Category: Wastewater
-
ရေဘက်ဆိုင်ရာ ကဏ္ဍနှင့် ပတ်လည် စီးပွားရေး ပုံစံ
ပြန့်ကား ကြီးထွားလာနေသော မြို့ကြီးများနှင့်အတူ စိန်ခေါ်မှုများကလည်း လိုက်ပါ ကြီးမားလာနေသည်၊ ၂၀၅၀ ပြည့်နှစ်တွင် မြို့ပြ လူဦးရေသည် ယခုထက် နှစ်ဆများလာမည်၊ လက်ရှိတွင် မြို့ပြများ၏ ရေအသုံးသည် ကမ္ဘာ့စုစုပေါင်း ရေအသုံး၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြား ရှိနေရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ ရောက်လာမည်ဟု ခန့်မှန်းကြသည်။ ရေလိုအပ်ချက် များပြားလာခြင်းနှင့်အတူ စွန့်ပစ်ရေ ပမာဏနှင့် ရေညစ်ညမ်းမှုတို့သည်လည်း သဘာဝကျစွာ ကြီးထွားလာမည်။ ရေမဖူလုံမှု၊ ရှိသည့်ရေ ညစ်ညမ်းမှု ပြဿနာကို ကမ္ဘာမြို့ကြီးတိုင်း ရင်ဆိုင်ရမည် ဖြစ်သော်လည်း ဖွံ့ဖြိုးဆဲနှင့် ဝင်ငွေနည်း နိုင်ငံများရှိ မြို့ကြီးများအား စိန်ခေါ်ချက်သည် ပို၍ များသည်။ ယင်းကို ရင်ဆိုင်ရန် နည်းလမ်းများစွာ ရှိသည့်အနက် စွန့်ပစ်ရေများကို စီးပွားရေး…
-
သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး
မိလ္လာအညစ်အကြေးရေတို့ကိုသန့်စင်၍ပြန်သောက်ပါဟုဆိုလျှင် အချို့သူများအဖို့ ပြန်သောက်ဖို့မဆိုထားနှင့်၊ ကြားရရုံမျှဖြင့်ပင် အော့ချင်အန်ချင်ဖြစ်လာကြမည်။ သို့သော် ကမ္ဘာ့အချို့ဒေသများတွင် မိလ္လာနှင့် အခြား ရေဆိုးများကို သန့်စင်ပြီး စိုက်ပျိုးရေနှင့် စက်မှုလုပ်ငန်းသုံးရေအပြင် သောက်သုံးရေအဖြစ်ပါ ပေးဝေနေခြင်းကို လက်တွေ့ အောင်မြင်စွာ လုပ်ဆောင်လျက်ရှိသည်။ ယင်းအချက်က ကောင်းမွန်သန့်ရှင်းသည့် ရေအရင်းအမြစ် ရှာရသည်မှာ ခက်သထက်ခက်လာနေသည့် အခြေအနေကို မီးမောင်းထိုးပြသည့်အပြင် ရေဆိုးများကိုပြန်လည်သန့်စင်အသုံးပြုခြင်းဖြင့်လည်း ရေပြဿနာ တစ်စိတ်တစ်ပိုင်း ပြေလည်နိုင်ကြောင်း ညွှန်းဆိုလိုက်ခြင်းပင် ဖြစ်သည်။ ယင်းနည်းပညာကို လွန်ခဲ့သောနှစ်ပေါင်း ၈၀ ခန့်ကတည်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် စတင် အသုံးပြုခဲ့သည်။ သို့သော် သန့်စင်ပြီးရေကို စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းစသည့် သောက်သုံးရန် မဟုတ်သောနေရာတို့တွင်သာ အသုံးချခဲ့သည်။ နောက်ပိုင်း နည်းပညာများ ပိုတိုးတက်လာသောအခါ သောက်သုံးနိုင်သည့် အဆင့်အထိ ရောက်ရှိအောင်မြင်လာခဲ့ကြသည်။ အမေရိကန် ကြည်းတပ်နှင့် ကမ်းတက်တပ်သည်…
