-
Continue reading →: ဧရာ၀တီ — ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားမြစ်ကြီး (ပါမောက္ခ ဦးမောင်မောင်အေး)
(၈ .၁၁ .၂၀၁၆ နှင့် ၉ . ၁၁ . ၂၀၁၆ ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးနှစ်ပုဒ်ကို စုစည်း၍ ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်။) မြန်မာနိုင်ငံ၏ မြေကြော၊ ရေကြော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် မြစ်ချောင်း အလွန်ပေါများကြွယ်၀သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဧရာ၀တီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် အဓိကမြစ်ကြီး လေးစင်းနှင့် မြစ်လက်တက် ကြီးငယ်များ၊ ချောင်းကြီး၊ ချောင်းငယ်များ၊ မြစ်ခွဲများ စသည်ဖြင့် မြစ်ဝှမ်း ချောင်းဝှမ်းပေါင်း မြောက်မြားစွာ ပါဝင်ဖွဲ့စည်း တည်ဆောက်ထားပါသည်။ နိုင်ငံအတွင်း မြောက်မှတောင်သို့ သွယ်တန်းနေသော တောင်တန်းများ (ဝါ) ဘူမိရုပ်သွင်ယူနစ်များ (morphotectonic units)…
-
Continue reading →: အစ္စရေး ရေအရင်းအမြစ် စီမံခန့်ခွဲမှု၏ ထူးခြားချက် ငါးချက်
သဲကန္တာရမြေများကို စိုက်ခင်းများအဖြစ်သို့ ပြောင်းနိုင်ခဲ့သော အစ္စရေး ရေအရင်းအမြစ် စီမံခန့်ခွဲမှုတွင် အားကျ အတုယူစရာ အချက်ငါးချက် ရှိသည်။ ၁ – ရေရရှိရေးကို အလေးထားခြင်း အစ္စရေးနိုင်ငံ မတည်မီ ယင်းဒေသ၌ အခြေချသူ ဂျူးလူမျိုးတို့သည် ၁၉၃၉ ခုနှစ်က ရေပိုက်လိုင်းများ ချ၍ ရေရရှိရေး လုံးပမ်းခဲ့ကြသည်။ ၁၉၅၉ ခုနှစ်မှစ၍ အမျိုးသား ရေပေးရေး စနစ် (The National Water Carrier )ကို အကောင်အထည် ဖော်ခဲ့သည်။ ယင်းစီမံကိန်းဖြင့် လူဦးရေ အများဆုံး နေထိုင်သော်လည်း ရေရှားသည့် နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းသို့ နိုင်ငံမြောက်ပိုင်း ဂါလာလီ(Galilee) ရေအိုင်မှ ရေများကို တစ်ရက်လျှင်…
-
Continue reading →: ရေလှောင်တမံနှင့် အများပြည်သူ၏ အမြင်
မြစ်ဆုံနှင့် ပတ်သက်သည့် ပြည်သူတို့ ရင်တွင်းမှ ထွက်ပေါ်လာသော ဆန့်ကျင်ရေး စကားသံများသည် မြန်မာနိုင်ငံ၏ အကျိုးကိုသာ ရည်ရွယ်သော်လည်း ပြည်ပမှ ဝင်ရောက် ချယ်လှယ်လိုသူများ၏ ရည်ရွယ်ချက်မှာ သူတို့ အကျိုးအတွက်သာ ဖြစ်သည်ဆိုခြင်းကို ယုံမှားဖွယ် မရှိချေ။
-
Continue reading →: ကမ္ဘာ့စိမ့်စမ်းရေနှင့် မြန်မာ့စိမ့်စမ်းရေ – Dr. Sai Aung Thant Zin (WaterLab by Dr. Sai)
RO(Reverse Osmosis), UV(Ultraviolet), Ozone စနစ်များနဲ့ သန့်စင်ထားသော သဘာဝ စိမ့်စမ်းရေ ဆိုတဲ့ သောက်ရေ သန့် ကြော်ငြာမျိုး တွေ့ရင် ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်တယ်ဗျ။ Spring water (သဘာဝစိမ့်စမ်းရေ) ဆိုတာမြေကြီးအောက်မှာ သဘာဝအလျောက် တည်ရှိနေတဲ့ ရေအောင်းလွှာထဲက ရေတွေ မြေကြီးပေါ်ကို တစ်နည်းနည်းနဲ့ သူ့အလိုလို ရောက်ရှိလာတဲ့ ရေမျိုးကို ခေါ်တာပါ။ Spring water အမျိုးအစားတွေကတော့ အများကြီးပေါ့။ spring water အများစုက ရေမြေဒေသ၊ ရာသီဥတုတို့အပေါ်လိုက်ပြီး သတ္တုဓာတ် ပါဝင်မှု အချိုးအစားတွေ မတူကြပါဘူး။ အချို့ spring water တွေက ဘာမှ ပြုပြင်စရာမလိုဘဲ သောက်သုံးနိုင်တဲ့…
