• ရန်ကုန်လူဦးရေ၏ ၅၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြေအောက်ရေကို မှီခိုနေ။ စည်ပင်တွင်း ၅၀၀ ခန့်မှ တစ်ရက်မြေအောက်ရေ ၉၀၀၀၀ ကုဗမီတာ၊ ပုဂ္ဂလိကတွင်း ၂၀၀၀၀၀ ခန့်မှ တစ်ရက်မြေအောက်ရေ ၄၇၅၀၀၀ ကုဗမီတာထုတ်ယူနေ။ လွန်ခဲ့သည့် ၂၅ နှစ်အတွင်း ကမာရွတ်မြို့နယ်တွင် မြေအောက်ရေပြင် ၁၂ မီတာ၊ လှိုင်မြို့နယ်တွင် ၉ မီတာနှင့် အင်းစိန်တွင် ၇ .၅ မီတာမျှ နိမ့်ဆင်းသွားခဲ့။ ၂၀၁၈ ခုနှစ်ဇွန်လနှင့် ၂၀၂၀ ပြည့်နှစ် ဇွန်လအကြား ဂြိုဟ်တုရေဒါပုံရိပ်များကို အသုံးပြုတွက်ချက်မှုအရ ရန်ကုန် ပုဇွန်တောင်ချောင်းဝန်းကျင်နှင့် အရှေ့ဘက်မြေပြင်သည် ပျမ်းမျှတစ်နှစ်လျှင် ၁၀ မီလီမီတာနှင့် ၂၀ မီလီမီတာကြား နိမ့်ကျ၊…

    Continue reading →: ရန်ကုန်နှင့်မြေအောက်ရေ
  • ဇလဘူမိပညာရှင်ဦးမြင့်သိန်းက ရန်ကုန်တွင် အဝီစိတွင်းပေါင်း နှစ်သိန်းခန့်ရှိသည်ဟု ခန့်မှန်းသည်။ မြို့လယ် တိုက်ကြိုတိုက်ကြား မြေညီထပ်မီးဖိုခန်းရှိတွင်းများမှစကာ မြို့သစ်များရှိ ပေ ၄၀ ခြား၊ အချို့နေရာများတွင် ပေ ၂၀ ခြားရှိသည့်တွင်းများကိုပါ စဉ်းစားလျှင် ဦးမြင့်သိန်းမှန်းတာ မှန်သည်ဟုထင်၏။ တစ်တွင်းတစ်ရက်ဂါလန် ၃၀၀ ထုတ်လျှင် တွင်းပေါင်းနှစ်သိန်းမှ တစ်ရက် ရေဂါလန်သန်း ၆၀ ထွက်သည်။ အချို့အိမ်သုံးတွင်းများသည် တစ်ရက် ဂါလန်ထောင်ချီ၊ အချို့စက်ရုံအလုပ်ရုံတွင်းများသည် တစ်ရက်ဂါလန် သောင်းချီထုတ်နေကြသောကြောင့် စုစုပေါင်းထုတ်သုံးသည့်ပမာဏ ဂါလန်သန်း ၆၀ ထက် မလျော့နိုင်၊ ပိုဖို့ပဲရှိသည်။ လျှော့ပေါ့ကိန်းတစ်ရက်ဂါလန်သန်း ၆၀ သည် တစ်လဂါလန်သန်း ၁၈၀၀၊ ခုနစ်လဆိုလျှင် ဂါလန်သန်း ၁၂၀၀၀ ကျော်ဖြစ်သည်။ ယင်းကိန်းဂဏန်းသည် ရန်ကုန်သို့ရေပေးနေသောကန်ကြီးလေးကန်အနက်…

