-
Continue reading →: မြစ်ဝှမ်း ၁၅ ခု ရေပြန်လည် ပြည့်သည့် ပမာဏ လျော့နည်းမှု
ကမ္ဘာကြီးပိုမိုပူနွေးလာသည်နှင့်အမျှ မြစ်ဝှမ်းဒေသများသို့ ရေဝင်ရောက်မှုလျော့နည်းလာကြောင်း မကြာမီက ပြုလုပ်ခဲ့သည့်လေ့လာချက်တစ်ရပ်က ဆိုသည်။ အဆိုပါဖြစ်စဉ်သည် လက်ရှိဖြစ်ပေါ်နေသည့် ရေရှားပါးမှု ပြဿနာအား ပိုမိုဆိုးရွားစေရန်ရှိနေသည်။ ပူနွေးလာခြင်းကြောင့် ရေငွေ့ပိုပျံသည်၊ အပင်များက ရေပိုစုပ်ယူသည်၊ တစ်ချိန်တည်း၌ မိုးရွာသွန်းမှုနှင့်ဆီးနှင်းကျမှုပုံစံပြောင်းလဲခြင်းကြောင့် မြစ်ဝှမ်းများသို့ ရေအဝင်နည်းလာခြင်း ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုပိုလာခြင်းနှင့်အတူ ယင်းဖြစ်စဉ်သည် ပိုမိုဆိုးရွားလာမည်။ Indian Institute of Science နှင့် University of New South Wales တို့က မြစ်ဝှမ်း ၃၁ ခု၏ ရေအဝင်အထွက်ကို သုတေသနပြုခဲ့ရာ မြစ်ဝှမ်း ၁၅ ခုတို့၌ အပူချိန်တက်မှုနှင့် ရေပြန်လည်ပြည့်သည့် ပမာဏ လျော့နည်းမှု ဆက်စပ်နေကြောင်း တွေ့ရသည်။ အပူချိန် တစ်ဒီဂရီ…
-
Continue reading →: သောက်သုံးရေကန်များခန်းခြင်း
သောက်သုံးရေကန်များခန်းခြင်းအကြောင်းတွင် သုံးစွဲမှုအပြင် ရေငွေ့ပျံဆုံးရှုံးမှုကြောင့်လည်း ရာခိုင်နှုန်း အတော်များများ ပါသည်။ ရေငွေ့ပျံဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် အားထုတ်မှုများအနက် အိန္ဒိယနိုင်ငံ Pune အရပ်၌ ပြုလုပ်ခဲ့သောလေ့လာချက်တစ်ရပ်သည် စိတ်ဝင်စားဖွယ်ကောင်းသည်။ ရေကန်ငယ်ရှစ်ကန်တည်ဆောက်၍ လေးကန်ကို အဖုံးအကာမရှိထားပြီး ကန်နှစ်ကန်တွင် မြေကြီးထည့်ထားသောရေသန့်ဘူးအကြည်(PET)များ၊ ကျန်နှစ်ကန်ကို ရေသန့်ဘူးအကြည်အလွတ်များဖြင့် ဖုံးကာ ကန်ရှစ်ကန်မှရေငွေ့ပျံမှုပမာဏကို လေ့လာတိုင်းတာသည်။ ရေသန့်ဘူးအကြည်များဖြင့်ဖုံးထားသောကန်မှ ရေငွေ့ပျံနှုန်းသည် အပွင့်ကန်ထဲမှ ရေငွေ့ပျံနှုန်းထက် ၄၀ ရာခိုင်နှုန်းမျှ လျော့နည်းသည်။ မြေသားထည့်ထားသောဘူးဖြင့်ဖုံးထားသောကန်များထဲမှ ရေငွေ့ပျံနှုန်းသည် ဘူးအကြည်ကန်ထဲက အငွေ့ပျံနှုန်းနှင့်များစွာမကွာခြားပေ။ မြန်မာ့ကျေးလက်များရှိကန်များကို စွန့်ပစ်ရေသန့်ဘူးအကြည်များဖြင့် ဖုံးအုပ်စမ်းသပ်ကြည့်လျှင် ရေအငွေ့ပျံဆုံးရှုံးမှုနည်းကာ ခြောက်သွေ့အချိန်များတွင် ကန်ထဲ၌ ရေပိုကျန်နေကြောင်းတွေ့ရပါလိမ့်မည်။ ရေသန့်ဘူးအကြည်များမှဓာတုပစ္စည်းများသည် အသုံးပြုပြီးအနည်းဆုံး ၁၀ နှစ်ခန့်ကြာမှ ရေထဲပျော်ဝင်လာမှုအန္တရာယ်ရှိနိုင်ကြောင်း သိရပါသည်။ တစ်ခုသတိပြုရမည်မှာ ရေသန့်ဘူးခွံအဝိုင်းများသည် လေကြောင့်…
-
Continue reading →: မြစ်ဝကျွန်းပေါ်တစ်ခု ပေါ်ထွန်းခြင်း
လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀၀၀ ခန့်အထိ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဟူ၍ မရှိခဲ့ဘဲ ဧရာဝတီမြစ်ဝသည် ပြည်မြို့နေရာတွင် တည်ရှိခဲ့သည်။၊ နောက်ပိုင်းတွင် ယင်းနေရာ အောက်ပိုင်း၌ သဲခုံကြီးများ ပေါ်ထွန်းလာသည်၊ တွံတေး မြောင်းမြနှင့် ပုသိမ်မြို့ ဖြစ်လာမည့် နေရာများသည် ပင်လယ်ထဲက ကျွန်းများ အသွင်ဖြင့် ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်၊ ယခု ပဲခူး ဟင်္သာကုန်းသည် ဗုဒ္ဓဘုရားရှင် ပွင့်ပေါ်ချိန် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော် ၃၀၀၀ ခန့်က ပင်လယ်ထဲက ကျွန်းကလေး တစ်ကျွန်း ဖြစ်သည်ဟု ဆိုသည်။ ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေစီးတွင် ပါလာသော နုန်းနှင့်သဲများ ဖြည်းဖြည်းချင်း စုပုံ အနည်ထိုင်လာရင်း နှစ်ပေါင်း…
-
Continue reading →: ကမ္ဘာပေါ်မှာ လူတွေ မရှိတော့လျှင်
လူသားတို့သည် ကမ္ဘာကို အလွှမ်းမိုးနိုင်ဆုံးသက်ရှိများဖြစ်ကြသည့်အတိုင်း ကမ္ဘာ့မြေမျက်နှာပြင်၏ ၄၀ ရာခိုင်နှုန်းခန့်ကို မြို့ပြအဆောက်အအုံများ၊ လယ်ယာများ၊ စားကျက်များ ပြုလုပ်လျက် ပိုင်ဆိုင်စိုးမိုး ထားကြသည်။ ယင်းတို့သည် လူတို့နေထိုင်စားသောက်ရန် မရှိမဖြစ်လိုအပ်သောအရာများ ဖြစ်ကြသော်လည်း ဖန်တီးတည်ဆောက်မှု လွန်ကဲလာသောအခါ ကမ္ဘာကြီးကို ဖျက်ဆီးမှန်းမသိ ဖျက်ဆီးမိလျက်သား ဖြစ်နေသည်။ ပြုန်းတီးသွားသောသစ်တောများ၊ ညစ်ညမ်းနေသောကမ်းခြေများ၊ အဏုမြူ စွန့်ပစ် အညစ်ကြေးများ၊ ဓာတုညစ်ညမ်းမှုများ၊ ရာသီဥတုဖောက်ပြန်မှုများဖြင့် ကမ္ဘာသည် တစ်နေ့တခြား အကျည်းတန်လာလျက် ရှိသည်။ လက်ရှိ ကမ္ဘာ့လူဦးရေသန်း ၇၀၀၀ ကျော် လုံးဝပျောက်ကွယ်သွားခဲ့လျှင် ကမ္ဘာကြီးမည်သို့ဖြစ်လာမည်နည်း။ ခေတ်မီအဆောက်အအုံအများစုသည် နှစ် ၆၀ ခန့်ခံရန်အတွက်သာ ပုံစံထုတ်တည်ဆောက်ထားသည်။ တံတားများသည် နှစ် ၁၂၀ ခန့်နှင့် ရေလှောင်တမံများသည် အနှစ်…
-
Continue reading →: အငွေ့ပျံ၍ ဆုံးရှုံးသောကန်ရေ
မြန်မာနိုင်ငံဒေသအတော်များများတွင် ကန်ရေများစောစီးစွာ လျော့နည်းခန်းခြောက်ကုန်ကြသည့်သတင်းများကို အတော်စိပ်စိပ်ကြားလာရသည်။ ကန်ရေစောစီးစွာခန်းခြင်းသည် မိုးရေအဝင်နည်းခြင်းကြောင့် အဓိကဖြစ်ပြီး မိုးစောစောပြတ်၍ အပူကြောင့် စောစောနှင့်များများရေငွေ့ပျံခြင်းကြောင့်လည်း ပါသည်။ အငွေ့ပျံသည်ကို မမြင်နိုင်သော်လည်း အငွေ့ပျံ၍ ဆုံးရှုံးသောကန်ရေပမာဏက အတော်များသည်။ မြန်မာနိုင်ငံဒေသ အချို့၏ရေငွေ့ပျံနှုန်းသည် တစ်နှစ်လျှင်လက်မ ၆၀(ငါးပေ)ခန့်ရှိသည်။ သဘောမှာ ငါးပေနက်သော ကန်တစ်ကန်ကို ရေအပြည့်ထည့်၍ လုံးဝမသုံးဘဲဟင်းလင်းဖွင့်ထားလျှင် တစ်နှစ်ကြာသောအခါ အငွေ့ပျံခြင်းကြောင့် လုံး၀ ခန်းသွားမည်။ ရေငွေ့ပျံခြင်းအနည်းအများသည် ကန်မျက်နှာပြင်အကျယ်အဝန်း အနည်းအများနှင့်လည်း ဆိုင်သည်။ မျက်နှာပြင်ကျယ်လျှင် ရေငွေ့ပိုပျံသည်။ တစ်နည်းပြောရလျှင် မျက်နှာပြင်မှသာ ရေငွေ့ပျံသည်။ အနက်ပိုင်းမှရေများ အငွေ့မပျံနိုင်။ ထို့ကြောင့် လောလောဆယ်ဖြစ်နိုင်သောနည်းကိုပြောရလျှင် လျော့နည်းခန်းခြောက်သွားသည့်ကန်များ၏ ဘူမိသွင်ပြင် အနေအထား၊ ငွေကြေးတတ်နိုင်မှုတို့ပေါ် မူတည်၍ ဖြစ်နိုင်သမျှနက်အောင်တူးချထားနိုင်လျှင် နောက်နှစ်များတွင် ရေပို၍ကျန်လိမ့်မည်။…
