• အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံတို့ကိုဖြတ်စီးသောမိုင် ၂၀၀၀ နီးနီး ရှည်လျားသည့်အိန္ဒုမြစ်သည် တရုတ်နိုင်ငံ တိဘက်ကုန်းမြင့်တွင် မြစ် ဖျားခံကာအာရေဗျပင်လယ်ထဲသို့စီးဝင်သည်။ ဧက ၂၆ သန်းမျှ ကျယ်ဝန်းသော အိန္ဒုမြစ်ဝှမ်းစိုက်ပျိုးမြေများသည်အများအားဖြင့်ပန်ဂျပ်ဒေသ တွင်ရှိသည်။ ပန်ဂျပ်ဆိုသောစကားသည် မြစ်ငါးစင်းရှိရာမြေဟု အဓိပ္ပာယ်ရရာ မြစ်ငါးစင်းသည်အိန္ဒု့၏မြစ်လက်တက်ငါးခုဖြစ်သည့် ဂျီလမ်၊ ချီနဗ်၊ ရာဗီ၊ ဘီအာ့စ်နှင့် ဆတ်လက်ဂျ်တို့ကို ရည်ညွှန်းသည်။ ဗြိတိသျှတို့အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သည့် အဆိုပါဒေသကို၁၉၄၇ ခုနှစ်တွင် နှစ်ပိုင်းခွဲကာ တစ်ပိုင်းကို အိန္ဒိယအောက်ထည့်၊ ကျန်တစ်ပိုင်းကိုပါကစ္စတန်အောက်ထည့်၍ လွတ်လပ်ရေးပေးလိုက်သောအခါ အိန္ဒုမြစ်လက်တက်ငါးစင်းစလုံး၏မြစ်ဖျားများသည် အိန္ဒိယပိုင်နက်ထဲရောက်သွားသည်။ မြစ်ဖျားပိုင်းဒေသကိုရရှိသောအိန္ဒိယက မြစ်ရေများကို သူ့စိတ်ကြိုက်သာ ပါကစ္စတန်သို့ လွှတ်ပေးနိုင်မည်ဟု ပြောသည်။ ပါကစ္စတန်နိုင်ငံသည် အိန္ဒုမြစ်ရေကိုအမှီပြု၍ စိုက်ပျိုးရေးအကြီးအကျယ်လုပ်သည့်အပြင် အကြီးစားစက်မှုလုပ်ငန်းများကိုတည်ဆောက်ထားသည်။ မြို့များစွာကိုလည်း ပေးဝေသည်။ ထို့ကြောင့် အိန္ဒိယပေးသမျှသော ရေကိုသာ ယူနေရသည့်အဖြစ်မျိုးကိုလက်မခံနိုင်။…

    Continue reading →: နယ်စပ်ဖြတ်စီးမြစ်များ(အိန္ဒုမြစ်)
  • မြစ်ရေရယူမှုများသထက်များလာသောကမ္ဘာတွင် နိုင်ငံတစ်နိုင်ငံတည်း၏ နယ်နိမိတ်အတွင်း အစအဆုံး စီးသောမြစ်များပင် ရေလျော့နည်းလာနေသဖြင့် နယ်စပ်ဖြတ်ကျော်စီးဆင်းသောမြစ်များ၏ ရေကို သူပိုရသင့် ငါပိုရသင့် အငြင်းပွားသံများ တစ်နေ့ထက်တစ်နေ့ ပို၍ကျယ်လောင်လာနေသည်မှာ အဆန်းမဟုတ်တော့ချေ။ ပြဿနာထွေပြားနေသည့် အစ္စရေး၊ ဆီးရီးယား၊ ဂျော်ဒန်နှင့် ပါလက်စတိုင်းတို့ကို အပေါ်ယံလေ့လာလျှင် နယ်မြေလုနေကြသည်ဟုထင်ရသော်လည်း ပို၍နက်ရှိုင်းစွာ စိစစ်လျှင် ဒေသတွင်း ရေအရင်းအမြစ်များကို သူရသင့်ငါရသင့် စကားဆိုနေကြကြောင်းကိုလည်း တွေ့နိုင်သည်။ ယင်းနိုင်ငံများ၌ ရှိနှင့်ပြီးလူဦးရေ သန်း ၄၀ ခန့်အပြင် အစ္စရေးတွင် အခြားနိုင်ငံများမှ လာရောက် အခြေချလျက်ရှိသော ဂျူးလူမျိုးများကြောင့် ရေလိုအပ်ချက်သည် အစဉ်တိုးပွားနေသည်။ စိုက်ပျိုးရေးလုပ်ငန်း အကြီးအကျယ်ဖြစ်ထွန်း၍ စိုက်ပင်ပျိုးပင်များအတွက်လည်း ရေအမြဲလိုအပ်နေသည်။ ထိုသို့ ရေလိုအပ်မှု ပမာဏ ကြီးမားသော်လည်း ရာသီဥတုက ခြောက်သွေ့လှသဖြင့်…

