-
Continue reading →: လှေကားထစ်ရေကန် (Ye Htwe)
လှေကားထစ်ရေကန်ဆိုသည်မှာ ရှေးခေတ်အိန္ဒိယသုံး ရေတွင်းရေကန် တစ်မျိုးဖြစ်သည်။ မြေအောက်ရေလည်း ထွက်၍ မိုးရေကိုလည်း ခံယူကာ မိုးများသော်လည်း မလျှံ၊ မိုးခေါင်သော်လည်း မခန်းပဲ တစ်နှစ်ပတ်လုံး ရေရရှိနိုင်အောင် စီမံထားခြင်း ဖြစ်သည်။ ၎င်းတို့ကို အထပ်ပေါင်းများစွာ နက်နက်ရှိုင်းရှိုင်း၊ အချိုမှာ နက်ရှိုင်းလွန်းသဖြင့် ရေကို တစ်ထပ်မှ တစ်ထပ် နွားရဟတ်ဖြင့် ဆွဲငင်ရသည်။ စိုက်ပျိုးရေနှင့် သုံးရေအတွက် လက်တွေ့ ရည်ရွယ်ထားသည့် တိုင်အောင် အိန္ဒိယ၏ ဗိသုကာ၊ ပန်းတော့နှင့် ပန်းတမော့ လက်ရာတို့ကို တွေ့ရသည်။ Stepwell တို့ကို ခြောက်သွေ့သော အိန္ဒိယ အနောက်ပိုင်းတွင် အတွေ့ရများပါသည်။ အိန္ဒုမြစ်ဝှမ်းရှိ လွန်ခဲ့သောနှစ် ၄၅၀၀ ခန့်က မိုဟန်ဂျိုဒါရို မြို့ဟောင်းတွင်ပင် Stepwell…
-
Continue reading →: အိန္ဒိယတွင် ၁၁၅ နှင့် ပါကစ္စတန်တွင် ၁၂၀ ဒီဂရီ ဖာရင်ဟိုက် (ကိုသန်းလွင်)
(၁)ကျွန်တော်တို့သည် ဘီလီယံချီသော လူသားများအား “နိဂုံး”ကို ပြသရန် လောကကြီးကို ဇောက်ထိုးမိုးမျှော် လုပ်ပြနေစရာ မလိုပါ။ အလွန်ပူလောင်သော နေ့ရက်များကို ထုံးစံတစ်ခုကဲ့သို့ ကြုံတွေ့လာနေရခြင်းက လူသားတို့၏ “နိဂုံး”ကို ညွှန်ပြလျက်ရှိပါသည်။ (၂)ရာသီဥတုအကြောင်း ဖွဲ့ဆိုထားသော ဝတ္ထုတစ်ပုဒ်ပါ လူသန်း ၂၀ မျှသေဆုံးခဲ့ရသော အပူချိန်ထက် ၁၀ ဒီဂရီ စင်တီဂရိတ်မျှ ပိုမြင့်သည့် အပူကို တစ်ဘီလီယံမျှသော တောင်အာရှသားများ လွန်ခဲ့သောလက ခံစားခဲ့ရပါသည်။ ရက်သတ္တပတ် အနည်းငယ်ကြာသည်အထိ ထိုအပူငွေ့ ရှိနေခဲ့ပါသည်။ မိုးကျမည့် ဇွန်လမှသာ အပူဒဏ်မှ သက်သာရာ ရတော့မည်။ လူသေဆုံးမှု ဖြစ်ရာတွင် လေထုတွင်း ရေငွေ့ ပါဝင်နှုန်းသည် အပူချိန်ကဲ့သို့ပင် အရေးပါသည်။ အိန္ဒိယတွင် ၁၁၅…
-
Continue reading →: စိုထိုင်းအပူချိန် (Wet Bulb Temperature)
လူ့ခန္ဓာကိုယ်တွင်း၌ အပူများလာသောအခါ ချွေးထွက်ခြင်းဖြင့် ကိုယ်တွင်းအပူများကို အလိုအလျောက် ထုတ်ပေးသည်။ လေထုတွင်း ရေငွေ့နည်းလျှင် ခန္ဓာကိုယ်တွင်းမှ အပူများ ချွေးအဖြစ် ထွက်သွားနိုင်သော်လည်း လေထုတွင်း ရေငွေ့ အလွန်အမင်းများနေလျှင် ခန္ဓာကိုယ်အပူသည် ချွေးအဖြစ် ထွက်မသွားနိုင်တော့ချေ။ ယင်းအခါမျိုးတွင် လူသေဆုံးနိုင်သည်အထိ အန္တရာယ် ရှိသည်၊ ထိုင်နေရင်းလည်း အသက်ထွက်သွားနိုင်သည်။ ထို့ကြောင့် အပူကြောင့် လူအန္တရာယ် ဖြစ်ခြင်း မဖြစ်ခြင်းကို ညွှန်ပြရာ၌ ပကတိအပူချိန် အပြင် ရေငွေ့ပါဝင်မှုကိုလည်း ထည့်တွက်ကာ စိုထိုင်းအပူချိန် (wet bulb temperature) ဖြင့် ပြဆိုကြသည်။ ၂၀၂၂ ဇွန်လ ၁၅ ရက် နံနက် လေးနာရီခွဲတွင် ရန်ကုန် အပူချိန် ၂၆ ဒီဂရီ…
-
Continue reading →: စက်ရေတွင်း ရေအထွက် နည်းလာလျှင် (ဦးမြင့်သိန်း – မောင်ကျေးရေ)