    Continue reading →: ရန်ကုန်မြေအောက်ရေအဝင်အထွက်
  • ပါကစ္စတန်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ မြန်မာနိုင်ငံတို့၏မြောက်ဘက်၊ တရုတ်နိုင်ငံ၏အနောက်ဘက် တစ်စိတ်တစ်ပိုင်းတို့ဖြင့် ဖွဲ့စည်းထားသော ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသ(Hindu Kush Himalayan Region (HKH))တွင် ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်အပါအဝင် တောင်မြင့်များစွာပါဝင်သဖြင့် ကမ္ဘာ့ခေါင်မိုးဟုလည်းကောင်း၊ တောင်နှင့်မြောက်ဝင်ရိုးစွန်းဒေသများပြီးလျှင် ရေခဲပြင် ရေခဲမြစ်အများဆုံးရှိ၍ တတိယဝင်ရိုးစွန်းဟုလည်းကောင်း တင်စားခေါ်ဝေါ်ကြသည်။ ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များသည် ၁၉၇၀ ပြည့်နှစ်အလွန်မှစ၍ အရည်ပျော်မှုများလာကာ ရေခဲပြန်ဖြစ်မှုနည်းလာသဖြင့် လျော့နည်းတိုဝင်လာလျက်ရှိသည်(ခြွင်းချက်-ဒေသအနောက်ပိုင်းရေခဲမြစ်များ)။ လေ့လာချက်တစ်ခုအရ အိန္ဒိယ၊ တရုတ်၊ နီပေါနှင့်ဘူတန်တို့ရှိ ရေခဲမြစ်များသည် ၂၀၀၀ ပြည့်နှစ်မှစ၍ တစ်နှစ်လျှင် ရေခဲမြစ်အထူ တစ်ပေခွဲမျှ၊ အလေးချိန်အားဖြင့် ရှစ်ဘီလျံတန် လျော့နည်းလာနေသည်။ ယင်းပမာဏမှာ ၁၉၇၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း အရည်ပျော်နှုန်း၏နှစ်ဆခန့်ဖြစ်သည်။ ရေခဲမြစ်တိုးတက်အရည်ပျော်မှု၏ ထင်ရှားသောအမှတ်အသားများအနက်တစ်ခုမှာ ရေခဲမြစ်များဆုတ်ခွာသွားရာလမ်းတလျှောက်တွင် ပေါ်ထွန်းလာသောရေအိုင်များဖြစ်သည်။…

    Continue reading →: ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များလျော့နည်းတိုဝင်လာခြင်း
  • ဂင်္ဂါမြစ်ထဲသို့ရေဆင်းချိုးလျှင် ပြုခဲ့သောအပြစ်တို့ကွာကျကင်းစင်သွားသည်ဟု ဟိန္ဒူဘာသာဝင်တို့ ယုံကြည်ကြသည့်အလျောက် ယင်းမြစ်ရိုးတစ်လျှောက်တွင် လူနှစ်သန်းကျော်တို့ နေ့စဉ် ရေဆင်းချိုးနေကြသည်။ ထို့ပြင် ဂင်္ဂါရေကို လူပေါင်းသန်း ၄၀၀ တို့က သောက်သုံးရေအတွက် မှီခိုနေရသည်။ သို့သော် ဂင်္ဂါမြစ်၏ ကျန်းမာရေးကို လုံလောက်စွာဂရုမပြုခဲ့ကြချေ။ မြစ်ရိုးတစ်လျှောက်ရှိ မြို့ကြီးပေါင်း ၂၇ မြို့၊ မြို့ငယ်၊ ကျေးရွာများမှ စွန့်ထုတ်လိုက်သော မိလ္လာရည်များသည် လုံးဝသန့်စင်ပြုပြင်ခြင်းမရှိဘဲ သို့မဟုတ် လုံလောက်စွာသန့်စင်ခြင်းမရှိဘဲ ဂင်္ဂါမြစ်ထဲဝင်ရောက်ခဲ့သည်။ ဂင်္ဂါမြစ်ကမ်းတစ်လျှောက်ရှိ စက်ရုံများကလည်း မြစ်ရေညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေသည်။ ဂင်္ဂါမြစ်၏ အူတာပရာဒက်ရှ်ပြည်နယ်အပိုင်းတွင်ပင် စက်ရုံ ၁၅၀ နီးပါးရှိသည်။ ယင်းစက်ရုံများမှ ဟိုက်ဒရိုကလိုရစ် အက်စစ်၊ ပြဒါး၊ သတ္တုလေးများ၊ ဆိုးဆေးများအပါအဝင် စွန့်ပစ်ဓာတ်ပေါင်းများသည် မြစ်ထဲသို့စီးဝင်သည်။ စက်ရုံထွက်အညစ်အကြေးများအပြင် စိုက်ခင်းများမှဓာတ်မြေသြဇာနှင့်…