    Continue reading →: နယ်စပ်ဖြတ်စီးမြစ်များ(ဂျော်ဒန်မြစ်)
  • လူကြီးပိုင်းအတော်များများသည် သူတို့ငယ်စဉ်က ကြည့်ဖူးခဲ့မည်ဖြစ်သော ”ပြန်လမ်းမရှိသောမြစ်”အမည်ရှိ ရုပ်ရှင်ကားကို မေ့နိုင်ကြဦး မည်မဟုတ်ချေ။ နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြသော ရောဘတ်မစ်ချမ်နှင့် မာရီလင်မွန်ရိုးတို့ ပါဝင်ခဲ့ပြီး အမေရိကန် အနောက်မြောက်ပိုင်း ဒေသရှိ မြစ်တစ်စင်းကို ကျောရိုးပြု ရိုက်ကူးခဲ့သော ဂန္ထဝင်ရုပ်ရှင်ကားအဖြစ်အမှတ်ရနေကြမည်။ ”ပြန်လမ်းမရှိသောမြစ်”နည်းတူ မြစ်များကို အခြေခံဖန်တီးခဲ့သော အနုပညာလက်ရာများ မရေမတွက်နိုင်အောင်ရှိသည်။ စာရေးဆရာကြီးမတ်တွိုန်း၏ ကမ္ဘာကျော်လက်ရာ ”ဟပ်ကယ်ဘယ်ရီဖင်း၏ စွန့်စားခန်းများ”သည် အမေရိကန်နိုင်ငံမစ္စစ္စပီမြစ်ကိုအခြေခံထားသည်။ အလားတူ ကမ္ဘာ့အရှည်ဆုံးမြစ်များ ဖြစ်ကြသော အယ်မဇုန်မြစ်နှင့်နိုင်းလ်မြစ်တို့သည် ဝတ္ထုနှင့်ရုပ်ရှင်ဇာတ်လမ်းပေါင်းများစွာကို မွေးဖွားပေးခဲ့ သည်။ ဂီတဘက်တွင်လည်း ယမုန်နာပတ်ပျိုးမှသည် မြင့်မြင့်ခင်သီဆိုသော’မြစ်ကြီးဧရာဝတီ’အလယ်၊ ခင်ဝမ်း၏ ‘ဧရာဝတီ’နှင့် ထူးအိမ်သင်၏ ‘ရာဇဝင်များရဲ့သတို့သမီး’အထိ မြစ်ဖွဲ့သီချင်းများသည် ဂီတချစ်သူများ၏နှလုံးအိမ်တွင် စွဲကျန်နေကြသည်။ မြစ်များသည် ကမ္ဘာ့မြို့တော်များ၏အလှအပကို ထပ်ဆင့်တန်ဆာဆင်နေကြသည်။ မြို့ကိုဖြတ်စီးနေသော ထမ်းစ်မြစ်သာမရှိလျှင်…