-
စက်မှုအညစ်အကြေး
စက်မှုလုပ်ငန်းများမှထွက်လာသော စွန့်ပစ်ပစ္စည်းများတွင် လုပ်ငန်းအမျိုးအစားကို လိုက်၍ ဆိုင်ယာနိုက်၊ ဇင့်၊ ခဲ၊ ကြေးနီ၊ ကက်(ဒ)မင်၊ ပြဒါးစသည်တို့ပါဝင်ရာ ယင်းတို့ကိုစားသုံးမိသော ရေသတ္တဝါတို့သည် ဓာတ်အမျိုးအစားနှင့်ပမာဏကို လိုက်၍ အချိန်တိုအတွင်း သေကြသည်လည်းရှိ၍ ရုတ်ချည်းမသေဘဲ ကိုယ်ခန္ဓာအတွင်းရှိနေကာ ယင်းသတ္တဝါတို့ကို ထပ်ဆင့် စားသုံးကြသည့် လူအပါအဝင် အခြားသတ္တဝါတို့၏ ကိုယ်ခန္ဓာအတွင်းရောက်ရှိ၍ ဖြည်းဖြည်းချင်း ရောဂါရသေဆုံးကြသည်မျိုးလည်း ရှိနိုင်သည်။ အချို့သော စက်ရုံထွက်စွန့်ပစ်ပစ္စည်းများတွင် အောက်ဆီဂျင်ကိုစုပ်ယူဓာတ်ပြုသော ဓာတုဓာတ်ပေါင်းများ ပါဝင်နေပါက ယင်းဓာတ်ပေါင်းများသည် ဓာတုနည်းဖြင့် ရေထဲရှိအောက်ဆီဂျင်မည်မျှကို ဓာတ်ပြု ဖယ်ရှားနိုင်သနည်းဆိုသည်ကို စီအိုဒီ COD(Chemical Oxygen Demand) ယူနစ်ဖြင့် တိုင်းတာသည်။ စီအိုဒီသည် ဓာတုဆိုင်ရာအောက်ဆီဂျင် လိုအပ်မှုဟု အဓိပ္ပာယ်ရသည်။ မြင့်မားသော စီအိုဒီကိန်းရှိသောရေသည် ညစ်ညမ်းရေပင် ဖြစ်သည်။ စက်မှုလုပ်ငန်းများသည် အဆိပ်သင့်ဓာတ်၊ အောက်ဆီဂျင် စုပ်ဓာတ်တို့ဖြင့်သာ…
-
ရေညစ်ညမ်းခြင်းဆိုသည်မှာ
ရေညစ်ညမ်းသည်ဆိုရာတွင် ရေသည် နောက်ကျိကာ အနည်နှင့် အမှိုက်သရိုက်များ ပါဝင်ရောနှောနေသည် ကိုသာ ဆိုလိုခြင်းမဟုတ်၊ လူတို့ကို ရောဂါရစေ သေကြေစေရုံသာမက ရေနေသတ္တဝါများ၏ ရှင်သန်မှုကို ထိခိုက်ကာ အဏ္ဏဝါဂေဟစနစ်ကြီးတစ်ခုလုံးကိုပါ ယိုယွင်းစေသော ပိုးမွှား အနည်အမှုန်၊ အရည်နှင့် ဓာတ်ပစ္စည်းအမျိုးမျိုးတို့ ရောယှက်နေခြင်းကို ခေါ်သည်။ ရေညစ်ညမ်းမှုရှိမရှိ သောက်သုံးရန် သင့်မသင့် သိနိုင်ရန် ရေတွင် လုံးလုံးမပါသင့်သည့် သို့မဟုတ် အများဆုံး ပါသင့်သည့် ပိုးမွှားနှင့် ဓာတုဇီဝပစ္စည်းများ၏ ပမာဏကို သတ်မှတ်၍ ယင်းပမာဏထက် ကျော်လွန်မှု ရှိမရှိကို စစ်ဆေးလေ့ရှိကြသည်။ လူနှင့်တိရစ္ဆာန်တို့၏မိလ္လာအညစ်အကြေးများ ရေတွင် ပါမပါ စစ်ဆေးရာတွင် အီးကိုလိုင် E. coli ခေါ် ဘက်တီးရီးယားတစ်မျိုးပါဝင်နေမှုကို အဓိကစစ်ဆေးကြသည်။ မိလ္လာအညစ်အကြေးများ၊ ဓာတ်မြေသြဇာအအကျန်စသည်တို့ပါမပါ ညွှန်ပြသည့် အခြားကိန်းတစ်ခုမှာ နိုက်ထရိုဂျင်ဓာတ်ပေါင်းများဖြစ်သည်။ နိုက်ထရိတ်၊…
-
နယ်ချဲ့ညစ်ညမ်းရေ
