ရာသီဥတုပြောင်းလဲခြင်း သမိုင်းကြောင်း

ကမ္ဘာ့လူဦးရေနှင့် ရုပ်ကြွင်းလောင်စာအသုံး များပြားလာခြင်းတို့ကြောင့် ရာသီဥတုစနစ်ပြောင်းလဲပုံ အဆင့်ဆင့်

ခုနှစ်ဖြစ်ရပ်
၁၇၁၂ရေနွေးငွေ့အင်ဂျင်စက်ကို တီထွင်ခြင်းဖြင့် ကျောက်မီးသွေးအများအပြားစတင်အသုံးပြု
၁၇၆၀အင်ဂျင်စက်အများအပြား အသုံးပြုခြင်းဖြင့် ပထမစက်မှုတော်လှန်ရေး စတင်
၁၈၀၀-၁၈၇၀လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ ၂၉၀ ပီပီအမ်
ကမ္ဘာ့ပျမ်းမျှအပူချိန် ၁၃ . ၆ ဒီဂရီစင်တီဂရိတ်
၁၈၀၄ကမ္ဘာ့လူဦးရေသန်း ၁၀၀၀ ပြည့်
၁၈၂၄ပြင်သစ်ပညာရှင် ဂျိုးဇက်ဖူရီယေးက ဖန်လုံအိမ်အာနိသင်အကြောင်း စတင်ဖော်ထုတ်
၁၈၈၆ကမ္ဘာ့ပထမဆုံးမော်တော်ကားကို ထုတ်လုပ်
၁၈၉၆ဆွီဒင်ပညာရှင် အာရင်းနီးယပ်စ်က ကျောက်မီးသွေးကြောင့် လေထုတွင်းရှိနှင့်ပြီး အပူဓာတ်ကို ပိုမိုပြင်းထန်လာစေလိမ့်မည်ဟု ပြော
၁၈၇၀-၁၉၁၀ဒုတိယစက်မှုတော်လှန်ရေး စတင်၊ အင်ဂျင်စက်အသုံးပြုမှု ပိုတွင်ကျယ်လာ
၁၉၂၀-၁၉၂၅ရုပ်ကြွင်းလောင်စာတစ်မျိုးဖြစ်သော ရေနံကို အများအပြား စတင်အသုံးပြု
၁၉၂၇ကမ္ဘာ့လူဦးရေသန်း ၂၀၀၀ ပြည့်
၁၉၃၈ဗြိတိသျှ ပညာရှင် ကောလင်ဒါက ၁၉ ရာစုအတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန် တက်လာနေကြောင်း၊ လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏလည်း လိုက်တက်လာကြောင်း ထုတ်ဖော်
၁၉၅၈လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ ၃၁၅ ပီပီအမ်
ကမ္ဘာ့ ပျမ်းမျှအပူချိန် ၁၃ . ၉ ဒီဂရီ စင်တီဂရိတ်
၁၉၆၀ကမ္ဘာ့လူဦးရေသန်း ၃၀၀၀ ပြည့်
၁၉၇၄ကမ္ဘာ့လူဦးရေသန်း ၄၀၀၀ ပြည့်
၁၉၈၇ကမ္ဘာ့လေထုအပူချိန်ကို စတင်တိုင်းတာသည်မှ အပူဆုံးနှစ်ဖြစ်လာ ကမ္ဘာ့လူဦးရေသန်း ၅၀၀၀ ပြည့်
၁၉၈၈ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာအဖွဲ့(အိုင်ပီစီစီ)ဖွဲ့စည်း
၁၉၉၀အိုင်ပီစီစီ၏ ပထမအစီရင်ခံစာ ထွက်ပေါ်၊
လွန်ခဲ့သော ရာစုနှစ်အတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၀ . ၃ မှ ၀ . ၆ ဒီဂရီ စင်တီဂရိတ် တက်ခဲ့ကြောင်း ဖော်ပြ
၁၉၉၂ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဘောင်ကို သဘောတူ ရေးဆွဲ
၁၉၉၅အိုင်ပီစီစီ၏ ဒုတိယအစီရင်ခံစာ ထွက်ပေါ်၊ လူသားတို့၏ လုပ်ဆောင်ချက်က ကမ္ဘာ့ရာသီဥတုအပေါ် သက်ရောက် လွှမ်းမိုးနေမှု လက္ခဏာများကို တွေ့ရကြောင်း ကြေငြာ
၁၉၉၉ကမ္ဘာ့လူဦးရေသန်း ၆၀၀၀ ပြည့်
၂၀၀၁အိုင်ပီစီစီ၏တတိယအစီရင်ခံစာ ထွက်ပေါ်၊ ကမ္ဘာ့အပူချိန်တက်နေမှုသည် စက်မှုလုပ်ငန်းများမှ ထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့်ဖြစ်ကြောင်း အထောက်အထား ပို၍ခိုင်လုံလာသည်ဟု ပါရှိ
၂၀၀၃ဥရောပတွင် အပူစံချိန်တင်
၂၀၀၇အိုင်ပီစီစီ၏ စတုတ္ထအစီရင်ခံစာ ထွက်ပေါ်၊ ကမ္ဘာ့ ရာသီဥတုပြောင်းလဲနေမှုသည် လူ့ပယောဂကြောင့် ဖြစ်ကြောင်း ၉၀ ရာခိုင်နှုန်း သေချာသည်ဟု ကြေညာ
ပျမ်းမျှကမ္ဘာ့အပူချိန်သည် ၁၄ . ၅ ဒီဂရီ စင်တီဂရိတ် ဖြစ်လာ
၂၀၀၈လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ ၃၈၂ ပီပီအမ်သို့ ရောက်
၂၀၀၉တရုတ်သည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွင် ဓာတ်ငွေ့အများဆုံးထုတ်သောနိုင်ငံ ဖြစ်လာ၊ လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ ၃၈၇ ပီပီအမ်သို့ ရောက်
၂၀၁၁ကမ္ဘာ့လူဦးရေသန်း ၇၀၀၀ ပြည့်
၂၀၁၃အိုင်ပီစီစီ၏ ပဉ္စမအစီရင်ခံစာ ထွက်ပေါ်၊ ကမ္ဘာ့ ရာသီဥတုပြောင်းလဲနေမှုသည် လူ့ပယောဂကြောင့် ဖြစ်ကြောင်း ၉၅ ရာခိုင်နှုန်း သေချာသည်ဟု ကြေညာ
၂၀၁၅ပါရီစာချုပ်အရ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရန် နိုင်ငံအားလုံးသဘောတူ
၂၀၁၈ဆိုးရွားသောရာသီဥတုကပ်ဘေးကို ရှောင်လွှဲလိုလျှင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၃၀ တွင် သိသာစွာ လျှော့ချရမည်ဟု အိုင်ပီစီစီက ထုတ်ပြန်
၂၀၁၉လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ ၄၁၅ ပီပီအမ်သို့ ရောက်၊
ပျမ်းမျှကမ္ဘာ့အပူချိန်သည် ၁၄ . ၈ ဒီဂရီ စင်တီဂရိတ် ဖြစ်လာ

One thought on “ရာသီဥတုပြောင်းလဲခြင်း သမိုင်းကြောင်း

  1. ဗဟုသုတအများကြီးရလို့ကျေးဇူးပါဗျ

    Like

Leave a comment