• လွန်ခဲ့သည့် နှစ်တစ်ရာကျော်ခန့်ကစ၍ တက်လာခဲ့သော ကမ္ဘာ့အပူချိန်သည် လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ကျော်ခန့်မှ စ၍ သိသာစွာ မြင့်တက်လာခဲ့သည် (အပေါ်ပုံ)။ ယင်းသို့ မြင့်တက်လာခြင်းသည် လွန်ခဲ့သော နှစ်ပေါင်းသုံးရာဝန်းကျင်ခန့်က ကျောက်မီးသွေး အစရှိသော လောင်စာများဖြင့် စက်ကိရိယာများကို မောင်းနှင်ရာမှ ထွက်လာသည့် ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ဖြစ်သည်။ ကမ္ဘာ့အပူချိန်တက်ကာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဘေးမျိုးစုံ စတင်ကြုံတွေ့နေကြရပြီ။ ဆက်လက်မြင့်တက်ပါက ပို၍ကြီးမားပြင်းထန်သော ဘေးအန္တရာယ်များ ကျရောက်မည်၊ မြို့ကြီးမြို့ငယ်များ ထိခိုက် ပျက်စီးမည်၊ ရေနှင့် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်မည်၊ ရောဂါဘယ ထူပြောမည်။ ကမ္ဘာကြီး ပူနွေးလာနေမှန်း၊ ယင်းသို့ ပူနွေးလာနေခြင်းသည် လူတို့ကြောင့် ဖြစ်မှန်း မည်သို့သိကြသနည်း။ ယင်းသို့ ပြောဆိုနေခြင်းသည် အထောက်အထား မည်မျှခိုင်လုံသနည်း။…

    Continue reading →: ရာသီဥတုပြောင်းလဲခြင်းဖတ်စာ
  • အန္တရာယ်ဇုန်အတွင်းသို့ခြေချမိခြင်း ကမ္ဘာ့ပျမ်းမျှအပူချိန်သည် တစ်ဒီဂရီ၏ အစိတ်အပိုင်းတစ်ခုမျှ တက်လျှင်ပင် ရာသီဥတုစနစ်ကို ထိခိုက်မှု အနည်းအကျဉ်း ရှိသည်။ အပူချိန်ယင်းမျှတက်နေခြင်းသည် တစ်နှစ် နှစ်နှစ် သုံးလေးနှစ်ဆိုလျှင် မသိသာလှသော်လည်း နှစ်ပေါင်းရာချီသော ကာလအတွင်း နည်းနည်းချင်းစီ တက်ခဲ့ရာမှ ဖြစ်ပေါ်သည့် ထိခိုက်မှုများသည် တအိအိနှင့် စုပုံများပြားလာခဲ့သောကြောင့် ယခုအခါ ပြင်းထန်သောအပူလှိုင်း၊ အားကောင်းသောမုန်တိုင်း၊ ဆိုးရွားသောရေကြီးမှု၊ မကြုံစဖူးကြီးမားသော တောမီးစသည်တို့ကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ အစွန်းရောက်ရာသီဥတုဘေးများ ဖြစ်ပေါ်မည်မှန်း သိရှိခဲ့ကြသော်လည်း လက်တွေ့တွင် အပူချိန် မတက်အောင် ထိန်း၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်နေသဖြင့် တက်မည့်အပူချိန်ပမာဏကိုသာ ကန့်သတ်ရန် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ပြင်သစ်နိုင်ငံ ပါရီမြို့၌ သဘောတူညီခဲ့ကြသည်။ ဆက်တက်မည့် ကမ္ဘာ့အပူချိန်သည်…

