-
Continue reading →: အိုဇုန်းအပေါက်နှင့် ကမ္ဘာကြီးပူနွေးလာမှု
ကမ္ဘာ့မျက်နှာပြင်မှ ၁၅ ကီလိုမီတာနှင့် ကီလိုမီတာ ၅၀ ကြားရှိ စထရာတိုစဖီးယားဟု ခေါ်သောအလွှာ၌ အောက်ဆီဂျင် အက်တမ်သုံးလုံး ပါသည့် အိုဇုန်းတို့သည် သဘာဝအလျောက် ဖွဲ့စည်းပါဝင်နေသည်။ ယင်းအိုဇုန်းတို့သည် အာကာသတွင်းမှ ခရမ်းလွန်ရောင်ခြည်တို့ကို ကမ္ဘာ့မျက်နှာပြင်ပေါ် ရောက်မလာအောင် ပိုက်ကွန်သဖွယ် တားဆီးပေးထားသည်။ ကမ္ဘာ့မျက်နှာပြင်ပေါ်ရောက်သော ခရမ်းလွန်ရောင်ခြည်တို့သည် ပမာဏ များပြားပါက လူတို့၌ နေလောင်ခြင်း၊ အရေပြားကင်ဆာ ဖြစ်စေခြင်း၊ ကိုယ်ခံစွမ်းအား လျော့နည်းစေခြင်း၊ မျက်စိအတွင်းတိမ် ဖြစ်စေခြင်း၊ သီးနှံပင်တို့ကို ပျက်စီးစေခြင်းတို့ ဖြစ်ပေါ်စေသည်။ ထို့ပြင် ခရမ်းလွန်ရောင်ခြည်သည် ပင်လယ်သမုဒ္ဒရာများတွင်းရှိ အပင်နှင့်အကောင်ငယ်များကို သေစေကာ ရေသတ္တဝါကြီးများ၏ အစာကို လျော့ပါးပြုန်းတီးစေခြင်းဖြင့် ရေနေသတ္တဝါတို့ ပေါက်ပွားရှင်သန်မှုကို ထိခိုက်စေသည်။ လေထု အမြင့်ပိုင်းရှိ အိုဇုန်းတို့သည်…
-
Continue reading →: ရေကြည်တစ်ပေါက်နှင့်မိုးရေလှောင်ကန်
ရေကြည်တစ်ပေါက်နှင့်မိုးရေလှောင်ကန်စာအုပ်များကို ဒစ်ဂျစ်တယ်ပုံစံ၊ pdf ပုံစံတို့ဖြင့် ဖတ်ရှုနိုင်၊ မိုးရေလှောင်ကန်ပုံနှိပ်စာအုပ်ကို အလှူခံရယူနိုင်သောလင့်ခ်များ – ရေကြည်တစ်ပေါက်ဒစ်ဂျစ်တယ်စာအုပ် ဖတ်ရန် ဤနေရာကို နှိပ်ပါ။ ရေကြည်တစ်ပေါက် pdf ဖိုင် ရယူရန် ဤနေရာကို နှိပ်ပါ။ မိုးရေလှောင်ကန်ဒစ်ဂျစ်တယ်စာအုပ် ဖတ်ရန် ဤနေရာကို နှိပ်ပါ။ မိုးရေလှောင်ကန် pdf ဖိုင် ရယူရန် ဤနေရာကို နှိပ်ပါ။ Forever Group, MRTV-4 မိသားစုက လှူဒါန်းသော မိုးရေလှောင်ကန် ပုံနှိပ်စာအုပ်ကို အလှူခံရယူလိုလျှင် လိုသည့်အုပ်ရေ၊ လက်ခံမည့်သူအမည်၊ ဖုန်းနံပတ်၊ လိပ်စာအပြည့်အစုံ ဖော်ပြ၍ ဤဖေ့စ်ဘွတ်ခ်စာမျက်နှာ https://www.facebook.com/mailkyaw ၏ မက်ဆင်ဂျာမှတဆင့် မှာကြားနိုင်ပါသည်။ ပို့ခကို မှာသူမှ ကျခံရပါမည်။ ပို့ခမှလွဲ၍…
-
Continue reading →: ရေငတ်လွန်းသူအတွက်ကုထုံး
