• ထိုင်းနိုင်ငံ ဖူးခက်၊ စမွီစသည့်ကျွန်းများတွင် မြေပေါ် မြေအောက် ရေအရင်းအမြစ် ကြွယ်ဝသော်လည်း လာရောက် အပန်းဖြေသည့် ကမ္ဘာလှည့်ခရီးသည် အလွန်များလှသဖြင့် ရေလောက်ငစွာ ပေးနိုင်စေရန် ရေချိုချက် စက်ရုံငယ်များကို တည်ဆောက် လည်ပတ်နေရသည်။ မြန်မာနိုင်ငံတွင်လည်း တနင်္သာရီတိုင်းဒေသကြီး ကမ်းလွန်ကျွန်းတစ်ကျွန်းတွင် တည်ဆောက်မည့် ဟိုတယ် လုပ်ငန်းတစ်ခုအတွက် ရေချိုချက်စက်ရုံ တည်ဆောက်ရန် စီစဉ်နေသည်ဟု သိရသည်။ တနင်္သာရီဒေသသည် ထိုင်းကမ်းခြေများကဲ့သို့ပင် ရေအရင်းအမြစ်ပေါများသော်လည်း တစ်ချိန်၌ မလွဲမသွေ ထွန်းကားလာမည့် ဟိုတယ်နှင့် အပန်းဖြေစခန်းများ၏ ရေလိုအပ်ချက်အတွက် ရေချိုချက်စက်ရုံများ တည်ဆောက်ခြင်းသည် မှန်ကန်သောစီမံချက်ဖြစ်သည်။ ၂၀၂၀ မေလကထွက်ပေါ်ခဲ့သောသတင်းအရ ထိုင်းနိုင်ငံ စက်မှုဇုန်များအားလုံးအတွက် တစ်ရက်လျှင် ကုဗ မီတာ သုံးသိန်း(ဂါလန်သန်း ၈၀)ခန့်ထုတ်ပေးနိုင်သည့် ရေချိုချက်စက်ရုံဆောက်ရန် စီစဉ်နေသည်။…

    Continue reading →: ရေချိုချက်စက်ရုံနှင့်မြန်မာ
  • ထုတ်ယူသုံးစွဲမှု လွန်ကဲ၍ မြစ်ရေ၊ ကန်ရေ၊ မြေအောက်ရေများ လျော့နည်းလာနေခြင်း၊ ရာသီဥတု ပြောင်းလဲသဖြင့် အချို့ဒေသများ၌ မိုးရွာသွန်းမှုလျော့နည်းလာနေခြင်းတို့ကြောင့် သမားရိုးကျမဟုတ်သည့် ရေအရင်းအမြစ်များမှပါ ရေရယူရန်လိုအပ်လာနေသည်။ ဤအခြေအနေ၌ ကမ္ဘာတွင်အပေါများဆုံး ဖြစ်သော်လည်း သောက်သုံး၍မရသည့် ပင်လယ်ရေငန်များကို ရေချိုအဖြစ်ချက်လုပ်ပြောင်းလဲအသုံးပြုမှုများ အရှိန်ရလာလျက် ရှိသည်။ ရေထုထည်အပုံတစ်သန်းတွင် ကလိုရိုက်အပုံ ၁၀၀၀ နှင့် အထက်ပါလျှင် ရေငန်ဟု ခေါ်သည်။ အပုံ ၁၀၀၀ မှ ၃၀၀၀ အထိကို အငန်ဓာတ်နည်း၊ ၃၀၀၀ မှ ၁၀၀၀၀ အထိကို အငန်ဓာတ်အသင့်အတင့်နှင့် အပုံ ၁၀၀၀၀ ထက်ပိုလျှင် အလွန်ငန်သည်ဟု သတ်မှတ်သည်။ ပင်လယ်ရေတွင် ဆားဓာတ်အပုံ ၂၀၀၀၀ ခန့်ပါပြီး ရေချိုချက်စက်ရုံများသည် ဆားဓာတ်ကို…

