-
Continue reading →: ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း ၃)
ကမ္ဘာ့အပူချိန်အတက်အကျ သာမိုမီတာများကို ၁၇ ရာစုနှစ်ကတည်းက တီထွင် အသုံးပြုခဲ့ကြသော်လည်း ၁၉ ရာစုနှစ်ကျမှသာ ကမ္ဘာ့လေထုအပူချိန်ကို စနစ်တကျနှင့် ကျယ်ပြန့်စွာ တိုင်းတာခဲ့ကြသည်။ အပူချိန်တိုင်းတာရေး စခန်းများကို ကနဦးက မြေပြင်ပေါ်၌သာ ထားရှိခဲ့ကြရာမှ နောက်ပိုင်း၌ လေထုအပူချိန်အပြင် သမုဒ္ဒရာရေပြင်ပေါ် သွားလာနေကြသည့် သင်္ဘောများတွင်လည်း သာမိုမီတာများ တပ်ဆင်ကာ ရေမျက်နှာပြင်နှင့် ရေမျက်နှာပြင်အောက် အတိမ်ပိုင်းရေထု၏ အပူချိန်ကိုပါ ရယူခဲ့ကြသည်။ အစောပိုင်းနှစ်များက ရေပြင်အပူချိန်ကို တိုင်းတာရာတွင် ရေပုံးဖြင့် ခပ်ယူပြီး တိုင်းသည်။ ၁၉၆၀ နှစ်များ၏ အစပိုင်းတွင် သင်္ဘောအင်ဂျင်ထဲသို့ ဝင်လာသော ရေကို ရယူ တိုင်းတာသည်။ အာကာသခေတ်သို့ ရောက်သောအခါ ရေမျက်နှာပြင်မှ ထုတ်လွှတ်နေသော အနီအောက်ရောင်ခြည်များကို ဂြိုဟ်တုများက ဖမ်းယူ၍…
-
Continue reading →: ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း ၂ )
ဖန်လုံအိမ်အာနိသင် အနီအောက်ရောင်ခြည်ကို လေထုက စုပ်ယူခြင်း၊ ပြန်လည်ထုတ်လွှတ်ခြင်းတို့က ကမ္ဘာကို မည်သို့ ပူနွေးစေသနည်း။ လေထုတွင်းရှိ ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ရေငွေ့၊ ရေခဲမှုန်နှင့် ရေစက်ငယ်များဖြင့် ဖွဲ့စည်းတည်ရှိသော တိမ်တိုက်တို့သည် ကမ္ဘာ့မျက်နှာပြင်က ထုတ်လွှတ်သော အနီအောက် ရောင်ခြည်ကို စုပ်ယူလိုက်ပြီးနောက် တဖန် ပြန်လည်ထုတ်လွှတ်သည်။ ပြန်ထုတ်လိုက်သော ရောင်ခြည်၏ ထက်ဝက်ခန့်သည် လေထု၏ အပေါ်ဘက်သို့ တက်သွားပြီး ထက်ဝက်ခန့်သည် လေထုအောက်ပိုင်းကို ဖြတ်၍ မြေပြင်ပေါ် ပြန်ကျသည်။ ဤနည်းဖြင့် ကမ္ဘာ့မြေပြင်သည် နေ၏ တိုက်ရိုက်အပူနှင့် လေထုထဲမှ ပြန်ကျလာသော အပူ၊ ဇာစ်မြစ်နှစ်ခုမှ အပူများကို လက်ခံရရှိသည်။ နေမှအပူကို နေရောင်ထွန်းလင်းသည့်အခါမှသာ ရနိုင်ပြီး လေထုထဲမှ ပြန်ကျလာသောအပူကိုမူ အစဉ်အမြဲရနေသောကြောင့် အပူပမာဏချင်း…
-
Continue reading →: ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း ၁)