စက်မှုလုပ်ငန်းသုံးရေ၊ သောက်သုံးရေစသည့်တို့ထက် စိုက်ပျိုးရေး အတွက် ရေကို အများဆုံး အသုံးပြုနေရသည်။ ကမ္ဘာ့စုစုပေါင်းရေအရင်းအမြစ်၏ ၇၀ ရာခိုင်နှုန်းကို စိုက်ပျိုးရေးအတွက် အသုံးပြုနေရသည်။ ကမ္ဘာ့လူဦးရေသည် ၂၀၅၀ ပြည့်နှစ်၌ သန်း ၉၈၀ဝ ရှိလာမည်ဟု ခန့်မှန်းထားပြီး ဝင်ငွေပိုကောင်းလာမည့် ဖွံ့ဖြိုးဆဲနိုင်ငံသားတို့ အစားအစာပို၍ စားလာမည်။ ယင်းလိုအပ်ချက်ကို ပြည့်မီရန်အတွက် သီးနှံအထွက်နှုန်းသည် ယခုထက် ၇၀ ရာခိုင်နှုန်းမျှ ပိုလိုလာမည်။ လက်ရှိတွင် စိုက်ပျိုးမြေနှင့်မွေးမြူရေးစားကျက်မြေနှစ်မျိုးပေါင်းသည် ကမ္ဘာ့ကုန်းမြေဧရိယာ၏ ၄၀ ရာခိုင်နှုန်းခန့် ရှိနေသည်။ စိုက်မှုပျိုးမှု မွေးမြူမှုအတွက် ထိုမျှကျယ်ဝန်းသောမြေကို အသုံးချနေရသည့်တိုင် လူအများအပြား စားနပ်ရိက္ခာမလုံမလောက်ဖြစ်နေသည်။ အစားအစာပိုရရန် စိုက်ပျိုးမြေနှင့်စားကျက်မြေများကို ထပ်ချဲ့ဖို့ဆိုလျှင် ဘေးထွက်ဆိုးကျိုးများ ရှိနေသည်။ မြေချဲ့လျှင် အများအားဖြင့် သစ်တောများကို…
-
Continue reading →: နယ်ချဲ့ညစ်ညမ်းရေ
အိန္ဒိယနိုင်ငံတွင် ဆွာမိနီဂါမာနန်းတစ်ယောက် အစာငတ်ခံဆန္ဒပြနေသည်မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် နှစ်လ ပြည့်ခဲ့သည်။ ရက်ပေါင်း အတန်ကြာအစာမစားဘဲနေရာမှ သတိလစ်သွား၍ ဆေးရုံသို့ပို့ထားရသည်။ အထူးကြပ်မတ်ကုသဆောင်တွင် နှာခေါင်းပိုက်များတန်းလန်းနှင့် သူ့ကိုမြင်ရသည်မှာမသက်သာလှ။ သူ့ကို ထောက်ခံသူများက အားပေးစကားပြောသည်ကို ဆွာမိနီဂါမာနန်း ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသည်။ သူ့အခြေအနေသည် တဖြည်းဖြည်းဆိုးလာကာ စ၍ အစာမစားသည်မှ ရေတွက်လျှင် ၇၃ ရက်မြောက်နေ့တွင် သေဆုံးသွားတော့သည်။ အခြားသူများအစာငတ်ခံဆန္ဒပြကြခြင်းမှာ လူနေမှုစနစ်ကို ဘဝင်မကျ၍၊ ကုန်ဈေးနှုန်းတက်၍၊ အုပ်ချုပ်သူများကို မကျေနပ်၍စသည်တို့ကြောင့် ဖြစ်သော်လည်း ဆွာမိနီဂါမာနန်း အစာငတ်ခံဆန္ဒပြခဲ့ခြင်း ၏ အကြောင်းရင်းမှာထူးခြားလှသည်။ ဂင်္ဂါမြစ်ရိုးတစ်လျှောက် သတ္တုတူးဖော်နေမှုအပါအဝင် မြစ်ထဲသို့ အညစ်အကြေးမျိုးစုံရောက်ရှိ နေသဖြင့် သူတစ်သက်တာလုံး ခင်တွယ်မြတ်နိုးလာခဲ့သောမြစ်ကြီး တစ်နှစ်ထက်တစ်နှစ် ပို၍ပို၍ညစ်ညမ်းလာနေခြင်းအား…
-
