-
Continue reading →: ကမ္ဘာ့ရေတွင်းသမိုင်း(အကျဉ်း) (ဦးမြင့်သိန်း – မောင်ကျေးရေ)
(၂၀၂၀ ခုနှစ် မတ်လ ၁ ရက်နေ့က ကျွန်တော်၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။) လွန်ခဲ့သောနှစ်ပေါင်း ၈၀ဝ၀ ဝန်းကျင်၊ ကျောက်ခေတ်နှောင်းပိုင်းကာလ (Neolithic) ကတည်းက သောက်သုံးရေအတွက် ရေတွင်းများ တူးဖော်ခဲ့ကြောင်း မှတ်တမ်းများက ပြောပြနေကြ၏။ ထိုခေတ်က မြေအောက်ရေကို မြေပေါ်သို့ရောက်ရန် လူအား၊ လက်သုံးကိရိယာများကို အသုံးပြုပြီး တွင်းတူးကြသည်။ ထိုနောက် ရေတင်ကိရိယာ (တုံကင်) သို့မဟုတ် ရေပုံးကြိုးဖြင့် ဆွဲတင်ကြသည်။ ဘီစီ ၇၀ဝ၀ မှ ၁၀ဝဝဝ ခန့်အတွင်း ရေတွင်းများကို သံ၊ ကြေးနီနှင့် ကြေးဝါကိရိယာများကို အသုံးပြု၍ တူးဖော်ခဲ့ကြသည်။ သံခေတ်၊ ကြေးခေတ်ကာလပေါ့။ ရေတွင်းအများစုသည် လယ်ယာမြေများ အနီး…
-
Continue reading →: မြေအောက်ရေရဖို့ ရေကြောရှာကြစို့ (ဦးမြင့်သိန်း- မောင်ကျေးရေ)
(ဤဆောင်းပါးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စာရေးသူ၏ ဖေ့စ်ဘုတ်ဂရုတွင် စက်ရေတွင်းတူးလုပ်ငန်း လုပ်ကိုင်နေကြသူများ၊ ရေရရန် ခက်ခဲနေသူများ ပြောဆိုကြလာသဖြင့် စာရေးသူ သင်ကြားခဲ့သော ပညာနှင့် လက်တွေ့ အတွေ့အကြုံကိုအခြေခံ၍ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ပြန်လည်ဆွေးနွေးမှုများလည်း ဝမ်းသာစွာ ပြုလုပ်ဖြစ်ခဲ့ပါသည်။ ထိုစဉ်က ရေးသားသည့်အတိုင်း ပြန်လည်ဖော်ပြထားပါသည်။) ၁။ မြေအောက်ရေထုတ်ယူမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စူးစမ်းရှာဖွေရေးလုပ်ငန်းများကို ယခုအခါ ဘက်စုံ စနစ်တကျ တိုးတက်လုပ်ကိုင်လာကြသည်။ မမြင်ရသောရေ ရှိနိုင်မည့် မြေအောက်ထဲသို့ လူကိုယ်တိုင် ဆင်းကြည့်သကဲ့သို့ မြေလွှာ၏ သိပ္ပံပညာရပ်ဆိုင်ရာ အချက်အလက်များကို ကွန်ပြူတာနည်းပညာ အခြေခံ ကွန်ပျူတာပုံစံထုတ် စူးစမ်းရေးနည်းစနစ်များ ဖြစ်သည်။ ၂။ သို့သော် မြေအောက်ရေစူးစမ်းရှာဖွေသည့် နည်းစနစ်များသည် မြေလွှာစူးစမ်း…
-
Continue reading →: စက်ရေတွင်းဆိုင်ရာ အထွေထွေဗဟုသုတ (ဦးမြင့်သိန်း – မောင်ကျေးရေ)
