်း (Drinking Water Quality Standard) နှင့် ချိန်ထိုး၍ သိထားသင့်ပါသည်။ မြေအောက်ရေအောင်းလွှာ၏ ဘူမိဗေဒဆိုင်ရာ၊ ဘူမိဓာတုဗေဒဆိုင်ရာ ဓာတ်ပစ္စည်းများ၏ ပမာဏနှင့် ပျော်ဝင်နေသည့် အချိန်ကာလ၊ မြေအောက်ရေကို ပြန်လည်ဖြည့်တင်းပေးသည့် မိုးရေ ဖြတ်သန်းစီးဆင်းရာ တလျှောက်ရှိ မြေသား၊ ကျောက်သားတို့၏ ဓာတ်ဂုဏ်သတ္တိများ စသည့် အချက်များက မြေအောက်ရေ၏ ရေအရည်အသွေး ကောင်းမကောင်း အဆုံးအဖြတ်ပေးပါသည်။ သို့ပါ၍ မြေအောက်ရေ၏ အရောင်အဆင်း၊ အနံ့အရသာ၊ ရေနောက်ကျိမှု၊ ပီအိပ်(ချ်)(pH)၊ ပျော်ဝင်နိုင်သည့် ဓာတုဗေဒဆိုင်ရာ ဓာတ်ပစ္စည်းများ (ဆိုဒီယံ၊…

    Continue reading →: မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်းအခြေအနေ (ဒုတိယပိုင်း) ဦးမြင့်သိန်း (မောင်ကျေးရေ)
  • Water

    မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်း အခြေအနေ (ပထမပိုင်း) ဦးမြင့်သိန်း(မောင်ကျေးရေ)

    Published by

    ukyawoo

    on

    December 6, 2021

    ၁။ စကားဦး ရန်ကုန်မြို့တွင် မြေအောက်ရေကို မြန်မာမင်းလက်ထက်က စတင် သုံးစွဲခဲ့ကြသည်။ အင်္ဂလိပ် လက်ထက်တွင်လည်း ဆက်လက် သုံးစွဲလာခဲ့သည်မှာ ယနေ့ထိ ဖြစ်၏။ တိုးချဲ့မြို့သစ်များ အပါအဝင် မြို့နယ်အများစုတွင် မိမိပိုင် စက်ရေတွင်းများ တူးဖော်သုံးစွဲလျက် ရှိပါသည်။ ရန်ကုန်မြို့တော်စည်ပင်က ရာနှုန်းပြည့် ဖြန့်ဝေနိုင်ခြင်း မရှိသေးပါ။ မြေအောက်ရေကို စက်ရေတွင်း (အရပ်အခေါ် – အဝိစီတွင်း) များ တူးဖော်၍ ဆက်လက်သုံးစွဲနေရဦးမည်။ ၂။ မြေအောက်ရေ မြေအောက်ရေဆိုသည်မှာ ကမ္ဘာမြေမျက်နှာပြင်အောက်တွင် မြေလွှာ (သဲ၊ ကျောက်စရစ်၊ သဲဆန်သောမြေ) (Sand, Gravel, Sandy soil) စသည်တို့အတွင်း၌သော် လည်းကောင်း၊ ကျောက်လွှာကြား (Fractures / Rocks)…

    Continue reading →: မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်း အခြေအနေ (ပထမပိုင်း) ဦးမြင့်သိန်း(မောင်ကျေးရေ)
  • Climate Change

    ရာသီဥတုဖောက်ပြန်လာခြင်းကို ဘူမိဗေဒအသိပညာနှင့် ထိန်းချုပ်ခြင်း Geological solutions for Climate Change (ကြည်ခင်)