စက်ရေတွင်း ရေထွက်နှုန်း ကျဆင်းလာရသည့် အကြောင်းရင်းများအနက် တစ်ခုမှာ တွင်းတူးဖော်စဉ်က ရေတွင်း ဖွံ့ဖြိုးတိုးတက်အောင် (well developing) စနစ်တကျ မဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်သည်၊ အချို့သည် အဆိုပါ လုပ်ငန်းစဉ်ကို အချိန်ပေး လုပ်ဆောင်ခြင်း မရှိဘဲ အလျင်စလို လုပ်ငန်း အပြီးသတ်လိုက်ခြင်းကြောင့် ရေထွက်သင့်သလောက် မထွက်ရုံမျှမက အချိန်မတိုင်မီ တွင်းရေ အထွက်ကျဆင်းလာခြင်းနှင့် ကြုံကြရသည်။ ရေတွင်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း ဆိုသည်မှာ တွင်းတူးခြင်း၊ တွင်းချဲ့ ပိုက်ချခြင်း လုပ်ငန်းများ ပြီးပါက ပိုက်သားနှင့် ရေဝင်ဆန်ခါပိုက်တို့၌ ရွှံ့ အနည်အနှစ်နှင့် သဲများ ကင်းစင်၍ ရေထွက်ကောင်းအောင် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်။ ယင်းသို့ လုပ်ကိုင်မှ စက်ရေတွင်း၏ အဓိကနေရာ…
-
Continue reading →: စက်ရေတွင်းနေရာ ရွေးချယ်ခြင်း (ဦးမြင့်သိန်း – မောင်ကျေးရေ)
(စက်ရေတွင်းများအတွက် ဦးတည် ရေးထားခြင်း ဖြစ်သော်လည်း လက်တူးတွင်းများအတွက်လည်း သင့်သလို အသုံးချနိုင်ပါသည်။) စက်ရေတွင်း မတူးမီ တူးမည့် အရပ်၌ ရှိထားပြီးသော ရေတွင်း(များ)၏ ရေနေ၊ အနက်ပေ၊ ရေထွက်နှုန်း၊ ရေအရည်အသွေး၊ ရေထုတ်ယူထားသော ရေအောင်းလွှာ၏ မြေသဘာ၀၊ ရေအောင်းသဲကြော အထူအပါးနှင့် အမျိုးအစား စသည်တို့ကို ကြိုတင် သိရှိထားသင့်သည်။ ကြိုတင်လေ့လာတွက်ချက်ခြင်း ဖြစ်နိုင်လျှင် စက်ရေတွင်း တူးဖော်မည့် ဒေသ၏ ဘူမိဗေဒနှင့် ဇလဗေဒဆိုင်ရာ အခြေခံ အချက်အလက်များကို လေ့လာသင့်သည်။ မြေအောက်ရေ ပညာရှင်များနှင့် ဆွေးနွေး၍ ကျောက်လွှာ မြေလွှာ အမျိုးအစား၊ အနည်ပို့ချထားသည့် အနေအထား၊ ကျောက်လွှာ မြေလွှာများနှင့် ဆက်နွှယ်နေသည့် မြေမျက်နှာသွင်ပြင်နှင့် နေထား ဘူမိဗေဒတို့ကိုပါ…
-
Continue reading →: ရန်ကုန်မြို့ရှိ မိုးရေ စုဆောင်းသော ပုရွက်ဆိတ်များ
(Kyaw Nyunt Linn ရေးသားသော Ants in Yangon Saving Rainwater ဆောင်းပါးကို Thinzar Mon က ပြန်ဆိုပြီး Myanmar Water Portal ၌ ၂၉ . ၇ . ၂၀၂၀ က တင်ခဲ့သည့် ဆောင်းပါးကို ဦးကျော်ညွန့်လင်း၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။) (Photo – Kaung Myat Oo) ဆောင်းတွင်းအတွက် အစားအစာတွေကို ကြိုးကြိုးစားစား ကြိုတင် စုဆောင်းနေတဲ့ ပုရွက်ဆိတ်လေး အကြောင်းကို ပြောပြထားတဲ့ “ပုရွက်ဆိတ်နှင့် နှံကောင်” ပုံပြင်လေး အကြောင်း အားလုံး ကြားဖူးကြမှာပါ။…
-
Continue reading →: မြေအောက်ရေ ထုတ်ယူနိုင်သော မြေလွှာများ (ဦးမြင့်သိန်း – မောင်ကျေးရေ)
မြေမျက်နှာပြင်အောက်ရှိ ရေကို အပိုင်း နှစ်ပိုင်း (ဇုန်နှစ်ခု) အဖြစ် ခွဲခြား လေ့လာ၍ ရသည်။ အပေါ်ပိုင်းဇုန်ကို ရေ မြေ လေ အငွေ့ ရောနေသော ဇုန် (zone of aeration) ဟုခေါ်သည်။ အောက်ပိုင်းဇုန်ကို ရေ(မြေအောက်ရေ) ပြည့်၀နေသော ဇုန် (zone of saturation) ဟု ခေါ်သည်။ ထိုဇုန်နှစ်ခုကို မြေအောက်ရေပြင် (water table) ဖြင့် ခွဲခြားထားသည်။ အပေါ်ပိုင်းဇုန်တွင် အစိုဓာတ်ရှိသော မြေရေအရော အလွှာ (soil water layer) သည် မြေမျက်နှာပြင်နှင့် ကပ်လျက်ရှိသည်။ ထိုအလွှာသည် သစ်ပင် သစ်တော ပေါက်ရောက်မှု အပေါ်တည်ပြီး…