Tag: Yangon
-
မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်းအခြေအနေ (ဒုတိယပိုင်း) ဦးမြင့်သိန်း (မောင်ကျေးရေ)
၈။ မြေအောက်ရေအရည်အသွေး မြေအောက်ရေအသုံးပြုနေသူများသည် ရေ၏အရည်အသွေး ကောင်း မကောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတ်မှတ်ထားသော သောက်သုံးရေ အရည်အသွေး အဆင့်အတန်း (Drinking Water Quality Standard) နှင့် ချိန်ထိုး၍ သိထားသင့်ပါသည်။ မြေအောက်ရေအောင်းလွှာ၏ ဘူမိဗေဒဆိုင်ရာ၊ ဘူမိဓာတုဗေဒဆိုင်ရာ ဓာတ်ပစ္စည်းများ၏ ပမာဏနှင့် ပျော်ဝင်နေသည့် အချိန်ကာလ၊ မြေအောက်ရေကို ပြန်လည်ဖြည့်တင်းပေးသည့် မိုးရေ ဖြတ်သန်းစီးဆင်းရာ တလျှောက်ရှိ မြေသား၊ ကျောက်သားတို့၏ ဓာတ်ဂုဏ်သတ္တိများ စသည့် အချက်များက မြေအောက်ရေ၏ ရေအရည်အသွေး ကောင်းမကောင်း အဆုံးအဖြတ်ပေးပါသည်။ သို့ပါ၍ မြေအောက်ရေ၏ အရောင်အဆင်း၊ အနံ့အရသာ၊ ရေနောက်ကျိမှု၊ ပီအိပ်(ချ်)(pH)၊ ပျော်ဝင်နိုင်သည့် ဓာတုဗေဒဆိုင်ရာ ဓာတ်ပစ္စည်းများ (ဆိုဒီယံ၊ ကယ်စီယံ၊ မဂ္ဂနီစီယံ၊ သံဓာတ်)နှင့် ဓာတ်ပေါင်းများ (ကာဘွန်နိတ်၊…
-
မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်း အခြေအနေ (ပထမပိုင်း) ဦးမြင့်သိန်း(မောင်ကျေးရေ)
၁။ စကားဦး ရန်ကုန်မြို့တွင် မြေအောက်ရေကို မြန်မာမင်းလက်ထက်က စတင် သုံးစွဲခဲ့ကြသည်။ အင်္ဂလိပ် လက်ထက်တွင်လည်း ဆက်လက် သုံးစွဲလာခဲ့သည်မှာ ယနေ့ထိ ဖြစ်၏။ တိုးချဲ့မြို့သစ်များ အပါအဝင် မြို့နယ်အများစုတွင် မိမိပိုင် စက်ရေတွင်းများ တူးဖော်သုံးစွဲလျက် ရှိပါသည်။ ရန်ကုန်မြို့တော်စည်ပင်က ရာနှုန်းပြည့် ဖြန့်ဝေနိုင်ခြင်း မရှိသေးပါ။ မြေအောက်ရေကို စက်ရေတွင်း (အရပ်အခေါ် – အဝိစီတွင်း) များ တူးဖော်၍ ဆက်လက်သုံးစွဲနေရဦးမည်။ ၂။ မြေအောက်ရေ မြေအောက်ရေဆိုသည်မှာ ကမ္ဘာမြေမျက်နှာပြင်အောက်တွင် မြေလွှာ (သဲ၊ ကျောက်စရစ်၊ သဲဆန်သောမြေ) (Sand, Gravel, Sandy soil) စသည်တို့အတွင်း၌သော် လည်းကောင်း၊ ကျောက်လွှာကြား (Fractures / Rocks) များအတွင်း၌ သော်လည်းကောင်း စိမ့်ဝင်ခိုအောင်းနေသောရေ ဖြစ်ပါသည်။ ရေများ…