-
Continue reading →: ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ ထိခိုက်လွယ်မှုအခြေအနေ
“ထိခိုက်လွယ်မှုအခြေအနေ-မြန်မာနိုင်ငံ ” အစီရင်ခံစာပါ ရေနှင့်ပတ်သက်သောအချက်အလက်များမှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ဆိုင်သည်များကို ရွေးထုတ်ဝေမျှပါသည်။ ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုမှ မြန်မာနိုင်ငံအား ရာသီဥတုဖြစ်စဉ် ပြင်းထန်လွန်မှုများကြောင့် ထိခိုက်အလွယ်ဆုံး (၃) နိုင်ငံတွင် ထည့်သွင်းထားသည်။ ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ရေဆိုးနုတ်စနစ် – ၂၀၁၄ သန်းခေါင်စာရင်းအရ နိုင်ငံတစ်ဝှမ်း အိမ်ထောင်စုများအားလုံး၏ (၂၆%) သည် အန္တရာယ်ကင်းသော ရေဆိုးနုတ်စနစ် ကင်းမဲ့နေကာ၊ (၃၁%) သည် သန့်ရှင်းကောင်းမွန်သည့် သောက်သုံးရေရရှိမှု မရှိဟု ဖော်ပြထားသည်။ ရခိုင်ဒေသသည် အန္တရာယ်ကင်းသော ရေဆိုးနုတ်စနစ်အဆင့်တွင် သိသာထင်ရှားစွာ အနိမ့်ဆုံးဖြစ်ကာ ဧရာဝတီ၊ ပဲခူး၊ ရခိုင်နှင့် ရန်ကုန်တိုင်းဒေသများသည် ပိုမိုကောင်းမွန်သောရေအရင်းအမြစ်ရရှိမှု အနည်းဆုံးဖြစ်သည်။ မသန့်ရှင်းသော ရေနှင့် ရေဆိုးနုတ်စနစ်ရှိသော ဒေသများသည် နေရာထိုင်ခင်း…
-
Continue reading →: မြန်မာနိုင်ငံအလယ်ပိုင်းဇုန်
“ထိခိုက်လွယ်မှုအခြေအနေ-မြန်မာနိုင်ငံ”အစီရင်ခံစာပါ ရေနှင့်ပတ်သက်သော အချက်အလက်များမှ အလယ်ပိုင်းဇုန်အခြေအနေကို ဆက်လက်တင်ပြပါမည်။ “ပုံမှန်အားဖြင့် အလယ်ပိုင်းဇုန်အတွင်း ပူပြင်းခြောက်သွေ့သည့်ရာသီတွင် အပူချိန်မှာ ၄၀ ဒီဂရီ ဆဲလ်စီယပ်ထိ ရောက်လေ့ရှိပြီး ရေခိုးရေငွေ့ပျံမှုနှုန်းများမှာ မိုးရွာသွန်းသည့်နှုန်းထက် နှစ်ဆများပြားနေပါသည်။ မိုးရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်ခြင်းမှာ ယင်းဒေသတွင်းရှိ ကျေးလက်လူထုကြီးအတွက် အသက်မွေးမှု ပင်မရင်းမြစ်အဖြစ် ဆက်လက်ရှိနေပါသည်။ ထွန်ယက်စိုက်ပျိုးမြေ၏ ၁၆ ရာခိုင်နှုန်းအောက် ဖြစ်သည့် နည်းပါးသည့် စိုက်ပျိုးမြေအစိတ်အပိုင်းကိုသာ ဆည်မြောင်းရေထောက်ပံ့မှုကို အမှန်တကယ်ပေးထားနိုင်ခြင်းရှိပါသည်။ ရေအရင်းအမြစ်များအတွက် ထိခိုက်လွယ်အားနည်းမှုအခြေအနေအား စနစ်တကျ ကိုင်တွယ်နိုင်စွမ်းမရှိခြင်းမှာ အပူပိုင်းဒေသတွင်း တည်တံ့နေသည့် ဆင်းရဲနွမ်းပါးမှုနှင့် အစားအစာမလုံလောက်မှုတို့၏ များစွာသော ရင်းမြစ်အကြောင်းတရားပင် ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် စာရင်းစစ်ချုပ်ရုံးအစီရင်ခံစာတွင် မြစ်ရေတင်ခြင်း ၆၇ ခု အနေဖြင့် ဦးတည်ထားသည့်အနက်မှ…