(၂၀၂၁ ခုနှစ် ဇန်နဝါရီလ က Myanmar Geoscience Webinar အစီအစဉ်မှ ထုတ်လွှင့်ခဲ့သည့် ရေတွင်းနှင့်စက်ရေတွင်းများဆိုင်ရာ အထွေထွေ ဗဟုသုတ ဟောပြောချက်များကို အခြေခံရေးသားထားသည့် ဆောင်းပါးဖြစ်ပါသည်။) ၁။ ရေတွင်းအမျိုးအစားများ က။ လက်တူးတွင်း (ရေတွင်း) (Dug Well) ပေါက်တူး၊ ပေါက်ချွန်းဖြင့် လူအင်အားအသုံးပြုတူးသည့်တွင်း ဖြစ်သည်။ ရေတွေ့သည်အထိ တူးဖော်ထားကာ ရေပုံး၊ ရေပုံးကြိုးနှင့် ရေငင်ယူရသည့်တွင်း (အချို့ စက်သီးတတ်)ထားကြသည်။ ယခုအခါ လက်နှိပ်တုံကင်တတ်၊ အဖုံးဖုံးအသုံးပြုကြသည်။ အနက်ပေ ၃၀-၇၅ ခန့်အထိရှိကြသည်။ သဘာဝအလျောက် သန့်စင်နေသောရေ ဖြစ်သည်။ ခ။ စက်ရေတွင်း (Drilling Tube Well) မြေလွှာ ကျောက်လွှာ ထိုးဖောက်နိုင်သည့်…
-
Continue reading →: ပူတယ်လေ ဆယ်နေကဲ ရေဘယ်မှာလဲ (ဦးမြင့်သိန်း – မောင်ကျေးရေ)
ဒီရာသီ ရေရှား နေရပြီ။“ဥတုရာသီ တောကိုမှီ၏” တဲ့၊ရှေးမြန်မာလူကြီးတွေရဲ့ ဆိုစကားလေ့လာကြည့် မှန်နေ၏၊ပြောင်းနေသည့်ရာသီမြန်မာပြည်ဝယ် တနံတလျားမှီစရာတောလည်း မရှိ၊ ရှိတဲ့တောက မအုပ်တောင်လည်း မစိမ်း၊ ရေလည်း မပျို မြစ်လည်း မစိုရေကန်အိုချောက်၊ ချောင်းအိုင်ပြောက်ရောက်ယက်ခတ်ကာ သောက်ရေရှာပြည်သူတွေဒုက္ခ မသေးလှစုပေါင်းကာ အဖြေရှာရမှာပါ့။ (စာရေးသူ၏ မိတ်ဆွေ ရေနံချောင်း၊ ချောက်နေ ရေနံသာဒင်းဂါးက ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ဓာတ်ပုံများ ပေးပို့၍ ဆောင်းပါးရေးပေးရန် တိုက်တွန်းသဖြင့် ဤဆောင်းပါးကို သူ့ထံရေးပို့ခဲ့ပါသည်။ ထိုအချိန် (၂၀၂၀ ဝန်းကျင်)က ယင်းဒေသ၌ မိုးခေါင်ရေရှားပြီး လူနှင့် တိရစ္ဆာန်တို့အတွက် သောက်သုံးရေရှားပါး၊ ခိုနားစရာ အာဝါသမရှိ ဖြစ်နေခဲ့သည်။ ယနေ့တွင်ကား ထိုဒေသသည် ရေနံသာဒင်းဂါး၏ ဦးဆောင်မှု၊ ရွာခံ…
-
Continue reading →: ရာသီဥတုပြောင်းလဲခြင်းအကြောင်း စာအုပ်များ (ကြော်ငြာ)
မုန်တိုင်းပိုတိုက်ခြင်း၊ ရေကြီးခြင်း၊ အပူလွန်ကဲခြင်း၊ မိုးခေါင်ခြင်းစသည့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များသည် လာမည့်နှစ်ပေါင်းများစွာအတွင်း ပို၍ ဆိုးရွားလာရန်သာ ရှိနေသည်။ ယင်းဒဏ်ကို အများဆုံးခံကြရမည့်သူများမှာ ယခုဆယ်ကျော်သက်အရွယ်သို့ စ ရောက်နေသူများနှင့် သူတို့၏အောက် ကလေးငယ်များ ဖြစ်ကြသည်။ သူတို့ တွေ့ကြုံခံစားကြရရန် သေချာနေသည့် ရာသီဥတုပြောင်းလဲမှုအကြောင်း အခြေခံများအပြင် ယင်းဒဏ်မှ သက်သာရာ ရစေရန် သူတို့လည်း တစ်နိုင်တစ်ပိုင် လုပ်ဆောင်ပေးနိုင်ကြသည်၊ မည်သို့ လုပ်ဆောင်သင့်သည်တို့ကို အသိပေး အကြံပြုလိုသဖြင့် ဤစာအုပ်ကို ပြုစုထုတ်ဝေသည်။ ကလေးတို့အတွက် ရည်ရွယ်သည့်အတိုင်း ဖြစ်နိုင်သမျှ အလွယ်ဆုံး အရှင်းဆုံး ဝေါဟာရများကို ရွေးချယ် အသုံးပြု တင်ပြထားသည်။ သီးခြားဖွင့်ဆိုရန် လိုသည်ဟု ယူဆသော ဝေါဟာရရှင်းလင်းချက်များကို စာအုပ် နောက်ပိုင်း၌…