-
ရန်ကုန်မြို့တော် ရေပေးရေးဆိုင်ရာ အချက်အလက်အချို့
ရန်ကုန်ရေပေးရေးသမိုင်း စတင်သည့်ခုနှစ် အရင်းအမြစ် ၁၈၄၂ ရေတွင်းကြီး ၃၀ ၁၈၇၉ ကန်တော်ကြီးကန် ၁၈၈၄ အင်းလျားကန် ၁၉၀၄ လှော်ကားရေလှောင်ကန် ၁၉၄၀ ဂျိုးဖြူရေလှောင်ကန် ၁၉၉၂ ဖူးကြီးရေလှောင်ကန် ၂၀၀၅ ငမိုးရိပ်ရေသန့်စင်စက်ရုံ(ပထမဆင့်) ၂၀၁၄ ငမိုးရိပ်ရေသန့်စင်စက်ရုံ(ဒုတိယအဆင့်) ဆက်စပ်ဖတ်ရှုရန် နှစ်တစ်ရာကျော်က ရန်ကုန်ရေပေးရေးနှင့် မိလ္လာစွန့်စနစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ၊ ငမိုးရိပ် ရေလှောင်ကန်များနှင့် အဝီစိတွင်းများမှ နေ့စဉ် ရေဂါလန် ၂၀၅ သန်း ပေးဝေလျက်ရှိသည်။ ပေးဝေပမာဏ၏ ၉၀ ရာခိုင်နှုန်းသည် မြေပေါ်ရေဖြစ်ပြီး ကျန် ၁၀ %သည် မြေအောက်ရေ ဖြစ်သည်။ ရေဖြန့်ဝေပေးရာ၌ အိမ်သုံးရေတစ်ယူနစ်လျှင် ငွေကျပ် ၈၈ ကောက်ခံပြီး စီးပွားရေးသုံးအတွက် ရေမီတာတစ်ယူနစ်လျှင် ငွေကျပ် ၁၂၀…
-
ရန်ကုန်မြို့ပြအကျိုးအတွက်ထပ်ထိုးလိုက်သည့်ခေါင်းလောင်းသံ
မိုးရာသီရောက်သည်နှင့်”မိုးရွာရင် မိုးရေချိုးမယ်”ဟု အော်ဟစ်ကာ သီဆိုမြူးထူး ပျော်ပါးနေသော ကလေး တို့ကို ကြည့်၍ လူကြီးတို့ပါ စိတ်လက်ကြည်နူးရခြင်းကို ရန်ကုန်တွင် အတွေ့ရနည်းလာပြီ ဖြစ်သည်။ ကလေးကစားကွင်းများ၊ ရပ်ကွက်တွင်းပန်းခြံများ၏နေရာတွင် အဆောက်အအုံများ ရောက်လာသည့်အတွက် ကလေးတို့ ဆော့ကစားနိုင်သည့်နေရာပျောက်ပြီး လူကြီးတို့ကမူ အိမ်ထဲသို့ ရေဝင်လာတော့မလားဟု ရင်တမမဖြင့် “ရေကင်းစောင့်” ကြရသည့်ဘဝသို့ ရောက်နေသည်။ ရေကြီးရေလျှံမှုများသည် စည်းကမ်းမဲ့အမှိုက်ပစ်မှုများကြောင့်၊ ဌာနဆိုင်ရာများက ထိရောက်စွာ မလုပ်နိုင် မှုကြောင့်စသည်ဖြင့် အမျိုးမျိုး ပြောနေကြသည်၊ အပြန်အလှန် လက်ညှိုးထိုးနေကြသည်။ စင်စစ်တွင်မူ ရန်ကုန်၏ ရေကြီးရေလျှံမှု ပြဿနာသည် စည်းကမ်းတကျ အမှိုက်စွန့်ကြ၊ ဌာနဆိုင်ရာတို့က ရသမျှ ဘတ်ဂျက်တို့ကို အလေအလွင့် အဖိတ်အစင်မရှိအောင် ထိန်းသိမ်း လုပ်ဆောင်ကြလျှင်သော်မှ ပြေလည်ရန်မလွယ်တော့သည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။ လက်ရှိရန်ကုန်လမ်းများ၊ မိလ္လာစွန့်စနစ်နှင့်…
