-
Continue reading →: အင်းတော်ကြီးကန်နှင့်အင်းလေးကန်တို့ကို နှိုင်းယှဉ်လေ့လာခြင်း
အင်းတော်ကြီးကန်နှင့် အင်းလေးကန်သည် အရှေ့တောင်အာရှတွင် အကြီးဆုံးသော ကုန်းတွင်းရေချိုကန်ကြီး နှစ်ကန် ဖြစ်သည်။ တည်နေရာ၊ အကျယ်အဝန်း အင်းတော်ကြီးကန်သည် ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့နယ်တွင်တည်ရှိသည်။ ပင်လယ် ရေမျက်နာပြင် အထက် ၁၁၅ မီတာတွင်တည်ရှိပြီး တောင်မြောက်နီးပါးသွယ်တန်းနေသည့် ကန်ရေပြင် အထက် မီတာ ၃၅၀ ခန့် မြင့်မားသော တောင်တန်းများကဝန်းရံလျက်ရှိသည်။ ရွှံ့နွံတော၊ ရေနက်ကွင်း အပါအဝင်ရေလွှမ်းဧရိယာအကျယ်အဝန်းမှာ ၁၁၈ .၆ စတုရန်းကီလိုမီတာကျယ်ဝန်း၍ ပုံပျက်နေသော ရှည်မျောမျော ဘဲဥပုံသဏ္ဍာန်တည်ရှိသည်။ ရေပြင်အကျယ်အဝန်း ၁၁၈ စတုရန်း ကီလိုမီတာရှိသည်။ အင်းလေးကန်သည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်တွင်တည်ရှိသည်။ ပင်လယ် ရေမျက်နာပြင်အထက် ၅၉၈ မီတာတွင်တည်ရှိပြီး တောင်မြောက်နီးပါးသွယ်တန်းနေသည့် ကန်ရေပြင် အထက်…
-
Continue reading →: အစ္စရေး၏ရေအရင်းအမြစ်
ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီးဖြစ်သော အာရပ်-အစ္စရေးပဋိပက္ခသည် အဦးအစက နယ်မြေလုခြင်း လူမျိုးရေးပြဿနာစသည်တို့ကို အခြေခံခဲ့သော်လည်း လူဦးရေများလာသောအခါ ရေပြဿနာက ထပ်ဆင့်လာသည်။ အရှေ့အလယ်ပိုင်းနိုင်ငံအားလုံးသည် မိုးနည်းသဖြင့် ရေအခက်အခဲရှိကြသည်ချည်း ဖြစ်သော်လည်း ဆီးရီးယား၊ ဂျော်ဒန်၊ ပါလက်စတိုင်းနယ်မြေနှင့် အစ္စရေးတို့သည်မူ ဘုံရေအရင်းအမြစ်တစ်ခုကို ခွဲဝေသုံးစွဲရသဖြင့် ပြဿနာပိုများသည်။ ယင်းနိုင်ငံများခွဲဝေသုံးစွဲရသည့် ဘုံရေအရင်းအမြစ်မှာ ဂျော်ဒန်မြစ်ရေ ဖြစ်သည်။ ပူးတွဲမြေပုံတွင် ဂျော်ဒန်မြစ်သည် ဂျော်ဒန်နိုင်ငံ၏အနောက်ဘက်နယ်နိမိတ်တစ်လျှောက်လုံး၌ စီးဆင်းနေသည်ကို တွေ့နိုင်သည်။ သို့သော် ဂျော်ဒန်နိုင်ငံသည် မိမိနိုင်ငံ၏ဘေးတွင်လည်း ရှိနေ၊ မိမိနိုင်ငံအမည်နှင့်လည်းရှိနေသော ယင်းမြစ်ရေကို မိမိလိုသလောက် ထုတ်ယူပိုင်ခွင့်မရှိချေ။ ဒေသတွင်းဘုံရေအရင်းအမြစ်ဖြစ်သော ဂျော်ဒန်မြစ်ရေကို ခွဲဝေရယူရေးအတွက် ချုပ်ဆိုထားသော စာချုပ်များအတိုင်းသာ ရယူပိုင်ခွင့်ရှိသည်။ ယင်းစာချုပ်များအရ အစ္စရေးသည် ဂျော်ဒန်မြစ်ရေကို တစ်နှစ်လျှင်ကုဗပေသန်း ၁၈၀၀၀ ခန့်၊ ဂျော်ဒန်နိုင်ငံသည်…
