• (၂ဝ၂၀ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၊ ဖေဖဝါရီလ ၁၈ ရက် သံတော်ဆင့်နှင့် Myanmar water portal တို့တွင် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။ ယင်းကာလ ရေ ရာသီ မြန်မာပြည်၏ အခြေအနေကို လေ့လာပြီး ရေးသားခဲ့ခြင်း ဖြစ်ပါသည်။) ကမ္ဘာ့ရာသီဥတုသည် ၂၀၁၀ ခုနှစ်ဝန်းကျင်ကစ၍ သိသိသာသာ ပြောင်းလဲလာ၏။ ၂၀၁၀ ခုနှစ်၌ ကမ္ဘာ့အမြင့်ဆုံး အပူချိန်သည် ၃၇ . ၂၀ စင်တီဂရိတ် / ၉၈ . ၉၀ ဖာရင်ဟိုက်) ရှိခဲ့သည်။ ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှ ဝ . ၁၃…

    Continue reading →: ရေ ရာသီ မြန်မာပြည် (ဦးမြင့်သိန်း – မောင်ကျေးရေ)
  • ကမ္ဘာ့ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်သည် နှစ်ပေါင်းသောင်းနှင့်ချီ၍ သိသာသော အတိုးအလျော့ မရှိဘဲ တန့်နေခဲ့ရာမှ ယခုအခါ ကမ္ဘာအနှံ့၌ တအိအိမြင့်တက်လာလျက်ရှိသည်သာမက မြင့်တက်မှုသည် အရှိန်ရလာနေသည်။ ပင်လယ်ရေပြင် မြင့်တက်လာခြင်း၏ အဓိကအကြောင်းမှာ ကမ္ဘာ့မြောက်ဘက် ဂရင်းလန်းကျွန်းနှင့် တောင်ဘက်စွန်း အန္တာတိကတိုက်တို့ရှိ ရေခဲများ အရည်ပျော်လာနေသောကြောင့် ဖြစ်သည်။ ဟိမဝန္တာ၊ အဲလ်ပ်စသည့် တောင်ထိပ်ရေခဲပြင် အရည်ပျော်မှုများ ရှိသော်လည်း ဂရင်းလန်းကျွန်းနှင့် တောင်ဝင်ရိုးစွန်း ရေခဲအရည်ပျော်မှုကဲ့သို့ ပင်လယ်ရေပြင်မြင့်တက်ရာတွင် အရေးမပါပေ။ ရေသည် ပူသောအခါ ပွယောင်းလာသည့်အတိုင်း တက်လာနေသော ကမ္ဘာ့လေထုအပူချိန်ကြောင့်လည်း ပင်လယ်ရေပြင် မြင့်လာနေသည်။ ပင်လယ်ရေပြင်မြင့်တက်မှုပမာဏ၏ သုံးပုံနှစ်ပုံသည် ရေခဲအရည်ပျော်ခြင်းကြောင့် ဖြစ်ပြီး သုံးပုံတစ်ပုံသည် ရေထုပွယောင်းလာခြင်းကြောင့် ဖြစ်သည်။ အမေရိကန်နိုင်ငံ အမျိုးသားအဏ္ဏဝါနှင့် လေထုလေ့လာရေးအဖွဲ့၏ လေ့လာချက်အရ…

    Continue reading →: ပင်လယ်ရေပြင်မြင့်တက်ခြင်းနှင့် မြန်မာနိုင်ငံ
  • မေး ။ ပြောင်းလဲနေတဲ့ ရာသီဥတုကို ပြန်ကောင်းအောင် လုပ်နိုင်မယ့် နည်းလမ်းနဲ့ ကြာမယ့်အချိန်ကို သိလိုပါတယ်။ ဖြေ ။ ရာသီဥတုပြောင်းလဲတာဟာ လေထုထဲကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ လောက်ကစလို့ ကာဘွန်ဒိုင်အောက်ဆိုက် အဓိကဖြစ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ အများအပြား ဝင်ရောက်လာခဲ့လို့ ဖြစ်ပါတယ်။ ဝင်ရောက်ခဲ့တဲ့ ဓာတ်ငွေ့ပမာဏဟာ ၁ ဒသမ ၅ ထရီလျံတန် (၁ ထရီလျံ = ၁ နောက်က သုည ၁၂ လုံး) လောက် ရှိပါတယ်။ အဲဒီတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ လောက်က ရာသီဥတုအခြေအနေကို ပြန်ရောက်ချင်ရင် ကာဘွန်ဒိုင်အောက်ဆိုက် ၁ ဒသမ ၅ ထရီလျံတန်ကို လေထဲကနေ…

