• ကျွန်တော့ကို အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ မွေးပါတယ်။ ကျွန်တော်တို့ရွာကလေးမှာ ဂင်္ဂါနဲ့ ယမုန်နာမြစ်တွေက ရေလွှဲယူထားတဲ့တူးမြောင်းတွေ ရှိတယ်။ အဲဒီရေတွေကြောင့် ရွာပတ်ဝန်းကျင်က လယ်ကွင်းတွေဟာ အမြဲစိမ်းစိုနေတယ်။ ဒါပေမဲ့ ကျွန်တော့အဖေက ကျွန်တော့ကို လယ်သမား မဖြစ်စေချင်ဘူး။ ဒါနဲ့ ကျွန်တော်ဟာ အာယုဗေဒဆေးပညာကို သင်ယူတယ်။ ပြီးတော့ ရာဂျက်စထန်ပြည်နယ် ဂျိုင်ပူးမြို့က လူငယ်နဲ့အားကစားဌာနမှာ အလုပ်ရပါတယ်။ ရာဂျက်စထန်ပြည်နယ်မှာ ခြောက်သွေ့ပြီး မိုးခေါင်တယ်၊ ရေရှားတယ်။ ရာဂျက်စထန်ရဲ့ ဧရိယာဟာ အိန္ဒိယနိုင်ငံဧရိယာရဲ့ ၁၀ ပုံ ၁ ပုံလောက်အထိ ကျယ်ပေမယ့် မြေပေါ်ရေပမာဏဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ မြေပေါ်ရေရဲ့ ၁ ရာခိုင်နှုန်းလောက်သာရှိပါတယ်။ ဌာနမှာအလုပ်ဝင်ပြီး တစ်နှစ်ကြာတော့ အလုပ်ကထွက်ပြီး ရာဂျက်စထန် ကျေးလက်တွေက…

    Continue reading →: ကျေးလက်မိုးရေလှောင်ကန်မှသည် ယမုန်နာနှင့်ဂင်္ဂါဆီသို့
  • ပင်လယ်၊ သမုဒ္ဒရာဟုဆိုကြရာ၌ ကျယ်ပြောသောရေပြင်ကို ဤကားပင်လယ်၊ ဤကားသမုဒ္ဒရာဟု ခွဲခြား ပြောဆိုရန် တိကျသော သတ်မှတ်ချက်မရှိချေ။ ကုန်းမြေက ထိစပ်ထား၊ ဝိုင်းရံထားသောရေငန်ထုတစ်ခုကို ပင်လယ်ဟုခေါ်၍ ပင်လယ်ထက် ကြီးမား ကျယ်ပြောသော ရေငန်ထုကို သမုဒ္ဒရာဟု ဆိုကြသည်။ သမုဒ္ဒရာ၏ အချို့အစိတ်အပိုင်းကို ပင်လယ်ဟု သတ်မှတ်ခြင်းမျိုးလည်း ရှိသည်။ ကမ္ဘာတွင် ပင်လယ်ဟု သတ်မှတ်ထားသော ရေငန်ထုပေါင်း ၅၀ ရှိရာ ပင်လယ်သေသည် အလွန်ထူးခြားသည်။ ပင်လယ်သေသည် အာရှတိုက်၏ အနောက်တောင်ဘက်တွင် ရှိသည်။ ပင်လယ်သေ၏အနောက်ဘက်တွင် အစ္စရေးနိုင်ငံရှိပြီး အရှေ့ဘက်တွင် ဂျော်ဒန်နိုင်ငံရှိသည်။ ပင်လယ်သေ၏ ရေပြင်သည် ပျှမ်းမျှ ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၁၄၀၀ ခန့်နိမ့်၍ ကမ္ဘာတွင်အနိမ့်ဆုံးနေရာလည်း ဖြစ်သည်။ အဘက်ဘက်မှကုန်းမြေဖြင့်ဝိုင်းထား၍…

