ကမ္ဘာ့လျှပ်စစ်ထုတ်လုပ်မှုအရင်းအမြစ်များ ၂၀၂၄ ခုနှစ်

ရာသီဥတုပြောင်းလဲအောင် လုပ်ဆောင်ရာတွင် စွမ်းအင်သုံးစွဲခြင်းက အဓိကကျသည်။ စွမ်းအင်သုံးစွဲသော ကဏ္ဍသုံးမျိုးမှာ လျှပ်စစ်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် အပူအအေးပေးခြင်းတို့ ဖြစ်ကြသည်။ ယနေ့ကမ္ဘာတွင် လျှပ်စစ်ထုတ်လုပ်ရာ၌ ကျောက်မီးသွေးကို အများဆုံးသုံးကြပြီး သဘာဝဓာတ်ငွေ့ကို ဒုတိယအများဆုံး သုံးသည်။ ကမ္ဘာ့လျှပ်စစ်ထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံကို ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တို့မှ ရရှိပြီး သုံးပုံတစ်ပုံကို ကာဘွန်အထွက်နည်းသော အရင်းအမြစ်များ ဖြစ်ကြသည့် ရေအား၊ နျူးကလီးယား၊ ဆိုလာနှင့် လေအားတို့မှ ရရှိသည်။

အရင်းအမြစ်များအလိုက် ကမ္ဘာ့လျှပ်စစ်ထုတ်လုပ်မှုပမာဏ ၂၀၂၄ ခုနှစ်

ကျောက်မီးသွေး ၁၀၅၈၇ တယ်ရာဝပ်-နာရီ (TWh)

သဘာဝဓာတ်ငွေ့ ၆၇၉၆ တယ်ရာဝပ်-နာရီ

ရေအား ၄၄၁၉ တယ်ရာဝပ်-နာရီ

နျူကလီးယား ၂၇၆၅ တယ်ရာဝပ်-နာရီ

လေအား ၂၄၉၇ တယ်ရာဝပ်-နာရီ

ဆိုလာ ၂၁၃၀ တယ်ရာဝပ်-နာရီ

ကာဘွန်အထွက်နည်းသော ရေအား၊ လေအား၊ ဆိုလာ၊ နျူကလီးယား၊ ဇီဝလောင်စာ၊ ဘူမိအပူ၊ ရေလှိုင်းစွမ်းအင်၊ ဒီရေစွမ်းအင်တို့ကို သုံး၍ လျှပ်စစ်ထုတ်လုပ်ရာ၌ ဆွီဒင်နှင့် ပြင်သစ်တို့က အခြားနိုင်ငံများထက် သိသာစွာ များပြားသည်။

Leave a comment