    Continue reading →: မသိမှုမှ ပေါက်ဖွားလာသော ပူနွေးကမ္ဘာ
  • (၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက နိုင်ငံတကာ သုတေသန အင်တာနက် စာမျက်နှာပေါ်တွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြခဲ့ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ၌ မြန်မာ့ရေတံခါးပေါက်၌ မြန်မာဘာသာဖြင့် ပြန်လည်ရေးသားသော ဆောင်းပါးဖြစ်ပါသည်။ ၁၉၉၀ -၂၀ဝ၀ ကာလအတွင်း ရန်ကုန်မြို့ပြနယ်မြေရပ်ဝန်းသည် ၁၉၉၀ မတိုင်မီ ကာလထက် သုံးဆခန့် ပိုမိုကျယ်ပြန့်လာသောကြောင့် မြေအောက်ရေအပေါ် သက်ရောက်လာသည့် အကျိုးဆက်များ (ကောင်းကျိုး/ဆိုးကျိုး) အကြောင်း ဖော်ပြထားပါသည်။) စကားဦး မြို့တော်ရန်ကုန်သည် လူဦးရေငါးသန်းကျော်ရှိသော မြို့ဖြစ်ပြီး နိုင်ငံ၏ အဓိကစီးပွားရေး အချက်အခြာနယ်မြေ ဖြစ်သည်။ ၁၉၈၉-၉၀ ပြည့်နှစ်မှစ၍ ရန်ကုန်တွင် မြေယာအသုံးပြုမှု အကြီးအကျယ် ပြောင်းလဲလာခဲ့သည်။ ၁၉၈၈ မတိုင်မီက ရန်ကုန်၏ ဧရိယာအကျယ်အဝန်းမှာ ၃၄၇…

    Continue reading →: မြို့ပြနယ်မြေတိုးချဲ့လာခြင်းက မြေအောက်ရေအပေါ် ဆိုးကျိုးသက်ရောက်မှု (ဦးမြင့်သိန်း – မောင်ကျေးရေ)
  • (ဤဆောင်းပါးကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ရေးသားခဲ့သည်။ ရာသီဥတုပြောင်းလဲလာခြင်းနှင့် မိုးရွာသွန်းမှု မမှန်ကန်မူများကြောင့် ကုန်းမြေပေါ်၌ စက်ရေတွင်းတူးရေးခက်ခဲနေသည့် အချိန်ကာလတွင် အခြားသောနည်းများဖြင့် ချောင်း၊ ချောင်းကမ်းပါး၊ ချောင်းဟောင်းသောင်ပြင်များ၌ ရေထုတ်ယူနိုင်ရေး ရေတွင်းတူးနည်းပညာကို ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားမျှဝေခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။) ၁။ လွန်ခဲ့သောနှစ်များကစ၍ ကမ္ဘာ့ရာသီဥတုသည် နွေမိုးဆောင်း ဥတုသုံးလီ ပုံမှန်ပြောင်းလဲမှု မဟုတ်တော့ဘဲ မိုးသည်းထန်ခြင်း၊ မိုးနည်းခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်လွန်ကဲခြင်း၊ အအေးလွန်ကဲခြင်း စသည့် ဖြစ်ရပ်များသည် နေရာဒေသ၊ အချိန်ကာလ အတိုင်းအဆမရှိ၊ ဖြစ်ပျက်ပြောင်းလဲနေ၏။ ၂။ မြန်မာနိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးများကို ၂၀ဝ၈ နာဂစ်က စတင်ပြီး ကြုံတွေ့ ခံစားလာခဲ့သည်မှာ ယခုနှစ်အထိ သက်ဆိုင်ရာဒေသနေသူများ၊ ရေဒုက္ခ…