-
Continue reading →: ရေလွှမ်းလွင်ပြင်ကိုအသုံးချခြင်း
မြစ်ရေကိုနေရာပေးခြင်း(Room for the Rivers Programme) သည် ပုံမှန်ထက် ထူးကဲသောအခြေအနေကို ရင်ဆိုင်ဖြေရှင်းရန် ပုံမှန်စိတ်ကူးမှ ခွဲထွက်စဉ်းစားရာမှ ရရှိသော အဖြေဖြစ်သည်။ ပုံမှန်ထက်ထူးကဲသောအခြေအနေဆိုသည်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ပုံမှန်ထက် သည်းထန်သောမိုးများ အကြိမ်စိပ်စိပ်ရွာလာသဖြင့် ဖြစ်နေကျထက်ဆိုးရွားသောရေကြီးမှုများကို ကြုံတွေ့လာရခြင်း ဖြစ်သည်။ ယင်းအခြေအနေတွင် တာရိုးကိုမြှင့်တင်ခြင်းစသော သမားရိုးကျ ကာကွယ်ရေးနည်းလမ်းများ သက်သက်ဖြင့် မလုံလောက်တော့သည်ကို သိလာကြပြီး မြစ်ရေကို နေရာပိုပေးသော ထူးခြားသည့်စဉ်းစားနည်းဖြင့် ဖြေရှင်းလိုက်သောအခါ အပျက်အစီး သိသာစွာ လျော့နည်းသွားသည်။ ပမာဏအကန့်အသတ်နှင့်သာရှိသောရေကို လူဦးရေများလာ တစ်ဦးချင်း ရေအသုံးများလာနေသော အခြေအနေအတွက် လုံလောက်စွာ ရယူနိုင်ရန် အားထုတ်ရာတွင် အစဉ်အဆက်က လုပ်ဆောင်ခဲ့သော မြစ်ရေ ကန်ရေ မြေအောက်ရေကို ထုတ်ယူနေခြင်းမျှဖြင့် အဆင်မပြေနိုင်၊…
-
Continue reading →: လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း
ဒဂုံမြို့သစ် ၄ မြို့နယ် အပါအဝင် သာကေတနှင့် ဒေါပုံမြို့များသို့ ရေပေးဝေမည့် လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ မှာ မြန်မာနှင့် ဂျပန် နှစ်နိုင်ငံအစိုးရများ အကြား Exchange of Note နှင့် Loan Agreement များကို လက်မှတ် ရေးထိုး နိုင်ခဲ့ပါတယ်။ ချေးငွေပမာဏကတော့ ဂျပန်ယန်း ၂၃.၆၈၃ ဘီလီယံ ဖြစ်ပြီး၊ အတိုးနှုန်း ၀.၀၁ ရာခိုင်နှုန်းနှင့် ချေးငွေပြန်ဆပ် ရမည့် ကာလကတော့ နှစ်ပေါင်း လေးဆယ် ဖြစ်ပါတယ်။ လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းမှ နေ့စဉ်ရေဂါလန် သန်း ၄၀ ပေးဝေနိုင်မှာ…
-
Continue reading →: ရန်ကုန်မြေအောက်ရေ မခမ်းခြောက်စေဖို့