Continue reading →: ပင်လယ်ရေတကယ်ခန်း
အင်းတော်ကြီးရေစပ်မှကြည့်လျှင် ရေလယ်ရှိရွှေမဉ္စူစေတီတော်သည် ရှေးယခင်ကကဲ့သို့ပင် တင့်တယ်စွာရှိဆဲ၊ ကြည်ညိုစွာဖူးတွေ့ရဆဲပင် ဖြစ်သည်။ သို့သော် စေတီတော်ပတ်လည်ရှိ ရေပြင်သည်မူ များစွာ ပြောင်းလဲသွားခဲ့ပြီ။ စတုရန်းမိုင် ၁၀ဝ ကျယ်သဖြင့် အရှေ့တောင် အာရှတွင် အကြီးဆုံးရေကန် စာရင်းဝင်ဖြစ်သည့် အင်းတော်ကြီးသည် တဖြည်းဖြည်းကောစပြုလာနေသည်။ ကချင်ပြည်နယ် မိုးညှင်းမြို့၏ အနောက်ဘက်တွင် ရှိသော အင်းတော်ကြီးထဲသို့ ပတ်ဝန်းကျင် တောင်တန်းများမှ စီးကျလာသော ချောင်း ၁၂ ချောင်း၏ ရေများစီးဝင်ပြီး အင်းတော်ချောင်းမှ ပြန်လည် စီးထွက်သည်။ အင်းတော်ကြီးဝန်းကျင်ရွာများတွင် ရွှေကျင်လုပ်ငန်း များလုပ်ခြင်း၊ အင်းပတ်လည်ရှိ တောများကို အလွန်အကျွံ ခုတ်ခြင်း စသည်တို့ကြောင့် အင်းထဲသို့ မြေစာနှင့်ပြဒါးများစီးဝင်ကာ အင်းထဲရှိ ရေပမာဏ တဖြည်းဖြည်းနည်းလာနေသည်မှာ နှစ်အတော်ကြာခဲ့ပြီ။ အင်းတော်ကြီးရေပြင်ဧရိယာ…
-
Continue reading →: အရည်ပျော်တောင်ထိပ်များ
‘စာရာမေတိတောင်ထိပ်တောင်ထွတ်မှာ ရေခဲဖုံးအုပ်တယ်လို့ ကြားဖူးတယ်၊ ကြားဖူးနားဝတွေကပဲ လွဲတာလား၊ ကမ္ဘာကြီးပူနွေးလာလို့ ရေခဲမဖုံးအုပ်တော့တာလား၊ ကင်မရာမှာတပ်ထားတဲ့ တယ်လီ မှန်ဘီလူးနဲ့ ကြည့်တော့လည်း ရေခဲအစအနကိုမမြင်ရဘူး’ ဟု ‘ညီပုလေး’က ‘စိမ်းလန်းတဲ့တောင်ကုန်း မြင့်မားတဲ့တောင်တန်း’ စာအုပ်တွင် ရေးသားခဲ့သည်။ တောင်ထိပ်ရေခဲပြင်များ ပျောက်ကွယ်သွား၍ ‘ညီပုလေး’ ကဲ့သို့ စိုးရိမ်စိတ်ဝင်နေသူသန်းပေါင်းများစွာရှိရာ တိဘက်လယ်သမား ဂျီယာဆွန်လည်းပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တောင်ထူထပ်သောအပိုင်း၌ နေသူဂျီယာဆွန်က ”ကျွန်တော်တို့ဟာ သဘာဝတရားကြီးကိုနှောင့်ယှက်ဖျက်ဆီးမိခဲ့ပြီ”ဟု ပြောသည်။ ဂျီယာဆွန်သည် နွေရာသီ၏ နေ့တစ်နေ့တွင် ပေ ၂၂၀ဝ၀ မြင့်သော ကာဝါဂီဘို တောင်ပေါ်တက်ရင်း မင်ယွန်းရေခဲမြစ်ရှိရာကိုကြည့်၍ ယင်းသို့ပြောခြင်းဖြစ်သည်။ လွန်ခဲ့သောဆယ်နှစ်အထိတွေ့မြင်နေခဲ့သော မင်ယွန်းရေခဲမြစ်ကို တွေ့နေကျနေရာ၌ မမြင်ရတော့ပေ။ ရေခဲမြစ်သည် တိုဝင် နောက်ဆုတ်သွားခဲ့ပြီ။ ဂျီယာဆွန်သည်…