• ရေအခက်အခဲတွေ့နေသောဒေသများတွင်ပင်လယ်ရေပြင်ကို မြင်နေရသော်လည်း သောက်သုံးရေအတွက် ရပ်ဝေးရပ်နီးမှရေကို မှီခိုအားကိုးရသည့် မြန်မာ့ကမ်းရိုးတန်းမြို့ရွာများလည်း ပါဝင်သည်။ အဆိုပါမြို့ရွာများအတွက် ကမ်းရိုးတန်းရေလှောင်ကန်တည်ဆောက်ရန် ဖြစ်နိုင်သည့်နေရာများကို ရှာဖွေ ဖော်ထုတ် တည်ဆောက်ပေးသင့်သည်။ ကမ်းရိုးတန်းရေလှောင်ကန်သည် နိုင်ငံ့အခြေအနေနှင့် လိုက်လျောညီထွေ ရှိသည့်အပြင် မိုင် ၁၂၀၀ ခန့်ရှည်လျားသည့် မြန်မာ့ကမ်းရိုးတန်းတွင် ယင်းကန်မျိုး ဆောက်လုပ်နိုင်သည့်နေရာ အများအပြားရှိသော်လည်း လက်တွေ့ ဖော်ထုတ်အသုံးချခြင်းမရှိသေးပေ။ ကမ်းရိုးတန်းဟိုတယ်နှင့် အပန်းဖြေစခန်းများတွင်လည်း ကမ်းရိုးတန်းရေလှောင်ကန် တည်ဆောက်ရန် စဉ်းစားသင့်သည်။ ကမ်းခြေများတွင်သာမက ကျွန်းများပေါ်တွင်ပါ ယင်းကန်မျိုးတည်ဆောက်ရန် သင့်လျော်သော နေရာများရှိရာ အကောင်အထည်ဖော်ပါက သောက်သုံးရေအတွက် သာမက ရေကူး၊ လှေလှော်၊ ရွက်လွှင့် စသည့် အပန်းဖြေ အားကစားများကိုပါ ပူးတွဲလုပ်ဆောင်နိုင်သည်။ ယင်းရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသည့် စင်ကာပူMarina Barrage…

    Continue reading →: မြန်မာ့ကမ်းရိုးတန်းဒေသအတွက်ရေလှောင်ကန်
  • ရေအခက်အခဲကိုဖြေရှင်းရာတွင် မှန်ကန်သောရေဘက်ဆိုင်ရာစီမံခန့်ခွဲမှုက အရေးပါသည်။ ရေရယူရေး၊ သန့်စင်ရေး၊ ပေးဝေရေးစနစ်များကို ပုံစံထုတ်ရာတွင် အတိတ်နှင့်ပစ္စုပ္ပန် မိုးရွာခြင်း မိုးခေါင်ခြင်း၊ သုံးစွဲနှုန်း နှင့်သုံးစွဲသည့်ပုံစံ၊ မြစ်ရေ ကန်ရေ မြေအောက်ရေပမာဏနှင့် အရည်အသွေးစသည်တို့ကို ထည့်သွင်း စဉ်းစားပြီး လာမည့်နှစ်ပေါင်း သုံးလေးဆယ်အတွင်း ဖြစ်လာနိုင်သည်တို့ကို ကြိုတင်တွက်ချက်ကာ အခြေခံ အဆောက်အအုံများကို တည်ဆောက်ကြရသည်။ ယခုအခါရာသီဥတုပြောင်းလဲခြင်းကြောင့် ယခင်က လိုက်နာကျင့်သုံးခဲ့သည့် ရေဘက်ဆိုင်ရာ အခြေခံ ယူဆချက်များ၏ မှန်ကန်ခိုင်လုံမှုသည် မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။ ကမ္ဘာ့ရေအရင်းအမြစ်ကို လေ့လာရာတွင် အသုံးပြုကြသည့် တည်ငြိမ်မှုသီဝရီသည် မှန်ကန်မှုရှိမှရှိပါတော့မလားဟု ရေဘက်ဆိုင်ရာ ထိပ်သီးပညာရှင် ခုနစ်ဦးက ၂၀၀၈ ခုနှစ်တွင် မေးခွန်းထုတ်ခဲ့ကြသည်။ တည်ငြိမ်မှုသီဝရီအရ သဘာဝစနစ်ကြီးသည် အကန့်အသတ်ရှိသော နယ်နိမိတ်များထဲတွင်သာ ရွေ့လျားကြ၊…