    Continue reading →: ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း á‰)
  • ရာသီဥတုဘေးမှ သက်သာရာရစေရန် ဖော်ပြခဲ့သည့် ရာသီပြောင်းဆိုးကျိုးများ၏ ဒဏ်ကို သက်သာရာရအောင်လုပ်နိုင်သော နည်းလမ်းအများ ရှိရာ ယင်းတို့အနက် လောလောဆယ် လက်တွေ့လုပ်ဆောင်နိုင်သည့် အဓိကနည်းလမ်း သုံးခု ရှိသည်။ ပထမနည်းမှာ ရုပ်ကြွင်းလောင်စာများ၏ နေရာတွင် ဖန်လုံအိမ်ဓာတ်ငွေ့ မထွက်သော။ သို့မဟုတ် အထွက်နည်းသော စွမ်းအင်များဖြင့် အစားထိုးသုံးစွဲခြင်း၊ ဒုတိယနည်းမှာ စွမ်းအင်ချွေတာခြင်းနှင့် တတိယနည်းမှာ ရာသီပြောင်းဆိုးကျိုးများ၏ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် အလိုက်သင့်နေထိုင်ခြင်းတို့ ဖြစ်ကြသည်။ အစားထိုးစွမ်းအင်များ ၂၀ဝ၀ ပြည့်နှစ်ကနှင့်စာလျှင် ၂၀၂၃ ခုနှစ်တွင် ဆိုလာ၊ လေအား၊ ရေအားအပါအဝင် အခြားပြန်ပြည့်မြဲစွမ်းအင်များနှင့် သန့်ရှင်းသောစွမ်းအင်များ သုံးစွဲမှုသည် သိသာစွာ တိုးမြင့်လာခဲ့ကြောင်း အောက်ပါပုံအရ သိနိုင်သည်။ သို့သော် အစဉ်မြင့်တက်နေသည့် ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ကို…

    Continue reading →: ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း áˆ)
  • ဘေးအန္တရာယ်အသွယ်သွယ် အပူလှိုင်း ကမ္ဘာ့အပူချိန် မြင့်တက်လာသည်နှင့်အမျှ အပူလှိုင်းဖြစ်ပေါ်မှု အကြိမ်စိပ်လာပြီး ပို၍လည်း ပြင်းထန်လာနေသည်။ အပူလှိုင်း တည်ရှိသည့်ရက် ပို၍ရှည်ကြာလာသည်။ ဖြစ်နေကျအပူချိန်ထက် နှစ်ရက် သို့မဟုတ် သုံးရက်ဆက်တိုက် ပိုမိုမြင့်တက်ပူပြင်းသောဖြစ်စဉ်ကို အပူလှိုင်းဟု ခေါ်သည်။ အထက်ပါပုံအရ လေသည် ပူသောအခါ ပွလာပြီး လေထုအပေါ်ပိုင်းသို့ ဆန်တက်သည်။ လေထုအပေါ်ပိုင်းတွင် လေများ ပိုမိုရောက်ရှိလာခြင်းကြောင့် ဖိအားများလာသည်။ ဖိအားများသောလေသည် အခြားတစ်နေရာသို့ ရွေ့လျားပြီး ရောက်ရာအရပ်၌ အောက်ဘက်သို့ ဖိသိပ်ကာ အပူဓာတ်များကို ထိန်းအုပ်ထားသောကြောင့် အောက်ပိုင်းလေထုနှင့်မြေပြင် ရက်အတန်ကြာပူလာပြီး အပူလှိုင်း ပေါ်ပေါက်သည်။ လေ၏ဖိအားကြောင့် တိမ်များ ကင်းစင်နေခြင်းကလည်း အပူဒဏ်ကို ပိုမိုပြင်းထန်စေသည်။ ၂၀၂၂ ခုနှစ်က ဥရောပတိုက် နွေရာသီတွင် အပူလှိုင်းနှင့်လွန်ကဲအပူဒဏ်ကြောင့်…

    Continue reading →: ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း á‡)
  • အနာဂတ်ရာသီဥတုကိုခန့်မှန်းခြင်း အတိတ်က ရာသီဥတုအကြောင်းကို သိခဲ့ကြပြီ။ ပစ္စုပ္ပန်ရာသီဥတုကို ခံစားတွေ့ထိနေကြရပြီ။ အနာဂတ် ရာသီဥတုအခြေအနေ မည်သို့ ဖြစ်လာမည်နည်း။ ကမ္ဘာ့အပူချိန် ဆက်တက်ဦးမည်လော၊ တက်လျှင် မည်မျှတက်မည်နည်း။ ရာသီဥတုစနစ်သည် ကြီးမားကျယ်ပြန့်သလောက် အလွန်အမင်း ရှုပ်ထွေးလှသည်။ ထို့ကြောင့် ရာသီဥတု ဖြစ်ပေါ်မှု ပြောင်းလဲမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်နေ၊ ဆက်စပ်နေသော ဘာသာရပ် အမျိုးမျိုး၊ အချက်အလက် အထွေထွေကို ထည့်သွင်းစဉ်းစား တွက်ချက်မှသာ အနာဂတ်ရာသီဥတုကို အကြမ်းမျှခန့်မှန်းနိုင်ကြသည်။ ယင်းသို့ တွက်ချက် ခန့်မှန်းရန် လူသားတို့၏ ဉာဏစွမ်းရည် သက်သက်မျှဖြင့် မလုပ်ဆောင်နိုင်ချေ။ ကွန်ပျူတာ မော်ဒယ်များ တည်ဆောက် တွက်ချက်ခြင်းဖြင့်သာ အမျိုးမျိုးသော အခြေအနေတို့၌ ကမ္ဘာ့ရာသီဥတုစနစ် မည်သို့ တုံ့ပြန်ပြောင်းလဲမည်ကို ခန့်မှန်းနိုင်ကြသည်။…