[ မြေအောက်ရေပညာရှင် – (Hydrogeologist) ဦးမြင့်သိန်း(မောင်ကျေးရေ) နှင့် တွေ့ဆုံမေးမြန်းခြင်း by ဒေါ်ခင်မျိုးသက် (VOA) 27.10.2019 ဦးမြင့်သိန်း။ ။ “ရန်ကုန်မြို့မှာ ၂၀၁၄ သန်းကောင်စာရင်း ကောက်တဲ့အနေအထားအရ ဆိုရင် လူဦးရေ ၅ သန်းကျော်ရှိတယ်။ အခုဆိုရင်တော့ ၆ သန်းကျော် လောက် ဖြစ်သွားပြီပေါ့။ အဲဒီမှာ လူဦးရေ ၅၀ % တဝက်လောက်က မြေအောက်ရေကို မှီခိုပြီးတော့ သောက်သုံးရေ အတွက် အားထားနေကြရတယ်။ မေး။ ။“အဲဒီတော့ ဒီမြေအောက်ရေက လုံလုံလောက်လောက်ရော ရှိပါသလားဆရာ။” ဦးမြင့်သိန်း။ ။ “တရားဝင် ဘယ်သူမှ တွက်ချက်မထားဘူး။ ကျနော်ကတော့ ဝါသနာပါလို့ နဲနဲပါးပါး တွက်ချက်ထားတာ…
-
Continue reading →: ရန်ကုန် ရေလေလွင့် ဆုံးရှုံးမှု
လက်ရှိ ရေလေလွင့် ဆုံးရှုံးမှု ထိမ်းသိမ်းရေးကို လုပ်ဆောင်ရာမှာ အရမ်း ပင်ပန်းပြီး risk များပါတယ်၊ ပင်ပန်းတာကတော့ စနစ်မကောင်းခဲ့တဲ့ ကာလ တစ်လျှောက်က database တွေ ပြန်စုရတာ (အခုထိ မတိကျသေးပါ)၊ distribution network အဟောင်းတွေကို JICA EXPERT များနဲ့တွဲပြီး on job training လုပ်တာတွေလည်း ငါးနှစ် ရှိပါပြီ၊ ဂျပန်လည်း ပန်း ကျနော်တို့လည်း ပန်းနေပါပြီ၊ risk တွေကတော့ policy မငြိမ်တာရယ်၊ public awareness မရှိတာရယ်၊ skill workers နဲ့ expert services မရှိတာတွေကြောင့် NRW reduction program…
-
Continue reading →: ဒလမြို့နယ်ရဲ့ရေပြဿနာ
ဒလမြို့နယ်လူထုမှ ရွေးကောက်တင်မြှောက်ထားသည့် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည် နှင့် တွေ့ဆုံမေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။ ရန်ကုန်၊ ဇွန် ၃၊ ၂၀၂၀ ဒလမြို့နယ်က နှစ်ပေါင်းများစွာကတည်းက ရေချိုမထွက်ဘူး။ ဒလလူဦးရေက ၁၉၉၀ မတိုင်ခင်မှာ လူဦးရေ ခုနစ်သောင်းကျော်လောက်ပဲ ရှိခဲ့ရာက အခု ၂၀၂၀ ဝန်းကျင်မှာဆို တစ်သိန်းခြောက်သောင်းကျော် ဖြစ်လာတယ်။ အရင်နှစ်ပေါင်းများစွာကတည်းက ရေက ကန်ရေကို သုံးစွဲနေရတာ အဆင်ပြေတယ်။ ရေလုံလောက်မှု ရှိတယ်။ အခုအခါမှာတော့ ရာသီဥတု ပူပြင်းလာမှု၊ ရေငွေ့ပျံမှုနှုန်း တိုးလာမှု၊ လူဦးရေတိုးပွားလာမှု၊ ကျူးကျော်နေထိုင်သူများပြားလာမှုတို့ကြောင့် နဂိုမူလ ရှိနေတဲ့ သောက်သုံးရေကန်တွေ မလုံလောက်မှု ဖြစ်လာတယ်။ ၁၉၉၆ ခုနှစ်မှာ စည်ပင်သာယာရေးအဖွဲ့က နေစပြီးတော့ တွံတေးမြို့နယ်ထဲက ရန်ကုန်ပေါက်ကျေးရွာမှာ…