    Continue reading →: အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ
  • ကျွန်းများရှိ မြေအောက်ရေချိုကြောသည် ယေဘုယျအားဖြင့် မှန်ဘီလူးခုံးပုံဖြစ်ပေါ်နေသည်။ ရေငန်ပတ်လည်ဝိုင်းနေသော ယင်းရေကြောသို့ မိုးရေကလွဲ၍ အခြားမည်သည့် ရေချိုအရင်းအမြစ်မှ မဝင်ရောက်နိုင်ချေ။ မူလနေထိုင်သူကျွန်းသားများက သုံးလိုက်၊ မိုးရေပြန်ပြည့်လိုက်ဖြင့်အဆင်ပြေသော်လည်း ဟိုတယ်၊ အပန်း ဖြေလုပ်ငန်းစသည်တို့ရောက်ရှိလာပြီး ကျွန်း၏မြေအောက် ရေချိုကိုအဆပေါင်းများစွာတိုး၍ သုံးစွဲကြမည် ဆိုလျှင် ရေချိုလျော့နည်းခန်းခြောက်၍ ဘေးပတ်လည်မှရေငန်တိုးဝင်လာမည်။ ကျွန်းများ၏ မြေအောက်ရေကိုရယူမည်ဆိုလျှင် ရှိပြီးရေချိုအရင်းအမြစ်၊ သုံးစွဲလိုသည့်ပမာဏကိုတွက်ချက်၍ ရှိပြီးရေချိုမထိခိုက်နိုင်မှထုတ်ယူရသည်။ ယင်းသို့ မလုပ်ဆောင်ပါက လုပ်ငန်းရှိရာ၌အပြင် တစ်ကျွန်းလုံး ရေငန်ဝင်လာကာ ဒေသခံတို့၏သောက်သုံးရေကိုပါထိခိုက်လာနိုင်သည်။ မြန်မာ့ကမ်းလွန်ရှိ ကျွန်းပေါင်းများစွာကို ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်းရှင်တို့မျက်စိကျကာ သူဦးငါအရင် လိုချင်နေကြရာ အထက်ပါအချက်ကို သေချာစွာတွက်ချက်ဆန်းစစ်သင့်သည်။

    Continue reading →: ကမ်းလွန်ကျွန်းများ၏မြေအောက်ရေ
  • မြေအောက်ရေအထုတ်လွန်ခြင်း၏ အကျိုးဆက်ဖြစ်သည့် ရေမျက်နှာပြင်နိမ့်ကျလာခြင်းကြောင့် မြို့ကြီးများ၏ မြေပြင်ကျွံဆင်းခြင်းတည်းဟူသောထပ်ဆင့်အကျိုးဆက်ကို ဖြစ်ပေါ်စေလျက် ရှိသည်။ သဲလုံး ကျောက်လုံး များကြားတွင် ရေများမရှိတော့သောအခါ ဂလိုင်ပေါက်ငယ်များ ဖြစ်လာပြီး အပေါ်မြေလွှာများ၏ ဝန်အားကို မခံနိုင်တော့သဖြင့် တဖြည်းဖြည်းအိကျလာကာ နောက်ဆုံးတွင် အပေါ်ပိုင်းမြေလွှာများပါ ကျွံဆင်းလာသည်။ ယင်းဖြစ်ရပ်မျိုးကို မက္ကဆီကိုနိုင်ငံ၏မြို့တော် မက္ကဆီကိုစီးတီးတွင်သိသာစွာမြင်နိုင်ကြသည်။ မက္ကဆီကိုစီးတီးတွင် လိုအပ်သော သောက်ရေပမာဏ၏ ၇၀ ရာခိုင်နှုန်းကို မြေအောက်မှ ရယူနေရာ ယင်းမြေအောက် ရေကြောများသည် အများဆုံး နှစ်ပေါင်း ၂၀၀ အတွင်းခန်းခြောက်သွားရန်ရှိနေသည်။ မြေအောက်ရေ အထုတ်လွန်ခြင်းကြောင့် မြို့တော်အောက်မှမြေလွှာများ ကျွံဝင်နေပြီး မြို့မျက်နှာပြင် နိမ့်ကျလျက်ရှိသည်။ မြို့တော်၏ အချို့နေရာများတွင် လွန်ခဲ့သောနှစ် ၁၀၀ အတွင်း ၂၅ ပေမျှ နိမ့်ဆင်းကျွံဝင်သွားသဖြင့်…