    Continue reading →: မြစ်ရေညစ်ညမ်းမှု
  • အစ္စရေးနိုင်ငံ၏တစ်နှစ်ပျမ်းမျှမိုးရေချိန်သည် ၂၁ လက်မမျှသာဖြစ်ရာ မြန်မာနိုင်ငံ ခြောက်သွေ့ဒေသ၏ မိုးရေချိန်နှင့်နီးစပ်သည်။ မြန်မာ့ ခြောက်သွေ့ဒေသ၌ ရေအခက်အခဲကြီးမားသည့်နည်းတူ အစ္စရေးတွင်လည်း ရေပြဿနာကြီးကြီးမားမားရှိခဲ့သည်။ ယခုအခါ မြန်မာတွင် ခြောက်သွေ့ဒေသ၌သာမက မိုးများသည့်ဒေသ အချို့တွင်ပါ ရေအခက်အခဲရှိနေသော်လည်း အစ္စရေးတွင်မူ ရေများပိုလျှံသည့် အခြေအနေသို့ ရောက်သွားပြီ။ သူတို့ ရေအရင်းအမြစ်ကိုဘယ်လိုစီမံသလဲ လေ့လာပြီး သိလာသည်ကို အတိုချုံး၍ မျှဝေပါသည်။ အစ္စရေးသည် ၁၉၄၈ ခုနှစ် မေလ၌ သီးခြားလွတ်လပ်သောနိုင်ငံဖြစ်လာခဲ့ရာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရချိန်နှင့် လပိုင်းသာကွာသည်။ သီးခြားနိုင်ငံ ထူထောင်ပြီး နှစ်နှစ်ကျော်အကြာတွင် နိုင်ငံရေဖူလုံရေးကို အလေးထား၍ အစ္စရေးအမျိုးသားရေပေးရေးအဖွဲ့(The National Water Carrier)ကို တည်ထောင်ကာ ဂလီလီရေချိုအိုင်မှ ရေများကို စတင်ပေးဝေသည်။ ဂလီလီမှရေများ၊…

    Continue reading →: အစ္စရေးရေအရင်းအမြစ်
  • တရုတ်တောင်ပိုင်းကရေကို ရေရှားသည့်မြောက်ပိုင်းသို့ပို့သည့် ရေလွှဲစီမံကိန်း၊ အိန္ဒိယတွင် မြောက်ပိုင်းမှရေတွေကိုတောင်ပိုင်းပို့မည့် စီမံကိန်းများအကြောင်းတွေးရင်း သံလွင်မြစ်ရေကို နိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားအရပ်သို့ပို့သင့်ကြောင်း စိတ်ကူးရလာသဖြင့် အများသိအောင် ပို့စ်ရေးခဲ့သည်။ ယင်းပို့စ်ကိုဖတ်ရသော ဆရာသမား၊ သူငယ်ချင်းဆည်မြောင်းအင်ဂျင်နီယာများက သံလွင်ရေအသုံးချရေးအတွက် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်ကတည်းက အစီရင်ခံစာရေးသားတင်ပြခဲ့ဖူးကြောင်း ပြောလာသည်။ ၁၉၈၁ ဖေဖော်ဝါရီက သူတို့လေ့လာပြုစုတင်ပြခဲ့သော “သံလွင်မြစ်ဆည်မြောင်းစီမံကိန်း ပဏာမ စူးစမ်းလေ့လာမှုအစီရင်ခံစာ”အရ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း၌ ရေလွှဲအဆောက်အအုံ တည်ဆောက်ပြီး သံလွင်မြစ်ရေကို ၂၂ မိုင်ရှည်ဥမင်ဖြင့် မြစ်ငယ်မြစ်တွင်းသို့ ထည့်ကာ ပြင်ဦးလွင်မှတစ်ဆင့် မြန်မာပြည်အလယ်ပိုင်း မိုးခေါင်ရေရှားရပ်ဝန်းသို့ သွယ်ဖောက်ယူရန်ဖြစ်သည်။ မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်းအတွင်း လယ်မြေဧက ၁၅ သိန်းကို ရေပေးရန်ရာထားသည်။ အခြားနိုင်ငံများရှိ မြစ်ဝှမ်းဒေသတစ်ခုမှတစ်ခုသို့ရေလွှဲစီမံကိန်းများတွင် ရေတွန်းစက်များကို သုံးရသောကြောင့် လျှပ်စစ်စွမ်းအင်အမြောက်အမြားလိုသော်လည်း သံလွင်သည်မြင့်၍…

    Continue reading →: ခြောက်သွေ့ဒေသအတွက်သံလွင်မြစ်ရေအသုံးချရေး