    Published by

    ukyawoo

    on

    December 5, 2021

    နှစ်သန်းပေါင်း ၄၅၀၀ ကျော်က စဖြစ်တည်ခဲ့သော ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးသည် အကြိမ်များစွာ ဖြစ် တည် ပျက်ခဲ့သောယုဂ် Periods များနှင့် ကြုံခဲ့ရပြီး ယခုလည်း ပျက်ကပ်တခုသို့ ဦးတည်နေပြီလား၊ လူသားများ အနေနှင့် ထိုအခြေအနေများကို တတ်နိုင်သရွေ့ ထိန်းထားနိုင်မလား၊ Earth, Water, Air, Fire မြေရေလေမီး ဓာတ်ကြီးလေးပါးရဲ့ ဖောက်ပြန် ပြောင်းလဲမှုတို့ကို ထိန်းချုပ်နိုင်ဖို့ လူသားများရဲ့ အသိဉာဏ် နည်းပညာတို့ဖြင့် ကျော်လွှားနိုင်မလား။ ဒီမေးခွန်းများရဲ့ အဖြေသည် အနာဂတ်ကမ္ဘာအတွက် အရေးကြီးတာတော့ အမှန်ပင်၊ ရာသီဥတုများ ပြောင်းလဲလာသည်နှင့်အမျှ မိုးကြီးရေလျှံ မြေပြို တောမီးလောင် မုန်တိုင်းစသော သဘာဝဘေး အန္တရာယ်များ (natural disasters) ဖြစ်လာစေသည်မှာ…

    Continue reading →: ရာသီဥတုဖောက်ပြန်လာခြင်းကို ဘူမိဗေဒအသိပညာနှင့် ထိန်းချုပ်ခြင်း Geological solutions for Climate Change (ကြည်ခင်)
  • Resources, Water

    နုန်းနစ်ပန်းလှိုင်

    Published by

    ukyawoo

    on

    December 2, 2021

    (အေးမြင့်(ညောင်တုန်း)၏ ရေအင်ဂျင်နီယာနည်းပညာအချက်အလက်နှင့် အယူအဆ ရေးသားချက်ကို ကျော်ဦးက တည်းဖြတ်မွမ်းမံပါသည်။) မြစ်များ တိမ်ကောလာခြင်း၏ အကြောင်းရင်းများမှာ မြစ်ဖျားခံရာနှင့် ဖြတ်သန်း စီးဆင်းရာ ဒေသများ၌ မိုးနည်းသွားခြင်း၊ ထုတ်ယူသုံးစွဲမှု များလွန်းခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် နုန်းအနည် များလာခြင်း စသည်တို့ကြောင့် ဖြစ်သည်။ လူဦးရေများလာ၊ ရာသီဥတုပြောင်းလဲလာသော ကမ္ဘာတွင် တိမ်ကောသော မြစ်စင်းရေ ပို၍များလာသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက တရုတ်နိုင်ငံ၌ မြစ်ပေါင်း ၂၈၀၀၀ ကျော် ပျောက်ဆုံးသွားသော သတင်းသည် ရေအရင်းအမြစ်နယ်ပယ်တွင် ဟိုးလေးတကျော်ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် တိမ်ကောသွားသော မြစ်ချောင်းများရှိသည်။ လေ့လာ မှတ်တမ်းပြုစုမှု အားနည်းသောနိုင်ငံဖြစ်၍ မြစ်ချောင်းတိမ်ကောမှု အများစုကို ဆိုင်ရာဒေသခံများသာ သိမီလိုက်သည်။ အချိန်ကြာလာသောအခါ ဒေသခံများပင် မေ့မေ့ပျောက်ပျောက်…

    Continue reading →: နုန်းနစ်ပန်းလှိုင်
Previous Page Next Page

kyawoo.com

  • Pinterest
  • Instagram
  • Facebook
  • Mail
  • Home
  • About
  • Gallery
  • Publications
  • Useful Links
  • Help
  • Contact

Blog at WordPress.com.

  • Subscribe Subscribed
    • kyawoo.com
    • Join 64 other subscribers
    • Already have a WordPress.com account? Log in now.
    • kyawoo.com
    • Subscribe Subscribed
    • Sign up
    • Log in
    • Report this content
    • View site in Reader
    • Manage subscriptions
    • Collapse this bar

Notifications