ရာသီဥတုသိပ္ပံပညာ၏သမိုင်းအကျဉ်း ကမ္ဘာ့လေထုတွင်းရှိ ဓာတ်ငွေ့များအနက် တစ်ရာခိုင်နှုန်းမျှပင် မပြည့်တတ်သော ဓာတ်ငွေ့အချို့သည် နေရောင်၏ အပူဓာတ်ကို စုပ်ယူသည့်အပြင် မြေပြင်မှ ပြန်ဟပ်လာသော အပူဓာတ်ကိုလည်း စုပ်ယူကာ မြေပြင်ပေါ်သို့ ပြန်လည် ထုတ်လွှတ်ကြကြောင်း လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝ ဝန်းကျင်ကတည်းက သိရှိခဲ့ကြသည်။ အဆိုပါဓာတ်ငွေ့များသာ ကမ္ဘာ့လေထုအတွင်း၌ မရှိခဲ့လျှင် ကမ္ဘာမြေပြင်၏ ပျမ်းမျှအပူချိန်သည် ရေခဲမှတ်အောက်သို့ ရောက်ကာ လူတို့ ရှင်သန်နိုင်မည် မဟုတ်ချေ။ ထိုခေတ်က သိပ္ပံပညာရှင်များသည် ယင်းဖြစ်စဉ်ကို မည်သို့လေ့လာခဲ့သနည်း။ ယင်းဖြစ်စဉ်သည် ကမ္ဘာ့ရာသီဥတုအပေါ် အခြားနည်းဖြင့် မည်သို့ သက်ရောက်သေးသနည်း။ ယင်းဖြစ်စဉ်နှင့် ကမ္ဘာကြီး ပူနွေးလာနေမှု မည်သို့ ဆက်စပ်သနည်း။ အရာဝတ္ထုအားလုံးနီးပါးသည် ရောင်ခြည်(radiation)ကို ထုတ်လွှတ်သည်။ ပူလေ ရောင်ခြည်…
-
Continue reading →: Protected: ရေအရင်းအမြစ်များကို ပေါင်းစည်းစီမံခန့်ခွဲခြင်း (အပိုင်း – ၁)
There is no excerpt because this is a protected post.
-
Continue reading →: မြေအောက်တမံက ပြောင်းလဲပေးလိုက်သော ဘဝများ
(၁) ”ရွာက ချောင်းဘေးမှာရှိပေမယ့် ဒီချောင်းက မိုးတွင်းမှ ရေရှိတာ၊ ရေရှိတယ်ဆိုတာလည်း အထက်ဘက်မှာ မိုးရွာတုန်းခဏပဲ။ အထက်မှာ မိုးရွာပြီဆိုရင် ချောင်းထဲကိုဖြတ်မသွားနဲ့တော့။ ရေလုံးက ဝါးလုံးထိုးစီးတာ။ မနှစ်က မိုးကလေးညို့လာပြီး လွတ်မယ်ထင်လို့ ရွာမြောက်ဘက်က သာရင် နွားလှည်းနဲ့ ဖြတ်ကူးလိုက်တာ၊ နွားရော၊ လူရော၊ လှည်းရော ရေစီးနဲ့ပါသွားလိုက်တာ သူ့သမီးငယ် ဂွက်ထော်မ ရှာမတွေ့တော့ဘူး။ ဒီချောင်းကအတော်လေးဆိုးတယ်။ တစ်နှစ်ကို တစ်ယောက်နှစ်ယောက် လူစားတယ်” မကွေးတိုင်းဒေသကြီး သဲတောကျေးရွာနေ ဦးချစ်တုံးက ပြောသည်။ ဦးချစ်တုံး ရည်ညွှန်းသည့် သဲတောရွာဘေးရှိချောင်းသည် သဲချောင်းဖြစ်သည်။ အဆိုပါ ချောင်းနည်းတူ မြန်မာနိုင်ငံ မိုးနည်းရေရှားဒေသရှိ သဲချောင်းများသည် မိုးရာသီတွင်နှင့် မုန်တိုင်း တိုက်ခတ်သောအခါများတွင် ရေများ တစ်ဟုန်ထိုး…