    Continue reading →: ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း á†)
  • အပူချိန်တက်လာခြင်းအကြောင်းရင်း လွန်ခဲ့သည့်နှစ်တစ်ရာကျော်အတွင်း ကမ္ဘာကြီးပူနွေးလာခြင်းသည် လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏပိုလာခြင်းကြောင့်ဟု သေချာပေါက်နီးပါး ယူဆနိုင်သော်လည်း အဆိုပါအချက်ကို လက်မခံလိုသူအချို့က ယင်းဓာတ်ငွေ့ပိုလာမှုသည် သဘာဝအကြောင်းကြောင့် မဖြစ်နိုင်သလောဟု မေးခွန်းထုတ်ကြသည်။ အပေါ်ပုံသည် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ဝဝဝ၀ ခန့်အတွင်း ကမ္ဘာ့လေထုတွင်းရောက် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ အပြောင်းအလဲနှင့် တောင်ဝင်ရိုးစွန်းဝန်းကျင် အန္တာတိကတိုက်၏ အပူချိန် အပြောင်းအလဲကို နှိုင်းယှဉ်ပြသသောပုံ ဖြစ်သည်။ ယင်းကာလအတွင်း ကာဘွန်ဒိုင်အောက်ဆိုက်နှင့် ကမ္ဘာ့အပူချိန်တို့သည် သူတက်ကိုယ်တက် သူကျကိုယ်ကျဖြင့် အတက်အကျ ညီနေခဲ့ကြောင်း ပုံတွင် မြင်နိုင်သည်။ ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏသည် လွန်ခဲ့သောနှစ်ပေါင်း ၈၀ဝဝဝ၀ ခန့်မှစကာ ၁၉ ရာစုနှစ်ခန့်အထိ ၁၈၀ ပီပီအမ် (ppm = parts per…

    Continue reading →: ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း á…)
  • အေးနေသင့်သော်လည်း ပူလာသောကမ္ဘာ ရေခဲခေတ် ဖြစ်ပေါ်မှု ပျောက်ကွယ်မှု၊ ကမ္ဘာ့အပူချိန် အတက်အကျ များသည် နေနှင့်ကမ္ဘာ အနီးအဝေး၊ ကမ္ဘာ့ဝင်ရိုး တိမ်းစောင်းမှု အနည်းအများတို့ပေါ်တွင် မူတည်ကြောင်း ဆားဗီးယား ပညာရှင် မီလူတင်မီလန်ကိုဗစ် (Milutin Milankovitch)က ၁၉၁၂ ခုနှစ်တွင် ပြောဆိုသည်။ ကမ္ဘာ၏ နေကို လှည့်ပတ်နေပုံ၊ မိမိ၏ဝင်ရိုးပေါ်တွင် လည်ပတ်နေပုံတို့ကြောင့် ပုံမှန်ဖြစ်ပေါ်နေသော ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း ဖြစ်စဉ်ကို မီလန်ကိုဗစ်သံသရာ (Milankovitch Cycle) ဟု ခေါ်သည်။ ကမ္ဘာသည် နေကို လှည့်ပတ်နေရာ၌ မတူညီသော ဘဲဥပုံလမ်းကြောင်းများဖြင့် လှည့်ပတ်သောကြောင့် ကမ္ဘာနှင့်နေ အကွာအဝေးသည် တသမတ်တည်း မဟုတ်ဘဲ နီးလိုက် ဝေးလိုက် ဖြစ်နေသည်။ နေနှင့်နီးလျှင်…

    Continue reading →: ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း á„)