    Continue reading →: ပြောင်းလဲလာသောရာသီဥတုနှင့် ကိုက်ညီသည့် မြေအောက်ရေထုတ်ယူရေး (ဦးမြင့်သိန်း – မောင်ကျေးရေ)
  • (၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်က မိုးမခစာမျက်နှာအတွက် ရေးသားခဲ့သော ဆောင်းပါး ဖြစ်ပါသည်။) ကမ္ဘာ့မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းကို ရေဖြင့် ဖုံးလွှမ်းနေသောကြောင့် ကမ္ဘာကို “Blue Planet” အပြာရောင်ဂြိုဟ်ဟု တင်စားခေါ်ကြသည်။ ရေသည် မြေမျက်နှာပြင်အောက်နှင့် အပေါ်တို့တွင် အရည်အသွင်ဖြင့် ရှိပြီး လေထဲတွင် အငွေ့အဖြစ် တည်ရှိပြီး အကန့်အသတ်ရှိသော အရင်းအမြစ် ဖြစ်သည်။ ယနေ့သောက်သုံးနေသော ပုလင်းသွတ်ရေ (ယနေ့အခေါ် ရေသန့်) များသည် ယခုမျိုးသုန်းသွားပြီဖြစ်သော ကမ္ဘာဦး အမွေးရှည်ဆင်ကြီးတစ်ကောင်၏ နောက်ကျောက စီးကျသောရေနှင့် အတူတူပင် ဖြစ်နိုင်သည်ဟု သိပ္ပံပညာရှင်များက ဆိုကြသည် (ဤသည်မှာ တွေးထင်ယူဆချက်သာ ဖြစ်သည်)။ ရေထု မြေထု လေထုစသည့်…

    Continue reading →: ကမ္ဘာပေါ်၌ ရေများ ပျံ့နှံ့တည်ရှိပုံ (ဦးမြင့်သိန်း – မောင်ကျေးရေ)
  • မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကြမ်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာနှစ်စောင်တွင် နှစ်ရက်ဆက် ဖော်ပြထားသည်ကို ဖတ်ရှု ရပါသည်။ မြေအောက်ရေစီမံခန့်ခွဲမှုဥပဒေကြမ်း၏ ပထမဦးဆုံးစာကြောင်းမှာ “ပြည်သူအများ လေ့လာ သိရှိ အကြံပြုနိုင်ရန် ဖော်ပြခြင်းဖြစ်သည်၊ အကြံပြုစာများကို ပြည်တောင်စုလွှတ်တော်ရုံးသို့ လိပ်မူပေးပို့နိုင်သည်” ဟု စကားဦး ဖွင့်ဆိုရေးသားထားသည်။ ပြည်သူ့လွှတ်တော်၏ သဘောထားကို ကြိုဆိုပါ၏။ ယင်းကိစ္စကို မြေအောက်ရေနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသည့် အဖွဲ့အစည်းတစ်ခုက ကောင်းသည် ဆိုးသည် ဆွေးနွေးအကြံပြုခြင်းမဟုတ်ဘဲ လွှတ်တော်နှင့်မဆိုင်၊ ငါတို့နှင့်သာဆိုင်သည် စသည့်သဘောမျိုး အခြေအတင် ပြောခဲ့ကြသေးကို ကြားမိလိုက်သေးသည်။ စာရေးသူ၏အမြင်နှင့် သဘောထား – မြန်မာနိုင်ငံတွင် စက်ရေတွင်း…

    Continue reading →: မြေအောက်ရေစီမံခန့်ခွဲမှုဥပဒေကြမ်းနှင့် စက်ရေတွင်းရေသုံးစွဲသူများ (ဦးမြင့်သိန်း -မောင်ကျေးရေ)