    Continue reading →: ရေငန်မှရေချိုချက်ခြင်း
  • ၂၀၁၃ ခုနှစ် မတ်လနှင့်ဇူလိုင်လများက စဉ့်ကူး၊ မန္တလေး၊ ပြည်၊ ဟင်္သာတနှင့် ညောင်တုန်းမြို့များရှိ ဧရာဝတီမြစ်တွင် ရေနမူနာများရယူပြီး ဧရာဝတီမြစ်ရေ ညစ်ညမ်းခြင်းလေ့လာချက်တစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါ လေ့လာချက်အရ သတ္တုတူးဖော်ခြင်း၊ သစ်တောပြုန်းခြင်း၊ မြေယာအသုံးချမှု စသည်တို့ကြောင့် တစ်နှစ်လျှင် တန်ချိန် ၃၆၀ မျှရှိသည့် မြေစာများ၊ နုံးအနည်များ ဧရာဝတီမြစ်တွင်းသို့ ဝင်ရောက်လျက်ရှိသည်။ ရေနေသတ္တဝါတို့ရှင်သန်ရေးအတွက် အရေးပါသည့်အောက်ဆီဂျင်သည် မြစ်ရေ၌ လုံလောက်စွာ မရှိပေ။ ရေတစ်လီတာလျှင် အောက်ဆီဂျင် ၆ မီလီဂရမ်အထက်ရှိမှ ငါးသားပေါက်ခြင်း၊ ရှင်သန်ခြင်းတို့ဖြစ်နိုင်ပြီး ၁၀ မီလီဂရမ်ရှိမှရေနေသတ္တဝါများ ပေါကြွယ်သည်။ ဧရာဝတီရေတွင် အောက်ဆီဂျင်အများဆုံး ၉ မီလီဂရမ် ခန့်သာ ရှိပြီး အချို့နေရာများ၌ ၄ မီလီဂရမ်အထိ လျော့နည်းနေသည်။…

    Continue reading →: ညစ်ညမ်းဧရာဝတီ
  • မြစ်ရေကန်ရေများထဲသို့ ညစ်ညမ်းပစ္စည်းများ ဘက်ပေါင်းစုံမှ ဝင်ရောက်နေပြီး ကမ္ဘာ့နေရာ အတော်များများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယင်းရေများကို မသန့်စင်မပြုပြင်ဘဲ သို့မဟုတ် လုံလောက်စွာ မသန့်စင် မပြုပြင်ဘဲ သောက်သုံးနေကြသည်။ ယင်းသို့ သောက်နေ၍ ရောဂါရကြ သေဆုံးနေကြသော်လည်း ဝင်နေသော အညစ်အကြေးပမာဏနှင့်စာလျှင် ကပ်ဘေးဆိုက်သည်အထိ ရောဂါဖြစ်ပွားနိုင်ပါလျက် မဖြစ်ခြင်းမှာ ရေထုသည် မိမိထဲရောက်လာသော အညစ်အကြေးများကို သဘာဝအလျောက် သန့်စင်ပေးနိုင်သော အရည်အသွေးကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ အညစ်အကြေးတွင်ပါဝင်သည့် ရေထက်လေးသော အစိုင်အခဲကြီးငယ်များသည် အနည်ထိုင်ခြင်းဖြင့် ရေစီးထဲမှထွက် ကျန်ရစ်သည်။ မြစ်ကြမ်းပြင်၌ ထိုင်ကျန်သော အန္တရာယ်ရှိဇီဝဓာတုပစ္စည်းများသည် အညစ်အကြေးတွင်ပါဝင်သည့် ဘက်တီးရီယားတို့၏ ဓာတ်ပြုမှုကြောင့် တဖြည်းဖြည်းဓာတ်ပြိုကွဲလျက် အန္တရာယ်မရှိသော ဇီဝဓာတုပစ္စည်းများအဖြစ်သို့ရောက်သည်။ ပေါ့ပါးသောအမှုန်များသည်မူ ရေနှင့်အတူဆက်လက်မျောပါသွားသည်။ ထိုသို့ပါသွားသောအမှုန်နှင့်…

    Continue reading →: သဘာဝ၏ရေသန့်စင်နိုင်စွမ်း
  • စက်မှုလုပ်ငန်းများမှထွက်လာသော စွန့်ပစ်ပစ္စည်းများတွင် လုပ်ငန်းအမျိုးအစားကို လိုက်၍ ဆိုင်ယာနိုက်၊ ဇင့်၊ ခဲ၊ ကြေးနီ၊ ကက်(ဒ)မင်၊ ပြဒါးစသည်တို့ပါဝင်ရာ ယင်းတို့ကိုစားသုံးမိသော ရေသတ္တဝါတို့သည် ဓာတ်အမျိုးအစားနှင့်ပမာဏကို လိုက်၍ အချိန်တိုအတွင်း သေကြသည်လည်းရှိ၍ ရုတ်ချည်းမသေဘဲ ကိုယ်ခန္ဓာအတွင်းရှိနေကာ ယင်းသတ္တဝါတို့ကို ထပ်ဆင့် စားသုံးကြသည့် လူအပါအဝင် အခြားသတ္တဝါတို့၏ ကိုယ်ခန္ဓာအတွင်းရောက်ရှိ၍ ဖြည်းဖြည်းချင်း ရောဂါရသေဆုံးကြသည်မျိုးလည်း ရှိနိုင်သည်။ အချို့သော စက်ရုံထွက်စွန့်ပစ်ပစ္စည်းများတွင် အောက်ဆီဂျင်ကိုစုပ်ယူဓာတ်ပြုသော ဓာတုဓာတ်ပေါင်းများ ပါဝင်နေပါက ယင်းဓာတ်ပေါင်းများသည် ဓာတုနည်းဖြင့် ရေထဲရှိအောက်ဆီဂျင်မည်မျှကို ဓာတ်ပြု ဖယ်ရှားနိုင်သနည်းဆိုသည်ကို စီအိုဒီ COD(Chemical Oxygen Demand) ယူနစ်ဖြင့် တိုင်းတာသည်။ စီအိုဒီသည် ဓာတုဆိုင်ရာအောက်ဆီဂျင် လိုအပ်မှုဟု အဓိပ္ပာယ်ရသည်။ မြင့်မားသော စီအိုဒီကိန်းရှိသောရေသည် ညစ်ညမ်းရေပင်…