    Continue reading →: ပင်လယ်သေ
  • ရည်ရွယ်ချက်-လက်တူးတွင်းတိမ်များ၏ရေကြောကိုမိုးရေဖြင့်ဖြည့်ပေးရန် ရေဖြည့်တွင်းစနစ်တွင် အဓိကအပိုင်းလေးပိုင်းပါသည်။ ၁။ မိုးရေခံမျက်နှာပြင် အိမ်အမိုး၊ တစ်ဖက်ရပ်အမိုး၊ မြက်ခင်း၊ မြေပြင်၊ ကွန်ကရစ်ပြင်စသည်များ။ ယင်းမျက်နှာပြင်များသည် အသင့်အတင့်သန့်ရှင်းသောမျက်နှာပြင်များဖြစ်ဖို့လိုပါသည်။ ၂။ မိုးရေခံမျက်နှာပြင်မှရေဖြည့်တွင်းသို့မိုးရေသယ်ပို့စနစ် ရေပိုက်၊ ရေသယောက်၊ မြေသားမြောင်း၊ အုတ်စီမြောင်းစသည်။ ယင်းတို့သည် အသင့်အတင့် သန့်ရှင်းဖို့လိုပါသည်။ ၃။ ရေစစ်စနစ် ၃။ ရေစစ်စနစ် နုန်းတား၊ ဆန်ကာစသည်။ မိုးရေနှင့်အတူပါလာသောသစ်ရွက် ခဲ ပလတ်စတစ်အစအနစသည့် အရွယ်ကြီး အရွယ်လတ်အမှိုက်များကို ဖယ်ထုတ်နိုင်လျှင် ရပါသည်။ ၄။ ရေဖြည့်တွင်း ရေဖြည့်တွင်းနေရာသည် အဆောက်အအုံကိုမထိခိုက်စေရန် ဖောင်ဒေးရှင်းနှင့်ဆယ်ပေခန့်၊ အညစ်အကြေးမဝင်နိုင်ရန် မိလ္လာကန်နှင့်အနည်းဆုံးပေ ၂၀ ခန့်ကွာဖို့လိုသည်။ လက်ရှိသုံးနေသောရေတွင်းနှင့် အနီးဆုံးနေရာဖြစ်သင့်သော်လည်း လက်ရှိတွင်း၏ခိုင်ခန့်မှုကို မထိခိုက်စေရန် ငါးပေနှင့်အထက်ခွာသင့်သည်။ ရေအဝင်လွယ်ရန် မိုးရေခံမျက်နှာပြင်ထက်…

    Continue reading →: ရေဖြည့်တွင်းစနစ်တည်ဆောက်တူးဖော်ခြင်း
  • အိန္ဒိယနိုင်ငံ အနောက်တောင်ဘက်ရှိ လူဦးရေငါးသိန်းခန့်နေထိုင်သော ဘယ်လာဂါဗီ(Belagavi (formerly Belgaum))မြို့တွင် ၁၉၉၅ ခုနှစ်က မိုးအကြီးအကျယ်ခေါင်သဖြင့် ရေအခက်အခဲတွေ့ခဲ့သည်။ မြို့ကိုရေပေးနေသောရေကန်ကြီးတွင် ရေသိသိသာသာလျော့နည်းခဲ့သဖြင့် ရက်သတ္တတစ်ပတ်တွင် တစ်ကြိမ်သာရေပေးနိုင်တော့သည်အထိ အခြေအနေဆိုးခဲ့သည်။ ရေမရသောအိမ်ရှင်မများက ရေပုံးရေခွက်ကိုယ်စီဖြင့် မြို့တော်ဝန်ရုံးခန်းရှေ့သို့ ချီတက်ဆန္ဒပြကြသည်။ ရေအတွက် တစ်နည်းနည်းစီစဉ်ပေးရန် အော်ဟစ်ကြသည်။ မြို့တော်ဝန်လည်း ဘာမျှမတတ်နိုင်၊ အော်သံ ဆူပူသံများကြားတွင် ခေါင်းမဖော်နိုင်ခဲ့ချေ။ ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင်လည်း ထိုနည်းနှင်နှင် နွေရောက်၍ ရေပြတ်တိုင်း ရေပုံးရေခွက်များဖြင့် လာဝိုင်းသော အိမ်ရှင်မများ၏ဒဏ်ကို မြို့တော်ဝန် ကောင်းစွာခံခဲ့ရသည်။ ဘယ်လာဂါဗီမြို့တွင် ကန်ရေကိုပိုက်ဖြင့်မပေးဝေနိုင်မီက မြို့သားတို့သည် လက်တူးရေတွင်းကြီးများနှင့် ရပ်ကွက်တွင်းရှိရေကန်များဖြင့် အဆင်ပြေခဲ့ကြသော်လည်း ကန်ရေရသည့်အချိန်မှစ၍ ယင်းရေတွင်းကြီးများကို မည်သူမျှဂရုမစိုက်ကြတော့ချေ။ အချို့တွင်းများသည် အမှိုက်တွင်းကြီးများ ဖြစ်သွားသည်။…

    Continue reading →: ဘယ်လာဂါဗီရေအခက်အခဲ
  • အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ဘန်ဂလော(Bangalore)မြို့သည် ကမ္ဘာတွင် အလျင်မြန်ဆုံး ဖွံ့ဖြိုးကြီးထွားနေသော မြို့ကြီး ဆယ်မြို့စာရင်းဝင်ဖြစ်သည်။ လူဦးရေ ၁၂ သန်းနီးပါးနေထိုင်သောဘန်ဂလော ဖွံ့ဖြိုးရခြင်းအကြောင်းများတွင် စက်မှု၊ ဆက်သွယ်ရေး၊ လေကြောင်းအင်ဂျင်နီယာ၊ ဆေးဝါး၊ အထည်အလိပ်စသည်တို့အပြင် အိုင်တီခေါ် သတင်းအချက်အလက်နည်းပညာ အောင်မြင် ထွန်းကားသောကြောင့် ဖြစ်သည်။ ဟီတာချီ၊ အိုင်ဘီအမ်၊ အိပ်ချ်ပီစသည့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီရုံးခွဲများ ဘန်ဂလောတွင် ရှိသည်။ စီးပွားရေးတွင် ထိပ်ရောက်နေသော်လည်း ဘန်ဂလော၏ ရေပေးရေးစနစ်သည်မူ အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်။ မြို့နှင့်အနီးဆုံး အာကာဝတီမြစ်မှ ဘန်ဂလောအတွက် ရေထုတ်ယူမှု များလွန်းသဖြင့် မြစ်ရေစီးလျော့နည်းလာနေသောကြောင့် မြို့မှမိုင် ၆၀ ခန့်ဝေးသော ကော်ဗရီမြစ်ရေကို စုပ်ယူနေရသည်။ ဘန်ဂလောရှိ တရားဝင်အဝီစိတွင်းပေါင်း ၄၀၀၀၀ ကျော်၏ မြေအောက်ရေပြင်သည် ကျဆင်းလာနေသည်။…

    Continue reading →: ဘန်ဂလောရေပေးရေး
  • အမေရိကန်အာကာသအဖွဲ့အစည်း(နာဆာ)၏ GRACE-FO ဂြိုဟ်တုနှင့် အခြားလေ့လာချက်များမှရရှိသည့် အချက်အလက်များဖြင့် ပေါင်းစပ်ပုံဖော်ထားသော ၂၀၂၀ ဒီဇင်ဘာ ၂၈ ရက်(ပြီးခဲ့သည့်လေးရက်) အာရှနှင့်မြန်မာ မြေအောက်ရေ(အတိမ်ပိုင်း)အခြေအနေပြပုံကို ဝေမျှပါသည်။ ပုံများသည် ၁၉၄၈ မှ ၂၀၁၂ ကြားအခြေအနေနှင့် လက်ရှိအခြေအနေတို့ကို နှိုင်းယှဉ်တွက်ချက်ထားခြင်း ဖြစ်ပြီး အပြာရောင်ဒေသများသည် ပုံမှန်ထက်စိုစွတ်(မြေအောက်ရေများ)နေပြီး အစိမ်း၊ အညိုရောင်ချယ်ဒေသများသည် ပုံမှန်ထက်ခြောက်သွေ့(မြေအောက်ရေလျော့နည်း)နေကြောင်း ညွှန်းဆိုသည်။

    Continue reading →: အာရှနှင့်မြန်မာ မြေအောက်ရေ(အတိမ်ပိုင်း)အခြေအနေ
  • ရေသန့်ဘူးခေတ်တွင် မသန့်စင်ရသေးသော ကန်ရေ မြစ်ရေတို့ကို သောက်နေရသည်များလည်း ရှိနေရာ ရေတွင်ပါသောရောဂါပိုးကို နေရောင်ဖြင့်သေစေသည့် ရိုးရှင်းသောနည်းကို မသိသေးသောသူများအတွက် ဝေမျှလိုပါသည်။ ဆော့ဒစ်(Solar Water Disinfection (SODIS))ဟု ခေါ်သော အဆိုပါနည်းသည် မသန့်စင်ရသေးသောရေကို နေရာတကာ တွေ့နေရသော ရေသန့်ဘူးခွံထဲထည့်၍ နေရောင်ပြခြင်းဖြင့် ရောဂါပိုးများကို သေစေသောနည်း ဖြစ်သည်။ ရေထည့်သည့်ဘူးသည် နေရောင် အလွယ်တကူ ထိုးဖောက်ဖြတ်သန်းနိုင်သည့် ဘူးအကြည်ဖြစ်ရန် လိုသည်။ သုံးစွဲပြီး ရေသန့်ဘူးနှင့် အချိုရည်ဘူးများကို သန့်စင်ဆေးကြော၍ သုံးနိုင်သည်။ သို့သော် နှစ်လီတာဝင်ဘူးထက် ပို၍မကြီးသင့်ချေ။ ကြီးလွန်းပါက ဘူးတွင်းရှိ ရေအားလုံး နေရောင်နှင့်မထိတွေ့နိုင်၍ ရောဂါပိုး အကုန်သေမည် မဟုတ်ချေ။ ဘူး၌ ချေးများကပ်နေ၊ အစင်းကြောင်းထင်နေလျှင် နေရောင်အဝင်နည်း၍…

    Continue reading →: ရေတွင်ပါသောရောဂါပိုးကို နေရောင်ဖြင့်သေစေသည့် ရိုးရှင်းသောနည်း