အိန္ဒိယနိုင်ငံတွင် ဆွာမိနီဂါမာနန်းတစ်ယောက် အစာငတ်ခံဆန္ဒပြနေသည်မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် နှစ်လ ပြည့်ခဲ့သည်။ ရက်ပေါင်းအတန်ကြာအစာမစားဘဲနေရာမှ သတိလစ်သွား၍ ဆေးရုံသို့ပို့ထားရသည်။ အထူးကြပ်မတ်ကုသဆောင်တွင် နှာခေါင်းပိုက်များတန်းလန်းနှင့် သူ့ကိုမြင်ရသည်မှာမသက်သာလှ။ သူ့ကို ထောက်ခံသူများက အားပေးစကားပြောသည်ကို ဆွာမိနီဂါမာနန်း ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသည်။ သူ့အခြေအနေသည် တဖြည်းဖြည်းဆိုးလာကာ စ၍ အစာမစားသည်မှ ရေတွက်လျှင် ၇၃ ရက်မြောက်နေ့တွင် သေဆုံးသွားတော့သည်။ အခြားသူများအစာငတ်ခံဆန္ဒပြကြခြင်းမှာ လူနေမှုစနစ်ကို ဘဝင်မကျ၍၊ ကုန်ဈေးနှုန်းတက်၍၊ အုပ်ချုပ်သူ များကို မကျေနပ်၍စသည်တို့ကြောင့် ဖြစ်သော်လည်း ဆွာမိနီဂါမာနန်း အစာငတ်ခံဆန္ဒပြခဲ့ခြင်း၏ အကြောင်းရင်းမှာ ထူးခြားလှသည်။ ဂင်္ဂါမြစ်ရိုးတစ်လျှောက် သတ္တုတူးဖော်နေမှုအပါအဝင် မြစ်ထဲသို့ အညစ်အကြေးမျိုးစုံရောက်ရှိနေသဖြင့် သူတစ်သက်တာလုံး ခင်တွယ်မြတ်နိုးလာခဲ့သော မြစ်ကြီး တစ်နှစ်ထက် တစ်နှစ် ပို၍ပို၍ ညစ်ညမ်းလာနေခြင်းအား တားဆီးလိုသည့်ဆန္ဒကို ဆွာမိနီဂါမာနန်းတစ်ယောက် အသက်စွန့်၍…
-
နှစ်တစ်ရာကျော်က ရန်ကုန်ရေပေးရေးနှင့် မိလ္လာစွန့်စနစ်
၂၀ ရာစုအစပိုင်း ရန်ကုန်မြူနီစီပယ်အဖွဲ့၏ အင်ဂျင်နီယာဌာနတွင် အမြဲတန်းလုပ်သားပေါင်း ၃၀၀၀ ကျော်ရှိပြီး လမ်း၊ တံတား၊ သိုလှောင်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံ၊ မီးသတ်၊ လမ်းရေဖြန်းခြင်းဝန်ဆောင်မှု၊ လမ်းမီး၊ ရေပေးရေးနှင့် မိလ္လာစနစ်တို့ကို တာဝန်ယူလုပ်ဆောင်ရသည်။ ၁၉၀၉-၁၉၁၀ ဘဏ္ဍာနှစ်အတွက် အင်ဂျင်နီယာဌာန၏ ခန့်မှန်းဝင်ငွေသည် ရူပီး ၉၉၆၅၂၁ ဖြစ်သည်။ ယင်းအချိန်က အကောင်အထည်ဖော်နေသောလုပ်ငန်းတို့မှာ ရေကူးရေတွန်းစက်ရုံ တည်ဆောက်ခြင်း၊ မြူနီစီပယ်ရုံးသစ်များ၊ ဈေးများ၊ ကာကွယ်ဆေးထိုးဌာနများ၊ လမ်းသစ်များ၊ ပန်းခြံနှင့် ဥယျာဉ်များ၊ မီးသတ်စခန်း များ၊ နွားမွေးသူတို့အတွက် ရွာများ ဆောက်လုပ်ခြင်း၊ ရေမြောင်းများနှင့် နောက်ဖေးလမ်းကြားများကို အဆင့်မြှင့်ခြင်း၊ လေမှုတ်စက်ရုံများကို တိုးချဲ့ခြင်းတို့ ဖြစ်သည်။ ရေပေးရေး ၁၈၇၈ ခုနှစ်မတိုင်မီက ရန်ကုန်မြို့ကို ရေပေးရာတွင် တွင်းရေကို ရေစုပ်စက်နှင့် ရေလှောင်ကန်များဖြင့် ပေးဝေခဲ့သည်။…