    Continue reading →: စက်မှုအညစ်အကြေး
  • ရေညစ်ညမ်းသည်ဆိုရာတွင် ရေသည် နောက်ကျိကာ အနည်နှင့် အမှိုက်သရိုက်များ ပါဝင်ရောနှောနေသည် ကိုသာ ဆိုလိုခြင်းမဟုတ်၊ လူတို့ကို ရောဂါရစေ သေကြေစေရုံသာမက ရေနေသတ္တဝါများ၏ ရှင်သန်မှုကို ထိခိုက်ကာ အဏ္ဏဝါဂေဟစနစ်ကြီးတစ်ခုလုံးကိုပါ ယိုယွင်းစေသော ပိုးမွှား အနည်အမှုန်၊ အရည်နှင့် ဓာတ်ပစ္စည်းအမျိုးမျိုးတို့ ရောယှက်နေခြင်းကို ခေါ်သည်။ ရေညစ်ညမ်းမှုရှိမရှိ သောက်သုံးရန် သင့်မသင့် သိနိုင်ရန် ရေတွင် လုံးလုံးမပါသင့်သည့် သို့မဟုတ် အများဆုံး ပါသင့်သည့် ပိုးမွှားနှင့် ဓာတုဇီဝပစ္စည်းများ၏ ပမာဏကို သတ်မှတ်၍ ယင်းပမာဏထက် ကျော်လွန်မှု ရှိမရှိကို စစ်ဆေးလေ့ရှိကြသည်။ လူနှင့်တိရစ္ဆာန်တို့၏မိလ္လာအညစ်အကြေးများ ရေတွင် ပါမပါ စစ်ဆေးရာတွင် အီးကိုလိုင် E. coli ခေါ် ဘက်တီးရီးယားတစ်မျိုးပါဝင်နေမှုကို အဓိကစစ်ဆေးကြသည်။ မိလ္လာအညစ်အကြေးများ၊…

    Continue reading →: ရေညစ်ညမ်းခြင်းဆိုသည်မှာ
  • အိန္ဒိယနိုင်ငံတွင် ဆွာမိနီဂါမာနန်းတစ်ယောက် အစာငတ်ခံဆန္ဒပြနေသည်မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် နှစ်လ ပြည့်ခဲ့သည်။ ရက်ပေါင်းအတန်ကြာအစာမစားဘဲနေရာမှ သတိလစ်သွား၍ ဆေးရုံသို့ပို့ထားရသည်။ အထူးကြပ်မတ်ကုသဆောင်တွင် နှာခေါင်းပိုက်များတန်းလန်းနှင့် သူ့ကိုမြင်ရသည်မှာမသက်သာလှ။ သူ့ကို ထောက်ခံသူများက အားပေးစကားပြောသည်ကို ဆွာမိနီဂါမာနန်း ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသည်။ သူ့အခြေအနေသည် တဖြည်းဖြည်းဆိုးလာကာ စ၍ အစာမစားသည်မှ ရေတွက်လျှင် ၇၃ ရက်မြောက်နေ့တွင် သေဆုံးသွားတော့သည်။ အခြားသူများအစာငတ်ခံဆန္ဒပြကြခြင်းမှာ လူနေမှုစနစ်ကို ဘဝင်မကျ၍၊ ကုန်ဈေးနှုန်းတက်၍၊ အုပ်ချုပ်သူ များကို မကျေနပ်၍စသည်တို့ကြောင့် ဖြစ်သော်လည်း ဆွာမိနီဂါမာနန်း အစာငတ်ခံဆန္ဒပြခဲ့ခြင်း၏ အကြောင်းရင်းမှာ ထူးခြားလှသည်။ ဂင်္ဂါမြစ်ရိုးတစ်လျှောက် သတ္တုတူးဖော်နေမှုအပါအဝင် မြစ်ထဲသို့ အညစ်အကြေးမျိုးစုံရောက်ရှိနေသဖြင့် သူတစ်သက်တာလုံး ခင်တွယ်မြတ်နိုးလာခဲ့သော မြစ်ကြီး တစ်နှစ်ထက် တစ်နှစ်…

    Continue reading →: နယ်ချဲ့ညစ်ညမ်းရေ