    Continue reading →: အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု
  • ရေပြဿနာကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးနိုင်သည့် လက်လှမ်းမီသောနည်းလမ်းများအနက်တစ်ခုဖြစ်သော မိုးရေခံစနစ်အကြောင်းကို မိုးရေလှောင်ကန်အမည်ဖြင့်စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ယခု ယင်းစာအုပ်ကို ဒစ်ဂျစ်တယ်ပုံစံဖြင့် ပြောင်းလဲထုတ်ဝေတင်ဆက်လိုက်ပါပြီ။ ဒစ်ဂျစ်တယ်မူ၌ ပုံနှိပ်မူထက် ဓာတ်ပုံများပိုမိုပါဝင်သည့်အပြင် ဆက်စပ်ဖတ်ရှုနိုင်သောလင့်ခ်များ၊ ဗီဒီယိုများကို ထည့်သွင်းထားသဖြင့် မိုးရေခံစနစ်အကြောင်းကို ပိုမိုရှင်းလင်းစွာ လေ့လာနိုင်ပါသည်။ အောက်ပါလင့်ခ်များကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ အခန်း-၁ ရေဘက်ဆိုင်ရာနိုဘယ်ဆုရှင် အခန်း-၂ အရေးပါသလောက်နေရာမရသေးသည့်မိုးရေ အခန်း-၃ ပျက်ယွင်းရေသံသရာနှင့်မိုးရေ အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး အခန်း-၅ မြေလျှိုးမိုးရေ အခန်း-၆ မိုးကျရေချို အခန်း-၇ အထက်ဆန်သည့်ရေ အခန်း-၈ ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း အခန်း-၉ စင်ကာပူမှာရွာသည့်မိုး အခန်း-၁၀ တရုတ်ပြည်မှာရွာသည့်မိုး အခန်း-၁၁ မြန်မာပြည်မှာရွာသည့်မိုး

    Continue reading →: မိုးရေလှောင်ကန်ဒစ်ဂျစ်တယ်စာအုပ်ဖတ်ရှုရန်
  • စိုက်ပျိုးသူ၊ ထုတ်လုပ်သူ၊ ရောင်းချသူ၊ သုံးစွဲသူများ ပါဝင်သည့် ရေသုံးစွဲမှုဖြစ်စဉ် ကွင်းဆက်တွင် လူသည် နောက်ဆုံးသုံးသူ ဖြစ်သည့်အတွက် လူတိုင်းရေချွေတာကြဖို့ အရေးကြီးလှသည်။ ယင်းဖြစ်စဉ်၌ နိုင်ငံသားများအား ဦးဆောင်စည်းရုံးပညာပေးကာ ရေချွေတာရေးကို နိုင်ငံအဆင့် အောင်မြင်အောင် လုပ်သည့် နိုင်ငံများအနက် စင်ကာပူသည် ထင်ရှားသည်။ စင်ကာပူနိုင်ငံသားတို့၏ တစ်ဦးချင်း ရေသုံးစွဲမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်က ၄၃ ဂါလန်ခန့် ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၃၇ ဂါလန်အထိ လျော့ကျလာခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် တစ်ရက်လျှင် ၃၄ ဂါလန်ခန့် အထိလျှော့ချရန် စီမံထားသည်။ နိုင်ငံသားတိုင်း ရေချွေတာရေး နိုင်ငံအဆင့် ကြိုးပမ်းချက်တွင် နောက်ဆုံး ပါဝင်လာသည့် နိုင်ငံမှာ ဆော်ဒီအာရေဗျ…

    Continue reading →: လူတိုင်းရေချွေတာစွာသုံးစွဲရေး
  • ကုန်ပစ္စည်းနှင့်အသုံးအဆောင်များထုတ်လုပ်ရာတွင် ရေကိုတတ်နိုင်သမျှ ချွေတာစွာသုံးသော နည်းပညာများကို တီထွင်နိုင်ကြလျှင်လည်း ရေလိုအပ်ချက် အကြီးအကျယ်လျော့ကျလာနိုင်သဖြင့် ကမ္ဘာ့ထုတ်လုပ်မှုလုပ်ငန်း အများအပြားသည် ယင်းနည်းကို အာရုံစိုက်နေကြသည်။ ဥပမာ ကမ္ဘာကျော် ယူနီလီးဗားကုမ္ပဏီသည် ကုန်ကြမ်းရှာဖွေရယူရာမှ စကာ ကုန်ချောထုပ်ပိုးသည်အထိ အဆင့်တိုင်းတွင် ရေလျှော့သုံးနိုင်သည့် နည်းပညာများကို အလေးထားတီထွင်နေသည်။ မြန်မာတို့ကျယ်ပြန့်စွာသုံးစွဲနေသော အိမ်သုံးပစ္စည်းနှင့်အစားအသောက်များကို ထုတ်လုပ်သော ယူနီလီးဗား သည် ၂၀၁၀ ပြည့်နှစ်ကစတင်၍ ရေရှည်ခံ လူနေမှုအစီအစဉ်ဖြင့် ကုန်ကြမ်းရှာဖွေရယူရာမှစကာ ကုန်ချော ထုပ်ပိုးသည်အထိ အဆင့်တိုင်းတွင် ရေလျှော့သုံးနိုင်သည့်နည်းပညာများ ရေချွေတာရေးအစီအမံများ အပါအဝင် သဘာဝပတ်ဝန်းကျင် အကျိုးပြုစနစ်များကို ကျင့်သုံးနေသည်။ ထိုသို့ကျင့်သုံးသည့်အတွက် ယူနီလီးဗားစက်ရုံများ၏ ရေအသုံးသည် ၂၀၀၈ ခုနှစ်ကနှင့် စာလျှင် ၂၀၁၉ ခုနှစ် အကုန်၌ ထုတ်ကုန်အလေးချိန်တစ်တန်လျှင်…

