• ရေကြည်ရာမြက်နုရာဟူ၍ စကားရှိသည့်အတိုင်း လူတို့သည် မြို့ပြ ပြည်ရွာများ တည်ထောင်ရာ၌ မြစ်ချောင်း အင်းအိုင်နှင့်နီးသောအရပ်တွင် ဦးစားပေး တည်ထောင်ခဲ့ကြသည်။ စ၍တည်ကတည်းက ရေကို အလေးပေးခဲ့သကဲ့သို့ ရေကိုထိန်းသိမ်းနိုင်ခြင်းရှိမရှိဆိုသည့်အချက်က ယင်းမြို့ပြများနှင့် လူ့ယဉ်ကျေးမှုကြီးများ၏ ရေရှည်တည်တံ့မှုကို အဆုံးအဖြတ်ပေးခဲ့သည်။ မိုင်ယာယဉ်ကျေးမှု လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ ခန့်မှစ၍ မြို့ပြများကို တည်ဆောက်ခဲ့ကြသော မိုင်ယာလူမျိုးများသည် အမေရိကတိုက်တွင် ပေါ်ထွန်းခဲ့သည့် လူ့ယဉ်ကျေးမှုကြီးများအနက် အဆင့်အမြင့်ဆုံး လူ့အဖွဲ့အစည်းကို ထူထောင်နိုင်ခဲ့ကြသည်။ ယခုခေတ် မက္ကဆီကို၊ ဂွာတီမာလာ၊ ဘယ်လစ်ဇ်၊ အယ်လ်ဆယ်လ်ဗေးဒိုး၊ ဟွန်ဒူးရပ်စ်နိုင်ငံများ တည်ရာတွင် မိုင်ယာလူမျိုးတို့ နေထိုင်ခဲ့ကြပြီး အချို့သောမိုင်ယာမြို့များတွင် လူဦးရေ ၁၀ သန်းခန့် နေထိုင်ခဲ့ကြသည်အထိ စည်ပင်ခဲ့ကာ ထိုအချိန်က ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးဒေသများ၌ ပါဝင်ခဲ့သည်။…

    Continue reading →: ရေရှားကမ္ဘာအတွက် အသင့်ပြင်ကြပါစို့
  • မြန်မာပြည်အလယ်ပိုင်းခြောက်သွေ့ဒေသကို ရခိုင်ရိုးမက ကွယ်ထားသဖြင့် မိုးနည်းသည်ဟု ပထဝီဝင်သင်ခန်းစာများ၌ သင်ခဲ့ရသည်။ အနောက်ဘက်တွင် ရခိုင်ရိုးမခံနေသဖြင့် ခြောက်သွေ့ဒေသသို့ ရေငွေ့ပါသည့်ပင်လယ်လေများ မရောက်နိုင်သောကြောင့် မိုးနည်းသည်ဟုဆိုလျှင်တောင်ဘက်လမ်းကြောင်းကို စဉ်းစားကြည့်သင့်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှစကာ ပဲခူးရိုးမနှင့် ရခိုင်ရိုးမကြားရှိ လမ်းကြောင်း၌ ခြောက်သွေ့ဒေသရောက်သည် အထိ မည်သည့်အတားအဆီးမျှမရှိ၊ ဟင်းလင်းပွင့်နေသည်။ ယင်းလမ်းကြောင်းတစ်လျှောက် သင့်တော်သော နေရာများတွင် သင့်တော်သောအပင်များဖြင့် သစ်တောများ စိုက်ပျိုးထူထောင်၍ ဘင်္ဂလားပင်လယ်အော်မှ ရေငွေ့ပါသည့်လေများကို စုပ်ယူဆွဲခေါ်လာကာ ခြောက်သွေ့ဒေသ အပေါ်ရွာချစေဖို့ မဖြစ်နိုင်ဘူးလား။ ကြီးကျယ်လွန်းသည်၊ စိတ်ကူးယဉ်ဆန်လှသည်ဟု ဆိုချင်ဆိုနိုင်သော်လည်း အောက်ပါအကြောင်းများကြောင့် အဆိုပါတွေးဆချက်သည် လက်တွေ့တွင်ဖြစ်နိုင်၊ သိပ္ပံနည်းလည်းကျသော မျှော်မှန်းချက်ဟု ပြောလိုသည်။ ၁-လူတို့၏လုပ်ဆောင်ချက်ကြောင့် တစ်ကမ္ဘာလုံး၏ရာသီဥတုကိုပင် မရည်ရွယ်ဘဲ ပြောင်းလဲစေခဲ့ရာ စတု ရန်းမိုင် ၂၁၀၀၀ မျှသာကျယ်သည့်…

    Continue reading →: မြန်မာ့ခြောက်သွေ့ဒေသအတွက်မိုးရေ
  • ရေဝေဒေသ၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သော သစ်တောများသည် လိုအပ်သောသစ်ဝါးများကို ထုတ်လုပ်ပေးသည်၊ ရေစီးကို ထိန်းသိမ်းပေးသည်၊ အေးမြသောအာဝါသကိုပေးသည်၊ ဇီဝမျိုးစုံမျိုးကွဲများကို ရှင်သန်စေသည်၊ ကာဘွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူ၍ အောက်ဆီဂျင်ထုတ်ပေးသည်စသဖြင့် သိကြသည်။ သစ်တောရှိသော နေရာတွင် မိုးများသည်ဟုလည်း ယေဘုယျ သိကြသည်။ မိုးရွာသွန်းစေ ရုရှားသိပ္ပံပညာရှင်နှစ်ဦး(Anastassia Makarieva, Victor Gorshkov)တို့က သစ်တောသည် မိုးရွာသွန်းမှုကို ဖန်တီးသည်ဟူသော အချက်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော် က သိပ္ပံနည်းကျ စတင် ထုတ်ဖော်ခဲ့ကြသည်။ သူတို့၏တွေ့ရှိချက်အပြင် နောက်ထပ်ပြုလုပ်သော သုတေသနများကြောင့် သစ်တောများသည် မိုးရွာသွန်းစေခြင်းဖြင့် ရေရရှိရေးကို ကောင်းစွာအထောက်အကူ ပြုကြောင်း တိကျစွာသိလာရသည်။ ၁၉၇၉ ခုနှစ်တွင် ဘရာဇီးပညာရှင်တစ်ဦးက အယ်မဇုန်ဒေသတွင်း ရွာကျသော…

    Continue reading →: အုံ့ဆိုင်းသစ်တော စီးသောရေကြည်
  • ရောဂါဖြစ်ပြီးမှဆေးကုသည်ထက် မဖြစ်မီကြိုတင်ကာကွယ်နိုင်လျှင် အကောင်းဆုံး ဖြစ်သကဲ့သို့ ရေစီးဆင်းရာ ဇာစ်မြစ်ဖြစ်သည့် ရေဝေဒေသများကို တတ်နိုင်သမျှ ထိန်းသိမ်းခြင်းဖြင့် မြစ်ချောင်းများထဲ၌ ရေကောင်း ရေသန့်များ စီးဆင်းရန်၊ ရေကြီးရေလျှံမှုနည်းပါးသွားရန် လုပ်ဆောင်နိုင်ကြသည်။ ရေဝေဒေသ Watershed ဆိုသည်မှာ မိုးရေ၊ လူနေအိမ်ခြေ၊ စိုက်ခင်းနှင့် လုပ်ငန်းစသည်များမှ ထွက်လာသောရေတို့ မြစ်ချောင်းထဲသို့ ဝင်ရောက်ရာ၌ ယင်းရေများ စတင်စီးဆင်းလာသည့်နေရာမှ မြစ်ထဲရောက်သည်အထိ ဖြတ်သန်းလာရာ မြေပြင်ဒေသ အားလုံးကို ခြုံငုံခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ ရေဝေဒေသကို ရေဝေရေလဲ၊ ရေဆင်းဧရိယာ၊ ရေဖမ်းဧရိယာ စသည်ဖြင့်လည်း သုံးနှုံး ခေါ်ဝေါ်ကြသည်။ ရေဝေဒေသ တစ်ခုကို အဆောက်အအုံများ၊ စိုက်ခင်းများ၊ စက်ရုံများ၊ သဘာဝရေကန်များ၊ မြစ်ချောင်းများစသဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ရေဝေဒေသသည် ဧရာမကန်တော့ကြီးနှင့်အလားတူသည်။…

    Continue reading →: ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ
  • အသက်ရှင်သန်ရေးတွင် ရေသည် မရှိမဖြစ်အရည်ဖြစ်နေ၍ ကုလသမဂ္ဂ ထုတ်ပြန်ချက်အချို့နှင့် နိုင်ငံအချို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် လူ့အခွင့်အရေးနှင့် ရေရရှိရေးကို ဆက်စပ်ထားသော်လည်း ရေကို အခမဲ့ ပေးဝေရမည်ဟု ဖော်ပြမထားချေ။ သို့သော် ရေကိုအခမဲ့ သို့မဟုတ်အခမဲ့နီးနီးဈေးဖြင့် ဘိုးစဉ်ဘောင်ဆက် ရခဲ့ကြသည့်အတိုင်း နောင်တွင်လည်း ဆက်ရနေမည့်အရာဟု အတော်များများက မှတ်ထင်စွဲလမ်းနေကြသည်။ အချို့ကမူ ထိုသို့ထင်မှတ်နေရုံတင်မက ငွေကုန်ကြေးကျ နည်းနည်းဖြင့်ရသော ရေကို တန်ဖိုးမထားကြဘဲ အလေအလွင့်များများဖြင့် သုံးတတ်ကြသည်။ တဖန် မိမိတို့တန်ဖိုးမထားသောရေကို အခမဲ့ရနေရာမှ ငွေပေးမှရမည်ဆိုသောအခါ သို့မဟုတ် အလွန်နည်းပါးသော နှုန်းထားဖြင့် ရယူနေကြသူတို့သည် ရေဖိုးတိုးမြှင့်ပေးဆောင်ရမည် ဆိုသောအခါ မကျေမနပ်ဖြစ်ကြသည်။ ရေဖိုးမပါ ထိုသို့မကျေမနပ်ဖြစ်ကြသော်လည်း ပေးဆောင်နေရသည့် ရေဖိုးထဲတွင် ရေ၏ တကယ့်တန်ဖိုး မပါရှိသေးဘဲ ယင်းရေကိုပေးဝေသောဝန်ဆောင်မှုအတွက်…

    Continue reading →: ရေဖိုးရေခ
  • ကမ္ဘာပေါ်ရှိ ရေပမာဏသည် လူတို့သောက်သုံး၍ မကုန်နိုင် မခန်းနိုင်သည်ကတော့ မှန်သည်။ သို့သော် သောက်သုံးနိုင်သည့် ရေချိုရေသန့် ပမာဏသည် လူတို့၏ လုပ်ဆောင်ချက် အချို့ကြောင့် တဖြည်းဖြည်း လျော့နည်းလာနေပြီး ညစ်ညမ်းသော ရေပမာဏ တဖြည်းဖြည်းများပြားလာနေသည်ကို သဘောပေါက်ရန် လိုအပ်နေသည်။ ထို့ကြောင့် ရေသုံးစွဲရာတွင်တတ်နိုင်သမျှ ချွေတာရန် နှိုးဆော်နေကြသည်။ ရေခြေရာ ယင်းနှိုးဆော်ချက်များထဲတွင် လူတို့၏ ရေခြေရာ Water Footprint ကိုတိုင်းတာခြင်းဖြင့် သုံးစွဲနေသောရေပမာဏ မည်မျှ များပြားသည်ကို တွက်ချက်အသိပေးခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည်။ ရေခြေရာဆိုသည်မှာ လူတို့ စားသုံးသမျှ အစားအစာ၊ သုံးစွဲသမျှအသုံးအဆောင်၊ လုပ်ကိုင်သမျှလုပ်ငန်းစသည်တို့၌ သုံးစွဲသည့် ရေပမာဏကို ခေါ်သည်။ ဥပမာ ပန်းသီးတစ်ပေါင်ရရန် အပင်စိုက်ရာမှစကာ ပန်းသီးကို သန့်စင်ထုပ်ပိုးခြင်းအထိ…

    Continue reading →: ခြေရာပျောက်ရေ
  • ကမ္ဘာ့ရာသီဥတုပြောင်းလဲနေပြီ၊ အနာဂတ်တွင်လည်း ဆက်၍ပြောင်းလဲကာ လူနေမှုဘဝနှင့် သဘာ၀ ပတ်ဝန်းကျင်ကို သက်ရောက်နေမည် ဖြစ်ကြောင်း ခိုင်လုံသည့် သိပ္ပံအထောက်အထားများ ရှိပြီးဖြစ်သည်။ ယင်းဖြစ်စဉ်သည် ရေရရှိရေးနှင့် အရည်အသွေးတို့ကိုပါထိခိုက်နေသည်။ များပြားလာသော ရေလိုအပ်ချက်အား အလျဉ်မီအောင် မဖြည့်ဆီးနိုင်ခြင်းသည် သောက်သုံးရေအတွက် သာမက စွမ်းအင်ထုတ်လုပ်မှု၊ စားနပ်ရိက္ခာ ဖူလုံရေး၊ စီးပွားရေးစသည်တို့အထိ သက်ရောက်သည်။ တိုးပွားလာသည့်လူဦးရေ၊ ဖွံ့ဖြိုးလာသည့် စီးပွားရေး၊ ပြောင်းလဲလာသည့်ရေသုံးစွဲမှုပုံစံ၊ တိုးမြင့်လိုအပ်လာသည့် စိုက်ပျိုးရေး ထုတ်ကုန်များ၊ ကျယ်ပြန့်လာသည့် မြို့ကြီးများက ရေလိုအပ်ချက်ကို မြင့်မားစေလျက်ရှိစဉ် အရှိန်ရလာသည့် ရာသီဥတုပြောင်းလဲမှုက ရေကောင်း ရေသန့်လုံလောက်စွာရရှိမှုကို ပို၍ မသေချာမရေရာဖြစ်လာစေသည်။ ရေကြီး၊ မုန်တိုင်းတိုက်၊ မိုးခေါင်၊ အပူလွန်ကဲစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ၏ အကျိုးဆက်အဖြစ် ရေကောင်းရေသန့်…

    Continue reading →: ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