-
Continue reading →: စစ်တောင်းမြစ်ကြောင်း ပြောင်းလဲမှုနှင့် ပဲခူးစစ်တောင်း တူးမြောင်းသမိုင်း (အေးမြင့်-ညောင်တုန်း)
ကျွန်တော်သည် ဆည်မြောင်းဦးစီးဌာနတွင် ၃၅ နှစ်ခန့် ရာထူးမျိုးစုံ နေရာဒေသမျိုးစုံတို့၌ တာဝန် ထမ်းဆောင်ခဲ့ရာ ချင်းပြည်နယ် ရှမ်းပြည်နယ် ပဲခူးတိုင်းတို့လည်း အပါအဝင် ဖြစ်သည်။ ပဲခူးတိုင်းတွင် တာဝန်ထမ်းဆောင်ရင်း ပဲခူးစစ်တောင်းတူးမြောင်း မိုးယွန်းကြီး ဇွဲဘတ်တာ ပဂိုင်တာ စသည့် ဆည်မြောင်း ပုံမှန် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများအပြင် ရှမ်းကိုင်း ရေထုတ်ရေထိန်း ရေတံခါး၊ ပိုင်ကျုံ ရေထုတ်ရေထိန်း ရေတံခါး၊ တာဝရေထုတ်ရေထိန်း ရေတံခါးစသည်တို့ကို အငြိမ်းစား အင်ဂျင်နီယာ အကြံပေးပုဂ္ဂိုလ် ဦးထွေးမြင့်၏ အကြံဉာဏ်များကို ရယူလျက် တည်ဆောက်ခဲ့ပါသည်။ ဦးစွာတင်ပြလိုသည်မှာ ဆရာဦးထွေးမြင့်ထံမှ ရရှိခဲ့သော အင်္ဂလိပ်စာအုပ်တစ်အုပ်ပါ စစ်တောင်းမြစ်ကြောင်း ပြောင်းလဲပုံ ဖြစ်ပါသည်။ ယင်းအချိန်က ပျဉ်းမနားသစ်တောကြိုးဝိုင်းမှ ထွက်ရှိသော…
-
Continue reading →: ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ဝါခင်းကြီးချောင်း မြေအောက်တမံ
၂၀၂၁ ခုနှစ် မေလ ၁၀ ရက်မှစတင် တည်ဆောက်၊ ၂၀၂၁ ဇူလိုင် ၃၁ ပြီးစီးကျောက်ကြီးစီ၊ ကွန်ကရစ်လောင်းရေဆင်းဧရိယာ ၁၆ စတုရန်းမိုင်တမံအလျားပေ ၄၅၀၊ အကျယ် ခြောက်ပေ၊ အမြင့် ၂၃ ပေရေလှာင်ပမာဏ ဂါလန်သန်း ၂၇၀ တမံမဆောက်မီ ရေတွင်းအနက်ပေ ၃၀၊ ရေနေတစ်ပေခွဲခန့်၊ အများဆုံးငါးပေခန့်သာရှိခဲ့တမံဆောက်ပြီး ရေအနက် ၁၈ ပေမှ ၂၅ ပေအထိ မြင့်တက်လာအကျိုးပြုကျေးရွာ ရှစ်ရွာ၊ အိမ်ထောင်စု ၉၆၀၊ လူဦးရေ ၄၀၀၀ (ကြေးမုံသတင်းစာ ၁၇ . ၁၂ . ၂၁ စာမျက်နှာ ၉ မှ) မြေပေါ်မြေအောက်သဲတမံများအကြောင်း လေ့လာရန် ဤနေရာကို နှိပ်ပါ
-
Continue reading →: စက်ရေတွင်းများထဲသို့ ရေငန်ဝင်ရောက်ခြင်းနှင့် ကာကွယ်နည်းများ (ဦးမြင့်သိန်း (မောင်ကျေးရေ))
မြန်မာနိုင်ငံအတွင်း ပင်လယ်ရေငန် အတက်အကျရှိသည့် မြစ်ချောင်းများနှင့်နီးသော မြို့ရွာဒေသ၊ အထူးသဖြင့် မဟာရန်ကုန် နယ်နိမိတ်အတွင်း လှိုင်မြစ်၊ ပန်းလှိုင်မြစ်၊ ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်နှင့် ရန်ကုန်မြစ်ဝတို့ အနီးတဝိုက်ရှိ မြို့နယ်များ ဖြစ်သော လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်မြို့နယ်၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တောင်ဥက္ကလာ မြင်သာ စသည်တို့တွင် နေထိုင်ကြပြီး မြေအောက်ရေကို အသုံးပြုနေသော ပြည်သူများ အသိပညာဗဟုသုတနှင့် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ ရရှိစေရန် ဤဆောင်းပါးကို ရေးသားပါသည်။ ရေငန်တိုးဝင်ရခြင်း အကြောင်းရင်း ပင်လယ်ရေငန် အတက်အကျဖြစ်ပေါ်သည့်နေရာများ၌ ရှိသော မြေအောက်ရေအောင်းလွှာသည် တိမ်သော၊ ပိတ်လှောင်မထားသော ရေအောင်းလွှာ(Shallow/ Unconfined Aquifer)များ ဖြစ်ကြသည်။ ယင်းရေအောင်းလွှာ၌ ရေငန်နှင့်ရေချို ထိစပ်ရာသည်…
-
Continue reading →: အစားအစာလေလွင့်မှု၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ရေအရင်းအမြစ်ဆုံးရှုံးမှု
ကမ္ဘာတစ်ဝန်း၌ အငတ်ဘေးတွေ့ကြုံခြင်းသည် ဆယ်စုနှစ်နှစ်ခုကြာမျှ လျော့နည်းသွားပြီးနောက် ပြန်လည် ခေါင်းထောင်လာနေသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ ခန့်မှန်းချက်အရ လူပေါင်း ၆၆၃ သန်းသည် အငတ်ဘေးနှင့် ကြုံနေရကြောင်း သိရသည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ငတ်သူတို့က ငတ်နေသည့်အချိန်၌ အချို့နေရာများတွင် ထုတ်လုပ်သမျှ၏ သုံးပုံတစ်ပုံခန့်ရှိသော အစားအစာများသည် မစားရ မသောက်ရ လေလွင့် ဆုံးရှုံးလျက်ရှိ၏။ အစားအစာလေလွင့်မှု၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ရေအရင်းအမြစ်ဆုံးရှုံးမှု အကြောင်း ၁ မိနစ် ၄၇ စက္ကန့်ကြာ ဗီဒီယို ရှုစားရန် ဝင်ငွေနည်းနိုင်ငံများ၌ အာဟာရမပြည့်သူ အများအပြားရှိနေချိန်၌ ချမ်းသာသောနိုင်ငံများတွင် စားနပ်ရိက္ခာ ပိုထုတ်မိသဖြင့် ဈေးလျှော့ရောင်းနေရခြင်းမျိုး ရှိနေခြင်းမှာ အဓိပ္ပာယ်ကင်းမဲ့သော ပန်းချီကားတစ်ချပ်ပမာ ဖြစ်နေသည်။ ယင်းပြဿနာကို နည်းမျိုးစုံဖြင့် ကိုင်တွယ် ဖြေရှင်းဖို့လိုသည်၊…
-
Continue reading →: ဒီရေတောများ ပြုစု ထိန်းသိမ်း စောင့်ရှောက်ရေး (ဟင်္သာတခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန)
ဒီရေတော(Mangrove) ဒီရေတောဆိုသည်မှာ အပူပိုင်းရာသီဥတုရှိသည့် ကမ်းရိုးတန်းများ၊ မြစ်များနှင့် မြစ်ဝကျွန်းပေါ်ဒေသများအနီး ရေငန်စပ်သော ချောင်းကမ်းပါးများ၌ ပေါက်ရောက်နေသည့် သစ်ပင်မျိုးစိတ်များ ပါဝင်သော ဂေဟစနစ် တစ်ခုဖြစ်သည်။ ခရာပင်၊ လမုပင်၊ သမဲ့ပင်၊ ကန့်ဗလာပင်၊ ပန့်တကာပင်၊ ဗြိုက်ပင်၊ ဗြူးပင်၊ ကနစိုပင်၊ မဒမပင်၊ သင်းပေါင်းပင်၊ ဓနိပင်၊ ပင်လယ်အုန်းပင်၊ ငှက်ကြီးတောင်ပင်စသည့် ထူးခြားအပင်ပေါင်းစုံ ပေါက်ရောက်ပြီး အပင်နာမည်ကိုစွဲ၍ လမုတော၊ ဗြူးတော၊ ကနစိုတော၊ သင်ပေါင်းတောဟူ၍လည်း ခေါ်ဝေါ်လေ့ရှိသည်။ ဒီရေတောအပင်အမျိုးအစားများမှာ – Avicennia marina, Rhizophora, Nypa fruticans, Kandelia candel, Sonneratia alba, Conocarpus erectus, Avicennia alba, Laguncularia…
-
Continue reading →: မြေအောက်ရေ၊ စက်ရေတွင်းများတွင် အများဆုံးတွေ့ရသည့် သံဓာတ်အကြောင်းနှင့် ယင်းကို ဖယ်ရှားနည်း (ဦးမြင့်သိန်း(မောင်ကျေးရေ))
သံဓာတ်(Iron; Fe++)သည် မြေအောက်ရေ၊ စက်ရေတွင်းများတွင် အများဆုံးတွေ့ရသည့် ဓာတ်တစ်မျိုးဖြစ်ပြီး ရေပိုက်များ ရေညှိတက်ခြင်း၊ ရေချိုးတက်ခြင်းများကို ဖြစ်စေသည့် အဓိကတရားခံ ဖြစ်ပါသည်။ သံဓာတ်ပျော်ဝင်မှု များသော ရေအရောင်သည် အဝါရောင်၊ လိမ္မော်ရောင်၊ သံချေးရောင် စသည်ဖြင့် တွေ့ရပါသည်။ အနံ့ရှိပြီး အနက်ရောင်၊ ညိုညစ်ညစ်အရောင် အစွန်းအထင်းများ ဖြစ်စေပါသည်။ ထမင်းချက်လျှင် အရောင် မဖြူဖွေးပါ၊ သံဓာတ်များသောရေဖြင့် တည်သော ရေနွေးကြမ်းသည် သောက်၍ မကောင်းပါ။ သို့သော် ကျန်းမာရေးကို မထိခိုက်နိုင်ပါ။ သံဓာတ်စစ်ဆေးနည်း အထက်ပါလက္ခဏာများရှိသည့် စက်ရေတွင်း(အဝီစိတွင်း)ရေတွင် သံဓာတ် ပါ၊ မပါ သေချာစွာ သိနိုင်ရန် ကျွမ်းကျင်သူများဖြင့် ရေနမူနာ ရယူကာ ဓာတ်ခွဲခန်းသို့ပို့၍ စမ်းသပ် စစ်ဆေးခြင်းဖြင့်…
-
Continue reading →: မြေအောက်ရေ စက်ရေတွင်းများတွင် ပျော်ဝင်နေသည့် ပီအိပ်(ချ်)အကြောင်း (ဦးမြင့်သိန်း (မောင်ကျေးရေ))
ရေ(သို့မဟုတ် အရည်တစ်မျိုးမျိုး)နှင့် အစားအသောက်အပါအဝင် ပစ္စည်းများ၏ ဓာတုအရည်အသွေးကို စမ်းသပ်သော ညွှန်းကိန်းများထဲက တစ်ခု ဖြစ်သည့် ပီအိပ်(ချ်)(pH)သည် potential of hydrogen ကို အဖျားဆွတ်ခေါ်ဝေါ်သော အတိုကောက်ဝေါဟာရ ဖြစ်သည်။ “ဟိုက်ဒရိုဂျင် အိုင်းယွန်းပါဝင်နိုင်ခြေ”ဟု ပြန်ဆိုနိုင်သည်။ ဟိုက်ဒရိုဂျင် အိုင်းယွန်းသည် ရေ၏ ဓာတ်ဂုဏ်သတ္တိများကို ပြောင်းလဲစေနိုင်သည့် အဓိကအိုင်းယွန်းဖြစ်သည်။ ပီအိပ်(ချ်)ကို ၀ မှ ၁၄ အထိရှိသော စကေးဖြင့် တိုင်းတာသည်၊ အက်စစ်ပါဝင်မှု များလျှင် ပီအိပ်ချ်စကေး နိမ့်ပြီး အယ်လ်ကာလီပါဝင်မှု များလျှင် ပီအိပ်(ချ်)စကေး မြင့်သည်၊ ပီအိပ်(ချ်) ၇ သည် အက်စစ်နှင့် အယ်ကာလီပါဝင်မှု မျှခြေ(neutral)သို့ ရောက်နေခြင်းကို ညွှန်းသည်။ ဘက်ထရီအက်စစ်၏…