    Continue reading →: မြေအောက်ရေအထုတ်လွန်၍ မြေကျွံခြင်း
  • ကမ္ဘာ့ အဓိက မြေအောက်ရေကြော ၃၇ ခုအနက် ၂၁ ခုသည် ပြန်မပြည့်နိုင်တော့သည် အထိ ဆိုးရွားစွာ ရေလျော့နည်းလာနေကြောင်း အမေရိကန် အာကာသ အဖွဲ့အစည်း (နာဆာ)နှင့် ဂျာမနီတို့ ပူးတွဲ လွှတ်တင်ထားသည့် ဂရေ့စ်ဂြိုဟ်တုများ၏ လေ့လာချက်က ဆိုသည်။ ဆီးနှင်းကျ ရေခဲအရည်ပျော် မိုးရွာ ရေစီးစသည်တို့ကြောင့် ကမ္ဘာ့ရေထုသည် နေရာတိုင်း အချိန်တိုင်း၌ အစဉ် ရွေ့လျားနေရာ ယင်းရွေ့လျားမှုကြောင့် ဖြစ်ပေါ်သော ကမ္ဘာ့ဒြပ်ဆွဲအား ပြောင်းလဲမှုကို ဂရေ့စ်ဂြိုဟ်တု နှစ်လုံးက မှတ်တမ်းတင်ပြီး ဒေသတစ်ခုအတွင်း ရေထု အတိုးအလျော့ကို တွက်ချက် ပုံဖော်ပေးသည်။ ဂရေ့စ်သည် ရေအရင်းအမြစ်များကို တိုက်ရိုက် တိုင်းတာနိုင်သည့် ပထမဆုံး ဂြိုဟ်တုများဖြစ်၍ ယင်းတို့မှရသည့် အချက်အလက်များသည်…

    Continue reading →: အာရှမြေအောက်ရေ
  • ကမ္ဘာ့အကြီးဆုံးစိုက်ပျိုးကဏ္ဍထုတ်လုပ်သူဖြစ်သည့် အမေရိကန်နိုင်ငံသည်လည်း အိုဂါလားလာ Ogallala Aquifer ဟုခေါ်သော ဧရာမမြေအောက်ရေကြောကြီးတစ်ခုကိုပိုင်ဆိုင်သည်။ စတုရန်းမိုင် ၁၇၀၀၀၀ ကျုယ်ပြီး အမေရိကန်နိုင်ငံ၏ ပြည်နယ်ရှစ်ခုအောက်တွင် ဖြန့်ကြက်တည်ရှိသော အိုဂါလားလာမြေအောက်ရေကြောသည် အများအားဖြင့်ပေ ၂၀၀ ခန့် ထူသည်။ မြေအောက်ရေကြော၏ ရေမျက်နှာပြင်သည်မြေပေါ်မှပေ ၅၀ နှင့် ပေ ၅၀၀ ခန့်အတွင်း၌ ရှိသည်။ ရေကြောတည်ရှိရာပြည်နယ်များသည် ခြောက်သွေ့သောရာသီဥတုရှိသဖြင့် အဆိုပါရေကြောမှရေများကို ၂၀ ရာစုနှစ်အစပိုင်းက စတင်ထုတ်ယူပြီး စိုက်ပျိုးရေးအတွက်အဓိကအသုံးချခဲ့ရာ ဒုတိယကမ္ဘာစစ်ကာလ အတွင်းမှစ၍ ရေထုတ်ယူမှု ဆက်တိုက်မြင့်မားလာခဲ့သည်။ ယင်းရေကြော၏ နေရာအများအပြားတွင် ထုတ်ယူနေသောပမာဏသည် မိုးရေနှင့်အနီးရှိတောင်ထိပ်များမှ အရည်ပျော်ကျဆင်းလာသော ဆီးနှင်းရည်များက ပြန်လည်ဖြည့်တင်းနိုင်သောပမာဏထက် များစွာကျော်လွန်နေသည်။ အိုဂါလားလာရေကြောဗီဒီယိုသရုပ်ပြ ရှုစားရန် ထုတ်ယူသောရေပမာဏကို စိမ့်ဝင်သောမိုးရေနှင့်ဆီးနှင်းရည်များကလိုက်၍ မဖြည့်နိုင်သဖြင့်…

    Continue reading →: အိုဂါလားလာရေကြော