-
Continue reading →: ရေဖလား(Water Cup)
ကမ္ဘာ့ဖလား (World Cup)ဟု ဆိုလိုက်လျှင် ဘောလုံးဝါသနာရှင်များ၏ အာရုံကို ကောင်းစွာ ဆွဲဆောင်နိုင်သည့်အပြင် သာမန်လူအများကပင် ကောင်းစွာ ကြားဖူးကြသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယခုနှစ်အတွင်း ကျင်းပရန် ရှိသဖြင့် စိတ်ဝင်စားမှု အဟုန် တိုးမြင့်လာဦးမည်။ ကမ္ဘာ့ဖလားပြိုင်ပွဲသည် အားကစားနယ်ပယ်တွင် သာမက ဆက်စပ်ကဏ္ဍတို့၏ စီးပွားရေးကို ကြီးစွာ အထောက်အကူပြုလျက် ရှိသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို အတုယူ အမည်ပေးထားသော ရေဖလား (water cup) ပြိုင်ပွဲသည်မူ လူသိနည်းသော်လည်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကျေးရွာများ၏ ရေရရှိရေးအပြင် စီးပွားရေး လူနေမှုစနစ်တို့ကို အထောက်အကူပြု တိုးတက်စေခဲ့သည်။ ရေဖလား (water cup) ပြိုင်ပွဲဆိုသည်မှာ အိန္ဒိယနိုင်ငံ မဟာရပ်ရှ်ထရာပြည်နယ်၌ ပြုလုပ်ခဲ့သည့် ကျေးရွာရေရရှိရေးပြိုင်ပွဲ ဖြစ်သည်။…
-
Continue reading →: ရေဖူလုံရေးတွင် အရေးပါသည့် ရေသိုလှောင်နိုင်မှု
ပြန်ပြည့်နိုင်သော ရေအရင်းအမြစ် နိုင်ငံတစ်နိုင်ငံ၌ ရေဖူလုံလောက်ငမှု ရှိမရှိ သိလိုလျှင် ယင်းနိုင်ငံ၏ ပြန်ပြည့်နိုင်သော ရေအရင်းအမြစ် (renewable water resources) ပမာဏကို ဦးစွာ ကြည့်ကြသည်။ ပြန်ပြည့်နိုင်သော ရေအရင်းအမြစ်များတွင် မြစ်များ၏ ပျမ်းမျှနှစ်စဉ် ရေစီး၊ ပြည်တွင်း၌ ရွာကျသော မိုးရေများကြောင့် ပြန်ပြည့်သော မြေအောက်ရေ၊ ပြည်ပနိုင်ငံများမှ စီးဝင်လာသော မြေပေါ် မြေအောက်ရေ၊ နယ်စပ် ရေကန်နှင့် မြစ်များအနက် မိမိနိုင်ငံ ပိုင်နက်အတွင်း ကျရောက်သော အပိုင်းရှိ ရေများ ပါဝင်သည်။ မဆိုစလောက်မျှသာ ပြန်ပြည့်သည့် အနက်ပိုင်း ရေအောင်းလွှာရှိ ရေများကို ပြန်ပြည့်နိုင်သော ရေအရင်းအမြစ်ဟု မသတ်မှတ်ချေ။ မြန်မာနိုင်ငံတွင် ပြည်တွင်း၌ ဖြစ်ပေါ်သည့် ပြန်ပြည့်နိုင်သော…
-
Continue reading →: ရေအရေး အားပေးလုပ်ဆောင်နေသော မန်စီးတီးဘောလုံးအသင်း
ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးဘောလုံးအသင်းသည် မိမိ၏ အောင်မြင်ကျော်ကြားမှု၊ ငွေကြေးဓန ကြွယ်၀မှု စသည်တို့ကို အသုံးချ၍ ရေနှင့် သက်ဆိုင်သော အသိပညာ ဗဟုသုတများ၊ ရေအရေးတွင် စိတ်ဝင်စား ပါဝင်လှုပ်ရှားလာသူများ ကမ္ဘာတစ်ဝန်း တိုးပွားလာရေးအတွက် အလေးထား ဆောင်ရွက်လျက် ရှိသည်။ ယင်းရည်မှန်းချက် ပိုမိုအောင်မြင်စေရန် မန်စီးတီးသည် ရေနည်းပညာ၌ ထိပ်တန်းကုမ္ပဏီဖြစ်သော Xylem နှင့် ပူးပေါင်း လှုပ်ရှားနေရာ သူတို့၏ အားထုတ်ချက်ကြောင့် ယခုအခါ လူပေါင်းသန်း ၁၀၀၀ (ကမ္ဘာ့ လူဦးရေ၏ ခုနစ်ပုံတစ်ပုံ နီးပါး)ထံသို့ ရေပြဿနာများကို သတိမူ နိုးကြားလာစေခြင်း၊ ရေဗဟုသုတများကို ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရေကိစ္စ စွမ်းစွမ်းတမံ ဆောင်ရွက်သူ ရေသူရဲကောင်းများ ထွက်ပေါ်လာရန်…