-
Continue reading →: ရေလုံးဝပြတ်နိုင်သည့် အခြေအနေသို့ ရောက်နေသော ဥရုဂွေးနိုင်ငံ မွန်တေဗီဒေးယိုမြို့တော်
ဥရုဂွေး(Uruguay)နိုင်ငံသည် တောင်အမေရိကတိုက် အရှေ့ဘက် အတ္တလန်တိတ်သမုဒ္ဒရာကမ်းခြေ၊ ဘရာဇီးနိုင်ငံ၏ တောင်ဘက်တွင် တည်ရှိသည်။ နိုင်ငံအကျယ်အဝန်း စတုရန်းကီလိုမီတာ ၁၇၆၀ဝ၀ (စတုရန်းမိုင် ၆၈၀ဝဝ) ရှိပြီး လူဦးရေသုံးသန်းခွဲခန့် နေထိုင်သည်။ ပျမ်းမျှအပူချိန် ၂၈ နှင့် ၁၇ ဒီဂရီစင်တီဂရိတ်ကြားရှိ သမပိုင်းနိုင်ငံတစ်ခုဖြစ်ပြီး မိုးရေချိန် တစ်နှစ်လျှင် ပျမ်းမျှ ၁၀ဝ၀ မီလီမီတာ (လက်မ ၄၀)ခန့် ရွာသွန်းသည်။ မိုးသင့်တင့်သည့်အပြင် မြစ်ချောင်းပေါများသဖြင့် ရေအရင်းအမြစ် ကြွယ်ဝသည်။ ပြန်လည်ပြည့်တင်းနိုင်သော ရေအရင်းအမြစ် တစ်နှစ်လျှင် လူတစ်ဦးအတွက် ကုဗမီတာ ၄၀ဝဝဝ ကျော် ပိုင်ဆိုင်သည်။ ကမ္ဘာ့အကြီးဆုံး မြေအောက်ရေကြောများတွင် ပါသော ဂွာရာနီမြေအောက်ရေကြော၏ တစ်စိတ်တစ်ပိုင်းသည် ဥရုဂွေး နယ်နိမိတ် အတွင်း၌ ရှိသည်။…
-
Continue reading →: မိုးခေါင်ခြင်းနှင့် အရေးပေါ်အန္တရာယ် အခြေအနေများအတွက် မြေအောက်ရေ (ဦးမြင့်သိန်း – မောင်ကျေးရေ)
(ဤဆောင်းပါးသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်နှင့် ဖေဖော်ဝါရီလ ၁၈ ရက်တို့တွင် သံတော်ဆင့် သတင်းဂျာနယ်၌ ဖော်ပြခဲ့သောဆောင်းပါး ဖြစ်ပါသည်။ ထိုစဉ်က ရေ ရာသီဥတုမမှန်၊ ဖောက်ပြန်နေသည်ကို အခြေခံ၍ နိုင်ငံတကာဂျာနယ်ဆောင်းပါးများကို ကိုးကားရေးသားခဲ့သည့်အတိုင်းပြန်လည်ဖော်ပြထားပါသည်။ ရေလွှမ်းမိုးခြင်းနှင့်မိုးခေါင်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့် ကာလတွင် မြေအောက်ရေ အရင်းအမြစ်များဖြင့် လိုအပ်သည့်နေရာ၌ လိုအပ်သောရေကို ရယူ၍ ရေပေးဝေနိုင်ကြောင်း၊ မြေအောက်ရေ၏ အရေးပါသောအခန်းကဏ္ဍကို ဖော်ညွန်းရေးထားသည်။) မိုးခေါင်ခြင်း၊ ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များကြောင့် ရေပြတ်လပ်မှု ပေါ်ပေါက်လာနိုင်သည့် အခြေအနေတွင် မြေအောက်ရေသည် လုံခြုံစိတ်ချရသော ရေပင်ရေရင်းတစ်ခုဖြစ်သည်။ ယင်းအခြေအနေမျိုးတွင် မြေအောက်ရေသည် မဟာဗျူဟာမြောက်အရေးပါသည်။ သက်ဆိုင်ရာနယ်မြေ အသီးသီးရှိ ပြည်သူအများသိစေရန် အစိုးရအဖွဲ့အကြီးအကဲများသည် ရေနှင့်ဆက်နွှယ်နေသည့်ဌာနနှင့်…