    Continue reading →: ကုန်ထုတ်လုပ်ငန်း၌ ရေချွေတာခြင်း
  • ကမ္ဘာ့စုစုပေါင်းရေအရင်းအမြစ်၏ ၇၀ ရာခိုင်နှုန်းကို စိုက်ပျိုးရေးအတွက် အသုံးပြုနေရသည်။ ကမ္ဘာ့လူဦးရေသည် ၂၀၅၀ ပြည့်နှစ်၌ သန်း ၉၈၀၀ ရှိလာမည်ဟု ခန့်မှန်းထားပြီး ဝင်ငွေပိုကောင်းလာမည့် ဖွံ့ဖြိုးဆဲနိုင်ငံသားတို့ အစားအစာပို၍ စားလာမည်။ ယင်းလိုအပ်ချက်ကို ပြည့်မီရန်အတွက် သီးနှံ အထွက်နှုန်းသည် ယခုထက် ၇၀ ရာခိုင်နှုန်းမျှ ပိုလိုလာမည်။ လက်ရှိတွင် စိုက်ပျိုးမြေနှင့်မွေးမြူရေးစားကျက်မြေနှစ်မျိုးပေါင်းသည် ကမ္ဘာ့ကုန်းမြေ ဧရိယာ၏ ၄၀ ရာခိုင်နှုန်းခန့် ရှိနေသည်။ စိုက်မှု ပျိုးမှု မွေးမြူမှုအတွက် ထိုမျှကျယ်ဝန်းသောမြေကို အသုံးချနေရသည့်တိုင် လူအများအပြား စားနပ်ရိက္ခာမလုံမလောက်ဖြစ်နေသည်။ အစားအစာပိုရရန် စိုက်ပျိုးမြေနှင့်စားကျက်မြေများကို ထပ်ချဲ့ဖို့ဆိုလျှင် ဘေးထွက်ဆိုးကျိုးများ ရှိနေသည်။ မြေချဲ့လျှင် အများအားဖြင့် သစ်တောများကို ခုတ်လှဲရမည်။ သစ်တောပြုန်းတီးလျှင် ယင်းတို့ထဲတွင်နေသော တိရစ္ဆာန်များ…

    Continue reading →: အစက်ချစိုက်နည်း
  • မိလ္လာအညစ်အကြေးရေတို့ကိုသန့်စင်၍ပြန်သောက်ပါဟုဆိုလျှင် အချို့သူများအဖို့ ပြန်သောက်ဖို့မဆိုထားနှင့်၊ ကြားရရုံမျှဖြင့်ပင် အော့ချင်အန်ချင်ဖြစ်လာကြမည်။ သို့သော် ကမ္ဘာ့အချို့ဒေသများတွင် မိလ္လာနှင့် အခြား ရေဆိုးများကို သန့်စင်ပြီး စိုက်ပျိုးရေနှင့် စက်မှုလုပ်ငန်းသုံးရေအပြင် သောက်သုံးရေအဖြစ်ပါ ပေးဝေနေခြင်းကို လက်တွေ့ အောင်မြင်စွာ လုပ်ဆောင်လျက်ရှိသည်။ ယင်းအချက်က ကောင်းမွန်သန့်ရှင်းသည့် ရေအရင်းအမြစ် ရှာရသည်မှာ ခက်သထက်ခက်လာနေသည့် အခြေအနေကို မီးမောင်းထိုးပြသည့်အပြင် ရေဆိုးများကိုပြန်လည်သန့်စင်အသုံးပြုခြင်းဖြင့်လည်း ရေပြဿနာ တစ်စိတ်တစ်ပိုင်း ပြေလည်နိုင်ကြောင်း ညွှန်းဆိုလိုက်ခြင်းပင် ဖြစ်သည်။ ယင်းနည်းပညာကို လွန်ခဲ့သောနှစ်ပေါင်း ၈၀ ခန့်ကတည်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် စတင် အသုံးပြုခဲ့သည်။ သို့သော် သန့်စင်ပြီးရေကို စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းစသည့် သောက်သုံးရန် မဟုတ်သောနေရာတို့တွင်သာ အသုံးချခဲ့သည်။ နောက်ပိုင်း နည်းပညာများ ပိုတိုးတက်လာသောအခါ သောက်သုံးနိုင်သည့်…

    Continue reading →: သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး