-
Continue reading →: ရေစုဘဏ်
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်နေ လူသန်း ၄၀ ခန့်၊ စိုက်ခင်း ဟက်တာ ၂၃၀၀၀၀၀ အတွက် သာမက အမေရိကန် တစ်နိုင်ငံလုံး၏ ၁၅ ရာခိုင်နှုန်းခန့်ရှိသည့် ကယ်လီဖိုးနီးယား ဂျီဒီပီကို ရှင်သန် တိုးပွားနေစေရန် အဓိက လိုအပ်ချက်များထဲမှ တစ်ခုဖြစ်သော ရေပေးဝေရေး၌ စိုစွတ်ရာသီအပြင် ခြောက်သွေ့ရာသီ၌ပါ လုံလောက်စွာနှင့် စဉ်ဆက်မပြတ် ပေးနိုင်ရန် ရနိုင်သမျှ ရေအရင်းအမြစ်များကို စီမံ အသုံးချခဲ့ကြသည်။ ထိုသို့အားထုတ်ခဲ့သော်လည်း ရာသီဥတု ပြောင်းလဲခြင်းကြောင့် မိုးခေါင်နှစ် များလာသောအခါ အချို့နေရာများသို့ ပုံမှန်မပေးနိုင်တော့ဘဲ လျှော့ချပေးဝေခြင်းများ ရှိလာခဲ့သည်။ ထို့ကြောင့် တစ်ချိန်က မြေပေါ်ရေလှောင်ကန်များကို အဓိက တည်ဆောက်ခဲ့သော ကယ်လီဖိုးနီးယား ပြည်နယ်၌် မြေပေါ်ရေ သက်သက်ကိုသာ…
-
Continue reading →: ၂၀၁၅ ခုနှစ် မြန်မာ့ရေဘေးနှင့် ရေလှောင်တမံများ (ဦးဇော်ဝင်း(ဆည်မြောင်း)၊ အေးမြင့်(ညောင်တုန်း)၊ ကျော်ဦး)
ရေကြီးမှုဖြစ်စဉ်များ မြန်မာနိုင်ငံ ရေကြီးမှု ဖြစ်စဉ်များကို လေ့လာလျှင် အောက်ပါအတိုင်း တွေ့ရှိရသည်။ ၁။ မြစ်ကြီးများ၏ မြစ်ဖျားပိုင်းတွင် မိုးဆက်တိုက် ရွာသွန်းပြီးနောက် မြစ်အောက်ပိုင်း၌ ဖြစ်ပေါ်သော ရေကြီးခြင်းများ ၂။ ဒေသအလိုက် ဖြစ်ပေါ်သော ရေကြီးခြင်းများ ဒေသအလိုက် ရေကြီးမှုများတွင် မြို့ပြရေကြီးမှုများသည် မြေအောက်ရေနှင့် အစိုဓာတ်များသော မြေလွှာ ရှိနေခြင်း၊ မြို့ပြ ဖွံ့ဖြိုး တိုးတက်လာသဖြင့် ကွန်ကရစ်လမ်းများ၊ အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်လာ၍ မြေကြီးထဲသို့ ရေစိမ့်ဝင်နှုန်း မကောင်းခြင်း၊ ရေနုတ်မြောင်းနှင့် ရေနုတ်အဆောက်အအုံများ ပြိုပျက်ခြင်း၊ စနစ်တကျ တည်ဆောက်မထားခြင်း၊ မြောင်းများ ပိတ်ဆို့နေခြင်း ယာယီ ရေထိန်းနိုင်သော ကစားကွင်း၊ ပန်းခြံ၊ ရေလှောင်ကန်တို့ လျော့နည်းသွားခြင်း စသည်…
-
Continue reading →: Reverse Osmosis Filtration System နှင့် Micron Filtration System တို့ကို နှိုင်းယှဉ်ကြည့်ခြင်း – Dr. Sai Aung Thant Zin (WaterLab by Dr. Sai)
💙 RO System Reverse Osmosis (RO) ရေသန့်စင်စနစ်ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသား ရေသန့်စင်စနစ် တစ်မျိုးဆိုလဲ မမှားပါဘူး။ လူအများ နားလည်အောင် ရှင်းပြရမယ်ဆိုရင် RO ရေစစ်တဲ့ဇကာလေးတွေက အလွန် အနုစိတ်ပါတယ်။ မျက်လုံးထဲ မြင်အောင် ပြောရမယ်ဆို RO membrane ရဲ့ဇကာပေါက်လေးတွေက 0.001 micron (1 mm ရဲ့ အပုံ 1 သိန်းပုံ 1ပုံ) အရွယ်အစားကနေ 0.0001 micron လောက်ထိ ရှိပါတယ်။ ကျွန်တော်တို့ကို ဘေးဥပါဒ် ဖြစ်စေတဲ့ Bacteria များရဲ့ အရွယ်အစားကတော့ 0.2 micron size လောက်ရှိပြီး…
-
Continue reading →: မြန်မာနိုင်ငံ သောက်ရေ သုံးရေ ရယူသည့် ဇာစ်မြစ်များ
သောက်ရေ သုံးရေ အဓိကအသုံးပြုသည့် ရေအမျိုးအစား (ရာခိုင်နှုန်း) ရေပိုက်လိုင်း ၉ . ဝ ၁၂ . ၅ အဝီစိတွင်း ၃၁ . ၄ ၃၈ . ၃ ရေတွင်း(အုတ်စီ) ၁၈ . ၉ ၁၈ . ၄ ရေသန့်စက်/ရေသန့်ဘူး ၁၀ . ၂ ၀ . ၁ စုစုပေါင်း ရေကောင်းရေသန့် ရရှိမှု ၆၉ . ၅ – ရေတွင်း(အကာအရံမဲ့) ၅ . ၃ ၅ . ၄ ရေကန် ၁၂ .…
-
Continue reading →: မြန်မာ့မြစ်များ၏ ရေဝေဒေသနှင့် ရေဝင်ပမာဏ
ရေဝေဒေသ(စတုရန်းကီလိုမီတာထောင်ပေါင်း) ပျမ်းမျှ နှစ်စဉ်ရေဝင်ပမာဏ(ကုဗကီလိုမီတာ) မြေအောက်ရေ(ကုဗကီလိုမီတာ) ချင်းတွင်း ၁၁၅ ၁၄၁ ၅၈ ဧရာဝတီ(အထက်)(ချင်းတွင်းမြစ်ဆုံအထိ) ၁၉၃ ၂၂၈ ၉၃ ဧရာဝတီ(အောက်)(ချင်းတွင်းမြစ်ဆုံမှ) ၉၆ ၈၆ ၁၅၃ စစ်တောင်း ၄၈ ၈၁ ၂၈ ရခိုင်မြစ်များ ၅၈ ၁၃၉ ၄၂ တနင်္သာရီမြစ်များ ၄၁ ၁၃၁ ၃၉ သံလွင်(နယ်စပ်မှမြစ်ဝ) ၁၅၈ ၂၅၈ ၇၅ မဲခေါင်(မြန်မာနယ်နိမိတ်အတွင်း) ၂၉ ၁၈ ၇ စုစုပေါင်း ၇၃၈ ၁၀၈၂ ၄၉၅ (Source: Irrigation Department, Myanmar) မှတ်ချက် – တတိယကော်လံရှိ ရေဝင်ပမာဏသည် မြေပေါ်ရေ ဖြစ်ပါသည်။
-
Continue reading →: တဖြည်းဖြည်း နိမ့်ဆင်းနစ်ဝင်နေသော ကမ္ဘာ့မြို့ကြီးများ(Going Under: The World’s Sinking Cities) ပါမောက္ခမောင်မောင်အေး (ဘူမိရုပ်သွင်)
(Myanmar Environmental and Economic Review (Volume 3, Number 5) ၌ ဖော်ပြခဲ့သော ဆောင်းပါးကို မှတ်ချက်နှင့် ဖြည့်စွက်ဓာတ်ပုံများဖြင့် ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်။) နိဒါန်း ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ပတ်ဝန်းကျင်နှင့် စီးပွားရေး ပညာဆိုင်ရာ သုတေသနသိပ္ပံ (Environmental and Economic Research Institute – EER.i) မှ လစဉ်ထုတ်ဝေလျက်ရှိသော မြန်မာပတ်ဝန်းကျင်နှင့် စီးပွားရေးပညာ သုတေသန ရီဗျူးစာစောင် (Myanmar Environmental and Economic Review – MEER) အယ်ဒီတာချုပ် ဦးဇော်သန်း…
-
Continue reading →: ပဲခူး-စစ်တောင်းတူးမြောင်း အဆင့်မြှင့်တင် ပြုပြင် တူးဖော်ခြင်း
စပါးအပါအဝင် သီးနှံစုံ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မွေးမြူရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်မှု လျင်မြန်ချောမွေ့စေရေးစသည်တို့အတွက် ရေဘေးကာကွယ်ရေးတာတမံများ၊ ရေတံခါးများ၊ မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ပဲခူး-စစ်တောင်းတူးမြောင်း အဆင့်မြှင့်တင် ပြုပြင်တူးဖော်ခြင်းလုပ်ငန်းမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ နောက်ခံသမိုင်းအကျဉ်း ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းရှိ ပျဉ်းမနား၊ တောင်ငူ၊ ရွှေကျင်နှင့် မြောက်ပိုင်းရှိသစ်တောများမှ ကျွန်းသစ်များကို ရန်ကုန်မြို့သို့သယ်ယူရာတွင် ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့ကို ဆက်သွယ် ဖောက်လုပ်လျှင် အသင့်လျော်ဆုံး ဖြစ်သဖြင့် ပဲခူး-စစ်တောင်း တူးမြောင်းကို ၁၈၇၃ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ရာ ၁၈၇၈ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ပဲခူး-စစ်တောင်းတူးမြောင်းသည် သနပ်ပင်မြို့နယ် တာဝကျေးရွာအနီးရှိ ပဲခူးမြစ်မှ…