• နယ်သာလန်နိုင်ငံ၏ အနောက်မြောက်ထောင့်တွင် ကုန်းတွင်းပိုင်းအထိ ပအက္ခရာပုံဖြင့် တိုးဝင်တည်ရှိနေသော Zuiderzee အမည်ရှိ ပင်လယ်ကြီးတစ်ခု ရှိခဲ့သည်။ ယင်းပင်လယ်နှင့် ထိစပ်နေသော ဒေသများသည် မုန်တိုင်းထန်သောအခါများတွင် ပင်လယ်ရေ၏ လွှမ်းမိုးဖျက်ဆီးမှုကို ခံခဲ့ရသည်။ ယင်းအဖြစ်မျိုးကို ပင်လယ်ဝ၌ တာရိုးဆောက်၍ ကာကွယ်ရန် အင်ဂျင်နီယာလည်းဖြစ်၊ နိုင်ငံရေး သမား တစ်ဦးလည်း ဖြစ်သူ Cornelis Lely က ၁၈၉၁ ခုနှစ်ကတည်းက စ၍ စိတ်ကူးရ စီစဉ်ခဲ့သော်လည်း ပထမကမ္ဘာစစ် ဖြစ်လာခြင်း အပါအဝင် အခြားအခက်အခဲများကြောင့် ၁၉၂၀ ပြည့်နှစ်တွင်မှ စတင် တည်ဆောက်နိုင်ခဲ့သည်။ ရေလွှမ်းမိုးမှုဘေးမှ သက်သာရာရစေရန် ပအက္ခရာပုံ ပင်လယ်ဝကိုဖြတ်၍ ၃၂ ကီလိုမီတာရှည်၊ ခုနစ်မီတာခွဲခန့် မြင့်သော Afsluitdijk…

    Continue reading →: ပင်လယ်မှရေချိုအိုင်သို့