-
နှစ်တစ်ရာကျော်က ရန်ကုန်ရေပေးရေးနှင့် မိလ္လာစွန့်စနစ်
၂၀ ရာစုအစပိုင်း ရန်ကုန်မြူနီစီပယ်အဖွဲ့၏ အင်ဂျင်နီယာဌာနတွင် အမြဲတန်းလုပ်သားပေါင်း ၃၀၀၀ ကျော်ရှိပြီး လမ်း၊ တံတား၊ သိုလှောင်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံ၊ မီးသတ်၊ လမ်းရေဖြန်းခြင်းဝန်ဆောင်မှု၊ လမ်းမီး၊ ရေပေးရေးနှင့် မိလ္လာစနစ်တို့ကို တာဝန်ယူလုပ်ဆောင်ရသည်။ ၁၉၀၉-၁၉၁၀ ဘဏ္ဍာနှစ်အတွက် အင်ဂျင်နီယာဌာန၏ ခန့်မှန်းဝင်ငွေသည် ရူပီး ၉၉၆၅၂၁ ဖြစ်သည်။ ယင်းအချိန်က အကောင်အထည်ဖော်နေသောလုပ်ငန်းတို့မှာ ရေကူးရေတွန်းစက်ရုံ တည်ဆောက်ခြင်း၊ မြူနီစီပယ်ရုံးသစ်များ၊ ဈေးများ၊ ကာကွယ်ဆေးထိုးဌာနများ၊ လမ်းသစ်များ၊ ပန်းခြံနှင့် ဥယျာဉ်များ၊ မီးသတ်စခန်း များ၊ နွားမွေးသူတို့အတွက် ရွာများ ဆောက်လုပ်ခြင်း၊ ရေမြောင်းများနှင့် နောက်ဖေးလမ်းကြားများကို အဆင့်မြှင့်ခြင်း၊ လေမှုတ်စက်ရုံများကို တိုးချဲ့ခြင်းတို့ ဖြစ်သည်။ ရေပေးရေး ၁၈၇၈ ခုနှစ်မတိုင်မီက ရန်ကုန်မြို့ကို ရေပေးရာတွင် တွင်းရေကို ရေစုပ်စက်နှင့် ရေလှောင်ကန်များဖြင့် ပေးဝေခဲ့သည်။…
-
ရန်ကုန်နှင့်မြေအောက်ရေ
ရန်ကုန်လူဦးရေ၏ ၅၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြေအောက်ရေကို မှီခိုနေ။ စည်ပင်တွင်း ၅၀၀ ခန့်မှ တစ်ရက်မြေအောက်ရေ ၉၀၀၀၀ ကုဗမီတာ၊ ပုဂ္ဂလိကတွင်း ၂၀၀၀၀၀ ခန့်မှ တစ်ရက်မြေအောက်ရေ ၄၇၅၀၀၀ ကုဗမီတာထုတ်ယူနေ။ လွန်ခဲ့သည့် ၂၅ နှစ်အတွင်း ကမာရွတ်မြို့နယ်တွင် မြေအောက်ရေပြင် ၁၂ မီတာ၊ လှိုင်မြို့နယ်တွင် ၉ မီတာနှင့် အင်းစိန်တွင် ၇ .၅ မီတာမျှ နိမ့်ဆင်းသွားခဲ့။ ၂၀၁၈ ခုနှစ်ဇွန်လနှင့် ၂၀၂၀ ပြည့်နှစ် ဇွန်လအကြား ဂြိုဟ်တုရေဒါပုံရိပ်များကို အသုံးပြုတွက်ချက်မှုအရ ရန်ကုန် ပုဇွန်တောင်ချောင်းဝန်းကျင်နှင့် အရှေ့ဘက်မြေပြင်သည် ပျမ်းမျှတစ်နှစ်လျှင် ၁၀ မီလီမီတာနှင့် ၂၀ မီလီမီတာကြား နိမ့်ကျ၊ ရန်ကုန်အနောက်ဘက် ရန်ကုန်မြစ်နှင့် ပန်းလှိုင်မြစ်ကြားတွင်လည်း မြေပြင်နိမ့်ကျသည်ကိုတွေ့ရှိ၊ မြို့ပြ…